လွန်ခဲ့တဲ့(၃)နှစ်လောက်ကတဲ က စိတ်ထဲမှာခုလုခုလု ဖြစ်နေတဲ့ ကိစ္စနှစ်ခုကိုပြောပြ ချင်တယ် ပထမတစ်ခုက သတင်းစာမှာတွေ့ရတဲ့ ဝမ်းနည်းကြောင်း၊လွမ်းဆွတ်သတိရကြောင်းတွေနဲ့ပတ်သတ်လို့ပါ လူတစ်ယောက်ဆုံးပါးရင် သူ့ကိုခင်မင်တဲ့ မိတ်ဆွေသူငယ်ချင်းတွေက “ မိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်”ဆိုတာမျိုးထည့်တယ် တကယ်ခင်လို့ တကယ်ဝမ်းနည်း စိတ်မကောင်းဖြစ်ရလို့ ထည့်တာ ဒါဆိုရင်ကောင်းတယ် အဲဒါမျိုးမဟုတ်ပဲ ထုံးစံမို့လို့၊ ဝတ္တရားအရ၊ ကာယကံရှင်မိသားစုရဲ့ အသိအမှတ်လိုချင်လို့ထည့်တာဆိုရင်တော့ ထည့်တဲ့သူလဲပိုက်ဆံကုန်တယ်( ကော်လံပေါ်မူတည်ပြီးတော့ ကျပ် ၅ သောင်းအထက်ကုန်နိုင်ပါတယ်) သတင်းစာလဲနေရာပုတ်တယ် အဲဒီမှာပိုဆိုးတာက လူကြီးကြီးတွေရဲ့မိသားစုဝင်တစ်ဦးဦးဆိုရင်တော့ ၃၊၄ ရက်လုံး သတင်းစာအပြည့် ဝမ်းနည်းလို့ကိုမပြီးတော့ဘူး သူတို့အတွက် သီးသန့်ထုတ်ပေးတဲ့ သတင်းစာကျနေတာပဲ ထည့်နေတဲ့သူတွေကလည်း သေတဲ့သူရဲ့မျက်နှာကိုတောင် မြင်ဘူးချင်မှ မြင်ဘူးကြမှာ အဲဒီမှာ သတင်းစာကြော်ငြာဘိုးက သိန်း ဆယ်ဂဏန်းလောက်ရှိမယ် နောက် “လွမ်းဆွတ်သတိရခြင်းဆိုတာလဲရှိသေးတယ်” မိန်မရေ မင်းသေသွားတာ (၁၀)နှစ်တင်းတင်းပြည့်ခဲ့ပေမဲ့ တနေ့မှ […]