Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒက္ခိဏသာခါ ပြဿနာ

ဆူးApril 28, 20112min38719

 

“ဒက္ခိဏ” ဆိုသည်မှာ ပါဠိစကားဖြစ်ပြီး မြန်မာဘာသာအားဖြင့် “တောင်အရပ်” ဟုအဓိပ္ပာယ်ရ၏ ။

“သာခါ” ဆိုသည်မှာလည်း ပါဠိဝေါဟာရပင်ဖြစ်ပြီး “သစ်ကိုင်း” ဟုအဓိပ္ပာယ်ရ၏။

ထို့ကြောင့် “ဒက္ခိဏသာခါ” ဟူသည် “တောင်အရပ်မှသစ်ကိုင်း” ဟု ခေါ်ဆိုရမည်ဖြစ်၏ ။

လွယ်လွယ်ကူကူမှတ်လျှင် “ဗောဓိတောင်ကိုင်း” ဟုဆိုနိုင်၏ ။

ထို“ဗောဓိတောင်ကိုင်း” ကိုပင် “အာဒိလဒ္ဒနာမ” အားဖြင့် “ဒက္ခိဏသာခါ” ဟုပင်ခေါ်ကြ၏ ။

ထိုတောင်ကိုင်းသားကို ဘုရားထုထား၍ “ဒက္ခိဏသာခါ”  ဘုရားဟု ခေါ်ခြင်းဖြစ်၏ ။

 

ဤတွင် ပါရမီသုံးဆယ်ကို အသက်ပါအသေခံ၍ ဖြည့်ဆည်းခဲ့သည့်အတွက်

အလောင်းတော်များဘုရားဖြစ်သည့်အခါပြုလုပ်ခဲ့သော ကုသိုလ်များသည်

အစွမ်းကုန်အကျိုးပေးကြသည်ဖြစ်၍ လူ့လောက၌သာမက နတ်ဗြဟ္မာများ

ထက် ဘုရားရှင်က အသပ္ပာယ်ဆုံးဟု ကျမ်းဂန်များကဆို၏ ။

ပါရမီကုသိုလ် များသည် နောက်ထပ်အကျိုးပေးစရာ ဘဝမရှိတော့သည့်အတွက် ဘုရား ဖြစ်သည့် နောက်ဆုံးဘဝတွင် စုပြုံ၍ အကျိုးပေးသည့်သဘောပင်ဖြစ်၏ ။

 

အသပ္ပာယ်ဆုံး ဆိုသည်ကား ရဟန်းသုံးဝေါဟာရဖြစ်၏ ။ လူသုံး အားဖြင့် မြတ်စွာဘုရားသည် တလောကလုံး၌ အလှဆုံးဟု ဆိုရမည် ဖြစ်၏ ။


သို့ဖြစ်၍ အသပ္ပာယ်ဆုံး ၊ အလှဆုံးဖြစ်သော ဘုရားရှင်ပုံတော်သည် “ဒက္ခိဏသာခါ”

ဘုရားမှာမှ ဂုတ်တိုတို ၊ ခါးကုန်းကုန်း ပုံပျက်ပန်းပျက်ကြီး ဖြစ်သွားရ၏ ။

ထို့အပြင် မှိုကိုးချက်ဆိုသည်လည်း ပါသေး၏ ။

ခေါင်းတွင်လည်း ကြာပန်းကြီးက အုပ်ထားလိုက်သေး၏ ။

ဘုရားပုံတော်ဆိုလျှင် ကြည်ညိုစရာအကောင်းဆုံးပုံတော်ကိုသာ ထုလုပ်သင့်၏ ။ အထက်ပါ မှိုကိုးချက်တို့ ၊ ကြာပန်းတို့မှာ လောကီဂိုဏ်းဆရာများ၏ ညွှန်ကြားချက်များပင် ဖြစ်၏ ။

ထိုသူများသည် ဘုရားပုံစံ ဘယ်လိုပုံစံပင်ဖြစ်သွားပါစေ ကိုယ့်လောဘအလိုပြည့် ရင်ပြီးတာပဲ ဆိုသည့် “အတ္တစိတ်” ကြောင့် ဖြစ်ပေါ်လာသောပုံတော်များပင်ဖြစ်၏ ။

ဤနေရာ၌ ဗုဒ္ဓ၏ရူပကာယတော်ကို ထိခိုက်စေသော ထိုပုံတော်မျိုးကို ထုလုပ်သူများ ၊ ကိုးကွယ်သူများတွင် အပြစ်မရှိဘူးလားဟု မေးစရာရှိ၏ ။

အပြစ်မရှိဘူးလားဆိုလျှင် အကုသိုလ် မဖြစ်ဘူးလားဟု မေးတာနှင့်အတူတူပင်ဖြစ်၏ ။

ထိုပုံစံကြီးထုလုပ်လိုက်လျှင် ၊ ထုခိုင်းလိုက်လျှင် ဗုဒ္ဓ၏ရူပကာယတော်ကြီး

ပျက်စီးသွားပြီဟု မသိသည်ဖြစ်၍ ထုလုပ်သည့်သူ ၊ ထုလုပ်ခိုင်း၍ ကိုးကွယ်သည့်သူများတွင် အပြစ်မရှိချေ ။

သို့သော် သိပြီးသည့်နောက် ထိုပုံဆိုးပန်းဆိုးကြီးကို ဆက်လက်ထုလုပ်နေကြလျှင် ၊ ဆက်လက် ထုလုပ်ခိုင်းနေကြလျှင် အပြစ် ဖြစ်၏ ။ အကုသိုလ် ပင်ဖြစ်၏ ။

ပန်းပုဆရာတစ်ယောက်ပြောပြချက်အရ ရုပ်ပွားလာအပ်သောသူမှ “ခါးကုန်းကုန်းဘုရားထုပေးပါ” ဟုပြော၍ အလုပ်လာအပ်၏ ။ ပန်းပုဆရာလည်း ဘယ်လိုပုံဆိုသည်ကို မတွေးမိသည်ဖြစ်၍ ဒက္ခိဏသာခါ ဘုရားပုံကိုပြပြီး “ဒီပုံလား” ဆိုတော့ “ဟုတ်တယ်” ဟုဖြေလိုက်ရသည်ကို ကြားဖူး၏။


နောင်မျိုးဆက်သစ်လူငယ်များအား ဗုဒ္ဓဘုရားဟာ ခါးကုန်းကုန်းကြီးပဲ ဆိုသည့် အယူဝါဒဆိုးကြီး စွဲမသွားအောင် အခုကတည်းက ပြုပြင်သင့်ပေ၏ ။

**ပုံတွင် ဒက္ခိဏသာခါဘုရား၏ လက်ဝဲတော်ရံ ၊ လက်ယာတော်ရံမှာ ဘိုးဘိုးအောင်နှင့်ဘိုးမင်းခေါင်ဖြစ်

နေသည်ကိုတွေ့ရှိရပါသည် **


ကျမ်းညွှန်း –

 

မေတ္တာရှင်ရွှေပြည်သာ – ထေရဝါဒမှတ်ကျောက်

ဟိန်းလတ် – ဒက္ခိဏသာခါ

 

http://kooo002.multiply.com/journal/item/146

19 comments

  • ဆူး

    April 28, 2011 at 4:27 pm

    ရွာသားများ
    သိပြီးတဲ့ သူလည်း သတိမမေ့ဖို့နဲ့.. မသိသေးတဲ့ သူများ သိစေဖို့.. သိသွားပြီ ဖြစ်တဲ့ ရွာသားများ ထေရဝါဒ ဗုဒ္ဓသာသနာနဲ့ မပတ်သတ်တဲ့ အပြုအမူများကို ပတ်ဝန်းကျင်မှာ ဆရာလုပ်နိုင်ကြပါစေ။

  • parlayar46

    April 28, 2011 at 5:56 pm

    ဗုဒ္ဓပုံတော်ကို ဘေးရန်များမှကာကွယ်ချေဖျက်ဘို့ ယတြာအဖြစ်သော်၎င်း ၊ လောကီအကျိုးစီးပွားများရဘို့ အဆောင်အဖြစ်သော်၎င်း ရည်ရွယ် ပြီးထုလဲမထုလုပ်သင့်ပါ။ ကိုးလဲမကိုကွယ်သင့်ပါ။ အဲသလိုရည်ရွယ်ပြီး ထုလုပ်/ကိုးကွယ်တာဆိုရင် ဘယ်လိုပုံမျိုးပဲဖြစ်ဖြစ် လှလှ မလှလှ မသင့်တော်ပါ။
    ဗုဒ္ဓပုံတော်ကို ဒက္ခိဏသာခါလို ခါးကုန်းကုန်း ပုကွကွ ပုံဆိုးပန်းဆိုး ထုထားတာကို နောင်မျိုးဆက် လူငယ်များတွေ့တဲ့အခါ ဗုဒ္ဓရဲ့ ရူပကာယကိုယ်တော်ကို အထင်မှားဘို့ထက် ထုတဲ့ပန်းပုဆရာကို အရမ်းညံ့တဲ့ပန်းပုဆရာပဲလို့ ၊ ကိုးကွယ်တဲ့သူကိုလဲ ဦးနှောက်မရှိတဲ့အရူးပဲလို့လဲ ထင်သွားနိုင် ပါသေးတယ်။ လူကြီးတွေမိုက်ခဲ့သလောက် ညံ့ခဲ့သလောက် လူငယ်တွေ လိုက်မိုက်မယ် ညံ့မယ်လို့ ပုံသေပြောလို့တော့မရဘူးထင်ရဲ့..။

  • shwe ni

    April 28, 2011 at 6:19 pm

    ဘိုးဘိုးအောင်နှင့်ဘိုးမင်းခေါင်ရံထားတာမတွေ့ဘူးသေးဖူး ဆူးရေ
    အစ်မသတိမထားမိတာဖြစ်လိမ့်မယ်

  • kai

    April 28, 2011 at 6:26 pm

    အဲဒီလိုမျိုးတွေကို ..လူငယ်တွေက စိစစ်လုပ်သွားသင့်တယ်..။
    အင်း..
    ဒီလိုနဲ့… နောင်၁ဝနှစ် … စာရင်းချုပ်တော့… ဘာမှကို ကျန်မှာကိုမဟုတ်တော့ဘူး..။ 🙂

    ဆိုတော့…..
    မိုးကြိုးပစ်တယ်ဆိုတာ… သိကြားမင်းဝရဇိန်လက်နက်နဲ့ခွင်းတယ်ပဲယုံကြည်တဲ့… ငလျင်လှုပ်တယ်ဆိုတာ… တန်ခိုးကြီးတဲ့ ရဟန္တာဖြစ်မဲ့သူ မွေးတယ်တင်တဲ့… ရွေတိဂုံစေတီဆိုတာ… ဘုရား၄ဆူရဲ့ မွေတော်ဓါတ်တော်တွေဌာပနာထားတယ်သိတဲ့… (အခြေခံပညာ အလယ်တန်းတောင်မအောင်တဲ့ ..) ဦးဇင်းတပါးက… သင်္ကန်းကြီးခြုံ…
    “ဒကာမလေးဆူး… အခုလိုဘုရားဆင်းတုတွေကို ဝေဖန်နေရင်.. နောင်ဘဝမှာ အဝီဇိမှာ ဂျိုးကပ်မယ်… ပါးစပ်ကနေသံရည်ပူတွေလောင်းချခံရလိမ့်မယ်.. သံသရာအဆက်ဆက်… လူဖြစ်ရင်တောင်.. ဦးနှောက်ထုံထိုင်း.. ကျပ်မပြည့်သူဖြစ်မယ်”ပြောလိုက်ရင်…
    ..

    ဆူးမမတယောက်..
    “ဟုတ်… ဟုတ်..”
    နဲ့ လက်အုပ်လေးချီ..အသာလေးကုတ်နေမှာ .. မြင်သေး… 🙂
    ===========================
    စကားမစပ်… မြန်မာပြည်က… ဘွာဘွားအောင်.. ဘိုးဘိုးအောင်တွေ.. ဒီခေတ်ကြီးထဲလည်း.. ပိုလုပ်စားလို့ရအောင် စာအုပ်လေးညွှန်းချင်တယ်..။
    အစဉ်ပြေတဲ့သူ ဘာသာပြန်ပေးလိုက်ပါဦး…။ 🙂 🙂
    http://books.google.com/books?id=MKzL3WQoRh0C&printsec=frontcover&dq=Chemical+magic&hl=en&ei=57K5TZngCcfciAKz6IEr&sa=X&oi=book_result&ct=result&resnum=1&ved=0CDEQ6AEwAA#v=onepage&q&f=false

    • ဆူး

      April 29, 2011 at 5:22 am

      “ဒကာမလေးဆူး… အခုလိုဘုရားဆင်းတုတွေကို ဝေဖန်နေရင်.. နောင်ဘဝမှာ အဝီဇိမှာ ဂျိုးကပ်မယ်… ပါးစပ်ကနေသံရည်ပူတွေလောင်းချခံရလိမ့်မယ်.. သံသရာအဆက်ဆက်… လူဖြစ်ရင်တောင်.. ဦးနှောက်ထုံထိုင်း.. ကျပ်မပြည့်သူဖြစ်မယ်”ပြောလိုက်ရင်…
      ..

      ဆူးမမတယောက်..
      “ဟုတ်… ဟုတ်..”
      နဲ့ လက်အုပ်လေးချီ..အသာလေးကုတ်နေမှာ .. မြင်သေး… 🙂

      လွယ်လွယ်နဲ့ လက်မလျော့တတ်လို့.. သဂျီး တောင် ကျည်ဆံနဲ့ ဒဲ့ချိန်ပြစ်နေတာ..
      ဒီလောက် အပစ်ခံရတာတောင် သေချာ မသိသေးဘူးဆိုရင်.. လက်နက်ကြီးနဲ့ ထု ပေးရမလား။

      • nozomi

        April 29, 2011 at 5:32 am

        ဆူးမမ ကလဲ သူကြီးကို ကျည်ဆံ ပြစ်ပြတော့ ဘယ်ကြောက်မလဲ ကျည်ဆံ နဲ့ ပစ် မှ ကြောက်မှာပေါ့ ……………..

      • ဆူး

        April 29, 2011 at 6:09 am

        ဒါဆိုလည်း ကျည်ဆံ ထည့် ပစ်လိုက်မယ် ကွယ်.. မကြောင်တောက်မှ နည်းနည်းတော့ ဖြုံပေါ့။

    • eros

      April 29, 2011 at 1:36 pm

      သူကြီး အဲဒီစာအုပ်ဖတ်ပြီး ဘာသာပြန်ချင်တယ် PDF နဲ့ ပို့ပေးလို့ရမလား

  • shweminthar

    April 29, 2011 at 12:47 am

    အန်တီဆူးက တော့ ဘာသာရေး တွေ လုပ်အားထုတ်နေပြီပေါ့
    အန်တီဆူး တရားရှာပြီးတရာတွေ့ပြီထင်တယ်။
    အန်တီဆူးတို့ အရွယ်ဆိုတော့လဲ ဘုရားတရား လိုက်စားတာ ကောင်းပါတယ်လေ။
    ကျနော်ကတော့ ခဏ လောက် မသိချင်ယောင်ဆောင်လိုက်အုန်းမယ်။

  • myatthu

    April 29, 2011 at 2:38 am

    မြတ်စွာဘုရားက ဟောထားခဲ့ပါတယ်……………။လူတွေတရားပျက်တဲ့နေ ့က သာသနာပျက်တဲ့နေပါတဲ့………….။အခုလူတွေကတရားတာထက် မတရားတာကို ပိုစိတ်ဝင်စားကြပါတယ်…။ဒါကြောင့်ကိုယ် ့ကိုကိုယ် လည်းနေ ့
    တိုင်းပြန်မေးကြည် ့ကြပါ..။ငါတရားကို လုပ်နေတာလား?………မတရားတာကို
    လုပ်နေတာလား?………….။

  • maungmoenyo

    April 29, 2011 at 3:16 am

    အော်…ပညတ်သွားရာဓါတ်သက်ပါ နေပါရော့လား။ ကွန်မြူနစ်လို့တော့ မရိုးလိုက်ပါနဲ့။ ရုပ်တုကိုးကွယ်တဲ့ သာဿနာရယ်လို့တော့ ဘာသာကြီးများကြားမှာ အဖြစ်မခံကြပါနဲ့…ကွယ်တို့။

  • hmee

    April 29, 2011 at 6:42 am

    ဒီက ရဘိုင်တွေကို အမြဲမြင်တွေ့ နေရတော့ စိတ်ထဲမှာ ဘယ်လိုတွေးမိလဲဆိုတော့ စာထဲမှာဖတ်ဖူးတဲ့ ပုဂံခောတ်က အရည်းကြီးတွေများ အနော်ရထာ နှင်ထုတ်လို့ဒီများရောက်လာသလားလို့။ ရုပ်တုကိုးကွယ်တယ်ပဲ ပြောပြော ဘုရားပုံတော်မြင်တိုင်း ကျက်သရေရှိတယ်လို့ ခံစားရတယ်။

  • MaMa

    April 29, 2011 at 12:43 pm

    မှီရေ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့သူတစ်ယောက်အနေနဲ့ ဘုရားပုံတော်ကနေ ဂုဏ်တော်ပွားဖို့ (ပိုပြီးအကျိုးများအောင်) တိုက်တွန်းလိုပါတယ်။ ရုပ်ထုကိုးကွယ်တယ်ဆိုတာ မိရိုးဖလာ ကိုးကွယ်မှုကနေ ဆင်းသက်လာလို့ ဖြစ်ပါလိမ့်မယ်။ ဟိုတစ်လောက တင်တဲ့ပိ်ုစ့်ထဲကလို မိရိုးဖလာ ယုံကြည်မှုနဲ့ သက်ဝင်ယုံကြည်မှု အတိုင်းအတာ ကွာခြားပါလိမ့်မယ်။ ပဲခူးက ပဏ္ဍိတာရာမ ဆယ်မိုင်ကုန်းတောစခန်းရိပ်သာမှာ ကိုရီးယား၊ ထိုင်ဝမ်၊ ပြင်သစ်၊ အမေရိကန် စသည်ဖြင့် နိုင်ငံအစုံက လာရောက်တရားအားထုတ်ကြတာ နှစ်ပေါက်နေတဲ့လူတွေတောင် ရှိတယ်။ နှစ်တိုင်း December နဲ့ January နှစ်လ နိုင်ငံခြားသား တရားစခန်းရှိတယ်။ အဲဒီမှာ အစားအသောက် အနေအထိုင် အဆင်ပြေအောင် အထူးကြိုးစားပေးပါတယ်။ စိတ်ဝင်စားကြရင် ဆက်သွယ်နိုင်ပါတယ်။

  • ဆူး

    April 29, 2011 at 12:58 pm

    နိုင်ငံခြားသား ဘုန်းကြီးတွေ မြင်ဘူးတယ်။ တော်တော် ကြိုးစားတယ်။ သူတို့ဆို ရှိသမျှ အကုန် စွန့်လွတ်ပြီး လာကြတာ.. အရမ်းလည်း အားထုတ်တယ်။ အပိုအလို စကားမပြောဘူး။ လုပ်ချင်လွန်းလို့ လာတာ ဆိုတော့.. တကယ်လည်း လုပ်တယ်။

  • nature

    April 29, 2011 at 2:37 pm

    မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေမှာ အားနည်းချက်တွေရှိနေပါတယ်။

  • ဆူး

    April 30, 2011 at 8:08 am

    မိရိုးဖလာ တွေရဲ့ အားနည်းချက်ကို ထောက်ပြရင် သိပ်မကြိုက်ချင်ကြဘူး။
    ဒီအတွက် စိတ်ရှိတိုင်း မရေးဘဲ.. ဘုန်းကြီး ရေးတာကို ကူးပြီး တင်ပေးတာပါ။
    အားလုံး အသိတွေ များများ တိုးစေဖို့ မျှော်လင့်ပါတယ်။

  • nature

    April 30, 2011 at 5:00 pm

    ဆူးပြောတာကိုထောက်ခံပါတယ်။

  • moethidasoe

    May 1, 2011 at 8:40 am

    ငယ်ငယ်တုန်းကတည်းက အဖေအမေတို့ ဘုရားရှိခိုး သင်ပေးတယ် .. ငါးပါးသီလ ဆိုတာနဲ့ အပြစ်ကို သင်ပေးတယ် .. ဥပုသ် စောင့်တယ် ဆိုတာကို သိအောင် ပြောပြခဲ့တယ် .. တရားပွဲတွေ ခေါ်သွားခဲ့ဘူးတယ် .. ဒါကြောင့် တစ်ချိန်က ကလေးတွေ အခု အသက် ၅ဝ ပိုင်းလောက်တွေ တရားသဘော .. ဘာသာတရားကို ပို သိကြတယ် ..
    အခု အချိန်ရတဲ့ မိဘတွေ ပြောပြတာ ခံယူခွင့်ရတဲ့ ကလေးတွေ နှင့် တရားပွဲတွေ တရားစခန်းတွေ ထိစပ်မှုရှိတဲ့ ကလေးတွေအတွက် ဘာသာရေးအခြေခံတွေ သိရပေမယ့် အချိန်နှင့်အမျှ စီးပွားရေးကို လုံးပမ်းနေရတဲ့ မိဘနှစ်ပါး အောက်မှာ ကြီးပြင်းရသူတွေကျတော့ အခြေခံ နည်းလာတယ် .. (ခြုံပြောတာနော် .. အားလုံးလို့ သိမ်းကျုံး မပြောပါ) ဒါကြောင့် မိရိုးဖလာဆိုတဲ့အောက်မှာ ကွာခြားချက်တွေ ပေါ်လာတာပါ

    • ဆူး

      May 1, 2011 at 12:53 pm

      ကလေးများလည်း ဘာသာရေး အသိ အတွေးတွေ ရှိနိုင်အောင် ယဉ်ကျေးလိမ်မာ သင်တန်းများ သို့မဟုတ် လူကြီးများ နားယဉ်အောင် တရားခွေ များများ ဖွင့် ကြားပါ များတော့ မှတ်မိသွားတယ်။

Leave a Reply