Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျနော်ဖတ်မိတဲ့..INGO အဖွဲ့တစ်ဖွဲ့ထဲကအကြောင်းလေးတခု

Oo OoApril 12, 20111min2073

ရွာသူ/ရွာသားအားလုံး…မင်္ဂလာပါ

ရွာထဲကသူငယ်ချင်းတစ်ယောက်ရဲ့ဖိတ်ခေါ်မှုကြောင့်

ကျနော်..ရွာထဲကိုရောက်တာအချိန်ကာလတခုရှိခဲ့ပေမယ့်

ရေးတာထက်..ဖတ်တာကိုပိုအချိန်ပေးနေမိလို့..ရွာထဲမှာဝင်မရေးဖြစ်ပါဘူး

အခုတင်တဲ့အကြောင်းအရာကလည်း..ကိုယ်တိုင်ရေးမဟုတ်ကြောင်း..အသိပေးလိုပါတယ်

ဆိုက်တခုထဲမှာဖတ်မိလို့…Blog ရေးသူရဲ့ခွင့်ပြုချက်နဲ့…ပြန်လည်ဝေငှခြင်းသာဖြစ်ပါတယ်

ဘလော့ရေးသူကတော့..”အမျိုးသမီးထုအတွက်စိုးရွံ့မိတယ်” လို့ခေါင်စဉ်တပ်ထားပါတယ်

အောက်မှာဖတ်ကြည့်ကြပါ..

……………………………….။။။။……………………………….

သူငယ်ချင်းတို့ မင်္ဂလာပါ။ ကျွန်တော်ဒီဆိုဒ်မှာ ဝင်ခဲ့တာကြာခဲ့ပြီဖြစ်ခဲ့ပေမဲ့ တစ်ခါမှဝင်မရေး ဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ ကျွန်တော်တို့ မြန်မာအမျိုးသမီးတွေ အရေးရင်လေးမိလို့ ရေးရပါတော့မယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ INGO လို့ခေါ်တဲ့ အစိုးရ မဟုတ်တဲ့ လူမှုရေး အဖွဲ့အစည်းတွေရှိကြတာ သိကြလိမ့်မယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ မှာရှိတဲ့ HIV/AIDS ပြန့်ပွားမှုနှုန်းကို ထိန်းချုပ်တဲ့နေရာမှာ ဒီအဖွဲ့အစည်းတွေရဲ့ ပါဝင်ဆောင်ရွက်မှုတွေဟာ အလွန်အရေးကြီးတဲ့ကဏ္ဍအနေနဲ့ ပါဝင်လာပါတယ်။ HIV ကူးစက်မှုနှုန်းမြင့်မားတဲ့ လူအုပ်စု နှစ်ခုဖြစ်တဲ့ MSM လို့ခေါ်တဲ့ ယောင်္ကျားလေးချင်း လိင်တူဆုံမက်သူများ နှင့် ကိုယ်ခန္တာကို ငွေကြေးနှင့် ဖလှယ်ပြီး အသက်မွေးဝမ်းကြောင်းမှုပြုတဲ့ မိန်းခလေးတွေ ဆိုတဲ့ အုပ်စုနှစ်ခု အကြားမှာ မြင့်တက်လျှက်ရှိတဲ့ HIV ကူးစက်မှုနှုန်းကိုလျှော့ချနိုင်ဖို့ အတွက် INGO အဖွဲ့အစည်းတော်တော် များများ မြန်မာနိုင်ငံအတွင်းမှာ ဆောင်ရွက်လျှက်ရှိပါတယ်။ ၎င်းအဖွဲ့တွေ တော်တော်များများဟာ အုပ်စုတူအချင်းချင်း ပညာပေးစေတဲ့ နည်းလမ်းကို အသုံးပြုပါတယ်။
ဒါကြောင့် လိင်လုပ်သား မိန်းခလေးတွေကို ကျန်းမာရေး ပညာပေးနိုင်ရေးအတွက် အတန်းပညာ အနည်းငယ်တက်မြောက်တဲ့ လိင်လုပ်သားမိန်းကလေး တွေကို လစာပေးပြီးခန့်ထားပေးတဲ့ အတွက် ၎င်းမိန်းခလေးတွေမှာ ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက်နိုင်ဖို့ အခွင့်အလမ်းတွေ ပေါ်လာတဲ့အတွက် အလွန်ပဲဝမ်းမြောက်ဖို့ ကောင်းပါတယ်။ စားဝတ်နေရေးကျပ်တည်းမူ ကြောင့် လိင်လုပ်ငန်းလုပ်ကိုင်စားသောက် ရသူတွေအတွက် လွတ်လမ်းတစ်ခုပေါ့။
ဒါပေမယ့်ပေါ့ ၈ မိုင်နားမှာရှိတဲ့ INGO တစ်ခုမှာမှာတော့ ရာထူးကြီးကြီးယူထားတဲ့ ကိုယ်တိုင်လည်း လိင်လုပ်ငန်းကို လုပ်ကိုင်ဖူးတဲ့ အမျိုးသမီး တစ်ယောက်နှင့် ဘင်္ဂလားဒေ့ နိုင်ငံသား တစ်ယောက်တို့ဟာ မိမိတို့ ကိုယ်ကျိုးအတွက် ဒီအမျိုးသမီးလေးတွေကို အသုံးချလျှက်ရှိပါတယ်။ ၎င်းတို့နှစ်ယောက်ဟာ APNSW http://apnswdollhouse.wordpress.com
အဖွဲ့မှအထောက်အပံ့များကိုယူပြီး မြန်မာနိုင်မှာ လိင်လုပ်ငန်းကို တရားဝင်ဖြစ်ရေးအတွက် လုပ်ဆောင်နေပါတယ်။ ပညာပေးလုပ်ငန်းကို အကာအကွယ် ယူပြီး Sex worker Right ဆိုပြီး လုပ်ဆောင်နေကြ ပါတယ်။ ပညာပေး လုပ်ငန်းလုပ်တဲ့ မိန်းခလေး တွေက လိင်လုပ်ငန်းအစား အခြားဝင်ငွေရတဲ့ လုပ်ငန်း ကိုလုပ်ကိုင် ကြဖို့ အကြံပေးတယ်လို့ ကြားသိရင် ၎င်းမိန်းခလေးတွေကို ဆူပူကြိမ်းမောင်းပြီး တစ်ခါတစ်ရံ အလုပ်ကနေ ထုတ်ပစ်လိုက်တယ်လို့ သိရပါတယ်။ ဒါကြောင့် မိန်းခလေးတွေ ဟာ အလုပ်ပြုတ်မှာ စိုးတဲ့အတွက် ရေငုံ နှုတ်ပိတ်နေကြရတယ်လို့ သိရှိရပါတယ်။ လိင်လုပ်ငန်းကို ဆက်လက်မလုပ်ကိုင်တော့ဘူးလို့ ကြားသိရင်လည်း အလုပ်ဖြုတ်ခံရပါတယ်။ဒါ့အပြင် ၎င်း INGO ရုံးဖွင့်ရာ ဒေသ အသီးသီး မှာလည်း အမျိုးသမီး လေးတွေကို ၎င်း apnsw အဖွဲ့ကိုဝင်ရောက် ခိုင်းပြီး လိင်လုပ်ငန်းကို ပိုမိုကျယ်ပြန့်အောင် စည်းရုံးဆောင်ရွက်စေတယ်လို့လည်း သိရပါတယ်။ တစ်ချို့ဝန်ထမ်းအမျိုးသမီး လေးတွေဟာ လိင်လုပ်ငန်းလုပ်ရင်း HIV ပိုးကူးစက်ခံထားရပြီး မိမိနှင့် ဘဝတူသူငယ်ချင်းတွေ ကို မိမိလို မဖြစ်အောင်နဲ့ ၎င်း INGO ရဲ့ထောက်ခံမှုနဲ့ HIV ပိုးကိုယ်တွင်း တိုးပွားလာမှုကို ထိန်းချုပ်နိုင်စေတဲ့ ARV ဆေးဝါးသောက်သုံးနိုင်စေဖို့ ဝင်ရောက်လုပ်ကိုင်နေတာ ဖြစ်တာကြောင့် အသက်ဆက်ရှင်ရေးအတွက် အလုပ်ပြုတ် မခံနိုင်ကြောင်း သိရှိရပါတယ်။ HIV ကာကွယ်ရေးလုပ်ငန်းတွေကို အကာအကွယ်ယူပြီး မိမိ ကိုယ်ကျိုးအတွက်တိုင်းတပါးသား တွေနဲ့ပေါင်းပြီး မိမိလူမျိုး အမျိုးသမီးထုကို ဖျက်ဆီးဖို့ကျန်နေတဲ့ ဒီအမျိုးသမီး ရဲ့ လုပ်ရပ်များ ကို မြန်မာအမျိုးသမီးများ သိရှိ နိုင်ရေးအတွက် ဝိုင်းဝန်း တားဆီးနိုင်ရေးအတွက် နှမချင်း စာနာစွာနဲ့ တင်ပြလိုက်ပါတယ်။

( April 12, 2011   ရက် ၊  2:00am  တွင် မောင်ချိန်ခွင် ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် )

မှတ်ချက်။  ။ ဘလော့ရေးသူကိုယ်တိုင်အဖြစ်မှန်ကိုသိရှိရေးသားခဲ့ခြင်းဟုယုံကြည်သဖြင့်

မရိုးသားသောလုပ်ရပ်များကိုအများသိရှိတားမြစ်နိုင်စေရန်ရည်သန်ပါသည်…အလွဲအမှားတစုံတရာပါခဲ့လျှင်လဲ..ထောက်ပြကြပါဦး

Oo

 

3 comments

  • unclegyi1974

    April 12, 2011 at 5:11 pm

    ဒါမျိုးသတင်းကခက်ပါတယ်
    တကယ်အဟုတ်ဆိုရင်ကိုယ်အလုပ်ပြုတ်မှာထက်
    အများအကျိုးကြည့်ပြီးသက်ဆိုင်ရာကိုတိုင်သင့်ပါ
    တယ်တရက်ကလေးတောင်မရှိသင့်ပါဖူး

    ကိုယ်တိုင်သိရှိခြင်းမရှိတဲ့သတင်းဖြစ်နေတဲ့အတွက်
    ခိုင်လုံမှုအားနည်းတဲ့သတင်ဖြစ်ရင်မတင်သင့်ဖူးလို့
    ထင်ပါတယ် ဘာဖြစ်လို့ဆိုအကြောင်းတွေကအများ
    ကြီးရှိနေတယ်မဟုတ်လား

  • sniper2011

    April 13, 2011 at 10:08 am

    ဒီသတင်းမှန်ရင်တော့ဝေဒနာရှင်တွေရော။မြန်မာမိန်းကလေးတွေအတွက်ပါတကယ်ရင်းလေးစရာပါ။မမှန်ရင်လည်းNGO မှ လုပ်တဲ့သူ တွေအတွက်ရော။အလှူရှင်တွေအတွက်ရော၊ပြည်သူတွေပူပေါင်းပါဝင်ဖို့ပါ
    ရောထိခိုက်နိုင်ပါတယ်။Oo Oo ရေ မှန်မမှန်ထပ်ပြီးစီစစ်ပြီးတင်ပေးပါဦး။(အားရင်ပေါ့လေ )

  • Oo Oo

    April 14, 2011 at 3:09 pm

    ဟုတ်ကဲ့ပါ..အခုလိုထောက်ပြတာကျေးဇူးပါ
    ကျနော်ကလည်း..သတင်းအနေနဲ့တင်လိုက်တာတော့မဟုတ်ပါဘူး
    မူလရေးသားသူက..အဖြစ်ကမှန်ကန်ပါတယ်လို့ပြောပေမယ့်..
    ကျနော်ကိုယ်တိုင်ကြုံဖူးတာမဟုတ်တဲ့အတွက်…သတင်းမှန်ဖြစ်တယ်လို့လည်းမပြောရဲပါဘူး
    ဟုတ်မဟုတ်..ကိုယ်တိုင်လိုက်စုံစမ်းဖို့ဆိုတာကလည်း..အဝေးမြေကနေမဖြစ်နိုင်ဘူးလေ
    တင်သင့် /မသင့်လည်းကျနော်စဉ်းစားခဲ့ပါတယ်..မတင်ပဲနေမယ်ဆိုလဲနေသာပါတယ်
    တင်လိုက်ခြင်းအားဖြင့်..အဲ့ဒီအဖွဲ့နဲ့နီးစပ်မှုရှိတဲ့တာဝန်ရှိသူတဦးဦးဖတ်မိခဲ့သည်ရှိသော်
    တကယ်ဟုတ်မဟုတ်စောင့်ကြည့်စစ်ဆေးပြီး..ဟုတ်မှန်နေရင်တားမြစ်အရေးယူနိုင်လိမ့်မယ်မဟုတ်ပါလား..ပြီးတော့..ဒီသတင်းမျိုးက..ပုဂ္ဂိုလ်ရေးထိခိုက်စေလိုတဲ့သဘောနဲ့ရေးထားတာ
    မဟုတ်နိုင်ပါဘူး..ဒီပို့စ်တင်ခြင်းအားဖြင့်အကျိုးနဲ့အပြစ်နှစ်ဖြာမှာ..
    အကျိုးသာလိမ့်မယ်လို့တော့ကျနော်ယူဆပါတယ်
    အားလုံးကိုကျေးဇူးတင်ပါတယ်

Leave a Reply