သင်္ကြန် သရုပ်ပျက် ယဉ်ကျေးမှုတကယ်ပဲ အရေးယူနိုင်ပါ့မလား

etoneApril 11, 20111min88

Eleven News Journal မှာ တွေ့လိုက်ရတဲ့ သတင်းတပုဒ်နဲ့ ပတ်သတ်ပြီး နည်းနည်း ဝေဖန်လေကန်ကြရအောင်နော် ။ ရေးသားထားတဲ့ သတင်း အပြည့်စုံကတော့ ….
—————
သင်္ကြန်ကာလ၌ ရန်ကုန်တိုင်း ဒေသကြီးအတွင်း သရုပ်ပျက် ဝတ်စားဆင်ယင်၍ လည်ပတ်သော ယာဉ်မျာအား ယာဉ်နံပါတ်ကို မှတ်သား၍ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

”သင်္ကြန်မှာ သရုပ်ပျက်ဝတ်စားပြီး လည်ပတ်တဲ့ကားတွေကို ယာဉ်နံပါတ်မှတ်သားပြီး အရေးယူ ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဒီလိုမျိုး တွေရှိခဲ့လို့ရှိရင် အဲဒီယာဉ်ကို ချက်ချင်း အရေးယူသွားမယ်။ လတ်တလော ချက်ချင်း အရေးမယူနိုင်ဘူး ဆိုရင် တောင် ဒီအဖြစ်အပျက်တွေက မှတ်တမ်းတင်ထားမှာ ဖြစ်တဲ့အတွက် သင်္ကြန်အပြီးမှာဆက်ပြီး အရေးယူသွားမှာ ဖြစ်ပါတယ်”ဟု သင်္ကြန်စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။

ယခုနှစ်သင်္ကြန်တွင် မဏ္ဍပ်များနှင့် ရေကစားသူများ လိုက်နာရမည့် စည်းကမ်းချက် ၃၉ ချက်အား ပြီးခဲ့သည့်နှစ်ကအတိုင်း ထုတ်ပြန်ခဲ့ပြီး ယင်းစည်းကမ်းချက်များထဲတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် မအပ်စပ်သော အပြုအမူ၊ ဝတ်စားဆင်ယင်မှုများ သရုပ်ပျက် လုပ်ဆောင်မှုများ လုံးဝမ ပြုလုပ်ရန် ပါရှိကြောင်း၊ ထို့ပြင် သင်္ကြန်မဏ္ဍပ်များအနီး အရက်နှင့် ဘီယာ အရောင်းဆိုင်များ လုံးဝ ဖွင့်လှစ်ရောင်းချခြင်း မပြုလုပ်ရန်ပါ တားမြစ်ထားပြီး တရားမဝင် ဖွင့်လှစ်ရောင်းချသော အရက်ပုံး အရောင်း ဆိုင်များကိုလည်း အရေးယူသွားမည်ဟု ထုတ်ပြန်ချက်အရ သိရှိရသည်။%0