Booze-free zones in Bangkok for festival

Zaw WonnaApril 11, 20111min1996

Photo: dailychilli.com (ဘန်ကောက် သင်္ကြန်)

ထိုင်းနိုင်ငံတွင် သင်္ကြန်ကာလအတွင်း ရန်ဖြစ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်းများကို

တားဆီးရန်အတွက် အရက်ကင်းစင် နယ်မြေ ၆ဝ ကို သတ်မှတ်ခဲ့သည်။ နှစ်သစ်ကူး ကာလဖြစ်သော ဧပြီလ

၁၃ ရက်မှ ၁ရ ရက်အတွင်း ယာဉ်မသွားရ ကန့်သတ်ဇုံများတွင် အရက်များကို ရောင်းချခြင်း၊

သယ်ဆောင်ခြင်း၊ သုံးစွဲခြင်း မပြုရန် တားမြစ်ခဲ့သည်။
ထိုင်းနိုင်ငံတွင် သင်္ကြန်ကာလသည် ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှု အများဆုံး ဖြစ်ပွားသော

ကာလဖြစ်သည်။ ယခုနှစ်ပိုင်းများတွင် အစိုးရ အနေဖြင့် ပြည်သူများအား အရက်သောက်ပြီး

ယာဉ်မောင်းနှင်ခြင်း မပြုလုပ်ကြရန် စည်းရုံး လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည်။ ယမန်နှစ်က

သင်္ကြန်ကာလတွင် ယာဉ်မတော်တဆမှု ၃၅၁၆ မှုတွင် လူပေါင်း ၃၆၁ ဦး သေဆုံးခဲ့ပြီး ၎င်းမှာ သေဆုံးမှု

အနည်းဆုံးသော နှစ်ဖြစ်သည်။
ချင်းမိုင်မြို့တွင် လုပ်အားပေး လူငယ် ၂၀၀ဝ ခန့်က မြို့တော်၏ အချက်အချာကျသော နေရာများကို

စောင့်ကြည့်မှုများ ပြုလုပ်ကာ အထူး Facebook စာမျက်နှာမှ တဆင့် အရက်ရောင်းချသူများနှင့်

သောက်သုံးသူများ၏ ဓါတ်ပုံများကို ရဲများအား သတင်းပေးမည် ဖြစ်သည်။
ထိုင်းနိုင်ငံတွင် လိုင်စင်မဲ့ အရက်ရောင်းချမှု အတွက် ထောင်ဒါဏ် ခြောက်လနှင့် ငွေဒါဏ် ဘတ်ငွေ ၁၀၀၀ဝ

သတ်မှတ်ထားသည်။

Ref: AP

6 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 11, 2011 at 3:26 pm

    တတ်နိုင်ရင်
    ဘယ်လိုဇုန်မျိုးတွေမှာ
    ဆိုလိုတာက သူတို ့မှာက မြန်မာပြည်မှာလို
    ဗဟိုမန်းတပ်တို ့ဘာတို ့ရှိလားပေါ့
    ဒီအစီအစဉ်လေးကိုနှစ်သက်မိပါတယ်
    ကျုပ်တို ့မြန်မာပြည်တွက်လည်း နမူနာယူလို ့ရတာပေါ့ဗျာ
    အထူးသဖြင့် ကိုစစ်ဝေးကြီးရဲ ့ကဗျာထဲကလိုပေါ့ဗျာ
    လူငယ်တွေရဲ ့ပါဝင်လှုပ်ရှားမှုကို အထူးစိတ်ဝင်စားမိပါတယ်

  • ဆူး

    April 11, 2011 at 4:13 pm

    ဖတ်ရတာ သေချာ လုပ်တယ် ထင်တယ်နော်။ အားကျ စရာကြီး.. လုပ်ပါအုန်း သိတာလေး ဆက်မျှပါအုန်း.. ဗဟုသုတ အနေနဲ့ ပွားရအောင်။

  • zawana

    April 11, 2011 at 11:39 pm

    မြန်မာနိုင်ငံ မှာလည်း သင်္ကြန်တွင်း အရက်သောက်ပြီး မူးယစ်ရမ်းကားမှုတွေ လျော့ကျအောင် ဘယ်လို ဆောင်ရွက်သင့်တယ် ဆိုတာကို စဉ်းစားသင့်ပါပြီ။ အချို့မြို့ကြီးတွေမှာဆို ကိုယ့်မိသားစုလေးနဲ့ကိုယ် ရေပက်ခံထွက်ဖို့ကိုတောင် မနည်းစဉ်းစားနေရတဲ့ အခြေအနေမှာ ရှိပါတယ်။

  • kai

    April 12, 2011 at 4:26 am

    ဒဏ်ကြေးကောက်တာတခုထဲနဲ့တင် ရှင်းလို့ရမှာပါ..။
    မြန်မာပြည်မှာက ..လူတိုင်းမှတ်ပုံတင်နံပါတ်ရှိကြတာကိုး..။
    မူးရမ်းတဲ့သူတွေကို … ဒဏ်ကြေးကောက်… ပြိးရင်.. မှတ်ပုံတင်နံပါတ်နဲ့ တသက်တာတွဲထားလိုက်တဲ့.. ယူအက်စ်ရဲ့ Police Ticket ပေးတဲ့စံနစ်မျိုးလုပ်ကြည့်ဖို့ကောင်းတယ်..။

    • ဆူး

      April 12, 2011 at 3:01 pm

      ဒို့ရွာက သဂျိုင်ခီး ရဲ့ သားသမီးတွေ ဆို ဘယ်သူ စာရင်းမှတ်ပြီး အရေးယူပေးမယ်။
      အဲဒါလေးပါ အကြံပြုပေးပါ။

  • Yin Nyine Nway

    April 12, 2011 at 9:56 am

    မူးနေတဲ့လူက သူတို့တွေကများနေဒယ်လေ……ကောက်မဲ့ရဲဒွေက မူးနေတာများတယ်
    ဒူတို့ကို မမူးအောင် အရင်လုပ်ရမယ်

Leave a Reply