Oo OoApril 12, 20111min1623
ရွာသူ/ရွာသားအားလုံး…မင်္ဂလာပါ ရွာထဲကသူငယ်ချင်းတစ်ယောက်ရဲ့ဖိတ်ခေါ်မှုကြောင့် ကျနော်..ရွာထဲကိုရောက်တာအချိန်ကာလတခုရှိခဲ့ပေမယ့် ရေးတာထက်..ဖတ်တာကိုပိုအချိန်ပေးနေမိလို့..ရွာထဲမှာဝင်မရေးဖြစ်ပါဘူး အခုတင်တဲ့အကြောင်းအရာကလည်း..ကိုယ်တိုင်ရေးမဟုတ်ကြောင်း..အသိပေးလိုပါတယ် ဆိုက်တခုထဲမှာဖတ်မိလို့…Blog ရေးသူရဲ့ခွင့်ပြုချက်နဲ့…ပြန်လည်ဝေငှခြင်းသာဖြစ်ပါတယ် ဘလော့ရေးသူကတော့..”အမျိုးသမီးထုအတွက်စိုးရွံ့မိတယ်” လို့ခေါင်စဉ်တပ်ထားပါတယ် အောက်မှာဖတ်ကြည့်ကြပါ.. ……………………………….။။။။………………………………. သူငယ်ချင်းတို့ မင်္ဂလာပါ။ ကျွန်တော်ဒီဆိုဒ်မှာ ဝင်ခဲ့တာကြာခဲ့ပြီဖြစ်ခဲ့ပေမဲ့ တစ်ခါမှဝင်မရေး ဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ ကျွန်တော်တို့ မြန်မာအမျိုးသမီးတွေ အရေးရင်လေးမိလို့ ရေးရပါတော့မယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ INGO လို့ခေါ်တဲ့ အစိုးရ မဟုတ်တဲ့ လူမှုရေး အဖွဲ့အစည်းတွေရှိကြတာ သိကြလိမ့်မယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ မှာရှိတဲ့ HIV/AIDS ပြန့်ပွားမှုနှုန်းကို ထိန်းချုပ်တဲ့နေရာမှာ ဒီအဖွဲ့အစည်းတွေရဲ့ ပါဝင်ဆောင်ရွက်မှုတွေဟာ အလွန်အရေးကြီးတဲ့ကဏ္ဍအနေနဲ့ ပါဝင်လာပါတယ်။ HIV ကူးစက်မှုနှုန်းမြင့်မားတဲ့ လူအုပ်စု နှစ်ခုဖြစ်တဲ့ MSM လို့ခေါ်တဲ့ ယောင်္ကျားလေးချင်း လိင်တူဆုံမက်သူများ နှင့် ကိုယ်ခန္တာကို ငွေကြေးနှင့် ဖလှယ်ပြီး အသက်မွေးဝမ်းကြောင်းမှုပြုတဲ့ […]