Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ခရမ်းက မြို့နယ်ဆရာဝန်ကြီးကို တိုင်တဲ့စာ

လင်းဝေApril 8, 20111min27014

ခရမ်းမြို့နယ်ဆိုတာ ရန်ကုန်တိုင်းထဲကပါ။ သန်လျှင် ဟိုဘက် အကျော်မှာပါ။
အဲဒီ ခရမ်းမြို့နယ်က ဆရာဝန် ဦးမြင့်စိုး ( ဆမ-၉၅၄၅ ) ကနေပြီး မြိုနယ် အတွင်း လူနာတွေကို အနိုင်ကျင့်နှိပ်စက်နေကြောင်း တိုင်စာ ပစ်စာ အင်တာနက်ပေါ်ပွလာပါတယ်။

၁။ ခရမ်းဆေးရုံမှာ ဖွင့်ထားတဲ့ စားရိတ်မျှပေး ဆေးဆိုင်မှာ ဆေးတွေ ပစ္စည်းတွေကို ဈေးမတန်တဆ တင်ရောင်းပါသတဲ့။
၂။ ခွဲမွေး ကလေးအမေများကို ငွေ ၅၀,၀၀ဝ တောင်းပါသတဲ့။ ဘာကြောင့်ခွဲခွဲ ခွဲခ ရမှ ခွဲပါသတဲ့။ ပုံမှန်ခွဲခက ၅၀,၀၀ဝ ပါတဲ့။ ပိုက်ဆံမပေးခွဲမပေးပါတဲ့။ အဲဒီလို ငွေအတောင်းကောင်းလို့ အရိုက်တောင်ခံရဖူးပါသတဲ့။ ခေါင်းနဲ့ လက်မှာ ဒဏ်ရာတောင်ရှိပါပကောတဲ့။
၃။အခြေအနေဆိုးနေလို့ ရန်ကုန်ဆေးရုံကြီးလွှဲရမယ့် လူနာတွေကိုလည်း မလွှဲပေးပဲ မျက်ဖြူစိုက်လေ ကြိုက်လေ လုပ်လေ့ရှိသတဲ့။
အချို့ကိုလည်း VIP လူနာလုပ်လို့ သူ့အိမ်မှာထားပြီး ကုပေးသတဲ့။ ပိုက်ဆံလိုချင်လို့ ဘာမှမဖြစ်လဲခွဲတာပဲတဲ့။
၄။ ရန်ကုန်တိုင်း ကျန်းမားရေးဦးစီးမှု ဒေါက်တာလှမြင့်ကို ဆရာမွေးပြီး တစ်လ ၁,၀၀၀,၀၀ဝ ( ဆယ်သိန်း ) ပေးထားပါတယ်တဲ့။ ခရမ်းမှာ အဲဒီလိုလုပ်နေတာ (၇)နှစ်ေတောင်ရှိပြီဆိုပဲ။
၅။တပေါင်းလ ဘုရားပွဲမှာလည်း ဆေးရုံရှေ့က ဆိုင်ခန်းနေရာတွေရောင်းပြီး ဆိုင်ခန်းခတွေ ဘုံးသေးတယ်လို့လည်း ဆိုပါသေးတယ်။
တော်တော်လည်း ချမ်းသာနေပါပြီတဲ့။ ( ဒီလိုတွေလုပ်လို့ ချမ်းသာတာလို့လည်းဆိုပါတယ် )

ရန်ကုန်မှာ သိန်းထောင်ကျော်တန်အိမ်နဲ့ ကား ၃စီးတောင် စီးနေနိုင်ပါတယ်တဲ။
အဲဒါက တိုင်စာမှာ ပါတာတွေကို အကြမ်းရေးပြတာပါ။
မှန်သလား မှားသလားတော့ ကျုပ်လည်းမသိပါဘူးလေ။
သို့သော် မြို့နယ်ဆရာဝန်များကတော့ အနည်းနဲ့အများ လုပ်ချက်လေးတွေရှိကြတာပါပဲ။
သူတို့လခနဲ့ အဲသလောက်ချမ်းသာနေရင်တော့ သေချာပါတယ် မသင့်တာတွေကိုပါလုပ်နေကြလို့ပါ။
ရန်ကုန်တိုင်းမှာတော့ တွံတေးတို့ ခရမ်းတို့ဆိုတာ ကျန်းမာရေးဌာနအတွက်တော့ မြို့နယ်ကောင်းတွေပါ။ ဂျီပီကောင်းတယ်လို့ ပြောကြတာပဲ။
ဂျီပီအပြင် ဘာပီတွေ လုပ်နေကြသေးသလဲ ပုံမှန်အားဖြင့်တော့ မသိနိုင်ပါဘူး။

မဟုတ်တာလုပ်သူများ ပိုမို အရဲမတင်းလာစေရေး။
အသိဉာဏ်နည်းပြီး ဆင်းရဲသူများ အနှိပ်စက်ခံရလို့ ဒုက္ခမရောက်စေရေး။
အနိုင်ကျင့်ခံ အနှိပ်စက်ခံလူများ များလာပြီး တန်ပြန်အားဖြင့် လူအဖွဲ့အစည်းကို နာကျည်းကာ ရိုင်းစိုင်းမလာစေရေး။

အားလုံး မြန်မာ့လူ့ဘောင် ကောင်းမွန်တိုးတက်ရေး တတ်နိုင်သမျှ “ပြုမူ၊ ကျင့်ကြံ၊ လိုက်နာ၊ ကူညီ၊ ဝိုင်းဝန်း” ကြပါစို့။

14 comments

  • ငှက်ကြီး

    April 8, 2011 at 3:00 pm

    အားလုံးစုပေါင်းပြီးဆေးရုံေ့ရှမှာ မြို့နယ်ဆရာဝန်ပြောင်းပေးဖို့ ဆန္ဒပြကြပေါ့။
    ဒီမိုကရေစီနိုင်ငံဖြစ်နေပြီးပဲ။ ထိုင်းမှာဆိုရင် လဘ်စားတဲ့စခန်းမှူးကိုမကြိုက်လို့ ရဲစခန်းရှေ့မှာစုပြီးဆန္ဒပြလိုက်တာ တစ်ပတ်တောင်မကြာဘူး အထက်ကစစ်ဆေးပြီး စခန်းမှူးပြောင်းပေးတယ်။
    မြန်မာပြည်မှာလဲ အဲ့ဒီလိုဖြစ်လာတန်ကောင်းပါရဲ့။

  • nigimi77

    April 8, 2011 at 7:57 pm

    အို …ပြောနေကြာတယ်…လာဗျာ ကိုငှက် ။

    ခင်ဗျား ယပလက်နေ မှီရာ လေယဉ်နဲ ့ပြန်လာ။

    ကျုပ်နဲ ့ ခင်ဗျား အဲဒီ အရှေ ့မှာ သွားပြီး ဆန္ဒ ပြကြရအောင်။

    ကျုပ်မိသားစု နောင်ရေး စိတ်အေးပြီးရင်ပြောတာပါ…..။

    ကျုပ်လဲ ပြည်သူထဲက ပြည်သား တစ်ယောက်မို ့…….။

  • maungmoenyo

    April 9, 2011 at 12:46 am

    ဆရာဝန်တွေလက်ရဲဇက်ရဲဖြစ်လာတာတွေမသိမသာကနေ ပေါ်ပေါ်ထင်ဖြစ်လာပါပကော။ အဓိကကတော့ထိပ်ဆုံကငတိ လုပ်သူကမလုပ်တာမှန်သမျှ လုပ်ပြနေရင်အောက်ကလူတွေကလဲ၊ လိုက်လုပ်ကြတာပါဘဲ။ မိုးခါးရေသောက်မှ ဆိုတဲ့ ဆင်ခြေကတယ်ဟန်ကျလာသကိုး။ မဟုတ်တာလုပ်တဲ့လူတွေများလာတာနဲ့အမျှ သမာအာဇီဝ လုပ်သူတွေ လမ်းဘေးရောက်မှန်းမသိရောက်လာကြတာ အတော်ကြာပါပကော။
    ဖေါ်ပြထားတဲ့ဒေါက်တာမြင့်စိုး ဆိုတာကြည့်ရတဲ့ (ဆမ) နံပါတ်အရ ၁၉၈၂-၈၃ လောက်ကဘွဲ့ရဖြစ်ပုံရပါတယ်။ ရန်ကုန်တိုင်းကျန်းမာရေါ်ဦးစီးဌာနမှူး ဒေါက်တာ လှမြင့်ဆိုသူကတော့ ဖားတဲ့နေရာ၊ မဟုတ်တာမှန်သမျှ လုပ်တဲ့နေရာမှာ သမိုင်းဝင်ပုဂ္ဂိုလ်ဆရာဝန်အဖြစ်ဆရာဝန်လောက မှာတောင် နံမည်တွင်ပါတယ်။ ပျဉ်းမနားရေဇင်းတိုက်နယ်ဆရာဝန်ဘဝနဲ့ လုပ်သက်စချိန်မှာတောင်ဘဝတူ ဝန်ထမ်းတွေအပေါ် အမြတ်ထုတ်တာမှာနံမယ်ဆိုးထွက်ပါတယ်။ ဒါပေမဲ့ တက်သမျှ ပါတီကောင်စီခေတ် နဲ့ ခု နအဖတခေတ်မှာ အထက်ကိုပေးလမ်းခြင်း၊ အိမ်ဝင်အိမ်ထွက်လမ်းသလားခြင်းစတဲ့ အတတ်ပညာတွေမှာတဖက်ကမ်းခတ်ခဲ့တော့ သူ့လက်ရှိရာထူးမှာလဲမြဲတာပေါ့။ သူရခဲ့တဲ့ လူထုကျန်းမာရေးဘဆိုင်ရာဘွဲ့လွန်တောင် အဲ့ဒိကိစ္စ ကင်းရဲ့လားလို့……။

  • Shwemannmay

    April 9, 2011 at 2:34 am

    အင်း စစ်ဦးဘီလူးတဲ့

  • Shwemannmay

    April 9, 2011 at 2:38 am

    ကျောင်းသားတွေအနေနဲ ့ပျော်ပွဲရွှင်ပွဲ အနေနဲ ့လုပ်ကြတာပာုတ်ဖူးလား

  • etone

    April 9, 2011 at 4:11 am

    ဒီဖြစ်ရပ်မှာ အရေးယူပြီး ထိရောက်တဲ့ ပညာပေးခြင်းမျိုး လုပ်သင့်နေပြီထင်တယ်… ။
    ဒါမှ ဆေးပညာလောကမှာ ဒီလို လူတွေ ပပျောက်မှာ … ။
    လူတွေက တော်ရုံဆို ဆေးခန်းမသွားပဲ အပြင်မှာ ဆေးဝယ်သောက်ကြပါတယ်… ဆေးဆိုင်က မနိုင်မှ ဆရာဝန်ဆီရောက်တာပါ… အားကိုးပြီး ရောက်လာတဲ့ လူနာတွေအပေါ် ဆရာဝန်စိတ်ဓါတ်ထားပြီး ဆက်ဆံသင့်ပါတယ်… ။ တချို့ဆရာဝန်တွေများ အလုပ်နဲ့တောင် မလိုက်ဘူးခွေးသားဖောက်ပြီး ရောင်းစားတယ်တဲ့ ကြားကောင်းရဲ့လား … ခွေးက မွေးပြီး နို့တောင် မပြတ်သေးဘူး ရောင်းစားရော … ။ တချို့ကလည်း စိတ်ရောကိုယ်ပါ စေတနာထားတာရှိပါတယ်… ။ ဘာဖြစ်ဖြစ် ကိုယ်လုပ်တဲ့ အလုပ်အပေါ် တာဝန်ကျေစေချင်ပါတယ် ။ စေတနာလေး ထားပြီး အလုပ်လုပ်ရင် ပို အဖိုးတန်မှာပါ … ။

  • fatty

    April 9, 2011 at 5:16 am

    အဲဒီဆရာဝန်ကြီးအကြောင်းနဲ့ဖြစ်ရပ်တွေကို မနေ့ကဘဲ DVB ကနေ အကျယ်တဝင့် သောတရှင်ပေးစာကဏ္ဍမှ
    ဖေါ်ပြသွားပါတယ်။ တနည်းတဖုံတော့ဖြစ်လာမှာပါ ..။

  • antimoe

    April 10, 2011 at 1:17 pm

    အိမ် နဲ့ ကားက ၄၀၀ဝ ထားပါ။ ဒေါက်တာ လှမြင့်ကိုပေးတာက ရနှစ်စာ ဆိုရင ်၈၄၀။ လေပဲ စားမယ် ဆိုရင်…..
    ၅၀၀ဝပဲထားပါ။
    ရနှစ် စုငွေ ဆိုတာကို ရိုးရိုးလေး တွက်ကြည့်ရအောင်။
    ၅၀၀ဝသိန်း /ရနှစ်/ ၁၂လ/ ၂ဝရက် (ရုးံဖွင့်ရက်)=၁ရက်ချက်ငွေ=၃သိန်း နီးပါး= ၁ဦးလျှင ်၅၀၀၀ဝယူတာအမှန်ဖြစ်ရင် နေ့စဉ် လူနာ ၆ယောက် ခွဲစိတ်ရမည်။ ရနှစ် တိတိ။
    ခရမ်းလို မြို့မှာ ဖြစ်နိုင်မလား….လူဦးရေ..စီးပွာရေး..အနေအထားအရ။

    ရန်ကုန်က အထူးကုတွေ သာမန်ခွဲစိတ်မယ်ဆိုရင် သိန်း(၁-၃) ချီရှိတယ်။
    တကယ်တတ်ကျွမ်းလို့ ခွဲတာလား။
    တကယ်လိုအပ်လို့ ခွဲတာလား။
    ဒါက အဓိက..မဟုတ်လား။
    စေတနာ ဆရာဝန်တွေကတော့ ရာဇဝင်မှာ ကျန်ခဲ့တာကြာပြီ။
    စေတနာ ဆေးတွေပေးတဲ့ဆေးရုံတွေ ရာဇဝင်မှာ ကျန်ခဲ့တာကြာပြီ။
    စေတနာ……တွေ ……..ရာဇဝင်မှာ ကျန်ခဲ့တာကြာပြီ။

  • လင်းဝေကျော်

    April 11, 2011 at 2:40 am

    အံတီမိုးကလည်း ရိုးနေပြန်ပါပြီ။
    ပိုက်ဆံက ခွဲတဲ့နေရာကပဲရမှာလား။
    ဂွင်ရှာတတ်ပါတယ်ဆိုမှ လူမသိတဲ့ဂွင်တွေလည်းအများကြီးပေါ့။
    ဆေးရုံတိုးချဲ့ဆောင် ဆောက်တာကနေ ပစ္စည်းအဟောင်းလေး ရောင်းတာအထိ။
    ဆေးကုတာမပါသေးဘူးနော်။ ဂျီပီ ရိုးရိုးလေး ရိတ်တာ ဘာညာ ရှိသေးတယ်။

  • winkyawaung

    April 11, 2011 at 7:16 am

    မြန်မာပြည်မှာ ကျမ်းမာရေးဌါနက ဆရာဝန်ကြီးတွေကလည်း လိုအပ်လို့ ခွဲရတာပါ စကားက လက်သုံးစကားဖြစ်နေကြပါပြီ…။

  • darkoosky

    April 11, 2011 at 9:09 am

    ဒီလိုဆရာဝန်ကြီးမျိုးကို လုပ်ကြံလိုက်ဗျာ.. အပြီးလုပ်လိုက် .. အသက်ရှင်ခွင့်မပေးနဲ့တော့

  • sniper2011

    April 11, 2011 at 3:21 pm

    ‘ဒီဆရာဝန်ကိုကျွန်တော်ဖြောင်လိုက်ရမလား?darkoosky…

  • nigimi77

    April 11, 2011 at 3:43 pm

    ဟင့်အင်း….ဒီမှာ စနိုက်ပါ ….ခင်ဗျား မလိုဘူးဗျ…ကျုပ်တို ့ ပြည်သူတွေက သုံးနေကြ နည်းရှိတယ်…။

    ချောင်းရိုက်လိုက်…..(ပေါ်တင်မရိုက်ရဲလို ့)…….။

Leave a Reply