ခါးပိုက်နှိုက်ဆိုတာ သတိပြုစရာ

myatthuApril 26, 20111min28612

ကျွန်တော်တို ့နိုင်ငံမှာ BUS ကားဆိုတာလူတိုင်းနီးပါး စီးနေရပါတယ်။BUS ကားနောက်

ကျစိုးလို ့အချိန်ယူပြီး စောင့်နေတဲ့သူတွေလည်းရှိ ပါတယ်။နေ ့စဉ်နေ ့တိုင်း BUS ကား

စီးတဲ့သူတွေကလလည်းပိုပိုများလာပါတယ်။အဲဒီလို မျိုးစီးနေရတာဟာ ခါးပိုက်နှိုက်တွေ

အတွက်အဆင်ပြေနေတာပေါ့။ကျွန်တော်အခုပြောချင်တာကတော့ လူကြီးမင်းတို ့BUS

ကားစီးလို ့ကားပေါ်မှာခါးပိုက်နှိုက်တွေ ့ရင် မအော်မိဖို ့ပါပဲ။ဘာလို ့လဲဆိုတော့ ခါးပိုက်နှိုက်တွေ ဟာ အခုနောက်ပိုင်းတယောက်တည်းလာကြတာမဟုတ် တော့ပါဘူး။

အနည်းဆုံးသုံးယောက်လောက် ပါပါတယ်။တယောက်နဲ ့တယောက် လက်ဆင့်ကမ်းလိုက်တာ ကို လူကြီးမင်းတို ့မမြင်မိနိုင်ပါဘူး။ ကိုယ်က ခါးပိုက်နှိုက်တာ

မြင်လို ့ပေမဲ့ လူကြီးမင်းတို ့မြင်တဲ့ခါးပိုက်နှိုက်ဆီမှာ ပိုက်ဆံအိတ်မရှိတော့ပါဘူး။

အကယ်၍ ကိုယ်ကမယုံလို ့သွားရှာလိုက်ရင်တော့ ကို ့ကို ပြန်ပြီးအမှု ့ ပတ်အောင်

လုပ်တတ်ပါတယ်။ကားပေါ်မှာ ခါးပိုက်နှိုက် ပိုက်ဆံအိတ်နှိုက်တာ မြင်ရင် အရင်ဆုံးစပယ် ယာကိုတိုးတိုးလေးပြောပါ။ စပယ်ယာမှ တဆင့် ဒရိုင်ဘာကို နီးစပ်ရာ ရဲစခန်းသို ့မောင်းနိုင်အောင်ပြောပြပါ။ အကယ်၍ သူတို ့နှိုက်နေတာကို မြင်လို ့သူတို ့

ကိုပြောမိမယ်ဆိုရင် လူကြီးမင်းတို ့ရဲ ့အသက်ကို ပါထိခိုက်နိုင်ပါတယ်။ဘာကြောင့်လဲ

ဆိုတော့ သူတို ့လက်ထဲမှာ အိတ်မျိုးစုံခွဲနိုင်တဲ့ ဓားတွေပါလို ့ပါ။ကျွန်တော့်အဖြစ်အပျက်

တခုပြောပြပါတယ်။ယာဉ်လိုင်း(….)မှာတော့ မိန်းမကြီးတယောက်က ခါးပိုက်နှိုက်ကိုမြင်

လို ့ခါးပိုက်နှိုက်လို ့ခေါ်မိပါတယ်။ဒါပေမဲ့ သူခေါ်ပေမဲ့ နှိုက်တဲ့သူကတော့

သူနဲ ့ပါလာတဲ့နောက်တယောက်ကိုပေးလိုက်ပါပြီ။ဒါကိုသူကမမြင်လိုက်ပါဘူး။

နှိုက်ခံရတဲ့သူကလည်း သူ ့ပိုက်ဆံအိတ်ပျောက်သွားတာရော သူ ့အိတ်ကွဲတာရော

သိပါတယ်။ဒါပေမဲ့ အကူအညီမတောင်းခဲ့ဘူး။မြင်တဲ့မိန်းမကြီးကလည်း နှိုက်တဲ့သူက

ဘယ်သူလို ့ပြောပါတယ်။စပယ်ယာတွေရှာတော့ မတွေ ့ပါဘူး။ဘယ်တွေ ့မလဲသူ ့ထက်

လည် ရွေပြည်စိုးတွေလေ။နောက်ဆုံးမတွေ ့တော့ခါးပိုက်နှိုက်လို ့လည်းပြောလို ့လည်း

မရ။ဒါပေမဲ့ ခါးပိုက်နှိုက် ကဆင်းခါနီးကျတော့ မိန်းမကြီး ကျော ကို ပွတ်ကြီး အမကြီး

အရမ်းတော်တာပဲ လို ့ပြောသွားတယ်။ခဏကြာတော့ မိန်းမကြီးကျောပေါ်မှာ သွေးတွေ

ကျလာတယ်။အဲဒီတော့မှသူသိတာ သူ ့ကိုခါးပိုက်နှိုက် လုပ်တယ်ဆိုတာ……။ဒါကြောင့်

လူကြီးမင်းတို ့BUS ကားစီးလို ့ခါးပိုက်နှိုက်တွေ ့ရင် အရင်ဆုံးစပယ်ယာကိုပြောပြတာ။

တိုးတိုးလေးပြောခိုင်းတာနော်။စပယ်ယာက လူကြီးမင်းတို ့ကို ပြန်ကူညီပါလိမ့်မယ်။

ကျွန်တော့တို ့ဆီမှာစပယ်ယာအပေါက် ဆိုးတယ်လို ့လူတိုင်းကပြောကြပါတယ်။

ခါးပိုက်နှိုက်တွေ ့ရင်တော့စပယ်ယာကိုပြောသင့်ပါတယ်။အပေါက်ဆိုးတယ်ဆို ပြီးမပြောပဲမနေလိုက်နဲ ့နော်…………………….။မြန်မာလူမျိုးအချင်းချင်းရိုင်းပင်းကူညီနိုင်ပါစေ….။

 

 

 

လူအချင်းချင်းလှည်းပတ်ချင်းကင်းရှင်းကြပါစေ။

12 comments

  • gyinkalay

    April 26, 2011 at 9:43 am

    အင်း ဟုတ်တယ်..မအော်မိစေန ဲ့ အော်လိုက်ရင်သူက ဆင်းခါနီး ဒုက္ခပေးသွားတတ်တယ်…အသိ တစ်ယောက်ရဲ ့အသိဆိုရင် အော်မိလို ့ဆင်းခါနီး..လည်ပင်းကို စမှုတ်တံလိုမျိုး အချွန်နဲ့ထိုးသွားတာ…ခါးပိုက်နှို်က်လဲ မမိဘူး..လူလဲသေတာပဲ..အဲ့ဒါကြောင့် မအော်မိပဲနဲ ့တိုးတိုးလေးစပယ်ယာကိုပြောလို့ပြောတာပေါ့…ကိုယ်က Fighter ဆိုရင်တော့တစ်မျိုးပေါ့ ပြီးတော့သူတို ့တွေ က အဖွဲ့နဲ ့ အနိုင်ကျင့်နေကြ…သတိသာထားကြ..

  • နီလေး

    April 26, 2011 at 9:55 am

    ခုနောက်ပိုင်း အဲလိုအဖြစ်အပျက်တွေတော်တော်ပေါ်လာတယ်နော်

  • hninkharr

    April 26, 2011 at 12:23 pm

    စီးပွားရေးက အရမ်းကောင်းလွန်းလို့ပေါ်လာတာလေ။

  • juttue.gyi

    April 26, 2011 at 12:47 pm

    ဟုတ်တယ်ဗျာ ကျတော်တော့မကြုံဖူးဘူး အစ်ကိုတစ်ယောက်ပြောပြတာတော့ ဘရိတ်ဓားနဲ့တဲ့ လွယ်တော့မလွယ်ဘူးနော် ရန်ကုန်ရောက်ရင်တော့

  • unclegyi1974

    April 26, 2011 at 3:10 pm

    ဥပဒေကေပေါ့လို့အတင့်ရဲနေကြတာပါ
    ခါးပိုက်နှိုက်ကမိရင်လည်းထောင်ဒါဏ်ဘယ်လောက်
    ကျမှာလဲ၁နှစ်၂နှစ်ပေါ့ မမိမချင်းလုပ်စားလို့ရတယ်
    လေဥပဒေပြင်ရမှာပါ
    ဥပမာ ခါးပိုက်နှိုက်မိရင်အမှုပေါင်းပေါ်မှာအပြစ်ပေး
    တမှုကို၃နှစ်သတ်မှတ်ရင်စစ်လို့၃မှုပေါ်ရင်၉နှစ်
    ထောင်ချ
    ဒါကရိုးရိုးအမှုနော် ဘေးလူကိုဒါဏ်ရာရစေရင်
    ထောင်ဒါဏ်ကို၂ဆတိုး
    လူသေစေတယ်ဆိုလူထုကြားချပြပြီးကြိမ်ဒါဏ်
    နဲ့မသေမချင်းရိုက်စေ
    အဲလိုဥပဒေတွေထွက်လာရင်ခါးပိုက်နှိုက်
    ကဘေးလူကိုရမ်းအုန်းမလားကြည့်ချင်ပါတယ်

  • nature

    April 26, 2011 at 3:34 pm

    ခါးပိုက်နှိုက်တာတောင်လွန်လှပြီ၊ ဒဏ်ရာရအောင်လုပ်တာကိုတော့ ထိထိရောက်ရောက် အရေးယူသင့်တယ်၊ မြန်မာဘုရင်တွေလက်ထက်ကလို ကြိမ်ဒဏ်ခတ်ပြီး မြို့ထဲမှာလှည့်ပြီး ၊ TVကလည်းပြသင့်တယ်၊ ဒါဆိုဒီလူတသက်လုံး ဘာမှလုပ်စားလို့ရတော့မှာမဟုတ်ဘူး။

  • hanlinnhtay

    April 26, 2011 at 4:12 pm

    ဟုတ်ပါတယ်။ကျွန်တော်တို့နေပြည်တော်မှာပါ ကူးစက်တာမြန်လာပါတယ်။ဒီလိုကူးစက်လာတာ ပြည်သူတွေအတွက်လည်းမကောင်းပါဘူး။ကျွန်တော်တောင် 20.11.2011 ကနေပြည်တော်ကိုမရောက်ဘူးလို့
    သူငယ်ချင်းတွေနဲ့အတူတူသွားလည်ပါတယ်။busနဲ့ ရေပန်းဥယျာဉ်ရောက်တော့ ကျွန်တော့်အနွေးထည်အိပ်ကပ်ထဲက ပိုုက်ဆံနစ်သောင်းတစ်ထောင့်ငါးရာကျပ်ကို ဓါးနဲ့အိပ်ကပ်ခွဲပြီး အနှိုက်ခံလိုက်ရပါတယ်။ နေပြည်တော်မှာ စည်းကမ်းတင်းကျပ်တယ်ဆိုပေမယ့် bus တွေပေါ်မှာ အနှိုက်ခံရတက်တာမို့ သတိထားရန်လိုအပ်သောကြောင့် မြန်မာလူမျိူးအချင်းချင်းသတိပေးနှိုးဆော်အပ်ပါတယ်။
    ခါးပိုက်နှိုက်ရန်မှကင်းဝေးကြပါစေ။

  • Ko Ko Aung

    April 26, 2011 at 4:14 pm

    အရမ်းစိတ်ဆိုးကြတယ်ထင်တယ်နော်။
    ဟုတ်ပါတယ်။ ကျွန်တော်လဲ ခါးပိုက်နှိုက်ဒါဏ် တော်တော်ခံရဖူးလို့ ခါးပိုက်နှိုက်တွေကို စိတ်ဆိုးပါတယ်။ ပြီးတော့ ခါးပိုက်နှိုက်မှန်းသိရက်နဲ့ နှိုက်ထားမှန်းလဲသိရက်နဲ့ စီမံချက်မရှိမချင်း မဖမ်းပဲငုတ်တုတ် ထိုင်ကြည့်တတ်တဲ့ ကူညီပါရစေတွေကိုလဲ စိတ်ဆိုးမိပါတယ်။ ရာဇဝတ်မှုတွေထဲမှာ “နှိုက်” မှုခင်းက မှုခင်းသေးမို့ တမင်သတင်းပေးအဖြစ် မွေးတတ်တဲ့ ဒီနိုင်ငံရဲ့စံနစ်ကိုလဲ ဘဝင်မကျမိပါဘူး။

  • kopauk mandalay

    April 26, 2011 at 4:16 pm

    ကျနော်အထင်တော့ ပြစ်မှု့ကျူးလွန်တာနဲ့သူခံရမယ့်အပြစ်ဒဏ် တန်နေသေးတယ်ထင်ရင်ကျူးလွန်အုံးမှာပါဘဲ။
    သူများအပေါ်ကို မကောင်းကျင့်ကြံတဲ့လူအပေါ်မှာ ညှာတာ သနားတာတွေ လူ့အခွင့်အရေးတွေထည့်တွက်နေရင်မှားမယ်ထင်တာပါဘဲ။
    ခပ်စပ်စပ်လေး တီးထည့်လိုက်မှ သူတို့မကောင်းမှု့ကျူးလွန်တာတွေတန့်သွားမယ်ထင်ပါတယ်။
    ဥပမာ လူကြားထဲဗျောက်ဖောက်တဲ့ကောင် ဆိုင်ကယ်အိပ်ဇောဖွင့်စီးချင်တဲ့ကောင် အဲဒီကောင်ကို အသံလုံးခန်းထဲထည့် သူဖောက်ချင်တဲ့ဗျောက်စိတ်တိုင်းကြဖောက်ခိုင်းဗျာ။
    နောက်ဖောက်ရဲမလားလို့ မကောင်းသူကို သူ့ဒဏ်သူခံရအောင်လုပ်ပေးရမှာဘဲ။

  • nature

    April 27, 2011 at 11:25 pm

    ကားပေါ်မှာခါးပိုက်နှိုက်ခံရလို့ရဲစခန်း သွားရင်ရဲစခန်းကလုံခြုံရေးစစ်တဲ့ကရိယာနဲ့ ခရီးသည်တွေရဲ့ကိုယ်ပေါ်မှာခါးပိုက်နှိုက်တွေသုံးတတ်တဲ့ ဗလိတ်ဒါးအကျိုး ရှိမရှိစစ်ဆေးသင့်တယ်။ စစ်တဲ့အခါမှာလည်း ခရီးသည်တွေတယောက်နဲ့တယောက် ၅ပေ ကွာလောက် တန်းစီထားသင့်တယ်။ သူတို့ကဗလိတ်ဒါးအကျိုးကို လက်ချောင်းကြားထဲညှပ်ပြီး ဒုက္ခပေးတတ်တယ်၊

  • etone

    April 28, 2011 at 9:18 am

    အကောင်းဆုံးကတော့ ကားကြပ်ရင် မစီးဖို့ရယ် ..ကားစီးတဲ့ အခါ ငေးငိုင်မနေသင့်ဘူး … မလွှဲသာလို့ ကိုယ်စီးတဲ့ကား ကြပ်လာလျှင်တော့ သုံးယောက်ခြောက်ဆယ်ဒီဂရီယမ်းပြီး ကိုယ့် ပစ္စည်းကိုယ် ထိန်းသိမ်းပေါ့ … ။ ခါးပိုက်နှိုက်တွေ သုံးတတ်တာ ငါးပြားစေ့တွေ သွေးပြီး အိတ်ခွဲတယ်လို့လည်း ကြားဖူးတယ်…

  • nature

    April 28, 2011 at 1:52 pm

    အဓိကကတော့ပြည်သူတွေ အတွက်အလုပ်အကိုင်အခွင့်အလမ်းတွေ ကောင်းကောင်းတီးဖန်ပေးနိုင်မှသာဒါမျိုးတွေအမြစ်ပြတ် စေနိုင်တယ်လို့ထင်ပါတယ်။

Leave a Reply