ယ္ခု သီတင်းပတ်အတွက် စိတ်ဝင်စားဖွယ်နှင့် မှတ်သားဖွယ်သတင်းများ (၁၆.၄.၂၀၁၁-၂၂.၄.၂၀၁၁)သင်္ကြန်အတက်နေ့, interesting news (16.4.2011-22.4.2011)

erosApril 16, 20112min1779

သင်္ကြန်တွင်းမြင်ကွင်းများ

weekly eleven ဂျာနယ်က သင်္ကြန်တွင်းမြင်ကွင်းများကို ဓာတ်ပုံများ၊ လည်ပတ်သူများကို မေးမြန်းထားသည်များဖြင့် ဝေဝေဆာဆာဖော်ပြသွားပါသည်။

သတင်းအကျယ်သို့

http://weeklyeleven.com/index.php?option=com_content&view=article&id=8018:2011-04-14-14-53-44&catid=42:2009-11-10-07-36-59&Itemid=112

http://weeklyeleven.com/index.php?option=com_content&view=article&id=8019:2011-04-15-15-26-53&catid=42:2009-11-10-07-36-59&Itemid=112

မဏ္ဍပ်ကြီးများအနီးအနားဈေးရောင်းသူများ ဈေးကောင်းရောင်းရ

ယနေ့ နံနက် MRTV 4 သတင်းတွင်မဏ္ဍပ်ကြီးများအနီးအနားတွင် ဈေးရောင်းသူများမှာ ဈေးရောင်းကောင်းကြောင်း ဈေးနှုန်းလည်း အနည်းငယ်ပို ရောင်းရကြောင်း၊ အများအားဖြင့် အသင့်စားစားသောက်ဖွယ်ရာများဖြစ်ကြောင်း။ဆိုင်ကြီးများမှ ဆိုင်ခွဲများလည်း လာရောင်းကြကြောင်း၊ ဆိုင်ကြီးများမှ ဆိုင်ခွဲများမှ ဈေးနှုန်းများသည် ပုံမှန် အတိုင်းပဲဖြစ်ကြောင်း ဖော်ပြကြပါသည်။ မဏ္ဍပ်ကြီးများအနီးအနားတွင် ဈေးရောင်းသူများမှာ အိမ်မပြန်ကြပဲ ပွဲတော်ရက် တလျှောက်လုံး မဏ္ဍပ်ကြီးများအနီးအနားတွင် နေထိုင် ဈေးရောင်းကြကြောင်းတင်ပြသွားပါသည်။လုံခြုံရေးအစီအစဉ်များ သေချာစွာချမှတ်ထားသဖြင့် ရေကစားသူများ ပျော်ရွှင်စွာ စိတ်အေးချမ်းသာစွာ ရေကစားနိုင်ကြောင်း တင်ပြသွားပါသည်။

သင်္ကြန်အကြတ်နေ့တွင် ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးဈေးကြီး အဝင်လမ်းရှိ အိမ်တအိမ်မီးလောင်

သင်္ကြန်အကြတ်နေ့တွင် ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးဈေးကြီး အဝင်လမ်းရှိ အိမ်တအိမ်မီးလောင် သည့် သတင်းကို သတင်းဓာတ်ပုံ ဝေဝေဆာဆာဖြင့် weekly eleven ဂျာနယ် သတင်းဆိုက်တွင်ဖော်ပြထားသည်။ မီးလောင်မှုဖြစ်ပွားရာ အိမ်တအိမ် သာ မီးလောင်ကြောင်းနှင့် မီးလောင်သည့်အချိန် အိမ်သားများတယောက်မှ မရှိပဲ ခရီးသွားနေကြကြောင်းသိရသည်။

သတင်းအကျယ်သို့

http://weeklyeleven.com/index.php?option=com_content&view=article&id=8021:2011-04-15-17-30-28&catid=43:2009-11-10-07-39-09&Itemid=111

သင်္ကြန်အကျနေ့ တပ်မတော်ခန်းမရှေ့ ယာဉ်မတော်တဆမှုဖြစ် ကိုးဦးဒဏ်ရာရ

သင်္ကြန် အကျနေ့ ဧပြီ ၁၄ရက်က ရန်ကုန်မြို့ ဦးဝိစာရလမ်းမကြီးပေါ်တွင် ဆန်းထွန်းအင်ဂျင်နီယားရင်းလုပ်ငန်းပိုင် လိုက်ထရပ်ကားတစ်စီးသည် တပ်မတော်ခန်းမရှေ့တွင် လမ်းချော်ကာ ယာဉ်မတော်တဆမှုဖြစ်သွားကြောင်း Yangon Media Group သတင်းဆိုက်တွင်ဖော်ပြထားသည်။

မြန်မာအိမ်ဖော်မကလေးကို နှိပ်စက်သည့် စင်ကာပူအိမ်ရှင်မ ထောင်နှစ်ပတ်သာ အကျခံရ

စင်ကာပူနိုင်ငံတွင် မြန်မာအိမ်ဖော်မကလေး အေးအေးကြူအား ကိုယ်ထိလက်ရောက် ညှင်းပမ်းနှိပ်စက်သည့် အသက် ၃၂နှစ် အရွယ်ရှိ ကိုယ်ဝန်ဆောင်အိမ်ရှင်မကို ထောင်ဒဏ်နှစ်ပတ်ချလိုက်ကြောင်း ချဲနယ်နယူးအေးရှားစ်တွင် သတင်းရေးထားကြောင်း Yangon Media Group သတင်းဆိုက်တွင်ဖော်ပြထားသည်။ ၎င်းအမှုသည် ထောင်ဒဏ်အများဆုံး(၂)နှစ်သို့မဟုတ် ဒဏ်ငွေ စင်ကာပူဒေါ်လာ ငါးထောင် အများဆုံး သို့မဟုတ် ထောင်နှင့်ငွေဒဏ်နှစ်ခုလုံးကျခံစေနိုင်သော အမှုဖြစ်ကြောင်း သိရှိရကြောင်း၊ စင်ကာပူအိမ်ရှင်တော်တော်များများသည် အိမ်ဖော်များကို နှိပ်စက်သူများအဖြစ် နာမည်ဆိုးဖြင့်ကျော်ကြားကြကြောင်း စင်ကာပူတွင်နေထိုင်သူ မြန်မာတစ်ဦးက ပြောပြကြောင်းလည်းဖော်ပြထားသည်။

Home


အရိုးစွဲနေသော ကြိုးနီစနစ်ဟောင်းနှင့် ဒီမိုကရေစီနိုင်ငံတော်သစ်

လျှပ်တပြတ် ဂျာနယ် သတင်းဆိုဒ်တွင် တက်ကြွမှုရှိသော မြို့နယ်အုပ်ချုပ်ရေးမှုးတယောက် ဆောင်ရွက်ပုံနှင့် အခြားထိုမြို့နယ်အတွင်းရှိ အခြားဌာနဆိုင်ရာ ဝန်ထမ်းများ၏ ကြိုးနီစနစ်ဟောင်းတွင်ပိတ်နေပုံနှင့် တက်ကြွမှုရှိသော မြို့နယ်အုပ်ချုပ်ရေးမှုးတယောက်အား ပြောဆိုပုံများကို ပီပီပြင်ပြင်ဝေဖန်တင်ပြသွားသည်။ ခေါက်ရိုးကျိုးနေသော ကြိုးနီစနစ်ကို လက်ကိုင် တုတ်လုပ်၍ လုပ်ကိုင်စားသောက်နေကြသော ဝန်ထမ်းဆိုးများသည် နိုင်ငံတော်သမ္မတအသစ်မိန့်ကြားသည့်(Good Governance, Clean Government) ဆိုသော ဩဝါဒများကို နေ့စဉ် ညစဉ် အာဂုံရွတ်ဆိုပြီး မိမိကိုယ်ကို အမြန်ဆုံးပြောင်းလဲသင့်ကြောင်းလည်း တင်ပြသွားပါသည်။

သတင်းအကျယ်သို့

http://snapshot-news.com/index.php?option=com_content&view=article&id=8085:2011-04-09-15-15-40&catid=552:vol3-no31&Itemid=120


လေတိုက်နှုန်း အတွက်မှား၍ ရေလုပ်သားများ ဒုက္ခရောက်

မြန်မာ့ပင်လယ်ပြင် ဧရာဝတီ ငါးဖမ်းကွက်တွင် စက်မဲ့ ကျားဖောင်များဖြင့် ပုစွန် ဖမ်းနေသော ရေလုပ်သားများ မတ်လ ၁၄ရက်မှ ၁၈ ရက်နေ့ အထိ မြန်မာ့ပင်လယ်ပြင်တွင် ရာသီဥတု ဖောက်ပြန်ကာပင်လယ်အတွင်း မျောပါရခြင်းမှာ ၎င်းတို့ ထင်ထားသည့် လေတိုက်နှုန်းထက် ပိုမို ပြင်းထန်ခဲ့သောကြောင့် ဖြစ်ကြောင်း 7daysnews မှသတင်းကို ရတနာပုံ ဝဘ်ပေါ်တယ်၏ သတင်းဆိုက်တွင် ဖော်ပြထားပါသည်။ ရေလုပ်သားများမှာ တစ်နာရီကို ၃၅ မိုင်နှုန်းနဲ့ အရှေ့ဘက်က တိုက်မယ်ဟုသိထားပြီး၊ အဆိုပါ လေတိုက်ခတ်နေသော ရက်ပိုင်းအတွင်းတွင် မုတ္တမကွေ့နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ အရှေ့ဘက်မှ လေပြင်းများ တိုက်ခတ်စဉ် ရေပြင်မြေပြင် လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနသည် နိုင်ငံပိုင် မီဒီယာများမှ တစ်ဆင့် မတ် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။သို့သော် အမှန်တကယ်တိုက်ခတ်ခြင်းမှာ တစ်နာရီမိုင် ၇ဝ ကျော် ၈၀၊ ၉ဝ အထိ မြောက်ဘက်ကရော၊ အရှေ့မြောက်ဘက်ကပါ အကြာကြီး တိုက်ခတ်လိုက်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်ကို ဖော်ပြထားပါသည်။ မတ် ၂၄ ရက်အထိ ပျက်ဆီးဆုံးရှုံးမှု အခြေအနေဖြစ်သော လူ ၁၄ ဦး သေဆုံးကာ ကျပ်ငွေ သိန်းပေါင်း ၄၀,၀၀ဝ ခန့် ဆုံးရှုံးခဲ့ကြောင်း ထိုသတင်းတွင်ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://news.yatanarpon.com.mm/news/news-14400

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသွားများအပေါ် ပြုမူလျက်ရှိသည့် ပုံစံအချို့ကြောင့် ခရီးသွားပြည်သူ အများစု စိတ်အနှောင့်အယှက် ကြုံတွေ့ရ၊ ခရီးသွားလာမှု မြင့်တက်လာမှုနှင့်အတူ လေဆိပ်နှင့် လေကြောင်းလိုင်း များ၏ ဝန်ဆောင်မှု အပိုင်းတွင်လည်း အဆင့် မြှင့်ရန်လိုအပ်လာ။

ရန်ကုန်လေဆိပ်တွင် ခရီးသွားများအပေါ် ပြုမူလျက်ရှိသည့် ပုံစံအချို့နှင့် ပြည်ပထွက်ခွာ၊ ဆိုက်ရောက်ခရီးသည်များအား ကျင့်သုံးစစ်ဆေးလျက်ရှိသော အချို့သောစနစ်များမှာ ခရီးသည်များကို စိတ်အနှောင့်အယှက် ဖြစ်ပေါ်မှုရှိကြောင်း နှင့် ၂၀၁၁ ခုနှစ်တွင်လည်း ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ရာ လေဆိပ်နှင့် လေကြောင်းလိုင်း များ၏ ဝန်ဆောင်မှု အပိုင်းတွင်လည်း အဆင့် မြှင့်ရန်လိုအပ်လာမည် ဆိုသည့် သတင်းကို တွေ့ဆုံမေးမြန်းမှုများနှင့် weekly eleven ဂျာနယ် သတင်းဆိုက်တွင်ဖော်ပြထားသည်။

သတင်းအကျယ်သို့

http://www.weeklyeleven.com/index.php?option=com_content&view=article&id=8020:2011-04-15-15-40-24&catid=42:2009-11-10-07-36-59&Itemid=112

9 comments

  • ဆူး

    April 16, 2011 at 8:20 am

    ဧပြီ ၄ရက်နေ့က ပုလဲ ကွန်ဒိုမှာ လူခုန်ချပြီး သတ်သေတဲ့ သတင်း သိကြလား။

    • etone

      April 19, 2011 at 5:34 am

      သိပါ့ … ကိုးထပ်ကလေ .. ခွေခွေလေးပဲ .. ဟိဟိ

      • eros

        April 19, 2011 at 6:21 am

        အောင်မယ် သူများတကာ ပြုတ်ကျသွားတာကို ဟိဟိ တဲ့…………

  • naywoonni

    April 16, 2011 at 10:52 am

    သိလိုက်ဖူး ဆူးမရေ…. လုပ်ပါဦး

  • nigimi77

    April 18, 2011 at 4:34 pm

    “…မီးလောင်မှုဖြစ်ပွားရာ အိမ်တအိမ် သာ မီးလောင်ကြောင်းနှင့် မီးလောင်သည့်အချိန် အိမ်သားများတယောက်မှ မရှိပဲ ခရီးသွားနေကြကြောင်းသိရသည်။ …”

    ဒါလေး သိပ်မရှင်းလို ့….။

    မီးက သူဘာသာ အော်တို ထ လောင်တာလား ??? တစ်ယောက်မှ မရှိပဲနဲ ့။

    • eros

      April 19, 2011 at 1:11 am

      အမှန်တကယ်က ဘယ်သူမှ မရှိတဲ့ အချိန် ဝါယာရှော့ဖြစ်ပြီး ထလောင်တာပါ။ သတင်းအကျယ်သိချင်ရင် ပေးထားတဲ့ လင့်မှာ သွားဖတ်ကြည့်ပါလို့ တိုက်တွန်းလိုပါတယ် ဗျာ။ အမှန်တကယ်က ဒီပို့စ်ကို တင်တဲ့ ရည်ရွယ်ချက်က သတင်းဆိုက်တွေက တပုဒ်လုံး ကူးနေတာတွေ ပျောက်သွားအောင်ပါ။သတင်းအကျဉ်းနဲ့ လင့်တင်ပေးမယ်၊ ပိုသိလိုရင် မူရင်း သတင်းစာမျက်နှာသွားဖတ်ရအောင်ပါ။ ဘာကြောင့်လည်းဆိုတော့ အခုက ရှေ့ စာမျက်နှာမှာ သတင်းဆိုက်တွေက တပုဒ်လုံးကူးထားတာတွေပြည့်ပြီး အမှန်တကယ် အချိန်ပေးပြီး ကိုယ်ပိုင် အတွေးနဲ့ ရေးတယ့် တန်ဖိုးရှိတဲ့ စာတွေက နောက်ရောက်သွားပြီး မဖတ်ဖြစ်ကြတော့ဘူးပေါ့ဗျာ။ဒီတော့ ကျွန်တော်က စိတ်ဝင်စားစရာကောင်းမယ့် သတင်းလေးတွေကို စုစည်းပြီး လင့်ပါပေးထားတယ် စိတ်ဝင်စားရင် လင့်တောက်လျောက် သွားဖတ်လို့ ရတာပေါ့ဗျာ ။ ဒါကြောင့် ကျွန်တော် စုစည်းထားတာတွေက လူတိုင်းဝင်ကြည့်နိုင်တဲ့ ပြည်တွင်းဆိုက်တွေကို စုစည်းထားတာပေါ့။

  • nigimi77

    April 19, 2011 at 4:41 am

    ရည်ရွယ်ချက်ကောင်းပါတယ်။ ကျေးဇူးပါ။

  • moethidasoe

    April 19, 2011 at 5:45 am

    ဒီနှစ် သင်္ကြန် တော်တော် ကဲကြတယ် .. myanmar international က တိုက်ရိုက် လွှင့်တော့ အဆိုတော်တွေ ဘာပြောကြတယ် ထင်သလဲ .. ကဲမယ်နော် .. ကဲမယ်နော် .. ဒါပဲ ပြောကြတယ် .. ပျော်ကြရအောင်လို့ ယဉ်ကျေးတဲ့ စကားလုံးတွေ မသုံးတတ်ကြဘူး ကန်တော်ကြီး ကန်ပတ်လမ်းတစ်လျှောက်မှာလဲ ကတ္တရာလမ်းတွေ ဖောက်ထားလိုက်ကြတာ ရစရာကို မရှိတော့ဘူး .. ဝန်ကြီးချုပ်အသစ်က ခွင့်ပြုတာလား မြို့တော်ဝန် အသစ်က ခွင့်ပြုတာလား .. မသိနိုင်အောင်ပါပဲ တစ်ခါမှ ဒီလို မဖြစ်ဖူးဘူး .. အခုထိ ပြင်ထားတာ မတွေ့သေးဘူး ကားတွေ ဖြည်းဖြည်း မောင်းနေရတယ်

Leave a Reply