ဖား ဖြစ်စဉ်

ဆူးApril 16, 20111min159320

ဖားမတကောင်ဟာ ဥဥတဲ့ အခါ ဥပေါင်း ၂သောင်းဝန်းကျင်လောက် ရှိပါတယ်။


ဖားဥ ဖြစ်ပါတယ်။



ဥ အတွင်းမှ ဖားလောင်း ဖားတပိုင်း ငါးတပိုင်းလေးများ ကြီးထွားလာပုံဖြစ်ပါတယ်။

ဖားတပိုင်း ငါးတပိုင်း အနေနဲ့ ရေထဲမှာ စတင် ကူးခတ်နေပြီ။


ရက်ပေါင်း ၇ဝ လောက် ဖြစ်တဲ့ အချိန်မှာ နောက်ခြေထောက်တွေ ထွက်လာပြီး ဖားရုပ်ပေါက်တော်တော် ပေါက်နေပါပြီ။


၈၄ရက် ကြာတဲ့ အခါမှာတော့ လက်တွေ ခြေတွေ စုံလို့ ကမ်းပေါ် တက်နိုင်သွားပါပြီ။


ကိုယ့်ဟာကို ရပ်တည်နိုင်တဲ့ ဖားတကောင် ဖြစ်သွားပါပြီ။

ဖားတကောင် ဖြစ်ဖို့ ဥကနေ ဖားလောင်း အဖြစ် အဆင့်ဆင့်နဲ့ ရေထဲမှာ ရက်ပေါင်း ၉ဝ နီးပါး နေခဲ့ရပြီးမှ ဖား တကောင် ဖြစ်တာပါ။

ဖြစ်စဉ်ဆိုတာကတော့ အဆင့်အတိုင်းသွားပေမဲ့.. ကြားထဲမှာ..


မြွေစားရင်လည်း ဖားမဖြစ်နိုင်ပါဘူး

ရေကန်မြင်လို့ ဖားမကြီးက ဥထားခဲ့ပေမဲ့ ဥအထဲက ဖားသားလောင်း ဖားတပိုင်းငါးတပိုင်းတွေ ရေထဲ စစ ရောက်ချင်းမှာလည်း ရေထဲက ငါးတွေက စောင့်ကြိုနေပါတယ်။ ငါးရဲ့ အစာ အဖြစ် ရေထဲ ရောက်သွာတဲ့ အကောင်လေးတွေ အလား လူးလွန့်ပြီး ဟိုကူး ဒီကူးနဲ့ ငါးတွေရဲ့ ရန်ကလည်း လွတ်အောင် ရှောင်နိုင်ရပါတယ်။
အကောင်အားဖြင့် ငယ်တုန်းမှာ ငါးကို လွတ်အောင် ရုန်းကန်ရင်းနဲ့ သဘာဝကြီးကနေ ရှောင်တိမ်းနည်းတွေ သိပြီး လွတ်အောင် ရှောင်နိုင်ခဲ့လို့ ဖားတကောင် ဖြစ်တဲ့ အခါမှာလည်း ဖားတကောင် အနေနဲ့ ဟိုခုန် ဒီခုန် သွားလာတာကို အမြင် မတော်လို့ ထ ရိုက်တဲ့ သူငယ် ရှိသလို စားဝတ်နေရေး အတွက် ဖားရှာ ထွက်ပြီး ဖားရိုက်တဲ့ လူတွေနဲ့လည်း ကြုံနိုင်ပါတယ်။ သတ္တဝါ အချင်းချင်း အပြန်အလှန် ညှင်းဆဲ သလိုမျိုး ကြောင်ကလည်း ဖမ်းယူ ဆော့ကစား စားသောက် သလို မြွေကလည်း ဖမ်းပြီး စားခံရတတ်ပါတယ်။

ဒီလိုနဲ့ ဘေးအမျိုးမျိုး ရန်အမျိုး ရှိတဲ့ ကြားထဲက ဖားဥပေါင်း ၂၀၀၀ဝ လောက်က ဖား အကောင် ၂၀၀၀ဝ သာ အကုန်လုံး အသက်ရှင်နေမယ်ဆိုရင်တော့ ပတ်ဝန်းကျင် တခုလုံး ဖားများနဲ့ ပြည့်နှက်နေမည် ထင်ပါတော့တယ်။

20 comments

  • weiwei

    April 16, 2011 at 9:59 am

    ဒါနဲ့ စကားမစပ် … ဟိုတစ်ခါ ဆူးတင်တဲ့ ဖားသားအမိပို့စ်ထဲက ဖားစုံတွဲရော .. သားသမီးတွေ ရနေပြီလား .. 😛

    • ဆူး

      April 16, 2011 at 10:12 am

      ဟုတ်တယ် မဝေ ရေ.. ဖားတွေ အားကြီးဘဲ ကန်ထဲမှာ…
      ဖားဥ ကို သွားပြီး မကြည့်တာ.. ဥလေးတွေ ရေထဲ ကျရင် ငါးတွေက ပွဲတော် တည်သလိုဘဲ.. ကျသွားတဲ့ ဖားဥ နောက်ကို ဝိုင်းတွယ်ကြတယ်။
      ဖားလောင်းတွေ ရေထဲ စပြီး ဆင်းတော့ ငါးတွေ က ဝိုင်းအုံနေတာ ရေထဲ ရောက်လိုက် ဝါးစားလိုက်နဲ့ သူတို့ ဘဝ ကို ကြည့်ပြီး သနားနေတာ..
      ဒီလိုနဲ့ စိတ်မကောင်း ဖြစ်တာနဲ့ ဖားလောင်းတွေ ကန်ပြောင်းမယ် ဆိုပြီး ဇကာနဲ့ စစ်ပြီး ငါးမရှိတဲ့ ရေကန်ထဲ ထည့်ထားတာ အကောင် ၅၆ကောင် ရတယ်။
      တနေ့က အဲဒီ ရေကန် က ရေသွန်တာ တကောင်ပါသွားလို့ ၅၅ကောင် ပဲ ကျန်တော့တယ်။
      အခုထိတော့ ကူးတုန်း ခပ်တုန်းဘဲ။
      အိမ်မှာ ဖားလောင်းတွေ ကြီးတာ ကြည့်ပြီး သဘာဝ ဖြစ်စဉ်ကို ဂူဂဲမှာ ရှာရင်း တွေ့တာလေး တွေ ကောက်နုတ်ပြီး ပိုစ်တင်လိုက်တာ။

  • weiwei

    April 16, 2011 at 10:19 am

    မနက်က အိမ်ထဲကို ဖားတစ်ကောင်ဝင်လာလို့ ဆူးတင်လိုက်တဲ့ ဖားသားအမိကို သတိရတာနေတုန်း ဖားအကြောင်းဖတ်လိုက်ရတော့ တိုက်ဆိုင်တယ် … မှတ်သားထားလိုက်ပါ့မယ် ..

    • ဆူး

      April 16, 2011 at 10:26 am

      အသက်တခု ဖြစ်ဖို့ ဆိုတာ မလွယ်ဘူး ဆိုတာ တကယ့် လက်တွေ့ပါပဲ။
      ဖားမှ မဟုတ်ဘူး လူ တွေလည်း အမိဝမ်းမှာ တင် သေသွားပြီး လူမဖြစ်လိုက်ရတဲ့ လူတွေ.. တမင် ရည်ရွယ်ပြီး သတ်တာက တမျိုး မသေစေအောင် ကာကွယ်တားစီးရင်းနဲ့ သေတဲ့ ကလေးက သေတာဘဲ။

      သတ္တဝါတွေအားလုံးကို ကံက သာ ဦးဆောင်နေတာလို့ဘဲ မြင်မိပါတယ်။
      ကံသာလျှင် အမိ ကံသာလျှင် အဖ လို့ ပြောကြပေမဲ့.. ကံဆိုတာ ပြုသူရှိလို့ ဖြစ်လာတဲ့ အတွက် သံသရာ ဝဲဂယက်မှာ အကျိုးပေး မကောင်းတဲ့ ကံတွေ ပြုမိရင်တော့ ပြုမိတဲ့ အတိုင်းတော့ အကျိုးပေးမယ်လို့ ယုံကြည်တယ်။
      အသက်တခု ဖြစ်လာလိုက် အသက်နဲ့ သက်ဆိုင်တဲ့ ခန္ဓာနဲ့ သက်တမ်းစိအောင် နေရဖို့ တော်ခဲယဉ်းပါတယ်။

  • hmee

    April 16, 2011 at 12:23 pm

    ငယ်ငယ်က ရေအိုင်ထဲမှာ ဖားတပိုင်းငါးတပိုင်းတွေ လိုက်ဖမ်းတာ ပြန်သတိရတယ်။ ဆူးပြောမှ ဖားလေးတွေကို သနားနေပြီ။

  • ဆူး

    April 16, 2011 at 12:27 pm

    ဆူး ငယ်ငယ်က ရေကန်ထဲမှာ ကူးနေတဲ့ ဖားတပိုင်း ငါးတပိုင်းတွေ လွတ်လပ်ခွင့်ပေးမယ်ဆိုပြီး ရေဘူး အဖုံး ခွက်ကလေးနဲ့ ခပ်ပြီး မြောင်းထဲကို သွန်ဘူးတယ်။

  • bigbird

    April 16, 2011 at 1:13 pm

    ဖားကိုတော့ငယ်ငယ်ထဲက မကြိုက်ဘူး…ခုထိလဲမကြိုက်ဘူး…ဖားပြုတ်ဆိုရင်ပိုဆိုး…တွေ့တာနဲ့ဝေးဝေးကရှောင်ပဲ..

  • bigbird

    April 16, 2011 at 1:15 pm

    ဒါပေမယ့်..ဖားနဲ့သစ်တိုသီးနဲ့ကြော်တာတော့ စားကောင်းတယ်..အဟီး။

  • naywoonni

    April 16, 2011 at 1:27 pm

    အဲဒါကြောင့် ကံကောင်းမှ ဖားလောင်းဖားဖြစ်လို့ ပြောကြတာပေါ့…။ (မကောင်ပါဘူးအေ……. တို့လူမျိုးတွေက စကားပုံတွေ ပုံပြင်တွေ နဲ့ ရင်နှီး ပြီး မျိုးဆက်ပြန့်ခဲ့တာဆိုတော့ ဘာလေးပြောလိုက်ပြောလိုက် စကားပုံလေးနဲ့မှ….)

  • bigcat

    April 17, 2011 at 5:11 am

    ဖားခြင်းအတူတူ လွှတ်တော်ထဲကဖားတွေကြတော့ တလသုံးသိန်းရသဗျ။

    • ဆူး

      April 17, 2011 at 5:18 am

      ဖား ဖြစ်ဖို့ လွယ်တာ မဟုတ်ဘူး.. ဥအလုံး ၂သောင်းထဲမှာ အကောင် ၂ဝ ၃ဝ လောက်ဘဲ ဖားဖြစ်တာဆိုတော့.. ကံထူးရှင်တွေပေါ့။

  • kai

    April 17, 2011 at 8:51 am

    ဖားဖြစ်စဉ် သေသေချာချာ လေ့လာတာကောင်းပါတယ်..။
    ဒါမှ.. လူတွေအရသာရှိတဲ့… ဖားသားများများစားနိုင်ဖို့.. ဖါးတွေမွေးမြူရင်.. သိစရာတွေရှိလာမှာပေါ့..။ဖါးဥတွေ… အလေအလွင့်နည်းသထာက်နည်းလာအောင်လည်း … လုပ်နိုင်လာမှာပေါ့..။ 🙂

    အဲဒါကို ဘာသာရေးနဲ့နွယ်စဉ်းစားရင်တော့ .. အံ့ဩမိတာအမှန်ပါ..။
    လူတွေက.. သူ့ဦးနှောက်ကြိးတွေနဲ့ ဖားကိုယ်ထဲဝင်စဉ်းစားတွေးခေါ် နစ်နာပေးနေကြတာကို..
    တကယ်တော့ ..ဖား.ရဲ့ဦးနှောက်ဟာ.. ကုသိုလ်အကုသိုလ်စိတ်တွေလုပ်နိုင်ရလောက်အောင် အဆင့်မမှီပါဘူး..။
    ဇောတွေလည်းမရှိဘူး..။ သံသရာကိုလည်စေတဲ့.. ပဋိစ္စသမုဒ်ပါဒ်ရဲ့ စက်ဝိုင်းထဲ.. ဘာမှ ဘောင်မဝင်ဘူး..။
    တော်တော်များများက ..နာတယ်ဆိုတာတောင်း သေသေချာချာမသိဘူး..။
    လူတွေမှာ..မီးပူရင်..လက်ကအလိုအလျျှောက်ပြန်ရုတ်သလို.. အောတိုမစ်တစ် သွားနေကြတာ…။
    ထိကရုန်းပင်.. လက်နဲ့ထိရင်.. ပိတ်ကျသွားသလိုပေါ့…။
    သူတို့မှာ.. မှတ်ညဏ်အဆင့်က.. ၁စက္ကန့်စာလောက်တောင်သိုမှီးမထားနိုင်တာကိုး..။

    ဆိုတော့..။
    ဖားဥကအကောင်ပေါက်လာတဲ့ကောင်တွေ.. သက်တမ်းစေ့ နေရသည်ဖြစ်စေ..မနေရသည်ဖြစ်စေ…။
    နောက်ဘဝ ရှိပါတယ်ဆိုရင်တောင်.. တရိစ္ဆာန်ဘဝက တက်လာစရာအကြောင်းကို မရှိပါဘူး..။

    • ဆူး

      April 17, 2011 at 11:42 am

      (((သံသရာကိုလည်စေတဲ့.. ပဋိစ္စသမုဒ်ပါဒ်ရဲ့ စက်ဝိုင်းထဲ.. ဘာမှ ဘောင်မဝင်ဘူး..။ )))

      သဂျီး အရုပ်က ဒါကြောင့် အပြာရောင် ဖြစ်နေတာ.. ဂိုဏ်းအသစ် ထောင်ပါလား။
      အားလုံး ဝိုင်းကန်တော့ ခံရလည်း မဆိုးဘူး။
      ရှေးဘုန်းရှေးကံကြောင့် ကန်တော့ ခံရတယ်လို့ မှတ်..
      အတိတ်က ဘုရင် ဖြစ်တုန်းက ဘုန်းတန်ခိုး မသေသေးလို့ ကန်တော့ ခံရတယ်ဆိုပြီး မှတ်လိုက်လည်း ရတာဘဲ။

      • kai

        April 18, 2011 at 8:26 am

        အဲဒီကန်တော့ တယ်ဆိုတာကို ..သိပ်အစာမကြေဖြစ်နေတာ…။
        မြန်မာတွေအတွက် ..အာဏာရှင်စံနစ်ကို အုပ်မြစ်ချစေတာ ..အဲဒီ ကန်တော့တာပဲ..။
        ကုလသမဂ္ဂရဲ့.. လူး့အခွင့်အရေးကြေငြာစာတန်းမှာ ထိပ်ဆုံးမှာတင်… ဒီလိုဆိုထားတယ်…။
        Article 1.
        All human beings are born free and equal in dignity and rights.They are endowed with reason and conscience and should act towards one another in a spirit of brotherhood.
        http://www.un.org/en/documents/udhr/index.shtml

        ဆိုတော့…။
        လူတွေဟာ..လူတွေကို ဘယ်အကြောင်းနဲ့..ဘာဖြစ်လို့ ကန်တော့နေကြတယ်.. ပြောသမျှအမှန်ယူဆနေကြတယ်..။ ပြန်ပြောမရဲဖြစ်နေကြတယ်..။
        ပြန်စဉ်းစားဖို့ပဲ..။
        မြန်မာတွေဆို..ပိုအရှိန်လွန်လာပြီး.. ယူနီဖောင်းကို ကန်တော့ရတာနဲ့.. အဝတ်စကို ကန်တော့တာနဲ ့.. အရောင်ကိုကန်တော့တာတွေဖြစ်ကုန်ပြီ..။
        တဆင့်ချင်း..ရှင်းထုတ်သွားဖို့ကောင်းနေပြီ..။
        အကြီးအကဲကို အရိုအသေပေးစရာမလို..။ ကန်တေ့ာစရာမလို..။
        ဆရာတွေကို .. အရိုအသေပေးစရာမလို..။ ကန်တေ့ာစရာမလို..။
        ..
        ..
        လူတွေဟာ ..ကိုယ့်အလုပ်ကိုယ်..ကိုယ့်အတွက်လုပ်လုပ်နေကြတယ် မြင်ကြည့်ဖို့ပါပဲ..။
        ဆိုတော့..
        ကျုပ်သာဂိုဏ်းထောင်ရင်.. ကန်တော့ရင်..ကန်တော့တဲ့သူ… ကြိမ်နဲ့ရိုက်မယ်..။ 🙂

      • ဆူး

        April 18, 2011 at 1:17 pm

        သဂျီး ဂိုဏ်းဝင်တွေ သဂျီးကို ဖနောင့်နဲ့ စောင့်ကန်စေလား။
        ဝါးဟားဟား.. ကန်တော့နော်.. လူကြီးကို မညှာမတာ မစာမနာ ရက်ရက်စက်စက် ပြစ်ပြစ်ခါခါ မတရားကာရော.. မဟားတရား မလုပ်ပါဘူး။ တာ့ကတ်မှန်စေချင်ရင် ငြိမ်ငြိမ်နေ.. လှုပ်နေလို့ နေရာချော်သွားရင်.. အခါခါဆို ပိုနာမှာ စိုးလို့..

  • sayargyi

    April 17, 2011 at 9:01 am

    တစ်လ ၃ သိန်းရတာက စားဖား လား ကျော်စံကေး လား

  • nigimi77

    April 18, 2011 at 9:05 am

    အလုပ်မရှိ ဘာဆိုလားပဲ…….။

    ကျုပ်တော့ အလုပ် မရှိရင် သင်္ဃန်းကျွန်းက ထန်းတောထဲသွားပြီး ကျော်စံကေး နဲ ့ ထရေ(ထန်းရေ)နဲ ့။

  • မမလေး

    April 25, 2011 at 1:11 pm

    မမဝေရေ ခုတင်ထားတာ အရင်ကအတွဲရဲ့ ကလေးတွေနေမှာပေါ့ 😛

  • etone

    April 26, 2011 at 3:34 am

    ဖားဆိုလျှင် အသည်းယားတယ် …. ငယ်ငယ်ကတော့ မြောင်းထဲဆင်းပြီး ဒေါင်းငါးနဲ့ ဖားတပိုင်း ငါးတပိုင်းလေးတွေ ဖမ်းဖူးတယ်… မြောင်းဘောင်ကနေ ရေထဲ လျှောကျဖူးလို့ သွားမဖမ်းဖြစ်တော့ဘူး ။ 😀

  • char too lan

    April 26, 2011 at 12:47 pm

    ဥူးခိုင် လိပ်ဖစ်နေပီ တစ်ခါလိပ်တောင်မဟုတ်ဘူး နှစ်ခါလိပ် 🙂

Leave a Reply