ရေထဲမှာကိုယ်ဖော.သလို စိတ်ကိုဖော.ကြည်.လိုက်ရအောင်
ကျနော်တို.သူငယ်ချင်းထဲမှာ ကိုကိုကြီး ဆိုတဲ.သူငယ်ချင်းတစ်ယောက်ရှိပါတယ်။
သူ.ကိုကျနော်တို.က “ကိုခိုငြီး” လို.ခေါ်ကြပါတယ်။
ဘာလို.လဲဆိုတော. သူရောက်လာပြီဆိုတာနဲ. ” ခက်တယ်ကွာ “ဆိုတဲ.စကားလေးကိုစပြီဆိုရင်
” သူ.သားလေးတွေ အတန်းထဲမှ ပထမ မရတာ “တို.
” သူ.ရောင်းထားတဲ.ဘိနပ်ဘိုးတွေ အကြွေးတောင်းလို.မရတာ”တို.
“တရုပ်ဘက်က ဈေးပေါပေါနဲ.ပုံလှလှလေးတွေဝင်လာတော.သူထုတ်လုပ်တဲ.ဘိနပ်တွေ အရင်ကလောက်မရောင်းရတာ”တို.
” တဖြည်းဖြည်းနဲ.ငွေရှာရတာ ခက်လာပြီ”တို.
” သူ.မိန်းမ အမျုးိတွေ သူ.ဘက်က အမျိုးတွေက သူ.အိမ်ကို အလှူအိမ်လိုသဘောထားပြီး လာစားသောက်နေကြတာ”တို.ပေါ.ဗျာ။
သူ.မှာဘယ်လိုအဆင်မပြေတာတွေ စိတ်ညစ်ရတာတွေကို တနေ.တမျုးိမရိုးရအောင် ခရားရေလွှတ်ပြောတော.တာပါဘဲ။
သူကတော. အကျင်.ပါနေလို. ပြောတယ် ကျနော်တို.ကလည်း သူပြောတာကို ဒီဘက်ကဝင်ပြီး ဟိုဘက်တောင်မရောက်ဘူး ဒီဘက်ကပြန်ထုတ်လိုက်တယ်။
သူပြောသမျှကိုဟာသလိုသဘောထားကြပါတယ်။
ဘာလို.လဲဆိုတော. သူ.မှာ နောက်ဆုံးပေါ်ကားရှိတယ် ၊
လိမ္မာတဲ.ပညာတတ်သားသမီးတွေရှိတယ် တော်တဲ.ဇနီးလဲရှိတယ်၊
တိုက်ရှိတယ် လူမနေဘဲဝယ်ထားတဲ.ခြံတွေလဲ ကျနော်တို.သိတာကိုက လေးနေရာ။
ဒါက မန္တလေးမြို.မှာနော် ပြင်ဦးလွင်လို စစ်ကိုင်းလို နေရာတွေမှာဝယ်ထားတာတွေရှိသေးတယ်။
သူမှာ ကိူယ်ပိုင်ထုတ်လုပ်တဲ.အမျုးိသမီး စီး သားရေဘိနပ်လုပ်ငန်းကလဲ မှာတဲ.အော်ဒါကိုတောင်အလျင်မီအောင်မပေးနိုင်သေးဘူး။
ဒါတောင်သူက လာညည်းပြနေတော.ကျနော်တို.လို သူများဆီမှာ ဦးနှောက်နဲ.လုပ်အားကို အချိန်ပိုင်းနဲ.ရောင်းစားထားတဲ.သူတွေက
သူလာညည်းပြနေတာကို ဘယ်လိုပြန်ပြော ရမယ်ဆိုတာစကားလုံးရှာမတွေ.ပေါင်ဗျာ။
ကျနော်တို.က သူငိုချင်းချပြီး ပြီဆိုတာနဲ.”ခိုငြီးရေး မင်းဘဲပြောတော. မင်းက ဘာမှမပြည်.စုံတဲ. လူဆိုတော. မင်းဘဲငြီးပါ “လို.
သူ.ကိုအမြဲပြောလေ.ရှိပါတယ်။
ပြီးခဲ.တဲ. ကဆုန်လပြည်.နေက လုပ်ငန်းတစ်ခုကိုထူထောင်ဘို.ကြိုးစားနေတဲ.လူငယ်လေးတစ်ယောက်နဲ.
သူ.အသစ်ထူထောင်မယ်.အလုပ်အကြောင်းနဲ.ဆက်စပ်လို. ရောက်တတ်ရာရာ စကားစမြည်ပြောဖြစ်ကြပါတယ်။
သူမှာ.အသစ်ထူထောင်မယ.်လုပ်ငန်းအတွက် ငွေကြေး ပူစရာမလိုပါဘူး ဒီအပိုင်းက အဆင်ပြေတယ်။
သူမှာခက်နေတာက သူ.မှာ အတတ်ပညာမပြည်.စုံသေးဘူးလို.စိတ်ထဲမှာစွဲနေတယ်။
ဖြစ်ချင်တော. ပြီးခဲ.တဲလက သူ ဘုရားဖူးအဖွဲ.နဲ.လိုက်သွားခဲ.ပါတယ်။
အဲဒီအချိန်တုန်းက သူတို.နဲ.အတူ စီးပွားရေးလုပ်ငန်းရှင်တစ်ချို.လဲ ပါပါတယ်။
အတူတူသွားကြတော. လူကြီးတွေက သူတို.ဖြတ်သန်းခဲ.ရတာတွေ လုပ်ငန်းအတွေ.အကြုံတွေကို
တစ်ယောက်နဲ.တစ်ယောက်အပြန်အလှန်ပြောကြတာကိုး။
ဒါတွေကိုနားထောင်ရင်း သူကို်ယ်သူ ဘာမှမသိသေးပါလား ငါအများကြီးလိုသေးပါလားလို. တွေးမိလေ
သူ.ကိုယ်သူအားမရလေ သူထူထောင်မယ်.လုပ်ငန်းကို လုပ်ရမှာကြောက်လာလေ ဖြစ်လာပါသတဲ.။
ကျနော်နဲ.တွေ.တဲ.အချိန်မှာသူမှာ စုးိရိမ်စိတ်တွေ နဲ.ပြည်.လို.နေပါပြီ။
ကျနော်.ရုံးကကလေးမလေးတစ်ယောက်က LCCI လယ်ဗယ် 3ပြီးလို. AGGA ဆက်တက်ပါတယ်။
ပထမပိုင်းတော.အိုကေပါတယ် ရန်ကုန်ဆင်းဖြေတာ အမှတ်ကောင်းကောင်းနဲ.အောင်လဲအောင်ခဲ.ပါတယ်။
ဒါပေမဲ.ဒီနှစ် ဒုတိယပိုင်းသွားဖြေခါနီးရော သူ.ကြည်.ရတာ သနားစရာကောင်းလာတယ်။
အားတဲ.အချိန်လေးဆိုစာအုပ်ဖွင်.ဖတ်လို်က် မျက်စေ.လေးစုံမှိတ်လို. အလွတ်ပြန်ကြည်.လိုက်။
ခေါင်းကုတ်လိုက် ခပ်ငေးငေးလေးဖြစ်သွားလိုက်နဲ.။
မနေ နိုင်လို. မေးကြည်.တော.မှ အစက ရပြီးသား အထပ်ထပ်လေ.ကျင်.ပြီးသားစာတွေကို
ခုစာမေးပွဲသွားဖြေခါနီးလို. စာတွေပြန်နွေးလိုက်တဲ.အခါ အကုန်မေ.သွားတာလိုလိုဘာမှမမှတ်မတော.တာလို.လိုဖြစ်နေလို.
ငိုချင်စိတ်ပေါက်နေပါသတဲ.။
သူတို.အဖြစ်လေးတွေကို ကျနော်ဘေးက ကြည်.နေတဲ.သူဆိုတော. သူတို.ထက်ပိုမြင်သလိုပါ။
အဓိက ကတော. ကိုခိုငြီးရော လုပ်ငန်းထူထောင်မဲ.ကလေးတွေရော စာမရဘူးလို.ထင်တဲ.ကလေးမလေးရော မှာတူညီတဲ.အချက်က
သူတို.ရဲ.စိတ်တွေကို သိပ်ကိုတင်းကျပ်နေလို.ပါ။
ကိုခိုငြီးကလဲ သူ.ကိုယ်သူ အဆင်မပြေဘူးထင်တယ်။
ဟိုကလေးကတော.သူ.ကိုယ်သူ အတွေ.အကြုံ အတတ်ပညာမပြည်.စုံဘူးထင်တယ်။မအောင်မြင်မှာကို အရမ်းစိုးရိမ်နေရှာတယ်။
ကလေးကလေးကတော. စာတွေမရသေးဘူးထင်တယ်။စာမေးပွဲကခက်တယ် အအောင်နည်းတယ် အသံကြားထားတော. မအောင်မှာကို စိုးရိမ်နေပြန်ပါရော။
မိတ်ဆွေတို. ရေထဲမှာ ကိုယ်ဖော.ပြီးနေတာကိုတွေ.ဘူးမယ်ထင်ပါတယ်။
ကိူယ်ဖော.နေတော.ရေထဲမှာပေါ်နေပါတယ်။
ကျနော်တို.တစ်တွေလဲ နေ.စဉ် ဘဝကိုဖြတ်သန်းနေရာမှာ ကိုယ်ဖော.သလို စိတ်ကလေးကို ကြိုးစားလို.ပေါ.ပေါ.ပါးပါလေးဖြစ်အောင်
ဖော.ထားနိုင်မယ်ဆိုရင် ……………………………………………………………..
14 comments
human beings
May 2, 2010 at 2:21 pm
သိပ်ကောင်းတဲ ့အကြံပြုချက်ပဲ.လူတိုင်းဒီလိုပဲဖြစ်ကြဖူးပါတယ်.နောက်လည်းအားပေးပါဦးမယ်.
susunosuki
May 3, 2010 at 12:28 pm
ကျွန်တော်တိုက်ဆိုင်လို့ Charles Akara ရဲ့ အဆိုအမိန့်တစ်ခုကိုပြောချင်ပါတယ်
`လူတော်တွေဟာ သူတို့မရောက်နိုင်တဲ့ပန်းတိုင်တွေချမှတ်ထားလေ့ ရှိတယ်
အဲဒီမျှော်လင့်ချက်ကြီုးကို ပုခုံးထက်မှာ ထမ်းပိုးရင်း ဘယ်တော့မှရောင့်ရဲတယ်ဆို တာမရှိဘူး´
thethtet87
September 28, 2010 at 5:32 am
ကောင်းလိုက်တဲ့စာလေးဗျာ။တကယ်ကောင်းတယ်။
ကျွန်တော်တို့ရဲ့နေ့စဉ်လုပ်ငန်းကိစ္စတွေ၊လူနေမှုဝန်ထုပ်
တွေကိုမနိုင်မနင်းထမ်းရင်၊စိတ်ဖိစီးမှုတွေများလာရင်း
မလိုလားအပ်တဲ့ပြသနာလေးတွေပေါ်ပေါက်လာတယ်
လေ။ဒါတွေကစိတ်ကိုဖော့မထားလို့ပေါ့။တကယ်ပညာ
ရတယ်။ကျွန်တော်လည်းကိုယ်တွေ့ကြုံဖူးတော့မှန်တယ်
ဒီစာလေးကိုရေးတဲ့ခင်ဗျားကိုလည်းတကယ်လေးစား
တယ်။ဖြစ်နိုင်ရင်လက်ကမ်းစာစောင်လေးလုပ်ပြီးတောင်
ဖြန့်ဝေသင့်တယ်။
အခြောက်မလေးဖရဲ
April 7, 2012 at 3:25 pm
လေးပေါက်ကြီးချင့်
သမီးစိတ်ကို အတတ်နိုင်ဆုံးဖော့ထားပါမယ်ချင့်
ကိုပေါက်(မန္တလေး)
April 7, 2012 at 6:45 pm
အဖော့လွန်ရင်တော့ ပေ့ါသွားမယ်နော်
alinsett
April 7, 2012 at 7:55 pm
ကဲ..ဖော့ တော့မယ်..ဗျား..။
TTNU
April 8, 2012 at 11:08 am
ကိုပေါက်ရေ…
(၁) တီချာတို့ အိမ်ရှေ ့မြောင်းပိတ်နေတာ …. စိတ်ညစ်လိုက်တာ….
(၂) အရှေ ့ဘက်သစ်စက် လွှစက်ဆွဲနေတာနားကိုငြီးနေတာပဲ….စိတ်ညစ်လိုက်တာ….
(၃) ကားလမ်းပြင်ထားတော့ အိမ်ရှေ ့က ကားတွေ
အမောင်ကြမ်းလို့ ဖုံတွေထတာ ….စိတ်ညစ်လိုက်တာ….
(၄) မီးပြတ်သွားပြန်ပြီ၊ ကိုပေါက်မန ္တလေးရဲ ့ ပုံလေးတွေလှလို့
ကြည့်ကောင်းတုန်း….စိတ်ညစ်လိုက်တာ….
(၅) ဟော… မီးဥဩသံကြားတယ်၊ ဘယ်နားပါလိမ့် မီးမြင်ရရင်တော့
ပစ္စည်းလေးတွေသိမ်းဦးမှ ….စိတ်ညစ်လိုက်တာ….
(၆) မပုချ် ငိုချင်လို့တဲ့ ….စိတ်ညစ်လိုက်တာ….
(၇) ကိုပေါက် သိန်း(၁၅၀၀)ပေါက်သတဲ့… ….စိတ်ညစ်လိုက်တာ….
ယောင်လို့ပါ။ ပျော်လိုက်တာ။
ကိုပေါက်ရေ… မာမီ ခိုယောင်ဆောင်ကြည့်တာပါ။ 🙂
ကိုပေါက်(မန္တလေး)
April 8, 2012 at 12:18 pm
မာမီရေ
သူများကို သာ စိတ်ဖော့ဘို့ပြောနေမိတယ်။
ကိုယ်တိုင်လဲ ဖော့နိုင်အောင် ကြိုးစားနေတုန်းပါ။.
မွန်မွန်
April 8, 2012 at 2:42 pm
သမီးကတော့ ရေထဲမှာတော့ ကိုယ်မဖော့တတ်ပါဘူး။ ဘယ်လိုမှကို ဖော့ကြည့်လို့မရတာ။ (စကားချပ်)
စိတ်ကတော့ ဖော့သလားမဖော့သလားမသိဘူး။ အမေကတောင် ပြောတယ်။ ငါ့သမီးက စိတ်မညစ်တတ်ဘူးတဲ့…:P
ဆူး
April 8, 2012 at 4:48 pm
စိတ်ကတော့ ခါတိုင်း ပေါ့ပါးပါတယ်။
ဒီနေ့လည် အိမ်ခဏ ပြန်သွားတာ ခြံပေါက်ဝ မှာ ခပ်တည်တည် နဲ့ လာရပ်နဲ့ ကား အမှတ်တမဲ့ နောက်ဆုတ်လိုက်လို့ ပိန်ချိုင့်ဝင်သွားတဲ့ ကားလေး ကားလေး.. ကားလေး.. သူများ ကား က ဘာမှ မဖြစ်ပဲ ကိုယ့်ကား ပိန်သွားတာ ဆိုတော့.. ဘော်ဒီရုံပြေးရအုန်းမယ်။ စိတ်တွေ မပေါ့ပါးတော့ဘူး။
အိမ်မှာ နားပူနေတယ်။
ဆူး
April 8, 2012 at 4:51 pm
မြို့ထဲ သွားပြီး အလှူ အတွက် ငွေလွဲ သွားထုတ်ရအုန်းမယ်။
လူလည်း အခု တင်ထားတဲ့ အရုပ်လို ဖြစ်နေလို့ တော်တော် ပေါက်ကွဲတယ်။
ကိုပေါက်(မန္တလေး)
April 8, 2012 at 6:56 pm
2010 အေပရယ်လမှာရေးခဲ့တာလေးက အခုမှပြန်အသက်ဝင်လာတော့ကြည်နူးမိပါ၏
ကျနော် အင်တာနက်မှာစာရေးစက ရေးထားတာလေးမို့ပါ။
Khin Latt
April 8, 2012 at 8:25 pm
ကိုပေါက်ရေ
ပြောတာလေးတွေက မှန်လိုက်တာ။
ကပေါက်ကြီးမှာ အတွေးကောင်းလေးတွေက ပါးပါးလေး မဟုတ်ဘဲ တကယ် သန်မာတာဘဲ။
အရင်ရေးထားတာတွေကို ကောင်းကောင်းမှတ်မိပါတယ်။ မှတ်ချက်သာ မပေးဖြစ်ခဲ့တာပါ။
ရေးထားတဲ့ ဒီ အကြောင်းလေးကို ဆက်ပြီးစဉ်းစား နေမိတယ်။
မတူသောအမြင်ပေါ့။
ကျွန်မ နဲ့ အရမ်းခင်တဲ့ သူငယ်ချင်းတစ်ယောက်လဲ ဒီလိုဘဲ။
အရမ်းငြီးတတ်တယ်။ တော်ရုံ ကိစ္စ သေးသေးလေးက အစ စိတ်တိုင်းမကျရင် ပါးစပ်က ပွစိပွစိ နဲ့ ပြောရင်း သူ့စိတ်တိုင်းကျတဲ့ အထိလုပ်တတ်တယ်။
ကျွန်မသာ ဆို ဒါလေးများ ဆိုပြီး လွှတ်ပေးလိုက်တာ။ တော်ရုံ စိတ်ဖြေနိုင်တယ်။ ရောင့်ရဲနိုင်တယ်။
သူက ကျွန်မ ထက် အများကြီး ကို အောင်မြင်တယ်။
ဒီတော့ တစ်ခါတစ်ခါ တွေးမိတယ်။
အရာရာကို တော်ရုံ မရောင့်ရဲ နိုင်လို့ ဘဲ ပိုအောင်မြင်တာလို့ ထင်တာပါဘဲ။
တစ်ဖက် က ကြည့်ရင်တော့ ကျွန်မ က ဘဝမှာ ညည်းညည်းညူညူ နဲ့တော့ ရှင်သန် မနေရဘူးပေါ့။
ဒါပေမဲ့ တစ်ခါတစ်ခါ သူ့အောင်မြင်မှုတွေကို တော့ အားကျသား။ 😉
အမှန်တော့ ကိုယ်စိုက်ထုတ်နိုင်တဲ့ စွမ်းအား နဲ့ ကိုယ်လိုချင်မှု နဲ့ ရောင့်ရဲစိတ်နဲ့ က အားလုံး Balance မျှနေရင်တော့ ပိုကောင်းမယ်ထင်ပါရဲ့။ 🙂
ကိုပေါက်(မန္တလေး)
April 8, 2012 at 9:34 pm
ုကိုလတ်ရေ
ကျနော်ကတော့ စိတ်သက်သာရ ရအောင် ဘဲအမြဲကြိုးစားပါတယ်။
ငွေချမ်းသာမူ့နဲ့စိတ်ချမ်းသာမူ့ ………………….စိတ်ချမ်းသာတာကိုဘဲရွေးပါတယ်။
ဒါကြောင့်လဲ ကားမစီးနိုင်တာလားမသိ…………………….