Google application တွေမှာ အသုံးဝင်တဲ့ app တွေအများအပြားရှိတဲ့ အနက်က Google Reader ကိုရွေးပြီးထုတ်ပြီးတင်ပြလိုက်ပါတယ်။ဘာကြောင့်လည်းဆိုတော့ Google Reader ဟာစာဖတ် ဝါသနာပါသူတွေအတွက် အလွန်အသုံးဝင်ပါလို့ပဲဖြစ်ပါတယ်..Gmail-account ရှိရုံနဲ့ အလွယ်တကူအသုံးပြုနိုင်မှာဖြစ်ပါတယ်။Google Reader အသုံးဝင်မူကိုပြောပြရရင် website ပေါင်းများစွာ ရှိတဲ့အထဲကနေ ကိုယ်ကဆိုဒ်တစ်ခုကိုကြိုက်တယ် ကိုယ်ကြိုက်တဲ့ဆိုဒ်ကနေ post တွေကို အကုန်လုံးဖတ်ချင်တယ် ။နောက်အခြားသော website တွေကိုလည်း ဖတ်ရှုချင်တယ်ဆိုပါစို့ ။သိပ်များလာတဲ့အခါ ကိုယ်နှစ်သက်တဲ့ website လိပ်စာမေ့သွားမှာဆိုးလို့ စာအုပ်ထဲမှာ မှတ်ရ Notpad ထဲထည့်သိမ်းရနဲ့ အလုပ်ရှုပ်ပါတယ် ဒီလို ကိုယ်နှစ်သက်တဲ့ website တွေကို တစ်စုတစည်းတည်း ထည့်သိမ်းပြီးဖတ်ချင်တယ်ဆိုရင်တော့ Google Reader ကို အသုံးပြုပါလို့ တိုက်တွန်းပါရစေ နောက်ပြီးတစ်ကူးတက website တွေအများကြီး ဖွင့်စရာလဲမလိုတော့ဘူးပေါ့။အဒြီ […]