နှာခေါင်းမပါလျှင် -ျီးစား ကြမှာလား

etoneApril 7, 20111min41923

အားလုံး လည်းသိပြီး ကြမှာပါ ချက်တင်ပြသနာ အတော်ကြီးမားတယ်ဆိုတာကိုပေါ့ … ။ ချက်တင်ထဲကနေ ဆယ်ကျော်သက်မိန်းကလေးတွေ ၊ တစ်ဆယ် နှစ်ခါ ၊သုံးခါ ကျော်နေတဲ့ အပျို မမများလည်း ပါပါတယ် … အင်တာနက်ဆိုင်သွားလျှင် အများစု ချက်တင်လုပ်ကြပါတယ် … ။ သုံးတတ်လျှင် ဆေးဆိုသလို မသုံးတတ်လျှင် ဘေးဖြစ်ပြန်သေးတယ် … တော်ရုံတန်ရုံဘေးဆို ကိစ္စမရှိပါဘူး တဘဝလုံး ကျွမ်းထုးိမှောက်ခုံဖြစ်သွားမဲ့ ဘေးမျိုး ဆိုလျှင်တော့ အတော့်ကို အန္တရာယ်ကြီးလို့ သတိထားရမဲ့ ကိစ္စပါ… အင်တာနက် အချစ်ဆိုတာ ကျမအတွက်တော့ အယုံကြည်မရှိပါဘူး ။ တဘက်ကလူ ဘယ်လို ပုံပန်း သွင်ပြင် စရိုက် လက္ခဏာ ရှိလည်း မသိပဲ စိတ်ကူးယဉ် ဆန်ဆန် ချစ်ကြိုက်ဖို့ဆိုတာ အတော့်ကို မလွယ်တဲ့ ကိစ္စပါပဲ … ။ တချို့သော နှာခေါင်းမပါလျှင် -ျီးစားမဲ့ ကောင်မလေးတွေကတော့ ချက်တင်ထဲက ပြောသမျှ ယုံပြီး တကယ့်ဘဝကို လေထဲ တိုက်အိမ်ဆောက်နေလေရဲ့ … ။ ချက်တင်ကတဆင့် ဖုန်းနံပါတ်တောင်းမယ် …. စကားတွေ ပြောမယ် … အပြင်မှာ ချိန်းမယ် ဒီကနေ ကိုရီးယားကားတွေ ထဲကလို ခပ်ပေါပေါ အချစ်ဇာတ်လမ်းတွေ ဖြစ်လာမယ် … နောက် ချစ်သူအဆင့်ကနေ ပိုင်ဆိုင်ချင်ပါတယ်ပြောပြီး ရသမျှ ခွာချသွားမယ် … ပြီးတော့ စားပြီး နားမလည် ချန်ထားခဲ့မယ် … ဒီအချိန်မှာ မျက်ရည်နဲ့ ဒူးသုတ်ရတဲ့ ဉာဏ်တိမ်တဲ့ မိန်းကလေး တွေပါပဲ … ။ အခု အဖြစ်ပျက်လေးကိုလည်း ကြည့် …
စတား မော်ဒယ် အေဂျင်စီမှာ 2005 တုန်းက နည်းပြ နဲ့ ပင်တိုင် မော်ဒယ် အဖြစ် လုပ်ခဲ့သူ အောင်ရဲလင်းဟာ အေဂျင်စီရဲ့ အကူညီနဲ့ ရှိုးပွဲတွေမှာ ပရိတ်သတ်အားပေးမှူကို ရခဲ့ပါတယ် … ။ နောက်ပိုင်း ရုပ်ရှင်လောက ကို တစစ ဝင်ရောက်ခဲ့ရာက စနှိုး ဝှိုက် ရုပ်ရှင် ထုတ်လုပ်ရေးရဲ့ ကားအတော်များများနဲ့ ပရိတ်သတ်လက်ခံလာခဲ့ပါတယ် … ။ စနိုးဝှိုက်က ပွဲထုတ်တဲ့ မင်းသားတိုင်း ဗလ တောင့်တောင့် ၊ စမတ်ကျကျမို့ အရင်က ပိန်ပိန်ရှည်ရှည် ကိုယ်ခန္ဓာနဲ့ အောင်ရဲလင်းကလည်း စနိုးဝှိုက် ထွက် မင်းသားတွေလိုပါပဲ ဖွံ့ဖြိုး ကြီးထွားအောင် လေ့ကျင့်ခဲ့တာ ယခု တီဗွီထဲက အတိုင်းပေါ့ … ။ လူ့ကိုယ် ခန္ဓာကိုပဲ ပြောင်းလဲလို့ရမယ် … အကျင့်ဗီဇကို ပြောင်းလဲလို့ မရတာ အားလုံး သိပြီး ဖြစ်မှာပါ …။ အခုလည်း အောင်ရဲလင်းဟာ ချက်တင်ထဲကနေ အမျိုး သမီး တယောက်ကို ရင်းနှီးခွင့်ရအောင် လုပ်ပါတယ် … ပြီးနောက် အပြင်မှာ ချိန်းတွေ့ကြပါတယ်… နောက်တဆင့် ချစ်သူတွေ ဖြစ်ခဲ့ပါတယ်… အဲ့ဒီကနေ အခွင့်ရေးယူလိုက်ပါတယ် … ပြီးတော ့ခေါင်းရှောင်နေခဲ့ပါတယ်… ။ အမျိုး သမီးက မကျေနပ်လို့ တရားစွဲဖို့ လုပ်နေပါပြီ ။ အမျိုးသမီးဘက်က အသိုင်းဝိုင်းရဲ့ ပြောပြချက်အရ မနေ့က ရန်ကုန်ဆေးရုံကြီး ၊ ဥပဒေရေးရာ ဆေးပညာ ဌာနမှာ ဆေးစစ်ချက်ယူပါတယ် … ။ နစ်နာခဲ့ကြောင်း တရားစွဲဆိုမှူအတွက် သူမဟာ မရှက်မကြောက်ပဲ စစ်ဆေးမှူ ခံယူခဲ့တာပါ … ။ ဥပဒေ ဘောင်အတွင်းကပဲ ဒီကိစ္စကို ဖြေရှင်းမှာပါလို့ အောင်ရဲလင်းနဲ့ ပတ်သတ်ခဲ့တဲ့ အမျိုးသမီးအသိုင်းဝိုင်းက ပြောပြသွားခဲ့ပါတယ်… ။
ကဲ …. ချက်တင်ယုံတတ်တဲ့လူတွေ .. . ရှေ့လျှောက် ဘယ်လို စခန်းသွားကြမှာပါလဲ … ။ စားပြီးနားမလည်ပဲ ချန်ထားခံရသူတွေရော ဘယ်နှစ်ယောက်များ ရှိခဲ့ပြီလည်း … အရှက်ကွဲမှာ စိုးတာနဲ့ ငြိမ်နေခဲ့တော့ ဒီလို လူတွေကို ထပ်လုပ်ဖို့ အခွင့်ရေးပေးသလို ဖြစ်နေတာပေ့ါ … ။ အာလူးပေးတိုင်း မယုံပဲ သတိနဲ့ ယှဉ်တွဲ ယုံကြည်ကြပါလို့ နှိုးဆော် သတိပေးလိုက်ချင်ပါတော့တယ် … ။

23 comments

  • etone

    April 8, 2011 at 2:13 am

    စတင်ပြီး မန်း နိုင်ပါပြီ ။ မနေ့ကတည်းက တင်တာ အဆင်မပြေဘူး ။ ခဏခဏပြုတ်ကျလိုက် တပိုင်းပျက်လိုက် ဖြစ်နေတာ … ။ သူကတော့ မဟုတ်ဘူး ဘယ်လိုပြောပြော ခိုင်လုံတဲ့ သတင်းရပ်ကွက်က ရထားတာ ပါ… ။ ဆေးစစ်တဲ့ မှတ်တမ်း လုပ်ဖို့ ဆေးစစ်ခံတော့ ဘယ်သူတွေ စစ်ရလဲ ဆိုတာပါ အတိကျ ထည့် ရေးလု့ိရတယ် … ဒီလောက်ထိ မလိုအပ်လို့ … ။

  • nigimi77

    April 8, 2011 at 2:31 am

    မိုက်လိုက်တဲ့ အကောင် ….။ ကြာကြာဝါးမည့်သွား အရိုးကြည့်ရှောင် ဆိုတာ ဒင်း မကြားဖူးဘူး ထင်ပ…။ 🙂
    (နောက်တာနော်…. အနော် မပါ ပါဘူး ခင်ည)

  • hmee

    April 8, 2011 at 7:04 am

    မနေ.က စာမပါလို. ဘာပါလိမ်.လို. စဉ်းစားနေတာ။ အဲလို အဖြစ်အပျက်တွေ ခဏခဏ ဖတ်နေရတယ်။ ကောင်မလေးတွေ ဘာလို. ခေါင်းမသုံးတာလဲနော်။ မိဘတွေ ဆုံးမတာ လိုသလား (သို.) သူတို.ကိုယ်တိုင်ကပဲ ဆုံးမ ရဲ.နဲ. မိုက်ချင်လို. မိုက်တာလား။

  • လင်းဝေကျော်

    April 8, 2011 at 7:20 am

    အီးတုံးရေ,
    ဦးလေးလည်း အဲဒီကောင်လေးကို Gym မှာ မျက်စိနောက်နေတာကြာပြီ။
    အခု Gym က ကောင်မလေးတစ်ယောက်နဲ့တွဲနေတာ။
    သူများတွေ လေ့ကျင့်ခန်းလုပ်တဲ့ အခန်းထဲမှာ သူတို့ နှစ်ယောက်က ဖင်ကိုင်ခါးဖက်နဲ့ ရှုပ်နေတာပဲ။
    ဒီကောင်လေးကို နှာခေါင်းကောက်ကောက် ဥပဓိက တစ်မျိုးမို့ စိတ်ထားညံ့မယ့်ကောင်မှန်းတော့ ထင်သားပဲ။
    သူ့ကို အခုရူးပြီး တွဲနေတဲ့ကောင်မလေးနာမည်ကို တိတ်တိတ်မေးရင်ပြောပြမယ်။

  • လင်းဝေကျော်

    April 8, 2011 at 7:22 am

    စနှိုးဝှိုက်ရုပ်ရှင်ကတော့ စနှိုးဝှိုက်မောင်မောင်ဦး အခြောက်ကြီး စားချင်တာပေးမယ့်
    ကောင်လေးတွေကို မွေးစားပြီး တင်ပေးတဲ့နေရာပါ။

  • မမလေး

    April 8, 2011 at 7:50 am

    ဦးလင်းဝေကျော် … ပွင့်ကိုရော မတွေ့မိဘူးလား … 🙂 မနှစ်ရဲ့မနှစ်က သင်္ကြမှာ မဏာပ်တူတူပဲ သူနဲ့ … သူငယ်ချင်းတွေက မြှောက်ပေးတယ် သူကကွေးနေအောင်ကတယ် … ဟိုခွေထဲမှာ နန်းဆုနဲ့ကတဲ့အကွက်လေးက ဒီလိုလားဘယ်လိုလဲဘာလဲနဲ့ … သူငယ်ချင်းကောင်မလေးက အောင်ရဲလင်းရဲ့ ဦးထုပ်ကို အမှတ်တရပေးခဲ့ပါလားဆိုတော့ … မေမေဆူလိမ့်မယ်တဲ့ …

  • noob

    April 8, 2011 at 7:56 am

    ဟုတ်တော့ဟုတ်နေပြီး စနှိုးဝှိုက် က အောင်ရဲလင်းကို “စား” အောင်ရဲလင်းက ကောင်းမလေးတွေကို “စား” ( ဦးနှောက်စားတာပဲနေမှာပါ ) စနှိုးဝှိုက် ကလဲ အဲဒါနဲ ့ပတ်သတ်ရင် နထင်ရောက် မင်းသားကလဲ အဲဒါနဲ ့ပတ်သတ်ရင် နထင်ရောက် (သူတိုမကောင်းသတင်းကြားပြန်ကြားရရင် နထင်ရောက်တာ ကိုပြောတာပါ )

  • နွယ်ပင်

    April 8, 2011 at 8:08 am

    etone ရေ ဒီကိစ္စဟုတ်မဟုတ်တော့ သေချာမသိပင်မဲ့ အောင်ရဲလင်းကတော့ သူဖုန်းရဲ့ အဝင်ခေါ်ဆိုမူကိုတော့ ပိတ်ထားပါတယ် . နောက်သူ့ကို ဆက်သွယ်ချင်ရင်လဲ သူ့အမေကနေတစ်ဆင့်၊ အဒေါ်ကနေတစ်ဆင့် အိမ်ဖုန်းကနေ ဆက်သွယ်မှ ရပါတယ် .. ဒီလိုဖုန်းကို လုပ်ထားတာ ဒီကိစ္စကြောင့်များလားမသိဘူးနော် ..

  • meelay

    April 8, 2011 at 8:40 am

    First Journal မှာ အဲဒီသတင်း စာလုံးအကြီးကြီးနဲ့ပါတယ် .. ဒါပေမဲ့ မင်းသားနာမည်မရေးထားဘူး၊ ပြီးတော့ အထဲစာရွက်မှာ အောင်ရဲလင်း အမေနဲ့ အင်တာဗျူးထားတာပါတယ် … သူ့အမေက ကောလဟာလတွေပါတဲ့ … သူ့သားကတော့ အခုထိ ကားရိုက်နေတုန်းပဲတဲ့၊ ဖုန်းခေါ်ဆိုမှုပိတ်နေတာကလဲ ဖုန်းခ မသွင်းရသေးလို့လို ဖြေထားတယ် …

    • etone

      April 9, 2011 at 1:52 am

      သူ့အမေကတော့ မဟုတ်ဘူး ပြောမှာပေါ့ သူကသားရှင်ကိုး ။ သမီးမရှိတော့ ဝဋ်လည်စရာမရှိဘူးများ ထင်နေလားမှ မသိတာ … ။ ဆေးရုံကြီး မှုခင်းရုံးက ဆရာဝန်ကြီး ဒေါက်တာ ဦးသိန်းဇော် ကိုယ်တိုင်တောင် စစ်ဆေးပေးခဲ့တာပါ … ။ ဆရာကြီးဖုန်းနံပါတယ်က ….(မပြောတော့ပါဘူး 😀 ) အခုနောက်ပိုင်း ရုပ်ရှင်လောက က ဒီလို သတင်းတွေ ကြားနေရတယ်… တရာစွဲပြန်ပြီ အမှူဆိုင်ပြန်ပြီတဲ့ … ဒါနဲ့ တခါမှလည်း မနိုင်သေးဘူးထင်တယ်နော် …ပန်းဖြူရော .. ဝိုင်းစုတုန်းကရော … ပြသနာ တတ်တာပဲ ကြားတယ် သတင်းနောက်ဆက်တွဲကျတော့ အဆက်ပြတ်သွားတယ် … ။

  • juttue.gyi

    April 8, 2011 at 11:46 am

    အဲဗျာ ဒီလိုကောင်မျိုး မြန်မာမင်းသားလို့ခေါ်ရတာ ရှက်ဖို့တောင်ကောင်းတယ်

  • monmon

    April 8, 2011 at 12:33 pm

    ထင်တောင်မထင်ရဘူးနော်… သူ့ပုံစံနဲ့… တော်သေးတာပေါ့.. သူ့ကို အခုမကြိုက်တော့လို့.. း)

  • nature

    April 8, 2011 at 3:08 pm

    လင်းဝေကျော်ရေ F4 ကားထဲကအရံမင်းသမီးကိုတင်ပေးတဲ့ ဒါရိုက်တာလိုမျိုးလား။
    ရုပ်ရှင်လောက မော်ဒယ်လောက ဆိုတာ ခပ်ရှုပ်ရှုပ်လို့ထင်တာပဲ။

  • unclegyi1974

    April 8, 2011 at 5:11 pm

    အောင်ရဲလင်းပုံကိုကြည့်ပြီးအထင်သေးမိ
    တာမှာပြီနဲ့တူတယ် သူသရုပ်ဆောင်တဲ့ပုံကမြင်
    တဲ့အတိုင်းဘာပုံပေါက်နေလည်းဆိုတာ
    အခုတော့ရှင်းသွားပါပြီ
    မိန်းကလေးတွေကလည်းခက်ပါတယ်
    ဒါကြောင့်လည်းရှေးလူကြီးတွေကစာရေးမှတ်
    တမ်းတင်ခဲ့တာနေမှာ

  • moethidasoe

    April 9, 2011 at 8:34 am

    ကိုယ့် အရှိန်အဝါကို အသုံးချသွားတဲ့လူလဲ မှားတယ် (ကိုယ်ချင်းစာစိတ် မရှိတာ)
    ကိုယ့် အသိညာဏ်ကို အသုံးမချပဲ ယုံလွယ်တတ်တဲ့ လူလဲ မှားတယ် (ကိုယ့်ကိုယ်ကို တန်ဖိုး မထားတတ်လို့)
    အရင်တုန်းက သုံးနှစ်သုံးမိုး မကအောင် စောင့်စားလို့ ချစ်ရသူရယ် ဆိုတဲ့ သီချင်းလေးတောင် ရှိတယ်လေ
    အခုတော့ မျက်နှာကို မတွေ့ဖူးဘဲ ကွန်ပျူတာပေါ်က စာနဲ့တင် ကြိုက်သွားတာတော့ …………..
    ဒါကြောင့် လူငယ်တွေကို life skill သင်ပေးနေကြတာ ..
    မျိုးဆက်ပွား ကျန်းမာရေး ဆိုတာ ဘာလဲ ..
    အိမ်ထောင်ဖက် ဆိုတာ ဘာလဲ …
    အေအိုင်ဒီအက်စ် ဆိုတာ ဘယ်လိုကူးတယ် …
    အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ရင် ဘာတွေ ဖြစ်တတ်တယ် ….. …………… အများကြီးမှ အများကြီး ………..

  • nigimi77

    April 9, 2011 at 9:32 am

    ကျားဆိုတာတော့ အသားစားမှာ သေချာပေါက်ပဲ။
    ကျားမှန်းသိရက်နဲ ့ အိမ်မွေးကြောင်တကောင်လို (ကိုကြောင်ကြီးလို) သွားပြီး ပွတ်သီပွတ်သပ် သွားသွား
    လုပ်နေကြတာကိုး။

    ဆိုတော့ကာ….ကျားသည် အသားစား သဖြင့် အပြစ်မရှိ။
    ကျားကို ကြောင်ကဲ့သို ့ သဘောထားသော ပူစီမများတွင် အပြစ်ရှိသည်။

    • bigcat

      April 9, 2011 at 10:02 pm

      မီညောင် မီညောင် မီညောင် ဟုတ်၏ ဟုတ်၏ ဟုတ်၏…
      ခွီး ခွီး ခွီး ဟုတ်ဖူး ဟုတ်ဖူး ဟုတ်ဖူး…..

  • char too lan

    April 9, 2011 at 9:40 am

    သင်္ကန်းကျွန်းမြို့နယ်နေ အသက် ၂ဝ နှစ်အရွယ် အမျိုးသမီးတစ်ဦး Chatting မှ ရည်းစားရပြီး ချိန်းခေါ် အဓ္ဓမပြုကျင့်ခံရလို့ ရဲစခန်းတိုင်။

    သင်္ကန်းကျွန်း မြို့နယ်နေ အသက် ၂ဝ နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် Online Chatting မှတဆင့် ပုဇွန်တောင်မြို့နယ်နေ အသက် ၂၈ နှစ် အရွယ်ရှိ အမျိုးသားလေး တစ်ဦးနှင့် ချစ်သူ ဖြစ်သွားကြပြီး အမျိုးသား လေး၏ ချိန်းဆို ကမ်းလှမ်းမှုအရ ၂၁.၈.၂၀၁ဝ ရက်နေ့တွင် ချိန်းဆိုရာ ကန်တော်ကြီးစောင်းရှိ ကော်ဖီဆိုင်သို့ နေ့လည် ၁ နာရီအချိန်က သွားရောက် တွေ့ဆုံခဲ့ကြသည် ဟူ၏။
    နှစ်ယောက်အတူ တွေ့ဆုံကြပြီး အအေးသောက်နေစဉ် အမျိုးသမီးလေးမှာ အအေးသောက်လက်စမှ မူးဝေ လာသဖြင့် အမျိုးသားလေးက အိမ်ပြန်ပို့ပေးမည် ဆိုပြီး မည်သည့်နေရာ ခေါ်သွားနေမှန်းမသိဘဲ လိုက်ပါ သွားခဲ့သည် ဟူ၏။
    အမူးပြေစဉ် သတိရလာသော အခါ တိုက်ခန်းကျဉ်း တစ်ခုအတွင်းရှိ အိပ်ယာပေါ်တွင် ခေါ်ဆောင်လာသူ အမျိုးသားလေးနှင့် အတူရှိနေပြီး သားမယားအဖြစ် ပြုကျင့်နေရာ ငြင်းဆန် ရုန်းကန်သော်လည်း ခေါင်းမူးသည်က တစ်ဖက်၊ အားချင်း မမျှသည်က တစ်ကြောင်း တို့ကြောင့် ရုန်းကန်ရင်းပင် မူးပြီး အိပ်ပျော် သွားခဲ့သည် ဟူ၏။
    နောက်တစ်နေ့ နံနက် ရ နာရီ အိပ်ယာနိုးချိန်ရောက်မှ သူမရောက်နေသော နေရာသည် အမျိုးသားလေး ၏ အိမ်မှန်း သိလိုက်ရပြီး သူမ၏ အိမ်သို့ ပြန်လာပြီး မိဘများကို ပြောပြသဖြင့် မိဘများက ၂၆.၈.၂၀၁ဝ နေ့တွင် ပုဇွန်တောင် ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့ကြောင်းနှင့် ရဲစခန်းမှ (ပ) ၂၆၄/၂၀၁ဝ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်ပြီး ပြစ်မှု ကျူးလွန်သူ အမျိုးသားအား ဖမ်းဆီး စစ်ဆေးလျက် ရှိနေကြောင်း မှုခင်းသတင်း ဂျာနယ်အရ သိရသည်။
    Written by: ဇော်ဇော် Last Updated at 2010-09-21 on 03:28:09 4398 Hits

    ဒီဟာလေးမေလ်းထဲရောက်လာတုန်းက ချက်ကြီးတို့ အဖွဲ ့ကိုဝေပီးပီ
    အခုအီးတုံး ဟာလေးပါ ထပ်ဝေလိုက်အုံးမယ်။
    ကျေးဇူးပါနော်။

  • naywoonni

    April 9, 2011 at 9:49 am

    ဒါမျိုးမှ ကြိုက်တဲ့သူတွေ ဒီလိုဖြစ်တာမဆန်းပါဘူး…။

  • kopauk mandalay

    April 9, 2011 at 12:36 pm

    အိတုံက ရှေ့ကရေး တာကို ဖတ်။
    ကိုပေါက်က ဆက်တွေးပြီးကဗျာတွေရေး
    ဟေ ဟေး………………
    80 ဘယ်လိုမှပြေးမလွတ်တော့ဘူးနော်။။။။။။။။။။။။။။။။။။။။။။။။
    တုံမမရေ ကျေးဇူးနော်

  • unclegyi1974

    April 9, 2011 at 4:20 pm

    လွှတ်တော်ဥပဒေရေးရာကယနေ့သတင်း
    ဆေးသုံး၍မုဒိန်းမှုကျူးလွန်သူမည်သူမဆို
    ထောင်ဒါဏ်အနှစ် ၂ဝ တနှစ်လျှင်ကြိမ်ဒါဏ် ၂ဝ ချက်
    ဆေးရောင်းချပေးသူ သေဒါဏ်
    အုပ်စုဖွဲ့မုဒိန်းမှုကျူးလွန်သူများသေဒါဏ်
    ထောင်ဒါဏ်သို့လုံးဝပြောင်းလည်းချမှတ်ခွင့်မပြုရ
    ကလေးသူငယ်များအားမုဒိန်းမှုကျူးလွန်သူ
    သေဒါဏ် လူအများရှေ့မသေမချင်းကြိမ်ဒါဏ်ပေး
    ၍သတ်စေတဲ့
    သတိထားကြဖို့ပါ

    • eros

      April 10, 2011 at 9:00 am

      ဘယ်တုန်းကလည်း ဘယ်မှာလည်း။ မြန်မာမှာဆို သိပ်ကောင်းမှာပဲ။

  • nature

    April 10, 2011 at 9:51 am

    ကျနော့်အမြင်ကတော့ပြသာနာတခုဖြစ်လာရင် မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်ဘို့ ၂ဘက်စလုံး ကစကားတွေကို အရင်ဆုံး နားထောင်ဖို့လိုမယ်လို့ထင်ပါတယ်။ မှားတဲ့သူရဲ့စကားဟာ ဟာကွက်ရှိနေပါတယ်၊ အခုကကိုယ်တိုင် ရဲစခန်း တိုင်ပြီး Mandalaygazette မှာတင်ပြထားတဲ့အတွက် တရားဥပဒေပိုင်းဆိုင်ရာ ကလည်း မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးမယ်လို့ထင်ပါတယ်၊

Leave a Reply