Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အရမ်း အရမ်းကို လွမ်းဆွတ် သတိရနေပါသည်…

မောင်ဆန်းApril 7, 20111min29114

လွန်ခဲ့တဲ့(၃)နှစ်လောက်ကတဲ က စိတ်ထဲမှာခုလုခုလု ဖြစ်နေတဲ့ ကိစ္စနှစ်ခုကိုပြောပြ ချင်တယ် ပထမတစ်ခုက သတင်းစာမှာတွေ့ရတဲ့ ဝမ်းနည်းကြောင်း၊လွမ်းဆွတ်သတိရကြောင်းတွေနဲ့ပတ်သတ်လို့ပါ လူတစ်ယောက်ဆုံးပါးရင် သူ့ကိုခင်မင်တဲ့ မိတ်ဆွေသူငယ်ချင်းတွေက “ မိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်”ဆိုတာမျိုးထည့်တယ် တကယ်ခင်လို့ တကယ်ဝမ်းနည်း စိတ်မကောင်းဖြစ်ရလို့ ထည့်တာ ဒါဆိုရင်ကောင်းတယ် အဲဒါမျိုးမဟုတ်ပဲ ထုံးစံမို့လို့၊ ဝတ္တရားအရ၊ ကာယကံရှင်မိသားစုရဲ့ အသိအမှတ်လိုချင်လို့ထည့်တာဆိုရင်တော့ ထည့်တဲ့သူလဲပိုက်ဆံကုန်တယ်( ကော်လံပေါ်မူတည်ပြီးတော့ ကျပ် ၅ သောင်းအထက်ကုန်နိုင်ပါတယ်) သတင်းစာလဲနေရာပုတ်တယ် အဲဒီမှာပိုဆိုးတာက လူကြီးကြီးတွေရဲ့မိသားစုဝင်တစ်ဦးဦးဆိုရင်တော့ ၃၊၄ ရက်လုံး သတင်းစာအပြည့် ဝမ်းနည်းလို့ကိုမပြီးတော့ဘူး သူတို့အတွက် သီးသန့်ထုတ်ပေးတဲ့ သတင်းစာကျနေတာပဲ ထည့်နေတဲ့သူတွေကလည်း သေတဲ့သူရဲ့မျက်နှာကိုတောင် မြင်ဘူးချင်မှ မြင်ဘူးကြမှာ အဲဒီမှာ သတင်းစာကြော်ငြာဘိုးက သိန်း ဆယ်ဂဏန်းလောက်ရှိမယ် နောက် “လွမ်းဆွတ်သတိရခြင်းဆိုတာလဲရှိသေးတယ်” မိန်မရေ မင်းသေသွားတာ (၁၀)နှစ်တင်းတင်းပြည့်ခဲ့ပေမဲ့ တနေ့မှ မေ့မရပါဘူးကွာ မင်းအတွက်ရည်စူးလုပ်တဲ့ ကုသိုလ်တွေအတွက် အမျှပေးပါတယ် ရောက်ရာဘုံဘဝက သာဓုခေါ်ပါတဲ့ ……………….. တစ်နေ့မှ မေ့မရပါဘူးတဲ့ … အဲဒါညာတာ နေ့စဉ် စားဝတ်နေရေး တွေ လူမှုရေးပြသနာတွေနဲ့ အသက်ရှင်လျှက်ရှိတုန်းတောင် မေ့နေတဲ့အချိန်ရှိသေးတာပဲ သေမှ မေ့မရပါဘူးဆိုတော့ နောက် တခြားဘုံကလူတွေ စာဖတ်တတ်တယ်လို့ တခါမှမကြားဘူး ပါဘူးဗျာ သတင်းစာတွေလဲ အဲဒီဘုံတွေကိုဘယ်သူမှ မပို့ပါဘူး ဖြစ်နိုင်တာကတော့ စာဖတ်တတ်တဲ့ လူ့ပြည်ကတစ်ယောက်ယောက်သိစေချင်လို့ဖြစ်မှာပါ ကျွန်တော့အသိတစ်ယောက်လဲ မိန်းမဆုံးပြီးကတဲက နှစ်စဉ် အဲဒါမျိုးထည့်တယ် (မိန်းမအမျိုးတွေသိအောင်ဖြစ်မယ်) နောက်မိန်းမတော့ မယူသေးဘူူး တွဲတာတော့ တစ်ယောက်ပြီး တစ်ယောက်ပဲ အဲဒါတွေ ကြောင့်လဲ သူ့မိန်းမကိုနေ့စဉ်သတိရနေတာဖြစ်မှာပေါ့ ဘာပဲဖြစ်ဖြစ်ပါ ရင်ထဲမှာ တကယ်ချစ် တကယ်ခံစားရလို့ ရင်ထဲပေါ့သွားအောင်ထည့်တဲ့လူမျိုးလဲရှိနိုင်ပါတယ် နောက်တစ်ခုက လွမ်းသူပန်းခွေကိစ္စ သင်းချိုင်းကုန်းမှာ သင်္ဂြလ်မယ့်နေ့ လွမ်းသူပန်းခွေပို့ကြတယ် အပေါ်ကပြောသလို ထုံးစံမို့လို့၊ ဝတ္တရားအရ၊ ကာယကံရှင်မိသားစုရဲ့ အသိအမှတ်လိုချင်လို့ ပို့ကြတာကခပ်များများပါ ထုံးစံဆိုတာတောင် ဒါမြန်မာ ယဉ်ကျေးမှုတော့ မဟုတ်ပါဘူး ဘယ်လိုကစပြီး အကျင့်တွေပါလာလဲတော့ မသိဘူး အရင်ကမရှိတာတော့သေချာတယ် ရေဝေးမှာ တစ်နေ့ကို အလောင်း(၄၀)လောက် သင်္ဂြလ်တယ် အဲဒီထဲကမှ မသာ(၁၀)ခု တစ်ခုကို ပန်းခွေ (၅)ခုလောက်နဲ့ပဲ တွက် (နာမည်ကြီးမသာဆို ပန်းခွေတွေမှ အများကြီးရယ်) တစ်နေ့ကို ပန်းခွေ (၅၀) တစ်ခွေကို ခပ်သင့်သင့်ဆို သုံးသောင်းလောက်ရှိတယ် ဆိုတော့ ၁၅ သိန်း ဒါ တစ်ရက်အတွက်ပဲရှိသေးတယ် တစ်လစာ တနှစ်စာ ဆိုမနည်းဘူး ထိန်ပင်ပါ ဆိုရင်တော့…..အဲဒါကြောင့်တွေးမိတယ် ဒါ လွမ်းသူပန်းခွေ မဟုတ်ဘူး လွမ်းသူ့ပန်းငွေ ဖြစ်မယ်လို့… အဲဒီ ပန်းခွေကိုလည်း တွေ့ရချိန်က တစ်နာရီထက်မပိုဘူး ကိစ္စပြီးသွားရင် ဘယ်သူမှ ကိုင်လဲမကြည့် လှည့်လဲမကြည့် ဒီလိုဘဲပစ်ထားခဲ့ကြတာ ဒီကိစ္စအတွက်ကုန်သွားတာ နည်းတာမဟုတ်ဘူး မဖြစ်မနေကိစ္စလဲမဟုတ် မြန်မာပြည်မှာ ပိုက်ဆံမရှိလို့ အစာဝအောင်မစားရ၊ဆေးမကုရ၊ လုံခြုံအောင်မနေရဆိုတာမျိုးတွေက အများကြီး တစ်ဖက်မှာကြတော့ မလိုအပ်တဲ့နေရာမှာပိုက်ဆံတွေ ကုန်နေကြတယ် …..တစ်ခုစဉ်းစားကြည့်တယ် လွမ်းသူပန်းခွေကို ဘာကြောင့်ပို့ပို့ ပို့တဲ့သူလဲ စိတ်ချမ်းသာမယ် စိတ်ကျေနပ်မှုလဲရမယ် ပိုက်ဆံလဲ အလကားဖြုန်းတီးတာ မဖြစ်ရအောင် တစ်ခါသုံးမဟုတ်ပဲနဲ့ ပြန်သုံးလို့ရတဲ့ ပန်းခွေမျိုးသုံးမယ် ကိုကျော်သူရဲ့ နာရေးကူညီမှုအသင်းလိုမျိုးကနေ ပြန်သုံးလို့ရတဲ့ပန်းခွေ (ပန်းအတု)လိုမျိုးကို တန်ဘိုးအလိုက်လုပ်ထားမယ် ပန်းခွေပို့ချင်တဲ့သူက သူတို့ဆီမှာကြိုက်တဲ့အမျိုးအစားဝယ် (တန်ဘိုးအလိုက်) အဲဒါဆို ဘေးလူတွေကလဲ ဟာ ဘယ်သူကြီးက ဘယ်လောက်တန်ကြီးနဲ့လွမ်းလိုက်တာ ဆို ကာယကံရှင်လဲ စိတ်ကျေနပ်မယ် အဲဒီပိုက်ဆံကို လှူတဲ့သူ သုံးစေချင်တဲ့လူမှုရေးလုပ်ငန်းမှာ ကိုကျော်သူတို့သုံးပေးရင် အကျိုးလဲရှိမယ် ကိစ္စပြီးရင် အဲဒီပန်းခွေကို ပြန်သိမ်းထား နောက်ပြန်သုံး ………

 သတင်းစာထဲကြော်ငြာထည့် ၊ပန်းခွေပို့တဲ့သူတွေကို တိုက်ခိုက်ချင်လို့ မဟုတ်ပါဘူး ပိုက်ဆံတွေ လိုတဲ့သူကလို မလိုတဲ့နေရာမှာ သုံးတဲ့သူကသုံးလုပ်နေတယ် ထင်လို့လျှောက်စဉ်းစားမိတာပါ အကျိုးရှိရှိသုံးစေချင်လို့ပါ အကျိုးရှိ မရှိတော့ မသိဘူး သူငယ်ချင်းတွေနဲ့ အဲဒီကိစ္စပြောကြည့်တော့ သူတို့ကအားပေးပါတယ် မင်းသေရင်တော့ သတင်းစာထဲလဲ မထည့်ဘူး ပန်းခွေလဲမပို့ဘူးတဲ့ ……

14 comments

  • ဆူး

    April 7, 2011 at 1:37 pm

    တဖက် အမြင်က ကြည့်မယ် ဆိုရင်..
    သေတဲ့ လူကို မြင်တောင် မမြင်ဘူးဘဲ ဝမ်းနည်း ကြေကွဲ ကြတာ သူဌေးတွေ ဖြစ်တဲ့ အတွက် သူတို့ ဆီက လျှံကျတဲ့ ရေ ဖြစ်တဲ့ အတွက် သတင်းစာ တိုက် ပိုက်ဆံ ရပါတယ်။
    ပန်းခွေ လုပ်ရောင်းတဲ့ သူတွေ လုပ်ငန်း ပိုင်ရှင်ကို မဆိုလို…
    အလုပ်မှာ အခစား ဝင်လုပ်နေတဲ့ လက်လုပ်လက်စားများ ပန်းခွေ လုပ်တဲ့ အတွက် ဝင်ငွေရမယ်။ မစားရတဲ့ သူတွေကို တိုက်ရိုက် အကျိုးမပြုပေမဲ့ ကာယ ဉာဏ လုပ်အား လုပ်ငန်းခွင်အနေနဲ့ ပိုက်ဆံရှာနေတဲ့ လက်လုပ်လက်စား နေ့စား သမား များအတွက်တော ဝင်ငွေ တိုးပါတယ်။ ပန်းစိုက် တောင်သူတွေလည်း ပန်းရောင်းရတဲ့ အတွက် လုပ်ငန်း တွင်ကျယ်ပါတယ်။ ပန်းအတု ဆိုရင် ပန်းအတု ဆိုတာမျိုးက တရုတ်ဘက်က လာတာ များပါတယ်။ တရုတ်ကြီးကို လုပ်ကျွေးသလို ဖြစ်နေမလားလို့….

    • nozomi

      April 8, 2011 at 2:05 am

      ခန့်မှန်းတွက်ချက်မှုအရ ရေဝေးတစ်ခုထဲမှာ ပန်းခွေကြောင့် တစ်နှစ်ကုန်ကျစရိတ် သိန်း ၅၀၀ဝ လောက်ရှိတယ် အဲဒီပိုက်ဆံတွေကို လူမှုရေးလုပ်ငန်းတွေမှာ ထိထိရောက်ရောက်သုံးစေချင်လို့ပါ ပန်းခွေ က နာရေးကူညီမှုလို့ဟာမျိုးမှာ တစ်ခါပဲဝယ်ထားရင်ရပြီ ပန်းခွေပို့ချင်တဲ့သူက ဘယ်လောက်တန် ဘယ်သူ့နာမည်နဲ့
      ပို့ပေးပါခိုင်းရုံပဲ ကိစ္စပြီးသွားရင် နာရေးကူညီမှုကပြန်သိမ်း သန့်ရှင်းရေးပြန်လုပ် နောက်တစ်ခါပြန်သုံးပေါ့ (နာရေးကူညီမှုမှာတောင် ဘယ်ခေါင်းစဉ်အောက် ဥပမာ ကျန်းမာရေး လူမှုရေး …..အောက်ကဘယ်လောက်တန် ပန်းခွေဆိုတာခွဲထားလို့ရသေးတယ် အဲဒီခေါင်းစဉ်အတိုင်းပြန်သုံးပေးပေါ့)

  • ငှက်ကြီး

    April 7, 2011 at 2:31 pm

    တကယ်တော့..လူတွေက ကိုယ့်ကိုယ်ကိုလိမ်နေကြတဲ့သူတွေများပါတယ်။
    လူပျိုပေါက်စ..အပျိုပေါက်စလေးတွေဆို ပိုဆိုးပါတယ်။
    မင်းနဲ့ခွဲရရင်တော့ ငါ့ကိုယ်ငါ သက်သေမှာပဲ….
    မင်းမရှိရင် ငါဘယ်လိုနေရမှာလဲ….မင်းကို ငါ့အသက်ထက်ပိုချစ်ပါတယ်…
    စသည်ဖြင့်ပေါ့….
    တကယ်တန်းခွဲသွားရတော့လည်း….တစ်လလောက်တောင်မကြာသေးဘူး
    မေ့သွားတက်ကြတယ်။ နောက်ထပ်ရင်ခုန်ရမဲ့သူတစ်ယောက်ပေါ်လာတော့….
    အရှေ့ကသူတစ်ယောက်အပေါ်မှာ သူ့ခံစားချက်တွေ မသေချာသလိုဖြစ်လာတက်ပြန်တယ်။

  • mihninlay

    April 7, 2011 at 2:33 pm

    အရမ်းမှန်တယ်
    သူတို ့အတွက်ပန်းခွေကိုပို ့ပေးတော့ရောသေသွားတဲ့သူတွေကရမှာတဲ့လား

  • nature

    April 7, 2011 at 3:38 pm

    ပန်းခွေထည့်တာကအပုပ်နံ့သက်သာအောင်လုပ်တယ်ထင်တာပဲ။

  • ဆူး

    April 7, 2011 at 3:59 pm

    အပုတ်နံ သက်သာအောင် လူသေ အောက်မှာ လက်ဖက်ခြောက် အကြမ်းတွေ ခင်းပါတယ်။ အနံစုပ်စေအောင်ပါ။

  • မမလေး

    April 7, 2011 at 4:11 pm

    ပန်းခွေကို သူတို့ယူချင်လည်း ယူသွားမှာပေါ့ … လမ်းမှာ ကိုယ်ကြို က်တဲ့သူတွေ့ရင် လက်ဆောင်ပေးမို့လေ … 😛

  • ဆူး

    April 7, 2011 at 4:20 pm

    အသုဘ က ပန်းကို ဘယ်သူ ယူရဲမှာတုန်းကွဲ့.. သရဲတွေ ကပ်ပါလာမှာ စိုးတာတို့ ဘာတို့ပေါ့ကွယ်။ အဲလိုဘဲ ပွဲပေးတဲ့ အုန်း ငှက်ပျော တွေလည်း ဘယ်သူမှ မစားရဲကြဘူး။ ဘုရားတွေမှာ ပုံလို့ အောတိုက်နေတာဘဲ။ ကန်တော့ပွဲ စွန့်တဲ့ ဟာတွေ ပေါ့.. ကိုးထပ်ကြီးမှာ ငှက်ပျောသီး တဖီး ၁၀ဝ အုန်းသီး တလုံး ၂၀ဝ နဲ့ စုပြီး ရောင်းနေတယ်။ တိရိစာ္ဆန်ရုံ က မျောက်တွေ သတိရတယ်.. နောက်နေ့ ကြုံမှ သွားဝယ်ပြီး ကျွေးအုန်းမယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 7, 2011 at 6:39 pm

    ကိုယ့်ချစ်သူကို ချစ်လို ့ပန်းပွင့်လေးတွေပေးသလို
    ( အောင်ပုကတော့ ကိုယ့်ချစ်သူကို ချစ်ရင်မွှေးမွှေးပေးဒယ် ဂလိထိုးတယ် နောက်ပြီး…….. )
    သေဆုံးသူကို ချစ်လို ့အဖွဲ ့လိုက်ကြတော့ ပန်းခွေကြီးလုပ်လိုက်တာလားသိဘူး
    ဘာဘဲဖြစ်ဖြစ် စဉ်းစားစရာတော့ အကောင်းသား

  • မမလေး

    April 8, 2011 at 7:38 am

    ငှက်ပျောသီးတစ်ဖီး ၁၀ဝ ဟုတ်လို့လား … တန်လိုက်တာ မမဆူးရယ်

  • လင်းဝေကျော်

    April 8, 2011 at 10:41 am

    လူတွေ အလေးထားကြောင်း ပြသတဲ့အနေနဲ့ ပန်းခွေပို့တာပါ။
    သူအဆင့် သူ့အနေနဲ့ အလေးထားသူ လူကွဲသွားနိုင်ပါတယ်။
    သေသွားတဲ့ မိန်းမ ကို သတိရကြောင်း တစ်ခါတစ်လေ တော့ သတိမရကြောင်း ထည့်လို့လည်းဘယ်ဖြစ်မလဲလေ။
    ဒီလို အပေါ်ယံကိစ္စတွေကတော့ ရှိနေမှာပါ။ ဒါတွေအကုန်ခွာချဆိုရင် အဝတ်လည်း ဒိုတီ စွပ်ကျယ်လောက်ပဲလုပ်ကြပေါ့။ အေးတဲ့အချိန်မှာ ဂုံနီအိတ်ပဲ စွပ်နေကြပေါ့။

  • unclegyi1974

    April 8, 2011 at 4:53 pm

    ကာရာအိုကေပန်းကုုံးစွပ်သလို
    မသာမှာလွမ်းသူ့ပန်းခွေပြန်သုံးဖို့အကြံက
    တော်လန်းတာဘဲ
    နောင်တနေ့မဖြစ်ဖူးလို့ဘယ်သူပြောနိုင်သလဲ

  • maungmoenyo

    April 9, 2011 at 12:32 am

    ထပ်တူခံစားရပါသည် ဆိုတဲ့စကားက ပိုထိရောက်ပါတယ်။
    ကြားဘူးကြရဲ့မဟုတ်လား – ဝန်ကြီးသေတော့တမတ်၊ ဝန်ကတော်သေတော့တစ်ကျပ် – ဆိုတာလေ။

  • monmon

    April 9, 2011 at 8:32 am

    ဟုတ်တယ်..
    အိမ်မှာဆို အဲဒါကိုပြောပြောပြီးတော့ ရယ်နေရတာ..
    သေတဲ့သူက သတင်းစာဖတ်တတ်လားလို့…

    သေတဲ့သူမပြောနဲ့… ကိုယ့်ဆွေမျိုးသားချင်းတွေတောင် အကုန်ဖတ်မိကြမှာမဟုတ်ဘူး…

    သာဓုခေါ်ဖို့တောင် သတင်းစာဖတ်ပြီး ခေါ်ရဦးမယ်..
    အလကား.. လူအထင်ကြီးအောင် လျှောက်လုပ်နေတာ…

Leave a Reply