Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မဟာသင်္ကြန်အကြိုနေ့မြင်ကွင်းများ

ဦးကောက်April 17, 20113min1320

TG1

ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ နံနက် ၈နာရီက ရန်ကုန်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားမြင်ကွင်း

TG2

ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ ရန်ကုန်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲတက်ရောက်ခဲ့သည့် ရန်ကုန်မြိုတော်ဝန် ဦးလှမြင့်

အကြိုနေ့ ရန်ကုန်သင်္ကြန်

ရန်ကုန်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ကို ဧပြီလ ၁၃ ရက် နေ့(သင်္ကြန်အကြိုနေ့)၊ နံနက် ၈ နာ ရီတွင် ဖွင့်လှစ်ခြင်းနှင့်အတူ ၁၃၇၆ ခုနှစ် ရန်ကုန်မဟာသင်္ကြန်ကို စတင်ခဲ့သည်။

သို့သော် ရန်ကုန်သင်္ကြန်အကြိုနေ့မှာ ယခင်နှစ်များက နှစ်စဉ်ကြိတ်ကြိတ်တိုးစည်ကားမြဲ လမ်းမကြီးများတွင် စည်ကားသကဲ့သို့ ယခုနှစ် အကြိုနေ့တွင် သင်္ကြန်ကား၊ သင်္ကြန်လည်ပတ်သူများ များပြားခြင်းမရှိခဲ့ဟု အကြိုနေ့ရေကစားထွက်သူများက နှိုင်းယှဉ်ပြောကြားခဲ့ကြသည်။

မဏ္ဍပ်ကြီးများတည်ရှိရာ ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ ကန်တော်ကြီးကန်ပတ်လမ်းများမှ အပ အခြားနေရာများတွင် သင်္ကြန်ကား၊ သင်္ကြန်ကိုလမ်းလျောက်လည်ပတ်သူများ ယခင်နှစ်များထက်နည်းပါးခဲ့သည်။

TG3

TG4

ကမ္ဘာအေးစေတီလမ်းပေါ်ရှိ X2O မဏ္ဍပ်အား သင်္ကြန်အကြိုနေ့ နေ့လည်၁၂နာရီခန့်က တွေ့မြင်ရစဉ်

ရန်ကုန်သင်္ကြန်အကြိုနေ့မှာ နံနက်ပိုင်းမှစကာ နေ့လည် ၁ နာရီ ဝန်းကျင်အထိ သင်္ကြန်ရေပက်ခံကားများ၊ သင်္ကြန်လည်ပတ်သူများကို ကြိုးတိုးကျဲတဲသာတွေ့မြင်ရပြီး မွန်းလွဲ ၂ နာရီနောက်ပိုင်းမှသာ ဖျော်ဖြေရေးပါဝင်သည့် မဏ္ဍပ်ကြီးများ ရှေ့လာရောက်မှုရှိခဲ့ကြောင်း ရေပက် ခံထွက်သူများကဆိုသည်။

”အကြိုနေ့က မနှစ်ကလောက် မစည်ဘူးလို့ ပြောရတာက မနှစ်က ကန်တော်ကြီးကန်ပတ်လမ်းမှာ မဏ္ဍပ် ၁၆ ခုရှိတယ်။ ပြည်လမ်းမှာလဲ ရှိတယ်။ ကမ္ဘာအေးစေတီလမ်းမှာလဲ အရေအတွက်မနည်းဘူး မဏ္ဍပ်ကြီးတွေရှိခဲ့တယ်။ မဏ္ဍပ်များတာတောင်မှ မဏ္ဍပ်တိုင်းရဲ့ရှေ့မှာ အကြိုနေ့ကတည်းက ရေပက်ခံကားတွေ ဖျော်ဖြေရေးလာကြည့်တဲ့သူတွေ လမ်းတောင်ပြည့်လို့ ကားတွေမနည်းသွားရတယ်။ ဒီနှစ် ကန်ပတ်လမ်းမှာ မဏ္ဍပ်က ရ ခုပဲရှိတယ်။ ပြည်လမ်းမှာ ၄ ခုနဲ့ ကမ္ဘာအေးမှာ ၅ ခုပဲရှိတယ်။ မဏ္ဍပ်နည်းသွားတဲ့အတွက် မနှစ်ကအတိုင်းသာ ရေပက်ခံကားတွေလာရင် လမ်းတွေတောင်ကြပ်သွားမှာလေ။ အခုကတော့ မနက်ကဆို ရေပက်ခံကားက ကြိုးတိုးကျဲတဲ၊ ရေပက်ခံလာတာတဲ့သူကလည်း ဟိုတစ်စုဒီ တစ်စုလောက်ပဲ။ ညနေပိုင်းရောက်မှ တွေ့ရတာ။ မဏ္ဍပ်နည်းသွားတာတောင် မဏ္ဍပ်ကြီးတွေရှေ့မှာတောင် အရမ်းကြီး ကားမကြပ်တဲ့အတွက် မနှစ်ကထက် ဒီနှစ်သင်္ကြန် အကြိုနေ့က စည်ကားမှုနည်းခဲ့တယ်လို့ ပြောရတာပါ။ ကန်တော်ကြီး ကန်ပတ်လမ်းကို မနှစ်က အကြိုနေ့ကားနဲ့ ဝင်သွားတာ ၃ နာရီလောက်ကြာမှ တစ်ဖက်ကို ရောက်တယ်။ ဒီနှစ်ကတော့ ကန်ပတ်လမ်းကို ရေပက်ခံထွက်တာ ကားကြပ်တဲ့ ညနေ ပိုင်းအချိန်မှာတောင် ၄၅ မိနစ်က အလွန်ဆုံးပဲ။ ပြောရရင် မဏ္ဍပ်ကြီး တွေရှိတဲ့ နေရာတွေမှာပဲ ရေပက်ခံကား၊ ရေပက်ခံထွက်တဲ့သူနည်းနည်းများပြီး ကျန်တဲ့နေရာတွေတော့ မစည်ကားပါဘူး”ဟု အဆိုပါမဏ္ဍပ် များသို့ ရေပက်ခံထွက်ခဲ့သူတစ် ဦးကဆိုသည်။

TG5

ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ နံနက် ၁၁နာရီဝန်းကျင်က ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ ရေကစားမဏ္ဍပ်များ မြင်ကွင်း

TG6

ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ နံနက် ၁၁နာရီဝန်းကျင်က ရန်ကုန်မြို့ ကန်တော်ကြီးကန်ပတ်လမ်းရှိ ဈေးဆိုင်များမြင်ကွင်း

”ကားနဲ့လည်တဲ့သူအများစုကလည်း မဏ္ဍပ်ရှိတဲ့နေရာကိုပဲ စုပြုံပြီးမဝင်ပဲ ရန်ကုန်မြို့အနှံ့၊ မြို့နယ်လေးတွေကို ပတ်ပြီးလည်ကြတာ။ နောက် အကျနေ့၊ အကြတ်နေ့၊ အတက်နေ့တွေကတော့ စည်မစည် စောင့်ကြည့်ရမှာပါ။ ဒီနေ့အကြိုနေ့ကတော့ မနှစ်ကလောက်မစည်ဘူး” ဟု ကားဖြင့် ရေပက်ခံထွက်ခဲ့သူ တစ်ဦးကပြောပြခဲ့သည်။

”အကြိုနေ့မတိုင်ခင် မဏ္ဍပ်စီစဉ်သူတွေကို သက်ဆိုင်ရာကကြိုတင် သတိပေးမှုရှိခဲ့တယ်။ လုံခြုံရေး အထူးသတိထားဖို့ပါ။ ဒါကြောင့် ကျွန်တော့် မဏ္ဍပ်တစ်ခုတည်းမှာ ပုဂ္ဂလိကလုံခြုံရေး ၂ဝ ဦးခေါ်ထား တယ်။ သက်ဆိုင်ရာက လုံခြုံရေး အဖွဲ့ဝင်တွေကလည်း မဏ္ဍပ်ပတ်ဝန်းကျင်မှာ ၃ဝ ဦးလောက်ကိုရှိတယ်။ သင်္ကြန်အကြိုနေ့ကတော့ မနှစ်ကလောက် လူအများဘူးပြောရမှာပေါ့။ အစရက်ပဲရှိသေးလို့ လူနည်းတာဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ မနက်ပိုင်းကတော့ ကားရော လူရော လုံးဝမစည်ဘူး။ ညနေပိုင်းရောက်မှ မဏ္ဍပ်ရှိတဲ့လမ်းမကြီးတွေမှာ ရေပက်ခံကားတွေ ရောက်လာတာ” ဟု မဏ္ဍပ်စီစဉ်သူတစ်ဦးက ပြောပြခဲ့သည်။

TG7

ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ ညနေ ၅နာရီဝန်းကျင်က ရန်ကုန်မြို့ ကန်တော်ကြီးကန်ပတ်လမ်းမြင်ကွင်း

TG8

ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ ညနေ ၄နာရီဝန်းကျင်က ရန်ကုန်မြို့ ပြည်လမ်း Air Bagan မဏ္ဍပ်ရှေ့ မြင်ကွင်း

TG9

ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ ညနေ ၃နာရီခွဲဝန်းကျင်က ရန်ကုန်မြို့ ကမာ္ဘအေးစေတီလမ်း မြင်ကွင်း

TG101

ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ ညနေ ၄နာရီဝန်းကျင်က ရန်ကုန်မြို့ ပြည်လမ်း မြင်ကွင်း

ကန်တော်ကြီးကန်ပတ်လမ်းရှိ မဏ္ဍပ်အချို့မှာ အကြိုနေ့ နေ့လည်ပိုင်းအထိ ရေကစားမဏ္ဍပ်လက်မှတ်များ ရောင်းချနေရဆဲဖြစ်ကြောင်း၊ အကြိုနေ့တွင် လာရောက်ရေပက် သူမပြည့်သည့် မဏ္ဍပ်များပင်ရှိခဲ့ကြောင်းလည်း သိရသည်။

အကြိုနေ့ နေပြည်တော်သင်္ကြန်

N1

ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားမြင်ကွင်း

N2

ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ နေပြည်တော် ဟိုတယ်ဇုန်ရှိ ဟိုတယ်မဏ္ဍပ်များတွင် ရေကစားသူများဖြင့် စည်ကားနေစဉ်

၂၀၁၁ခုနှစ် နေပြည်တော်မဟာ သင်္ကြန်အကြိုနေ့တွင် ဟိုတယ်ဇုန်များရှိ ရေကစားမဏ္ဍပ်များ ဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်မြို့တော်ဝင်ရေ ကစားမဏ္ဍပ်သည် ဧပြီလ(၁၃)ရက် ညနေ ၅ နာရီတွင်ဖွင့်လှစ်ခဲ့ကြောင်း၊ နေပြည်တော်မဟာသင်္ကြန် အကြိုနေ့တွင် ဖွင့်လှစ်ခဲ့သော ဟိုတယ် ရေကစားမဏ္ဍပ်များမှာ ဟိုတယ်ရွှေ ပြည်တော်၊ အိုအေစစ်၊ အမရာ၊ ရိုင်ရယ်ကုမုဒြာ၊ ရွှေမြန်မာ၊ မြတ်တော်ဝင်၊ ရွှေနန်းတော်တို့ဖြစ်ကြောင်း သိရှိရသည်။

နေပြည်တော် မဟာသင်္ကြန် အကြိုနေ့မှာ ယခင်နှစ်ကကဲ့သို့ပင် ရေပက်ခံထွက်သူများ၊ ရေပက်ကစားသူများဖြင့် စည်ကားခဲ့ကြောင်း၊ အစည်ကားဆုံးနေရာမှာ နေပြည်တော် ဟိုတယ်ဇုန်တွင်ဖြစ်ပြီး ဟိုတယ်ရေကစားမဏ္ဍပ်များတွင် လူစည်ကားမှုအများဆုံးဖြစ်ကြောင်း သိရသည်။

အဆိုပါ နေပြည်တော်မဟာသင်္ကြန်အကြိုနေ့တွင် ဟိုတယ်ဇုန် ရာဇသင်္ဂဟလမ်းမကြီးပေါ်ရှိ ရေကစားမဏ္ဍပ်များကို ၂၀၁၁ခုနှစ် ဧပြီ (၁၃) ရက် နံနက် (ဂ)နာရီတွင် ရေကစား မဏ္ဍပ်များ စတင်ဖွင့်လှစ်ခဲ့ပြီး ယင်းအခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးအောင်၊ လယ်ယာစိုက် ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်ဇော်နှင့် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသော ဦးကံချွန်နှင့် အခြားတာဝန်ရှိ သူများတက်ရောက်ဖွင့်လှစ်ခဲ့ကြကြောင်း သိရှိရသည်။

အကြိုနေ့တည်းက စည်ကားတဲ့ မန္တလေးသင်္ကြန်

M1

ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့ မန္တလေးမြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားမြင်ကွင်း

M2

ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့က မန္တလေးမြို့ မြင်ကွင်း

ယခုုနှစ်သင်္ကြန်ပွဲတော်တွင် မန္တလေးမြို့၌ အကြိုနေ့မှစတင်ကာ ရေကစားလည်ပတ်သူများနှင့် စည်ကားလျက်ရှိပြီး သင်္ကြန်တွင်းကာလ အဓိကအစည်ကားဆုံးနေရာဖြစ်သော ကျုံးမြို့ရိုးပတ်လည်တွင် သင်္ကြန်အကြိုနေ့မတိုင်မီ ညနေပိုင်းများ မှစတင်ကာ ရေကစားသောလူငယ်များနှင့် စည်ကားကြောင်းတွေ့ရှိရသည်။

”ဒီနှစ်သင်္ကြန်ကျုံးပတ်လည် မှာ သင်္ကြန်မတိုင်ခင် ၂ ရက်လိုညတွေကတည်းက စည်ကားနေတယ်။ လူငယ်အများစုက ညပိုင်းဆိုရင် ကျုံးဘေးမှာ သီချင်းတွေအကျယ်ကြီးဖွင့် ကခုန်ပြီးရေကစားကြတဲ့အပြင် လာရောက်ကြည့်ရှုကြ သူတွေလည်းရှိတယ်။ မန္တလေးမှာက ရှေးယခင်အဆက်ဆက် သင်္ကြန်အကြိုနေ့ရေကစားတဲ့ ထုံးစံမရှိဘူး။ တစ်ယောက်တစ်လေ ရေကစားရင်တောင်မှ လူကြီးသူမတွေက ဆုံးမကြတယ်။ အခုတော့ ကျုံးဘေး သင်္ကြန်မဏ္ဍပ်တွေကစပြီး အကြို မတိုင်ခင် ၂ ရက်လောက်ကတည်းက မော်တာစမ်းတာဆိုကာ ညပိုင်းမှာ လာသမျှလ ူရေပက်ကြတယ်။ တားမယ့် ဆီးမယ့်သူလည်းမရှိ။ တကယ်တော့  သင်္ကြန်အကြိုနေ့မှာ မြို့ တော်ဝန်သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲပြီးမှ ကျုံးပတ်လည်မှာရှိတဲ့ ကျန်တဲ့မဏ္ဍပ် တွေကရေစကစားကြတော့ နောက်ရက် သင်္ကြန်အကျနေ့မှ ရေပတ်ခံထွက်တဲ့သူတွေ လာလည်ကြတာ များတယ်။ ရေပတ်ခံကားတွေအနေနဲ့လည်း အကြိုနေ့ညနေပိုင်းမှ မဟာမုနိဘုရားကြီးကို ဦးတိုက်ပြီး နောက်နေ့မှစလည်လေ့ရှိပေမယ့် ဒီ နှစ်ရေပတ်ခံကားတွေက ဘုရားကြီး ကိုမနက်ပိုင်းဦးတိုက်ပြီး မန္တလေးမြို့ အနီးဝန်းကျင်မှာရှိတဲ့ နေရာတွေကို သွားလည်ပတ်တဲ့ကားတွေများ လာတာတွေ့ရတယ်”ဟု မန္တလေး မြို့ခံတစ်ဦးကဆိုသည်။

သင်္ကြန်အကြိုနေ့ ညနေပိုင်းတွင် ကျုံးမြောက်ဘက်ရှိ မြန်မာဘရုဝါကုမ္ပဏီမဏ္ဍပ် အိုင်စီတီး ဝိုင်းရှေ့တွင်လည်း ရေကစားသူလူငယ်များဖြင့် ပြည့်ကျပ်လျက်ရှိကြောင်း တွေ့ရသည်။ အလားတူ ကျုံးတောင်ဘက်ရှိ အယ်ပိုင်းရေကစားမဏ္ဍပ်၊ ဒိုမီနီုရေကစားမဏ္ဍပ်များလည်း အကြိုနေ့နံနက်ပိုင်းမှ စတင်ပြီးရေကစားလျက်ရှိကြောင်း သိရှိရသည်။ NGO အဖွဲ့အစည်းများပူးပေါင်းကာ ၂ရလမ်း ၆၈ လမ်းနှင့် ၆၉ လမ်းကြားနေရာတွင် စတုဒီသာ ကျွေးမွေးပြီး HIV ပညာပေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း တွေ့ရှိရသည်။

Eleven Media Group မှ ကူးယူဖော်ပြသည်။