မဟာသင်္ကြန်အကျနေ့မြင်ကွင်းများ

ဦးကောက်April 17, 20113min671

၁၃၇၂ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အကျနေ့ကို မြန်မာနိုင်ငံအနှံ့တွင် ဆင်နွဲခဲ့ကြသည်။ နိုင်ငံအတွင်းရှိမြို့ကြီးများတွင် နှစ်သစ်ကူးရေသဘင်ပွဲတော်ကို စည်ကားစွာကျင်းပခဲ့ကြပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့၌ ဖျော်ဖြေရေးမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များဖြင့် ပျော်ရွှင်စွာဆင်နွဲခဲ့ကြသည်ကို တွေ့ရသည်။

ရန်ကုန် သင်္ကြန်အကျနေ့

TG1

ဧပြီလ ၁၄ရက်နေ့ သင်္ကြန်အကျနေ့ နံနက် ၁ဝနာရီက ရန်ကုန်မြို့ ကန်တော်ကြီးကန်ပတ်လမ်း မြင်ကွင်း

TG2

ဧပြီလ ၁၄ရက်နေ့ သင်္ကြန်အကျနေ့ ညနေ ၄နာရီခွဲဝန်ကျင်က ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေးရှေ့ မြင်ကွင်း

TG3

ဧပြီလ ၁၄ရက်နေ့ သင်္ကြန်အကျနေ့ နံနက် ၁၁နာရီဝန်ကျင်က ရန်ကုန်မြို့ ပြည်လမ်းရှိ Air Bagan မဏ္ဍပ် မြင်ကွင်း

သင်္ကြန်အကြိုနေ့က ရေကစားသူနှင့် ရေပက်ခံထွက်သူ နည်းပါးခဲ့သော်လည်း သင်္ကြန်အကျနေ့တွင်မူ နှစ်စဉ်လူစည်ကားရာနေရာများ ဖြစ်ကြသော ကန်တော်ကြီးကန်ပတ်လမ်း၊ ပြည်လမ်းမနှင့် ကမ္ဘာအေးဘုရားလမ်းတို့သာမက မြို့တွင်းလမ်းများဖြစ်ကြသော အနော်ရထာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် မြို့နယ်အသီးသီးရှိ လမ်းမကြီးများပေါ်တွင်ပါ ရေကစားသူနှင့် ရေပက်ခံထွက်သူများဖြင့် စည်ကားသည်ကို တွေ့မြင်ရသည်။

”မနေ့ကတစ်နေ့လုံး လမ်းပေါ်မှာရေကစားတဲ့သူဆိုလို့ ကလေးတွေနဲ့ ဟိုတစ်စု ဒီတစ်စုပဲတွေ့ရပါတယ်။ ဒီနေ့မှာတော့ မနက်ပိုင်းမှာ သိပ်မစည်ကားပေမယ့် ညနေပိုင်းမှာတော့ ရေကစားတဲ့သူရော ရေပက်ခံထွက်ကြတဲ့ကားတွေပါ စည်ကားတာတွေ့ရပါတယ်။ အရင်တွေက  မဏ္ဍပ်တွေကိုသွားပြီး ရေကစားကြတဲ့ လူငယ်တွေလည်း ဒီနှစ်မှာတော့ ကိုယ့်အိမ်ရှေ့မှာ ကိုယ့်အစုအဖွဲ့လေးနဲ့ ရေကစားနေတာကို တွေ့ရပါတယ်”ဟ ုကမာရွတ်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့်နှစ်က အစည်ကားဆုံးနေရာတစ်ခုဖြစ်ခဲ့သည့် ကန်တော်ကြီးကန်ပတ်လမ်းရှိ မဏ္ဍပ်(၇)ခုတွင်လည်း ရေကစားသူ၊ ရေပက်ခံထွက်သူများ၊ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားခဲ့ပြီး လုံခြုံရေးနှင့် ပတ်သက်၍လည်း အထူးသတိပြု ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။ ”မနှစ်ကကန်တော်ကြီး ကန်ပတ်လမ်းမှာ ဗုံးပေါက်ခဲ့တော့ ဒီနှစ်မှာ အိမ်က သားကို မဏ္ဍပ်မှာသွားပြီး မကစားစေချင်တော့ဘူး၊ ဒါပေမယ့် သူက အတင်းသွားချင်တယ်လို့ ပူဆာတဲ့အတွက် သူနဲ့အတူ ကျွန်မပါလိုက်သွားပြီး မဏ္ဍပ်ရှေ့ ဟိုဖက်ပလက်ဖောင်းက စောင့်ကြည့်ခဲ့ပါတယ်။ လုံခြုံရေးနဲ့ပတ်သက်လို့ သေသေချာချာစီစဉ်ထားတာကို တွေ့ရလို့ နည်းနည်းတော့ စိတ်အေးမိပါတယ်”ဟ ုကန်တော်ကြီးကန်ပတ်လမ်းရှိ မဏ္ဍပ်တစ်ခုတွင် ရေကစားနေသူတစ်ဦး၏ မိခင်ဖြစ်သူက ပြောကြားခဲ့ပါသည်။

နံနက်ပိုင်းက စည်းကားနည်းသယောင်ရှိခဲ့သည့် ရန်ကုန်သင်္ကြန်အကျနေသည် နေ့လည်ပိုင်းနှင့် ညနေပိုင်းတို့၌ စည်ကားအသက်ဝင်လာပြီ ဖြစ်သည်ကို တွေ့မြင်ခဲ့ရပါသည်။

TG9

ဧပြီလ ၁၄ရက်နေ့ သင်္ကြန်အကျနေ့ နံနက် ၁ဝနာရီဝန်းကျင်က ရန်ကုန်မြို့ ကန်တော်ကြီးကန်ပတ်လမ်းရှိ မဏ္ဍပ်များအနီးတွင် လုံခြုံရေး ဆောင်ရွက်နေစဉ်

TG4

ဧပြီလ ၁၄ရက်နေ့ သင်္ကြန်အကျနေ့ မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့ အနော်ရထာလမ်းပေါ်ရှိ မဏ္ဍပ်တစ်ခုအား တွေ့ရစဉ်

TG5

ဧပြီလ ၁၄ရက်နေ့ သင်္ကြန်အကျနေ့ နံနက် ၉နာရီခွဲအချိန်က ရန်ကုန်မြို့ကန်တော်ကြီး ကန်ပတ်လမ်းသို့ ဝင်ရောက်ရန် ရေပက်ခံကားများ စောင်ဆိုင်းနေစဉ်

TG6

ဧပြီလ ၁၄ရက်နေ့ သင်္ကြန်အကျနေ့ ညနေ ၅နာရီကျော်က ရန်ကုန်မြို့ ကမာရွတ်မြို့နယ်အတွင်းရှိ အင်းစိန်လမ်းမကြီး တစ်နေရာ မြင်ကွင်း

TG7

ဧပြီလ ၁၄ရက်နေ့ သင်္ကြန်အကျနေ့ မွန်းလွဲ ၃နာရီကျော်က ရန်ကုန်မြို့ အနော်ရထာလမ်းမပေါ်၌ ရေပက်ခံထွက်မည့်ကားများ စောင့်ဆိုင်းနေကြစဉ်

TG8

ဧပြီလ ၁၄ရက်နေ့ သင်္ကြန်အကျနေ့ ညနေ ၄နာရီကျော်က ရန်ကုန်မြို့ သိမ်ဖြူယာဉ်မောင်းသင်တန်းကွင်းအတွင်းရှိ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် ကျင်ပနေပုံ မြင်ကွင်း

မန္တလေး သင်္ကြန်အကျနေ့

M1

M2

M3

ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့ မန္တလေးမြို့ ကျုံးတောင်ဘက် ၂၆ ဘီလမ်းရှိ Alpine မဏ္ဍပ်တွင် နာမည်ကျော် အနုပညာရှင်များက နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းများတွင် သီဆိုဖျော်ဖြေခဲ့ရာ လည်ပတ်သူများဖြင့် တိုးမပေါက်အောင် စည်ကားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

နေပြည်တော် သင်္ကြန်အကျနေ့

NP1

ဧပြီလ ၁၄ရက်နေ့ သင်္ကြန်အကျနေ့ နေပြည်တော် ဟိုတယ်ဇုန်ရှိ ရေကစားမဏ္ဍပ် တစ်ခုတွင် ရေကစားကြသူများဖြင့် စည်ကားနေသည်ကို တွေ့မြင်ရစဉ်

NP2

ဧပြီလ ၁၄ရက်နေ့ သင်္ကြန်အကျနေ့ နေပြည်တော် ဟိုတယ်ဇုန်ရှိ ရေကစားမဏ္ဍပ် တစ်ခု မြင်ကွင်း

Eleven Media Group မှ ကူးယူဖော်ပြသည်။