ကောင်လေး ကောင်မလေး အခန်းဆက်

ဆက်ရေးမယ် ဆိုတော့လဲ ရေးရပြီပေါ့ဗျာ ကျွန်တော့်ဘေးမှာ ကော်ဖီခွက် တစ်ခွက် ဆေးလိမ်တိုလေး လဲပါသေးပေါ့ ဒါဆိုလုံလောက်နေပြီ

ကောင်လေးနဲ့ ကောင်မလေး ဘယ်လိုဖြစ်သွားလဲ ဆိုတော့ ဒီလိုပါ နံနက်အစော (9)နာရီမှာ ကောင်မလေးက ကောင်လေးရှိရာကို လာခဲ့တယ် ကောင်မလေး မျက်နှာမှာ အပြုံးရိပ်တွေနဲ့ပါ ။ ခဏပဲစကားပြောဖြစ်ခဲ့ကြတယ်။

ညနေ (6)နာရီလောက်မှာ သူတို့နှစ်ယောက် အွန်လိုင်းပေါ်မှာတွေ့ကြပြီလေ “ ကောင်မလေး” စပြီးခေါ်တယ် “ဟိတ်” “ကောင်လေး” ကလဲ တိတ် တဲ့လေ ဆက်ပြောတယ် ထင်ပါတယ် ပေါ်မလာဘူး  တစ်ခြားနေရာကနေ လှမ်းနှုတ်ဆက်တော့မယ်ဆိုတ  ခဏနေပြန်တော့မလို့ “ကောင်မလေး” ပြန်ပြောတယ် ကောင်းပါတယ် တဲ့ “ကောင်လေး” က…ဘာကောင်းတာလဲ၊ အဲလိုနဲ့ သူတို့တွေ ချက်ရွန်းမှာ ပြောဆိုပြီး မနက် (9)နာရီကို ထက်ချိန်းလိုက်တယ် ကောင်မလေး မလာတာလား လွဲချော်သွားလားမသိ မဆုံဖြစ်ခဲ့ကြဘူး။ သူတို့တွေမှာ အတွေချင်းမတူညီကြတော့ပါဘူး တစ်ဖြေးဖြေးမှေးမှိန်သွားခဲ့ပါတယ် နောက်ပိုင်းမှာ အပြင်မှာ တွေ့တယ် နက် ပေါ်မှာတွေ့တယ် ဒီလို ဒီလိုနဲ့ အမုန်းမရှိတဲ့ အချစ်တွေကို ကောင်လေးနဲ့ ကောင်မလေး ပိုင်ဆိုင်ခဲ့ကြပါတယ် ချစ်သူဆိုတဲ့ Folder ကြီးကို Virus တစ်ခုကိုလိုက်တဲ့အတွက် မှေးမှိန်သွားကြပါပြီး သူတို့နှစ်ယောက် မဝေးကွာပေမဲ့ မပေါင်းစပ်ခဲ့ကြတော့ပါဘူးဗျာ……။

3 comments

  • myatthu

    April 29, 2011 at 2:42 am

    ဘဝ သံသရာ ရှည်လျှား ထွေပြား မနေမနား တစ်သွားတည်း သွားကြတာ
    ဘဝ သံသရာတဲ့ ရှည်လျှား ထွေပြား မနေမနား တစ်သွားတည်း သွားကြတာ
    ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တတ် ဆက်လက်ထွက်ခွာလာ
    ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တတ် ဆက်လက်ထွက်ခွာလာ

    လောဘရယ် ဒေါသရယ် မောဟရယ် အဝိဇ္ဇာ ပစ္စရာ သင်္ခါရာ
    ပျော်လိုက်ရွှင်လိုက် ငိုကာ ရယ်ကာ ဘယ်ဟာမတည်မြဲ
    ဖောက်လွှဲ ဖောက်ပြန် အကြောင်းကံ ကံမ္မသကာ

    ဪ လောဘရယ် ဒေါသရယ် မောဟရယ် အဝိဇ္ဇာ ပစ္ဆရာ သင်္ခါရာတဲ့
    ပျော်လိုက်ရွှင်လိုက် ငိုကာ ရယ်ကာ ဘယ်ဟာမတည်မြဲ
    ဖောက်လွှဲ ဖောက်ပြန် အကြောင်းကံ ကမ္မသကာ

    တွေ့ကြုံ ဆုံကွဲ တစ်ခရီးတည်း ဝမ်းနည်းဝမ်းသာ ဝပ္တံသာ
    ဖြစ်ချင်တာလည်း မဖြစ်ရပါ မဖြစ်ချင်ပါလည်း ဖြစ်ရမှာ
    ဪ ဖြစ်ချင်တာတွေလည်း မဖြစ်ရပါ မဖြစ်ချင်တာတွေလည်း ဖြစ်ရမှာ
    ၃၁ ဘုံဝဋ်အတွင်းရောက်တော့ ကရွတ်ကင်းရှောက်တဲ့ တေးပုံမာ
    အဲဒါ အဲဒါ အဲဒါ ဘဝသံသရာ

    ဘဝ သံသရာ ရှည်လျှား ထွေပြား မနေမနား တစ်သွားတည်း သွားကြတာ
    (ဘဝဆိုတာ သတ္တဝါတစ်ခုရဲ့ ဇာတိကအစ
    မရဏအထိ အဲဒီကာလကလေးလို့ သိကြရပါတယ်
    အဲဒီဘဝဟာ တစ်ဘဝတည်းနဲ့ ပြီးသွားကြမလား
    ဘဝပေါင်းများစွာ ရွေလျားနေရတဲ့အတွက်
    သံသရာရယ်လို့ ဘုရားဟောတော်မူခဲ့ပါတယ်
    အဲဒီလို ဘဝသံသရာမှာ ဒီဘဝ ဒီခန္ဓာ ဒီရုပ်
    ဟိုဘဝ ဟိုခန္ဓာ ဟိုရုပ်
    ဗြမ္မပြည် တဝန်းဝန်း ဝဋ်လကျင်း တရှုံ ့ရှုံ ့
    ကံမ္မဆိုတဲ့ စက်ခလုတ်ကြောင့် အရုပ်များ လှမ်းသလို လှမ်းနေကြရတာက)
    ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တတ် ဆက်လက်ထွက်ခွာလာ
    ( အဲသလို သံသရာမဆုံးမချင်း သွားကြရတာက
    ဘယ်သူတွေရဲ့ ပယောဂပါလဲ စဉ်းစားကြည့်လိုက်တော့ )
    ဪ လောဘရယ် ဒေါသရယ် မောဟရယ် အဝိဇ္ဇာ ပစ္ဆရာ သင်္ခါရာတဲ့
    (အရင်းစစ်လိုက်တော့ အဝိဇ္ဇာ ပစ္ဆရာ သင်္ခါရာဆိုတဲ့အတိုင်း
    စုံလုံးကန်းတဲ့ အဝိဇ္ဇာကြောင့်
    သင်္ခါရဆိုတဲ့ ပြုပြင်တာတွေ စီမံတာတွေ ခံနေကြရတာပါပဲ
    ဒါကို ဘဝတိုင်း ဘဝတိုင်း
    ကောင်းတာလေးတွေ တွေ ့တော့ ပျော်လိုက်ကြ
    မျူးစရာလေးတွေ ့တော့ ရွှင်လိုက်ကြ
    ဒုက္ခဆင်းရဲတွေ ့တော့ ငိုလိုက်ကြ
    ကိုယ်လိုချင်တာလေးရတော့ ရယ်လိုက်ကြ
    ဒါပေမယ့် ဘယ်ဟာမှ မမြဲကြပါဘူး
    တွေ ့တယ် ကြုံတယ် ဆုံတယ် ကွဲတယ်
    ဝမ်းနည်းဝမ်းသာ ဝိပံ္ပလာသတရားတွေမို ့
    ဖြစ်ချင်တာလည်း ဖြစ်ချင်မှ ဖြစ်ကြမယ်
    မဖြစ်ချင်ပါဘူးဆိုလဲလည်း မဖြစ်ချင်လည်း ဖြစ်ကြရမယ်
    အဲဒီလို တေးဘူမက္က ဝဋ်ဒုက္ခဆိုတဲ့
    ၃၁ ဘုံက လွတ်ကင်းအောင် ဇွတ်အတင်းထွက်နိူင်ကြဖို ့ကလဲ
    သန်းခေါင်လကွယ် တောအုပ်အလယ်
    လမ်းမှားနေကြတဲ့ ခရီးသွားများသဖွယ်
    ကရွတ်ပေါ် ကင်းများရှောက်သလို
    ဝိုင်းကြီးပတ်လည် ဘဝမဆုံးပဲနဲ ့
    ဒုက္ခစုံညီ ရင်ဝယ်ပိုက်နေကြရတဲ့အတွက်
    ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာ မဂ္ဂသစ္စာတွေ
    ရင်ဝယ်ပိုက်နိူင်အောင် ကြိုးစားကြဖို ့)
    ၃၁ ဘုံဝဋ်အတွင်းရောက်တော့ ကရွတ်ကင်းရှောက်တဲ့ တေးပုံမာ
    အဲဒါ အဲဒါ အဲဒါ ဘဝသံသရာ….။ ။

    ဆရာကြီးဘဘ ဦးသုခရဲ့ ဘဝသံသရာ သီချင်းကို သွားတွေ ့လို ့နားထောင်မိလိုက်တာပါ အခုတလောဖြစ်နေတာတွေကို တရားသဘောလေးနဲ ့ ဆင်ခြင်လိုက်တော့လဲ ………။
    ဘာရယ်တော့မဟုတ်ပါဘူး ဒီသီချင်းလေးလို လူတိုင်းဟာနေ့စဉ် ဘဝဆိုတဲ့သံသရာကြီး
    ထဲမှာတဝဲလည်လည်နဲ့ မျှောနေကြရမှာပါပဲလေ
    သံယောဇဉ်ကြိုးလေးရဲ့အိမ်မှာ နားထောင်ကြည့်လိုက်ပါ
    တစ်ခုခုတော့ ရင်ထဲမှာ ကျန်ခဲ့မှာပါ
    တွေးစရာလေးတွေလဲ ရသွားမှာပါ
    အားလုံးပဲ စိတ်ဆင်းရဲမှုတွေများပြားလှတဲ့ ဘဝသံသရာ ကနေလွတ်ကင်းနိုင်ကြပါစေ…….

  • နိုင်နိုင်

    April 29, 2011 at 3:58 am

    “ဘဝ သံသရာ ရှည်လျှား ထွေပြား မနေမနား တစ်သွားတည်း သွားကြတာ” “ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တတ် ဆက်လက်ထွက်ခွာလာ”
    အဲဒါ အမှန်တရားတွေပါပဲဗျာ…

  • cobra

    April 29, 2011 at 11:41 am

    အင်း
    ဘယ်လိုပြောမလဲ….
    ဇာတ်လမ်းကဝမ်းနည်းရမလိုလို..
    အိမ်ထောင်ရှိပီးသားမိန်းကလေးတယောက်ကိုမယူတာလည်းကောင်းတာပဲ
    အကုန်လုံးကောင်းတယ်….။

Leave a Reply