…ဝမ်းစာရှာဖွေခြင်း….နှင့်…ကိုယ်တွေ့ ဖြစ်ရပ်မှန်

ကမ္ဘာမြေကြီးပေါ်ကလူတွေဟာ……

နေ့စဉ်…ဝမ်းစာရေးအတွက်…လုပ်ငန်းအမျိုးမှာရပ်တည်လုပ်ကိုင်ကာ

နေ့စဉ်လူမှုဘဝရဲ့….အခက်ခဲတွေကိုရင်ဆိုင်ဖြေရှင်းကြလျှက်ရှိရာမှာ…..

…လူမှုဘဝထဲက..့ကျွန်တော့ကိုယ်တွေ့..ဝမ်းစာရှာဖွေသူ… တွေအကြောင်းပါ…………

 

……ကျွန်တော်ဟာလည်းလူသားတစ်ဦးဖြစ်တာကြောင့်…နေ့စဉ်စားဝတ်နေရေးအတွက်

ကူမ္ပဏီ တစ်ခုမှာဝင်ရောက်လုပ်ကိုင်နေရပါတယ်….ကျွန်တော်ရဲ့လုပ်ငန်းက..ပြင်ပလုပ်ငန်းဖြစ်တာကြောင့်

နေ့ စဉ်..ရန်ကုန်မြိုတွင်းသွားလာလှုပ်ရှားရာမှာ ….့ကျွန်တော့ လို ..ဝမ်းစာရှာဖွေသူအများအပြားကို..

တွေမြင်ကြုုံတွေ့နေကြပါ..သိပ်မဆန်းကြယ်တော့ပါ

..အဲ…..ဆန်းကြယ်တဲဖြစ်ရပ်တစ်ခု….တစ်နေမှာကြုုံလာတာကတော့……………………………………………..

 

ဘဏ်ကိစ္စ တွေပြီးလို့….လုပ်ငန်းတူ..သူငယ်ခြင်းများဆုံတွေ့နေကြ…..

အကောက်ခွန်ရုံးနောက်..ဘဏ်လမ်းထဲက  ..လက်ဘက်ရည်ဆိုင်ကိုပြန်လာပြီးထိုင်ရင်း..

ရောက်တတ်ရာရာ..သူငယ်ခြင်းများနဲပြောဆိုနေချိန်မှာပဲ….

ကျွန်တောတို့ထိုင်ရာစားပွဲဝိုင်းကို…သူတောင်စားမလေး(ခန့်မှန်း)အသက်ရှစ်နှစ်ခန်ရှိပါမယ်)ရောက်လာပါတယ်

လက်ထဲမှာလည်းခြောက်လသားလောက်ပဲရှိမယ့်….ကလေးကိုပွေချီလျှက်…..

ဦးတို့ရယ်…သမီးညီမလေးနို့မတိုက်ရသေးလို့..နို့ဝယ်တိုက်ချင်လို့ပါ……ဟု

တစ်ဂျီဂျီလုပ်ပြီးတောင်ရမ်းနေပါတော့တယ်……….ကျွန်တော်စိတ်ကလည်း….

ဘယ်သူတောင်းစားပဲဖြစ်ဖြစ်..လုံးဝ..ပိုက်ဆံမထည့်တာပါပဲ..အဲ..အသက်ကြီးတဲသူတွေကလွဲရင်ပေါ့

ကျွန်ုပ်။။။အကြွေမရှိဘူး

စကားအဆုံးမှာတော့သူတောင်းစားခလေးမလှည့်ထွက်ကာ…နောက်ဝိုင်းတွေကိုလိုက်တောင်းနေပါတော့တယ်

ပေးတဲသူရှိသလို..မပေးတဲသူတွေလည်းရှိပါတယ်…..

ဒီသူတောင်းစား..ခလေးမျိုးတွေကတွေ့နေကြပါ..မြို့ထဲမှာသိပ်မဆန်းတော့ပါ….

ကျွန်တော်တို့လည်းစကားဆက်လက်ပြောဆိုနေစဉ်…နာရီဝက်ခန်အကြာ…..

ခလေးတစ်ယောက်ရဲစူးစူးဝါးဝါးငိုသံထွက်ပေါ်လာပါတော့တယ်…..

လှည့်ကြည်မိစဉ်မှာတော့……..စောစောကသူတောင်းစားခလေးမဟာ……သူတောင်းရမ်းစဉ်ပွေချီထားတဲ့

ကလေးငယ်ကိုပလက်းဖောင်းဘေးက..ညောင်ပင်အောက်မှာ  ..ချသိပ်ကာ..ညောင်သီးတွေနဲ  ..ဂေါ်လီလှိမ်တမ်းကစားနေတာပါပဲ…အဲဒီကလေးကနိုးလာလို့ငိုတဲ့အသံပါ….

ခလေးက….ဆာလာအိတ်ပေါ်ကနေလှိမ်ကာ..ပလက်ဖောင်းပေါ်ရောက်နေပါပြီ…

ငိုသံဟာ.တစ်စတစ်စကြယ်လောင်ကာ….အသံများပင်တိမ်ဝင်လာပါတော့တယ်….

သူတောင်းစားခလေးမကတော့..အဆော့ပင်မပျက်ပါ…..

ကျွန်တော်ထိုင်ရာနေရာနဲနီးတာကြောင့်ထသွားကာ…

ဟဲ့…ကောင်မလေး..နင်ညီမငိုနေပြီလေ….သွားချီလိုက်လေ..

သူတောင်းစားခလေးမ..တစ်ချက်လှည့်ကြည်ကာ..မကြားချင်ယောင်ဆောင်နေပါတယ်…

ခလေးကလည်းလူးလှိမ်ငိုကောင်းဆဲပါ…ဒေါသထွက်သွားကာ

ဟဲ..ငါပြောတာမကြားဘူးလား….လူကလက်တောက်လောက်နဲ့…

ခလေးကနို့ဆာလိုငိုတာနေမှာနင့်အမေဆီခေါ်သွားလိုက်လေ….

ဒါမှမဟုတ်နို့တစ်ခွက်..ဝယ်တိုက်လိုက်ပါလား….

……ဒီအချိန်မှာတော့……

ခလေးမ။။။….ဦးမသိပါဘူးပိုက်ဆံက(၁၂၀၀)ပဲရသေးတယ်..အရင်းမကြေသေးဘူး

ကျွန်ုပ်။။။..ဟာ …………၁၂၀ဝ ရှိတာဝယ်တိုက်လို့ရပြီးပေါ့…….

ခလေးမ။။။…အရင်းမကြေသေးဘူး ၃၀၀ဝ ရမှတိုက်မယ်…

ကျွန်ုပ်။။။…အောင်မယ်..တောင်စားတာတောင်အရင်းအနှီးရှိသေးလား…နင်အမေသိရင်နင်အရိုက်ခံရမှာ

ခလေးမ။။။..ဟာ..ဦးမသိပါဘူး..ခလေးငိုလို့အမေမရိုက်ဘူး…သူက..သမီးညီမလေးမှမဟုတ်တာ

ကျွန်ုပ်။။။..နင်ဘဲခုဏက နင်ညီမနို့တိုက်ဘို့ဆိုပြီးလိုက်တောင်းနေပြီးတော့

ခလေးမ။။။..ဒီလိုပဲပြောတောင်းရတာပေါ့..ဦးရဲ့……

ကျွန်ုပ်။။။..လုပ်စမ်းရှင်းပြစမ်းပါအုံးငါ့ကို

ရှင်းပြမယ်…..သူတောင်းစားခလေးမပြောပြတာတွေနားထောင်အပြီးမှာတော့…..ကျွန်တော်ဟာ..

ပါစပ်အဟောင်းသားဖြစ်လို့နေပါတော့တယ်….သူပြောတာတွေကတော့

 

ဟာ….ဦးကလည်း…ဒီခလေးလေးကို..သမီးတို့နေတဲ့..အိမ်နားက အဒေါ်ကြီးဆီကငှားလာတာ….

မနက်ကနေ..ညနေထိ…..၁၅၀၀  ပေးရတယ်….သမီးကသူငိုအောင်လုပ်ပြီး

နို့ဆာနေလို့ပိုက်ဆံပေးပါဆိုပြီး..ခလေးကိုပြပြီးပိုက်ဆံတောင်းရတာ….

အခုမှ…၁၂၀၀..ပဲရသေးတယ်…သူ့အမေကိုမနက်က  ..လက်ငင်း ၁၅၀၀..ပေးခဲရတာ

အရင်းမကြေသေးဘူးဒါကြောင့်မတိုက်နိုင်ဘူးလို့ပြောတာ….

 

 

…လူတွေဝမ်းစာရှာဖွေကြပါတယ်…….နည်းအမျိုးမျိုးနဲပေါ့

…ဒီအဖြစ်မှာ…..

ဝမ်းစာရေးအတွက်ရှာဖွေနေသူ(၃)ဦးကို……သူ့နေရာနဲသူတွေရပါတယ်

 

xxxxခြောက်လလောက်သာရှိတဲ့..ရင်သွေးငယ်ကို…..တစ်စိမ်းခလေးတစ်ယောက်တောင်းစားရာမှာအငှား

ထည့်လိုက်ရတဲ…အမေ…..အိမ်မှာကျန်နေတဲကလေးတွေ..ဝမ်းရေးအတွက်..ခလေးငယ်နဲ့ရင်နှီးခဲ့ရတာလား…..?

xxxxခလေးငယ်တစ်ယောက်ကို..ငှားရမ်းတောင်းစားရင်အစဉ်ပြေမယ်လို့…..အတွေးဝင်ကာ…ဝမ်းစာအတွက်

အသက်အရွယ်နဲမမျှ…အသိဝင်နေတဲ့…သူတောင်းစားခလေးမ….

xxxxပလက်ဖောင်းဘေးမှာ..ဆာလောင်မှု့အတွက်……အမေ့ရဲ့နိုချိုကို…ဝမ်းစာဖြစ်ရေး..ငိုကြွေးနေတဲခလေး

 

ဝမ်စာရေးအတွက်ရှာဖွေတာခြင်းတူပေမယ့်……ရှာဖွေပုံခြင်းမတူညီကြတာတော့……ပြောမပြတတ်တော့ပါ…..

သင်ခန်းစာယူ..စရာတစ်ခုခုရမယ်ဆိုရင်……အားလုံးအတွက်ပါပဲ…..

 

ခလေးကတော့အငိုမတိတ်သေးပါ….

 

……ငိုနေတဲခလေးကို…့နို့ဝယ်တိုက်ခဲ့ပါတယ်……

 

…..ဝမ်းစာအတွက်ငိုကြွေးခြင်းကင်းကြပါစေ…..

 

 

………တစ်ကယ့်အဖြစ်မှန်ပါ……ဆိုဒ်တစ်ခုမှာတင်ပြီးသားပါ(ကိုယ်တိုင်ရေးစာမှုပါ)

2 comments

  • ogre

    April 8, 2011 at 1:05 am

    ဒီပို့စ်ကို…ဖျက်ပေးပါနော်..သူကြီး
    ပွိုင်တွေပါပြန်နှုတ်လိုက်ပါနော်..
    လုပ်ပေးကြပါဗျ…

  • intro

    April 8, 2011 at 10:05 am

    ဘာလို့ ပြန်ဖျက်ခိုင်းတာတုန်း ဘီလူးကြီးရ

Leave a Reply