မင်းကွန်းရောက်မုဒိတာ

နည်ရဲဇော်April 24, 20111min1643

မြန်မာပြည်အထက်အညာဒေသ မင်းကွန်းပုထိုးတော်ကြီးဟာ အခုတော့လည်း အုတ်ပုံကြီးဘဝနဲ့ တောင်ကြီးတစ်ခုမျှ မြင့်မားလှ၏။ ငလျင်ဒဏ်ကြောင့် ပုထိုးတော်ကြီးမှာ အက်ကွဲကြောင်းရာများနှင့်။တစ်ချိန်တုန်းက ဘယ်အရာမဆို သူများတစ်ကာထက်ပိုသာရမှ ကျေနပ်တတ်သည့် မင်းတရားကြီး၏ လောဘလေလား၊ သာသနာပေါ် သက်ဝင်ကြည်ညိုခြင်းလေလား။  ပြိုကျနေသော အုတ်ခဲတုံးကြီးများက ဟိုတစ်စ ဒီတစ်စ ။ ပဒေသရာဇ်ခေတ် ဒီဒေသက ပြည်သူတွေအတွက်ကတော့ချွေးတွေသွေးတွေနှင့် ထမ်းခဲ့ရသည့် မနိုင်ဝန် တစ်ခုလေများလား။ တောင်၏ခြေရင်း လှေကားသဖွယ် ထွင်းထားသော အုတ်အဆင့်ဆင့် တို့ကို လှမ်းတက်လာခဲ့၏။ ခြုံနွယ်ပိတ်ပေါင်းများ၊ မျက်ရိုင်းပင်များက မင်းမူနေ၏။ အတက်လှေခါး ကား ကျဉ်းမြောင်းလှရာ လူတစ်ကိုယ်စာပင်မနည်းတက်ယူရ၏။ ဆင်းသည့်လူနှင့် တက်သည့်လူ မျက်နှာချင်းဆိုင် ဆုံလျှင် တစ်ယောက်ယောက်က ရပ်ပေးကာ ကျန်တစ်ယောက်က ဂဏန်းသွားသလို ဘေးတိုက်သွားမှသာအလိုရှိရာရောက်ပေမည်။

mingun
မင်းကွန်းပုထိုးတော်ကြီး

အတက်စောက်သလောက် ထိပ်ဆုံးရောက်သွားတော့လည်း မြင်ရသည့် ရှုမျှော်ခင်းက ရင်ကိုအေးမြစေသည်။ ခဲသားရောင်တိမ်လွှာတို့က အလိပ်လိုက် အလွှာလိုက်။ မှိုင်းမလိုနှင့်ညို့၊ ပြိုတော့မလို ရွာတော့မလို မိုးနှောင်းကာလ မြန်မာပြည်မင်းကွန်းဒေသ၏ အလှကား မြင်သူငေးမောချင်စရာ။ စေတီတော်ခြေရင်း အမိ မြစ်မင်းဧရာဝတီသည် ညွှတ်တွားခဆင်းကာသမိုင်းပေးတာဝန်ကို ကျေပွန်စွာ သားသမီးတို့အတွက် အနားမယူနိုင်ရက်အား။ ဒါပေမယ့် ဇရာရဲ့သဘောကို မလွန်ဆန်နိုင်တော့ မြစ်လယ်ကောင် သောင်ထွန်း နတ်သမီးနေတဲ့ကျွန်းများကိုလည်း မြင်ရ၏။ ကမ်းဧရာအရှေ့ဘက်က စိမ်းမြမြ လယ်ကွင်းတွေရဲ့အဆုံး ဟိုးအဝေးက မှုန်ပြပြ ရှမ်းတောင်တန်းကြီးများကို မြူတွေဆိုင်းလျက် မှိုင်းမှိုင်းညို့ညို့လွမ်းဆို့ချင်စရာ။

ချစ်သူနှစ်ဦး၏ကြည်နူးစရာမြင်ကွင်း

ဒီလိုအချိန်၊ ဒီလိုနေရာမျိုးမှာ ချစ်တဲ့သူနှစ်ဦး ဆုံစည်းကြဖို့ဆိုတာ အင်မတန် ကြည်နူးချင်စရာအဖြစ်ကလေးပါပဲ။ ကြည်နူးချင်စရာအဖြစ်ကလေးပါပဲ။

တစ်ယောက်လက်ကို တစ်ယောက်တွဲကာ ဘဝအတွက် အားမာန်သစ်တွေနဲ့ ရည်မှန်းချက်တွေနဲ့ မျှော်လင့်ချက်တွေ တက်ကြွနေကြမလား… တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ မခွဲဘူးလို့ မြစ်မင်း ဧရာဝတီကို တိုင်တည်ကာ သစ္စာဆိုနေကြမလား၊… ကြုံတွေ့လာရတဲ့ ဘဝမုန်တိုင်းတို့အတွက် ချစ်သူ့ရင်ခွင်မှာ မှေးအိပ်ကာ အနားယူဖို့ တစ်ယောက်ကို တစ်ယောက် အားပေးနေကြတာများလား….. အကြင် သူတို့နှစ်ယောက်သာသိနိုင်ပါလိမ့်မည်။ အဝေးမှ ခရီးသွားဧည့်သည်ကတော့ သူတို့ပျော်ရွှင်ကြပါစေဟုသာ ဆန္ဒပြုမိပါတော့သည်။

(မင်းကွန်းခရီးအမှတ်တရ)

နည်ရဲဇော်

3 comments

  • juttue.gyi

    April 24, 2011 at 10:52 am

    သူ့တို့ကျတော့ ချစ်သူနဲ့ကြည်နူးနေကြတယ် ကျတော်မှာဖြင့် ပုဂံလေးသွားတာ ငတ်ပျက်ပြန်လာရတယ် အဟီးးးးးးးးးး

  • shweminthar

    April 24, 2011 at 2:50 pm

    နောက်ဆုံးပုံ လေး သဘောကျတယ် ကွာ။

  • မမလေး

    April 25, 2011 at 10:26 am

    juttue.gyi ငတ်မှာပေါ့ ဇွန်း မှမယူသွားတာကို 🙂

Leave a Reply