တစ်ခါကလင်မယားနှစ်ယောက် စကားအချေအတင်ပြောကြသတဲ့။အဲ ယောက်ျား ဖြစ်သူက computer crazy၊ မိန်းမဖြစ်တဲ့သူကတော့ ဒီယောက်ျား ငါ့ကိုတော့ ကွန်ပျူတာလောက် အလေးမထားဘူးဆိုပြီး စကားနာထိုးတဲ့ စကားစစ်ပွဲတစ်ခု ဖန်တီးတဲ့အကြောင်းအရာလေး ဖြစ်ပါတယ်။ ကဲ… သူတို့ နှစ်ယောက်ပြောတဲ့ စကား တွေကို ကြည့်ကြပါဦးနော်။ မိန်းမ။ ။ ရှင်က ကျွန်မကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်ဘူး။ ယောက်ျား။ ။ Set Default မိန်းမ။ ။ ကျွန်မကို crazy အကျႌလှလှလေးဝယ်ပေးမယ်ဆိုပြီး အခု မမှတ်မိတော့ဘူးလား။ ယောက်ျား။ ။ Bad command or file name မိန်းမ။ ။ ရှင်နဲ့ ကျွန်မ ရုပ်ရှင်အတူတူ သွားမကြည့်တာလည်း ကြာပြီ။ ဒီကွန်ပျူတာ ရှေ့မှာပဲ […]


တပတ်အတွင်းရရှိထားတဲ့အထူးသတင်းတွေပါတိုးတိုးနော် လက်တိ်ု ့ပြောမှာ   ၁။ မျဉ်းဝါမှတစ်ဆင့် လမ်းဖြတ်ကူးသူများ ဖိနပ်စီး၍ လမ်းလျှောက်လျှက်ရှိ။ ၂။ AIDS ရောဂါကို လူတိုင်း ကြောက်ရွှံ့။ ၃။ တရားသူကြီးများ တရားစီရင်ရေးကိစ္စ ဆွေးနွေး။ ၄။ နှာခေါင်းတွင် အပေါက်နှစ်ပေါက် မပါရှိပါက လူအများ အသက်ရှူရာတွင် အခက်အခဲများ တွေ့နိုင်ဟု သိပ္ပံပညာရှင်များဆို။ ၅။ အခိုးခံရသော ပန်းချီကားများ ပျောက်ဆုံးလျှက်ရှိ။ ၆။ ကျောင်းသားတစ်ဦး ကျောင်းကား ပေါ်တွင် ကျောင်းသားများနှင့် စာအကြောင်းများကို ဆွေးနွေး။ ၇။ နားမကြားသူများ နားကြားကိရိယာ အသုံးမပြုပါက နားကြားရမည် မဟုတ်ဟု ကျွမ်းကျင် သူများ ပြောကြား။ ၈။ ခရီးသည်တင် ကားများတွင် ထိုင်ခုံမရပါက မတ်တပ်စီး၍ လိုက်ပါနိုင်။ ၉။ မဆင်မခြင် […]


၁။ကလေးများကိုပျော်ရွှင်စေခြင်း (သတိထားပြီးကြည့်ပါ ညဖက်မီးလာပြီဆိုရင် ကလေးတွေတဟေးဟေးနဲ့ အော်တာကို သူငယ်ချင်းတို့မြင်ဖူးပါလိမ့်မယ်။ မီးမှန်တဲ့နိုင်ငံက ကလေးတွေဆိုရင် ဒီလိုပျော်ရွှင်မူ့မျိုးကို ရမှာမဟုတ်ပါဘူး)   ၂။သဘာဝဘေးအန္တရယ်များဖြစ်ပေါ်လာလျှင် ဓါတ်လိုက်၍မသေဆုံးနိုင်ခြင်း   ၃။ဖယောင်းတိုင်လုပ်ငန်းရှင်များအကျိုးစည်းပွားဖြစ်ထွန်းခြင်း   ၄။ပြည်ပမှအထူးသဖြင့်တရုပ်ပြည်မှကုန်သည်များကိုအကျိုးစည်းပွားဖြစ်ထွန်းစေခြင်း(မီးချစ်၊ဓါတ်မီး)   ၅။စတိုးဆိုင်ပိုင်ရှင်များကိုအကျိုးစည်းပွားဖြစ်ထွန်းစေခြင်း။.   ၆။မီးစက်မီးပေးသောသူများကိုအကျိုးစည်းပွားဖြစ်ထွန်းစေခြင်း။ (တချို့သိချင်မှသိပါလိမ့်မယ်။ မီးစက်မီးပေးတယ်ဆိုတာ မီးချောင်းတချောင်းကို ၁၀၀၊၁၅ဝ နုန်းနဲ့အိမ်တွေကိုမီးရောင်းတာကိုပြောတာပါ)   ၇။လက်ဖက်ရည်ဆိုင်များရောင်းအားကောင်းလာခြင်း   ၈။ကျောင်းသားကျောင်းသူများစာတော်စေနှိုင်ချင်း(ဟုတ်တယ်လေမီးမလာတော့TVမကြည့်ပဲစာကြည့်ရတာကို)   ၉။မီးစက်နှင့်အပိုပစ္စည်းအရောင်းဆိုင်များ ပြုပြင်သူများဝင်ငွေဖြောင့်စေခြင်း။   ၁၀။စက်သုံးဆီအရောင်းဆိုင်များ၊စက်သုံးဆီမှောင်ခိုရောင်းသူများအားအကျိုးစည်းပွားဖြစ်ထွန်းစေခြင်း။   ၁၁။လျှပ်စစ်ဝန်ထမ်းများအားတာဝန်မှသက်သာစေခြင်း။   ၁၂။စက်ရုံအလုပ်ရုံမှဝန်ထမ်းများတခါတရံအလုပ်ပင်ပန်းမှုလျော့ကျစေခြင်း။(မီးလည်းမလာမီးစက်လည်းပျက်တဲ့အခါမှာပေါ့)   ၁၃။ဗီစီဒီအခွေငှားဆိုင်များဝင်ငွေတိုးစေခြင်း။(ဒီလိုပါ၊အခွေငှားပြီးမီးပျက်နေလို့၂ရက်ခရတာကိုဆိုလိုတာပါ)   ၁၄။အင်ဗာတာအသုံးပြုများသည့်အတွက် battery အရောင်းဆိုင်များ အင်ဗာတာအရောင်းဆိုင်များ အရောင်းအဝယ်ကောင်းစေခြင်း။   ၁၅။လျှပ်စစ်ပစ္စည်းပြုပြင်ရေး service center များဝင်ငွေကောင်းစေခြင်း။   ၁၆။ထင်းမီးသွေးအရောင်းဆိုင်များရောင်းအားကောင်းလာခြင်း။   […]


၁) အောက်ပါတို့ကို သိရှိသလောက် ဖြေဆိုပါ။ အမေး။ နိုင်ငံတော် သီချင်းကို မည်သူရေးစပ်ခဲ့သနည်း။ အဖြေ။ သီချင်းရေးဆရာ ဖြစ်ပါသည်။ အမေး။ Shakespeare ဆိုသည်မှာ မည်သူနည်း။ အဖြေ။ တုန်ခါနေသော လှံ ဟု အဓိပ္ပာယ်ရပါသည်။ အမေး။ အာဇာနည်ဆိုသည်မှာ အဘယ်သူနည်း။ အဖြေ။ `ယဉ်ယဉ်လေးရူး´ သီချင်းကို သီဆိုသော အဆိုတော်ဖြစ်သည်။ အမေး။ မဟာ ဗန္ဓုလသည် မည်သည့်စစ်ပွဲတွင် ကျဆုံးခဲ့သနည်း။ အဖြေ။ သူ၏ နောက်ဆုံးစစ်ပွဲတွင် ဖြစ်သည်။ အမေး။ မင်းတုန်းမင်း၏ ငယ်နာမည်ကို သိပါသလား။ အဖြေ။ လုံးဝမသိကြောင်း ဝန်ခံပါသည်။ ================== ၂) အောက်ပါတို့ကို အသေးစိတ်ရှင်းပြပါ။ အမေး။ `ကျွဲပါးစောင်းတီး´ စကားပုံကို ရှင်းပြပါ။ အဖြေ။ ကျွဲ၏ ပါးစောင်းအား […]


ဒီလူဟာ ရူးသွပ်နေတာလား စတန့်ထွင်တာလား တစ်ခုခုတော့တစ်ခုခုပါပဲ ။ သူ့ခြေထောက်မှာ Tattoo ထိုးထားတဲ့ကောင်မလေး ပုံရှိပါတယ် ။ အဲဒီကောင်မလေးရဲ့ ရင်သားပုံနေရာမှာ Silicon အစားထိုးပြီး အစစ်ပုံစံဖန်တီးထားတာပါ ။ တစ်ကယ်တော့ Silicon ဆိုတာ ဓါတ်မတည့်တဲ့သူတွေမှာ reactions တွေဖြစ်နိုင်ပါတယ် ။ တစ်ချို့ဆိုသေစေနိုင်တဲ့အထိ Fainting attack ရနိုင်ပါတယ် ။ တီထွင်ဆန်းသစ်မှုတိုင်းဟာ ကောင်းသလား မကောင်းသလားဆိုတာကိုတော့…… ။            


Girl : ဒီတသက် တို့ကိုပဲချစ်မှာလား။ Boy : ဒါပေါ့။ (တစ်ယောက်ဘယ်ကမလဲ) Girl : တို့မရှိရင် ကို ဘယ်လိုလုပ်မလဲ။ Boy : ငိုမှာပေါ့။ (ပျော်လွန်းလို့) Girl : တို့ကကိုရဲ့ ရည်းစားဦးလား။ Boy : အေ။ (ဟုတ်နေဦးမယ်) Girl : ကိုလိမ်ပြောနေတာလား။ Boy : ကျိမ်ဆိုကျိမ်ပါ့မယ်။ (ဒါလိမ်ပြောနေတာပါလို့) Girl : အိုသွားရင်ကော ချစ်မှာလား။ Boy : နင်မအိုပါဘူး။(ဘယ်တုန်းက ငယ်လို့လဲ) Girl : ပပဝတီလိုလှတယ်မလား။ Boy : အေ။(ဝေးသေး) Girl : ပင်လယ်ပြင်မှာ ရေတစ်ခွက်ပဲရှိရင် တို့ကိုတိုက်မှာလား။ ကိုရဲ့အမေကိုတိုက်မှာလား။ Boy : ကိုအမေကိုမတိုက်ပါဘူး။(နင့်ကိုလည်းမတိုက်ဘူး၊ကိုယ့်ဘာသာကိုသောက်မှာ) […]


ကျွန်တော်တို. ဖွင့်တဲ့အခါမှာတချို.စက်တွေကဖွင့်လိုက်တာနဲ.Desktopတန်းမပေါ်လာပါဘူး။ ဆိုလိုတာကစက်ကိုအသုံးပြုတဲ့လူက Password တွေနဲ.ဝင်တာကိုပိတ်ထားတက်ကြပါတယ်။ Password ဖြည့်တာမှန်မှ Desktop ပေါ်မယ်..တနည်းအားဖြင့်ပြောမယ်ဆိုရင်စက်ကိုသုံးလိုရ မယ်ဆိုတဲ့သဘောပါ။တချို.တွေကလဲ Windows password ကိုပေးပြီမေ့တက်ကျတယ်ပေါ့။ အဲဒီလူတွေအတွက် Windows XP password ကို ဘယ်လိုဝင်ဖောက်ကလဲဆိုတာကိုတင် ပေးချင်ပါတယ်။အကယ်လိုများကိုသူငယ်ချင်းရဲ.စက်ကPassword ကိုကိုယ့် password ပြောင်းချင်တယ်ဆိုရင်တော့ဒီနည်းလေးအတိုင်းလုပ်ကြည့်လိုက်ပါ။အကျိုးရှိတဲ့နေရာမှာ သာအသုံးချစေချင်ပါတယ်။သိစေရန်အတွက်သာရည်ရွယ်ပါသည်။ကဲလုပ်ကြည့်ရအောင်….. အရင်ဦးဆုံးစက်ကိုပြန်ပိတ်ပါ။စက်ပြန်ဖွင့်ပြီးတာနဲ.(Power ခလုတ်မှ)တပြိုက်နက်ထဲမိမိ စက်ရဲ. Keyboard မှာရှိတဲ့ F8 ခလုတ်ကိုဖိထားပါ။အောက်မှာပြနေတဲ့စာတမ်းတွေတက် လာမှာ ဖိထားတဲ့ခလုတ်ကိုလွှတ်ပါ။ Window Advanced Options menu Please Select An Option: Safe Mode Safe Mode With Networking Safe Mode With Cammand Prompt Enable Boot Logging […]


Network ဆိုတာ အရှင်းဆုံးပြောရရင် ကွန်ပျုတာကွန်ယက်ပေါ ့ဗျာ…ဒီနေ ့ခေတ်မှာ စီးပွားရေးလုပ်ငန်းတွေ ၊ပညာသင်ကြားရေး ကျောင်းနဲ အိမ်တွေ ၊ဖျော်ဖြေရေး လုပ်ငန်းတွေမှာ ကွန်ပျုတာတွေ သုံးနေတာအားလုံးအသိဘဲဖြစ်ပါတယ်…အဲဒီလိုသုံးတဲ ့နေရာမှာ ကွန်ပျုတာတစ်လုံးနဲ ့တစ်လုံး ချိတ်ဆက်ထားချင်းမရှိဘဲ တစ်လုံးစီသီးခြားရပ်တည် အသုံးပြုတဲ ့ ကွန်ပျုတာကို Stand Alone Computer လို ့ခေါ်ပါတယ်..လိုအပ်ချက်အရ အသုံးပြုသူတွေဟာကွန်ပျုတာတွေကို အချင်းချင်းချိတ်ဆက်ပြီးအသုံးပြုလာတဲ ့အခါမှာတော့ကွန်ပျုတာကွန်ယက်ဆိုတာဖြစ်ပေါ်လာပါတယ်။ကွန်ပျုတာကွန်ယက်ဆိုတာကွန်ပျုတာတွေကိုကြား ခံပစ္စည်းတစ်ခုခုနဲ့ချိတ်ဆက်ပြီးအသုံးပြုချင်းဖြစ်ပါတယ်…..ကွန်ပျုတာများကိုတစ်လုံးနှင် ့တစ်လုံးအပြန်အလှန် ဆက်သွယ်လို့ရအောင်ကြားခံပစ္စည်းတစ်မျိုးမျိုးကိုအသုံးပြုပြီးပင်ကူအိမ်သဖွယ်ချိတ်ဆက်ထားခြင်းကိုကွန်ပျုတာ ကွန်ယက်(Network)လို ့ခေါ်ပါတယ်။ Network Infrastructure ဆိုတာ.. Network တစ်ခုဖြစ်ပေါ်လာဖို ့အတွက်ချိတ်ဆက်မှုတွေ ၊Connectivity ဒါမှမဟုတ် Network တစ်ခုရဲ ့ လုံခြုံမှု Security တွေ၊လမ်းကြောင်းချိတ်ဆက်မှု Routing တွေ ၊ထိန်းချုပ်အုပ်ချုပ်မှု Management တွေ ၊ရယူသုံးစွဲမှု […]


အင်တာနက်သုံးတဲ့အခါမှာ ကိုယ့်ရဲ့ ကိုယ်ပိုင် အချက်အလက်တွေ အကောင့်တွေ password တွေ လုံခြုံမှုရှိဖို့ က အရေးကြီးလှပါတယ် အဲလို အရေးကြီးလှတဲ့ အချက်အလက်တွေ ကို သူတပါးလက်ထဲ ဆီကို ပါမသွားအောင် ထိမ်းသိမ်းဖို့က လည်း မလွယ်လှပါဘူး ဒီနေ့ ခေတ်မှာ hacker တွေ hacker ဖြစ်ချင်လို့ လက်တည့်လိုက်စမ်းနေတဲ့လူတွေ ကလည်း များလာတာကြောင့် ကာကွယ်ဖို့ကလည်း အတော်ခက်လာပါတယ် အဲဒီတော့ ကျွန်တော် တို့ ရဲ့ ကိုယ်ပိုင် အချက် အလက်တွေကို ကာကွယ်နိုင်မယ့် နောက်ဆုံးပေါ် နည်းလမ်း သုံးမျိုးကို ဖော်ပြလိုပါတယ် ။ ပထမနည်း : ကိုယ်ဘာရိုက်လဲ ဆိုတာ မမြင်ရအောင် ကာကွယ်နည်း ဒုတိယနည်း : ကိုယ်ဘာကြည့်နေလဲဆိုတာ သူများမမြင်ရအောင် ကာကွယ်နည်း […]


ချက်တင်တက်နေပြီဆိုရင်ပဲ.. . အားလုံးအညောင်းမိကြမှာပါ။ ချက်နေတုန်းသတိမထားမိရင်တောင်.. .ထလိုက်တဲ့အချိန်မှာ အသက် ၈၀ အဖိုးအဖွားတို့လို ဟိုနားကိုက်တိုက်တိုက်၊ ဒီနားကိုက်တိုက်တိုက်နှင့် ကြုံဖူးကြမှာပါ။ အဲဒီတော့… ကြာရှည်ထိုင်နိုင်ရန်နှင့် အညောင်းမမိစေရန် အောက်ပါနည်းလမ်း(၁၀)ချက်အတိုင်း လိုက်နာကြည့်ပါ။ ၁။ Type နေတုန်း ခေါင်းလှုတ်ရန်။ ဘယ်၊ညာ (သို့) ရှေ့၊နောက် ၂။ တစ်ဖက်ကလူ ပြန်စာ Type နေတုန်း လက်နှစ်ဖက်ကို ပခုံးပေါ်ပြန်တင် ရှေ့နောက် ခက်ရန်။ ၃။ တစ်ချား chatterများ ကိုကြည့်နေချိန်ခိုက် ထိုင်ထ လုပ်နေရန်။ ၄။ ရယ်စရာများ ရှိရင် ထိုင်ခုံကို လက်တစ်ဖက်ထောက်ကာ ပတ်ပြေးရန်။ ၅။ ဝမ်းနည်းစရာများ ရှိရင် လေ့ကျင့်ခန်းကို ခဏနားတဲ့အနေနဲ့ ထိုင်ငိုနေရန်။ ၃မိနစ်နားပါ။ ၆။ သီချင်းများလိုက်ညည်းနေခို က် ပခုံးနှစ်ဖက်ကို […]


          မိချောင်းတွေဟာကြောက်မက်ဖွယ်ပုံစံရှိပြီး သူတို့နဲ့ နီးနီးကပ်ကပ်နေရလိမ့်မယ်လို့ သင်ဘယ်တော့မှ တွေးထင်မိမှာ မဟုတ်ပါဘူး ။ ယနေ့ခေတ်မှာတေ့ ဒီအခွင့်အရေးကို သင်ရရှိနိုင်ပါပြီ ။ မိမိရဲ့ဆိုင်ကယ်ကို မိချောင်းပုံစံပြောင်းလဲဖို့ ကတော့ အချိန်သိပ်အကြာကြီးမလို အပ်ပါဘူး ။ ကဲဒီလိုဆို သင့်ရဲ့ဆိုင်ကယ်ကို မိချောင်းတစ်ကောင် အဖြစ် အသွင်ပြောင်းကြည့်ကြပါစို့ ။ ဒါမေယ့် ဆိုင်ကယ်ဈေးကတော့ မိချောင်း အမျိုးအစားနဲ့ သားရည်ပေါ်လိုက်ပြီး ပြောင်းလဲသွားမှာဖြစ်ပါတယ် ။ စာကြွင်း ။ ။ ဒီ မိချောင်းဆိုင်ကယ်ရဲ့ဈေးနှုန်းကိုတော့ ကျွန်တော် ဂျာနယ်တစ်ခုမှာဖတ်လိုက်ရပါတယ် သိပ်တော့မများလှပါဘူး ဒေါ်လာ ၁သိန်းဝန်းကျင်လောက်ပါပဲ မြန်မာကျပ်ငွေဆိုရင်တော့ သိန်း၁၀၀ဝကျော်လောက်ပေါ့