ကွန်ပြူတာနှင့်စပ်မိစပ်ရာ Troubleshooting (ပြသနာများပစ်ခြင်း)

ကွန်ပြူတာနှင့်စပ်မိစပ်ရာ Troubleshooting (ပြသနာများပစ်ခြင်း)

ကွန်ပျူတာဆရာအားမေးထားသောမေးခွန်းများဖြစ်ပါသည်။

မေး။ ။ကွန်ပျူတာ မှာ ဗိုင်းရပ်စ်တွေ မဝင်အောင် ဘယ်လို ကာကွယ်ရမလဲဆရာ။
ဖြေ။ ။ ကွန်ပျူတာကိုု ပိတ်ထားပါ။ပို ပြီးသေချာအောင် ကွန်ပျူတာမီးပလက်ကိုပါဖြုတ်
ထားလိုက်ပါ။

မေး။ ။ကွန်ပျူတာ ထဲကို ဗိုင်းရပ်စ်ဝင်လာပြီးဆိုရင် ဘယ်လို ရှင်းထုတ်ရသလဲဆရာ။
ဖြေ။ ။ hack disk ကို ဖြုတ်ပါ။ ပြီးနောက် ရေနွေးပူပူထဲ ထည်.ပြုတ်ပါ။ပိုပြီးသေချာ သွားအောင် တူဖြင်.ထုပါ။

မေး။ ။အင်တာနက်ကဖေးဆိုတာဘာလဲဆရာ။
ဖြေ။ ။ အင်တာနက်ကဖေးဆိုတာ အင်တာနက် အသုံးပြုခနဲ.နေ.တွတ်မကိုက်လို.
ကော်ဖီပါတွဲရောင်းနေရတဲ.အင်တာနက်ဆိုင်ထင်ပါရဲ.။

မေး။ ။အွန်လိုင်းဆိုတာ ဘာလဲဆရာ။
ဖြေ။ ။အွန်လိုင်းဆိုတာ အွန်စောရဲ. ညီမပေါ.ကွယ်။

မေး။ ။vzo မှာကိုယ်.ရုပ်သွင်ပေါ်လာအောင်ဘယ်လိုလုပ်ရမလဲဆရာ။
ဖြေ။ ။ ဝက်ကန်တပ်လိုက်ပါ။ အဆင်မပြေသေးရင်တော.ဆင်ကန်တပ်ဖို.လိုအပ်ပါ
လိမ်.မယ်။

မေး။ ။ ဆရာ သမီးရဲ.စက်ထဲမှာ နိူးနိူးဂျက်မ ဗိုင်းရပ်စ် ဝင်လာတယ်ဆရာ။ဘယ်လို ဖြေရှင်းရမလဲ။
ဖြေ။ ။သမီးရဲ. စက်ထဲကို ဟောင်ကောင် ဂျက်မ အခွေသာထည်.လိုက်ပါ.။ ဟောင်ကောင်ဂျက်မ က နိူးနိူး ဂျက်မကို တိုက်ခိုက်ပါလိမ်.မယ်။

မေး။ ။ကွန်ပျူတာဆို တာ ဘာလဲဆရာ။သူရဲ.အလုပ်လုပ်ပုံလေးပြောပြပါဦး။
ဖြေ။ ။ ဆရာအမြင်ကတော. ကွန်ပျူတာဆို တာ ရုံးခန်းတွေထဲမှာ သော.ခတ်ထားတဲ.ကောင်ပါ။ အအေးခန်းနဲ.
တောင်ထားရသေးတာ ။ သူကဘာအလုပ်မှလုပ်တာလည်းမတွေ.မိဘူး။

မေး။ ။သမီးကွန်ပျူတာ ထဲက ဖိုင်တွေမှာ ” မင်းကိုချစ်တယ်” ဗိုင်းရပ်စ် ဝင်လာတယ်ဆရာ။ ကွန်ပျူတာ ကို
ဝင်းဒိုး ပြန်တင်လိုက်မှ ရမလားဆရာ။အကောင်းဆုံးနည်းလမ်းကို ပေးပါဦးဆရာ။
ဖြေ။ ။ အကောင်းဆုံးနည်းလမ်းကတော. သူ.ကိုချစ်တယ်လို.ပြန်ဖြေ လိုက်ပါ ။

အမေးအဖြေ
မေး ။ကွန်ပျူတာထဲမှာပါတဲ့ရမ်ဆိုတာဘာပါလဲဟင်
ဖြေ။ကွန်ပျူတာအတွက်ရမ်ပုလင်းပါ

မေး။ တဂစ်မှာဘယ်နှစ်ဘိုက်ရှိပါသလဲ
ဖြေ ။ဂစ်လို ့အော်တဲ့ဌက်တစ်ကောင်မှာတစ်ဗိုက်ဘဲရှိပါတယ်

ဆက်ဖတ်ကြည့်ရအောင်

မေး ။ email ပို ့နေရင်းconnectionပြုတ်သွားတဲ့အခါဘယ်လိုလုပ်ရင်အကောင်းဆုံးပါလဲ
ဖြေ ။ အကောင်းဆုံးကတော့ကွန်ပျူတာပါဝါပိတ်ပြီးအိပ်ပါဆိုင်မှာဆိုရင်တော့အိမ်ပြန်ပါ

မေး ။ကွန်ပျူတာထဲဗိုင်းရပ်စ်ဝင်ရင်ဖြေရှင်းပုံလေးအသေးစိတ် ပြောနိုင်မလား
ဖြေ ။ ဟုတ်ကဲ့ရပါတယ်

၁။ systemပုံးကိုအရင်ဖွင့်ပါ
၂။ ရှိရှိသမျှ ဟတ်ဒစ်၊မားသားဘုတ်၊ရှိသမျှကတ် အကုန်ဖြုတ်ပါ။
၃။ပြီးရင်တော့ဆပ်ပြာမှုန် ့များများနဲ ့ဖျော်ထားတဲ့ ဇလုံထဲကိုထည့်ပြီး
Decogenနဲ ့တစ်ညစိမ်ပါ
၄ ။ နောက်တစ်နေ ့ကျပြန်ဆေးကြောပြီးနေပူပူမှာ လှမ်းပါ။
၅ ။ ခြောက်သွေ ့သွားသောအခါပစ္စည်းများကိုနေရာတကျ ပြန်တတ်ပါ
၆။ စက်ကိုပြန်ဖွင့်သောအခါ VIRUS မရှိတော့ကြောင်းပျော် ရွှင်ဖွယ်တွေ ရပါလိမ် ့မည်။
ရ ။ နောက်ပိုင်းသုံးရင်SYSTEM ပုံးကိုဗိုင်းရပ်စ်ထပ်မဝင်အောင်
နေပူထဲထားကာအသုံးပြုပါဟု

မေး ။သမီးကွန်ပျူတာအရမ်းလေးနေလို ့ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ် ။ ကူပါဦး
ဖြေ ။ အရင်ဆုံးဟတ်ဒစ်(စ်)ဖြုတ်ထားလိုက်ပါ ။
ဒါမှလေးနေရင်ပါဝါစပလိုင်းထပ်ပါဖြုတ်ထား
လိုက်ပေါ့အရမ်းအရမ်းပေါ့သွားမယ်

မေး ။ကျွှန်တော်တို ့ဘက်ကမီးမှန်ဘူး ။
UPS ကလဲသိပ်မကောင်းတော့
မီးပျက်ချိန်ကွန်ပျူတာမြန်မြန်ပိတ်ချင်ရင်ဘယ်လိုလုပ်ရမလဲ
ဖြေ ။ upsနဲ ကွန်ပျူတာသွယ်တားတဲ့ပလပ်ကိုချက်ချင်းဆွဲဖြုတ်ပါ။
ချက်ချင်းပိတ်သွားရစေမယ်

မေး ။ခဏခဏ restart ကျနေတဲ့အတွက်ဖြေရှင်းပေးပါ
ဖြေ ။ဆိုင်ပို ့လိုက်ပါ

မေး။ ကျွှန်တော့်window
ကအဖွင့်အပိတ်ကြာနေတယ်ဘယ်လိုလုပ်ရမလဲ window မှာပြသနာရှိလို ့လား
ဖြေ။ ဟုတ်ပါတယ် window ကိုအဖွင့်အပိတ်ချောင်အောင်ပတ္တာမှာဆီနဲနဲ ထိုးပေးပါ ။

ကဲဆက်ဖြေမယ်နော်

မေး။အင်တာနက်သုံးဖို ့ဘာလိုအပ်ပါသလဲရှင်
ဖြေ။ပိုက်ဆံလိုတာပေါ့သမီးရယ်ဟုတ်ဘူးလား

မေး။သမီးပို လိုက်တဲ့အီးမေးဟိုဘက်ရောက်မရောက်ဘယ်လိုသိနိုင်မလဲ
ဖြေ ။ဖုံးဆက်ပြီးမေးကြည့်ပါ။

မေး။အီးမေးတွေထဲကစာတွေမှာဗိုင်းရပ်စ်ပါမပါဘယ်လိုသိနိုင်မလဲ
ဖြေ။အဲ့ဒီအီးမေးကိုဖွင့်ကြည့်ပါ-သင့်စက်ထဲဗိုင်းရပ်စ်ဝင်လို
့ရှိရင်ဗိုင်းရပ်စ် ပါလို ့ပေါ့ကွယ်

 

ကျေးဇူးတင်ပါတယ်

One comment

  • juttue.gyi

    April 5, 2011 at 3:39 pm

    ကျတော်တောင် အဲဒီဆရာကို ဆရာတော်ချင်စိတ်တောင်ပေါက်လာပြီး ဟီးးးးးး

Leave a Reply