chatting ထိုင်ရင်းအညောင်းမမိစေရန်အချက် (၁၀)ချက်…
ချက်တင်တက်နေပြီဆိုရင်ပဲ.. . အားလုံးအညောင်းမိကြမှာပါ။
ချက်နေတုန်းသတိမထားမိရင်တောင်.. .ထလိုက်တဲ့အချိန်မှာ အသက် ၈၀
အဖိုးအဖွားတို့လို ဟိုနားကိုက်တိုက်တိုက်၊ ဒီနားကိုက်တိုက်တိုက်နှင့်
ကြုံဖူးကြမှာပါ။ အဲဒီတော့… ကြာရှည်ထိုင်နိုင်ရန်နှင့် အညောင်းမမိစေရန်
အောက်ပါနည်းလမ်း(၁၀)ချက်အတိုင်း လိုက်နာကြည့်ပါ။
၁။ Type နေတုန်း ခေါင်းလှုတ်ရန်။ ဘယ်၊ညာ (သို့) ရှေ့၊နောက်
၂။ တစ်ဖက်ကလူ ပြန်စာ Type နေတုန်း လက်နှစ်ဖက်ကို ပခုံးပေါ်ပြန်တင် ရှေ့နောက် ခက်ရန်။
၃။ တစ်ချား chatterများ ကိုကြည့်နေချိန်ခိုက် ထိုင်ထ လုပ်နေရန်။
၄။ ရယ်စရာများ ရှိရင် ထိုင်ခုံကို လက်တစ်ဖက်ထောက်ကာ ပတ်ပြေးရန်။
၅။ ဝမ်းနည်းစရာများ ရှိရင် လေ့ကျင့်ခန်းကို ခဏနားတဲ့အနေနဲ့
ထိုင်ငိုနေရန်။ ၃မိနစ်နားပါ။
၆။ သီချင်းများလိုက်ညည်းနေခို က် ပခုံးနှစ်ဖက်ကို ဘယ်ညာ တင်ချ လုပ်နေရန်။
၇။ ကျင်ကြီး/ကျင်ငယ် သွားပါက ခြေဖျားထောက်၍ ခြေစုံခုန်သွားရန်။
၈။ ရေအိမ်မအားသေးပါက ခြေကိုဆန့်တန်း၍ ဘယ်ညာ ခက်နေရန်။ (ရေထိုင်ကူးနည်း)
၉။ Signout မလုပ်ခင် လက်နှစ်ဖက် အပေါ်ထောင်၍ တာ့တာပြရန်။
၁၀။ ကွန်ပျူတာ ပိတ်ခါနီး ဘယ်ညာ အလေးပြုပါ။