ညည တခါးခေါက်

ဆူးApril 29, 20111min42533

အရင်က ဆူး နေတဲ့ အိမ်ရဲ့ ဘေးကပ်ရပ် အခန်းမှာ ဖြစ်သွားတဲ့ ကိစ္စပါဘဲ။

ညနေစောင်းလို့.. အချိန် ၄နာရီ ၅နာရီ ဆိုရင် အဲဒီ ဇတ်လမ်းက စပါပြီ။

ကပ်ရပ် ဘေး အခန်းဆိုတော့ ဟိုဘက် အိမ် ဒီဘက်အိမ်က စကားပြောရင်တော့ ကြားရပါတယ်။ သူတို့ အိမ်ကို ဧည့်သည်များ လာရင်လည်း သိသာပါတယ်။ တံခါးခေါက်သံ ကြားရသလို.. ကိုယ့်အိမ်လာတဲ့ ဧည့်သည်လည်း သူတို့ သိကြတယ်။ ညနေစောင်းရင် ဘေးအိမ်ကို တံခါးခေါက်သံ ကြားကြားနေရသလို အိမ်ရှင်များကလည်း အိမ်သူ အိမ်သားများ အလုပ်ပြန် ကျောင်းပြန် ရှိတော့ တံခါး အမြဲ ဖွင့်ကြည့်တယ်။ သို့သော်……..

တံခါးက ခေါက်သံသာ ကြားရတယ် ဘယ်သူမှ မရှိဘူး။

နေ့စဉ်ရက်ဆက် တနေ့ တနေ့ အကြိမ်ရေ များစွာ ခေါက်ခေါက်နေတော့.. ပထမတော့ လူလုပ်တာ ထင်ပြီး ဒေါတွေ ပွပြီး နေခဲ့ပေမဲ့.. လူလုပ်တာ ဆိုလည်း ခေါက်ပြီး ပုန်းခိုစရာ နေရာ မရှိတဲ့ အတွက် သူတို့လည်း ကြက်သီး မွေးချင်းထပြီး ကြောက်လန့်နေကြပြီ။ တခါတလေ တံခါး ခေါက်သံကြားလို့ မဖွင့်ရဲလို့.. မဖွင့်ဘဲ နေတဲ့ အခါကျတော့ အိမ်ရှင် အဘိုးကြီး အလုပ်က ပြန်လာတာနဲ့ တိုက်ဆိုင်နေတော့ အဘိုးကြီးက ဒေါတွေပွပြီး.. ဟေ့.. ဘယ်သူမှ မရှိကြဘူးလား တံခါးဖွင့်ဆိုတဲ့ လူသံ ကြားမှ ဝမ်းပန်း တသာဖွင့်ပေးကြတယ်။

နောက်တော့ ဘေးအိမ်ဖြစ်တဲ့ ဆူး တို့ မိသားစု ကို အကူအညီ တောင်းပါတယ်။

တံခါးခေါက်သံ ကြားရင် အိမ်နံရံ ခေါက်လိုက်မယ် ဖွင့်ကြည့်ပေးပါ ဆိုတော့.. တံခါးခေါက်သံ ကြားရင် အသံပေးတယ်.. တံခါးခေါက်နေတယ် ကြည့်ပါအုန်းတဲ့.. ဖွင့်သာ ကြည့်တယ် ဘာမှ မမြင်ဘူး။ ဒီလိုနဲ့ ကိုယ်လည်း သဘောပေါက်နေပြီ။ အိမ်မှာက ထူးခြားတာ တခုက တံခါးမှာ အပေါက် ဖောက်ထားတော့ လူလာသလား ဆိုပြီး တံခါး ချောင်းတဲ့ အပေါက်က ကြည့်ပေးလိုက်တယ် မဟုတ်ဘူး ဆိုပြီး အချက်ပေးလိုက်ရင် မဖွင့်ပေးဘဲ နေရင် ဒေါကြီးမောကြီး နဲ့ ခေါက်တာမျိုးတွေ ဖြစ်တဲ့ အထိပါဘဲ။

နောက်တော့ သိတဲ့ လူတွေ လိုက်မေးတော့..  ဆရာတယောက်ခေါ်လာတာ တွေ့ပါတယ်။ အဲဒီ ဆရာက အိမ်ထဲအဝင်မှာ.. ပြသနာ တော့ ရှိတယ် လို့ ပြောတယ်.. ဒါနဲ့ တအိမ်လုံး ဆန်စေ့ (ဆန်မန်း) ကျဲပြီး ဒီနေရာကို ကြည့်လိုက်စမ်းဆိုပြီး ဘီဒို တခု ကို လက်ညိုးထိုးတာကို ဖွင့်ပြီး ကြည့်တော့ ထူးထူးဆန်းဆန်း ကြေးပြားလေး တခုကို ပုဆိုး အစ လို့ ထင်ရတဲ့ အစ သေးသေးလေး တခုနဲ့ ပတ်ထားတာ တွေ့ပါတယ်။

ထိုဘီဒို နေရာက သူတို့ မိသားစု သန့်ရှင်းရေး လုပ်နေကြပါပဲ။ မတွေ့ကြပဲ အခုမှ တွေ့တော့ တော်တော် ထူးဆန်း အံဩနေကြတယ်။ ဒီလိုနဲ့ ဆရာ အဲဒါ ဘယ်လိုဖြစ်တာလဲ မေးတော့.. နင်တို့ အိမ်ကို အစိမ်းသေ ပုဆိုးနဲ့ ပတ်ထားတဲ့ အင်းပြား လာချသွားတာ.. နင်တို့ မိသားစု ကို သဘောမကျတဲ့ လူ တယောက်ယောက် က လုပ်နေတာ… တံခါးခေါက်တဲ့ ကိစ္စကကော ဆရာ ဆိုတော့.. အစိမ်းသေက တံခါးခေါက်ပြီး နောက်ရတာ ပျော်လို့.. တနေ့ တနေ့ တံခါးဖွင့်တဲ့ အချိန်ဆို အပြင်ထွက်ပြီး ပြန်ဝင်ချင်လို့ တံခါးခေါက်တာ။

အခုရှင်းလိုက်ပြီဘဲ မရှိတော့ဘူး။ ပြောပြော ဆိုဆိုနဲ့ ပြန်တော့ အဲဒီ ဆရာကပဲ ထို အလိပ်ကို ယူပြီး ပြန်သွားပါတယ်။

အဲဒီနောက်ပိုင်း ထိုသို့ တံခါးခေါက်သံများ လုံးဝ မကြားရတော့ပါဘူး။

ထိုသို့ ဖြစ်ရပ်ကြောင့်လည်း ထိုမိသားစု၏ ဆရာအပေါ် ယုံကြည်မှုသည်လည်း အထွဋ်အထိပ် ဖြစ်ခဲ့ရသည်။

33 comments

  • weiwei

    April 29, 2011 at 6:52 am

    သူကြီးကို ပညာစမ်းတာလား 😛

  • kai

    April 29, 2011 at 7:51 am

    အဲဒီအင်းပြား… အိမ်ဖြူတော်ထဲသွားထည့်ထားလိုက်ရင်.. တသိန်းတေ့ာ အသာလေးပဲ..။ 🙂

  • shwe ni

    April 29, 2011 at 8:22 am

    အင်းလာမြုပ်တားတာတော့ကြုံဖူးတယ် . အသံတွေကြားရတာမျိုးတော့မကြုံဘူးဖူး။

  • etone

    April 29, 2011 at 9:11 am

    အိမ်ထဲကို လာထည့်တာကတေ့ ဆန်းသလိုပဲနော်….အတွင်းလူ မပါပဲ ထည့်လို့တော့ မရဘူးထင်တယ်…ဥပမာ အိမ်ဖော်တွေ ၊ ဒရိုင်ဘာတွေကို ပေါင်းထားလျှင် တမျိုးပေါ့ .. ။

    ဆူးရေ… ညီမမှတ်မိသလောက် တစ်ခုပြောရလျှင် အဲ့ဒီအိမ်တွေ စဆောက်တုန်းက ပန်းရံသမားတယောက် ဆွဲကြိုးချ သတ်သေခဲ့ဖူးတယ်… ။ စိတ်ညစ်လွန်းလို့ဆိုတာပဲ သိတယ်… ။ တကယ့်ကို ဖြစ်ရပ်မှန်ပါ … ။ သွားမကြည့်ရဲလို့ မကြည့်ပေမဲ့ လမ်းထဲက လူတွေ သွားကြည့်ကြပါတယ်… ။ နောက်ပိုင်းအဲ့ဒီအိမ်ဆောက်တာ ခဏရပ်ပြီး တခြား အိမ်တွေ အရင်ဆောက်ပါတယ်… အခြောက်လန့်မရှိတော့မှ ဆက်ဆောက်ပြီး ရောင်းတော့လည်း … အကြောင်း မသိသူတွေ ဝယ်သွားခဲ့တာပါပဲ… ။ ဘယ်အိမ်လည်း နံပါတ် အတိကျ မသိဘူး … ။ သွားကြည့်တဲ့လူတွေလည်း နံပါတ်တောင် မှတ်မိပါတော့မလား မသိဘူး … အိမ်ဆောက်တာ ဆယ်နှစ်ကျော်ပြီဟာကို… ။ နောက်ပြီး အဲ့ဒီနေရာက အရင်ကတည်းက မီးရထားအိမ်ယာနေရာမို့ ခြံကြီးဝန်းကြီးတွေနဲ့ တောကြီးလိုပဲ ဖြစ်နေခဲ့တာ….. ညဘက် မပြောနဲ့ ၊ နေ့ဘက် အဲ့ဒီလမ်းဘက် ဖြတ်လျှောက်လျှင်တောင် တယောက်ထဲဆို အသက်ပါနိုင်တယ်… ။ ချောက်ခြားလို့လေ…။အိမ်နားက ကာလသားတွေ သရဲ ခေါ်ပွဲတွေ ဘာတွေ လက်တည့်စမ်းဖူးတဲ့ နေရာပါ …။ ကြာတော့ ကြာခဲ့ပါပြီ ။

    • eros

      April 29, 2011 at 3:02 pm

      မဟုတ်မှလွဲရော ဟုမ်းလမ်းဘက်က အိမ်ယာတွေနဲ့တူတယ်။

      • etone

        April 30, 2011 at 2:20 am

        ဟုတ်ပါ့ eros ရေ… etone ဆူးနဲ့ ကိုဖက်တီးတို့က တစ်မြို့နယ်ထဲ 😀
        အိမ်က သိပ်လည်း မဝေးဘူး ။

      • ဆူး

        April 30, 2011 at 8:25 am

        ဆူး ပြောတဲ့ အိမ်တွေ က ရန်ကုန် မြို့ရဲ့ မြို့လယ်ခေါင် အချက်အချာ ကြတဲ့ နေရာတခုက အိမ်နဲ့ပတ်သတ်တဲ့ ဇတ်လမ်းပါ။

      • etone

        April 30, 2011 at 9:23 am

        ဆူးရေ… အခုနေတဲ့ အိမ်နားက ပြသနာမဟုတ်ဘူးလာ… etone ပြောတဲ့ hanging သေတာကြီးက အဲ့ဒီနားကဟာကိုပြောတာ ။

  • kai

    April 29, 2011 at 9:28 am

    နောက်နေတာ မဟုတ်ဘူးဟေ့..။ တကယ်သာအဲဒီလိုဖြစ်ကြည့်..ဝယ်မယ်..။
    ၅သောင်းပေးပြီကို ဝယ်မယ်..။
    အိုဘားမားအိမ်ဖြူတော်လည်လည်သွားပြီး ချထားခဲ့မယ်..။
    အိုဘာမားသမီးတွေ ညညတဲခါးခေါက်ခံရလို့.. သရဲကြောက်လို့တိုင်ရင်… ကယ်တယ်ရှင်လုပ်ပေးဖို့အတွက်.. ၁သိန်းတောင်းမယ်..။
    မြတ်တဲ့ ၅သောင်းကို.. အဲဒီအစိမ်းကောင်..သရဲနဲ့တူူတူ လပ်စ်ဗေးဂတ်မှာ .. ကာစီနိုသွားကစားမယ်..။
    အရက်သောက်မယ်..

    ကာစီနိုနိုင်ရင်.. ပြင်သစ်သွားမယ်..။
    အီဖဲလ်မျှော်စင်ပေါ်တက်မယ်..။
    ..
    ..
    ..
    အောင်မလေး.. လုပ်စရာတွေအများကြိးပဲ..။ 🙁

    • etone

      April 29, 2011 at 10:14 am

      ဆူးရေ… အဲ့ဒီအစိမ်းကို ခေါ်ပြီး သဂျီးနဲ့ ဆက်သွယ်ပေးလိုက်ပါ…ပြီးရင် သူ့ဆီက ပွဲခတောင်း 😛

    • eros

      April 29, 2011 at 3:04 pm

      ဒီလိုကိစ္စကြီးကို ငွေ တသိန်းထဲနဲ့??????? နည်းလိုက်တာ သူကြီးရယ်၊ ကာစီနိုက နိုင်မယ် မနိုင်ဘူး မသေချာဘူးနော်။

  • aungbala

    April 29, 2011 at 10:10 am

    ဇာတ်လမ်းကမပြီးသေးတဲ့ပုံပဲ။
    ထိုသို့ ဖြစ်ရပ်ကြောင့်လည်း ထိုမိသားစု၏ ဆရာအပေါ် ယုံကြည်မှုသည်လည်း အထွဋ်အထိပ် ဖြစ်ခဲ့ရသည်။ ဆိုတဲ့နောက်မှာ ဆက်စရာဇာတ်လမ်းတစ်ခုခုရှိနေတယ်လို့ထင်ပါတယ်။ ဇာတ်က ဟိုမရောက်ဒီမရောက်နဲ့ ဘာပြောချင်တယ်ဆိုတာ၊ ဘာကိုဆိုလိုချင်တယ်ဆိုတာ နားမလည်ပါ။

  • kai

    April 29, 2011 at 10:16 am

    ဆူးမမ ပြောချင်တာက.. မပြီးခင် သူကြိးမမြင်စေနဲ့တဲ့..။ 🙂

  • cobra

    April 29, 2011 at 11:20 am

    သူကြီးကတကယ့်ကိုအကြံကြီးတာပါပဲ……။
    သူများနဲ့မတူအောင်ကိုကြံဖန်ပြီးပိုက်ဆံရှာဖို့
    တွေးလည်းတွေး
    တတ်ပါပေတယ်…သူကြီးရယ်…….။

  • ဆူး

    April 29, 2011 at 12:03 pm

    ဇတ်လမ်းက ဒါဘဲ.. ဒါပေမဲ့ အဲဒီ မိသားစုနဲ့ တင်မဟုတ်ဘူး.. ထို ဆရာနဲ့ ပတ်သတ်တဲ့ ကြားဖူးတဲ့ အကြောင်းအရာတွေ အများကြီး ကျန်သေးတယ်။

  • nayzaw

    April 29, 2011 at 12:26 pm

    ဒီလိုဟာတွေကဖြစ်တက်ပါတယ် ဂမ္ဘီရလိုလိုဘာလိုလမ်ကြုတ်ဇာတ်လမ်းလေးတွေပါပဲ
    ရှိနေတဲဇာတ်လမ်းလေးတွေကိုစောင့် ရွာသူရွာသားများစောင့်မျှော်နေပါသည်

  • kopauk mandalay

    April 29, 2011 at 12:32 pm

    အခုတော့ အဲဒီသူရဲက လန့်ပြေးသွားပြိကြားတာဘဲ။
    အိမ်ဘေးနားက ကလေးမ က လက်သံပြောင်လို့ဆိုဘဲ

  • ဆူး

    April 29, 2011 at 12:42 pm

    လက်သံ ပြောင်ရ ကောင်းမှန်း မသိတတ် သေးခင်က ကိစ္စပါ။
    နောက်မှ ကျန်တဲ့ ဇတ်လမ်းတွေ ရေးပေးမယ်။

  • shweminthar

    April 29, 2011 at 2:55 pm

    အဲဒီ အချိန်တုန်းက training ယူနေတုန်း လေ။
    အခုတော့ စဉ်ပေါ် ရောက် နေပြီ။

  • nature

    April 29, 2011 at 3:05 pm

    တခါတည်းသူကြီးက သူရဲ ကိုအပိုင်ပေါင်းပြီးလုပ်စားတော့မယ်ထင်တယ်။

  • Mee2

    April 29, 2011 at 4:49 pm

    ဟဟ သူရဲတွေဘာတွေတော့နားလည်ဘူးနော်။အင်းကွက်တွေတော့ပျက်ကုန်ပြီ။မိုးတွေရွာ ငါးတွေသေနဲ ့အလုပ်မဖြစ်ကြလို ့အင်းသူကြီးတွေငိုနေလေရဲ ့ဟိ ဟိ

  • bigcat

    April 30, 2011 at 12:02 am

    အဲဒီလို အောက်လမ်းနည်းသုံးတိုက်ခံရတာကို ယုံကြည်ရတဲ့လူတဦး ပြန်ပြောပြတာ ကြုံဖူးတယ်။ အိမ်မှာလာပြီး အရိုးတို့ မိန်းမတွေရဲ့မသန့်တဲ့အညစ်အကြေးတို့ အင်းတို့ လာမြှုပ်၊ လာဝှက်ထားသွားတာ။ ခေါ်လာတဲ့ဆရာက ပြောမှဝှက်ပြီး စီရင်ထားတာတွေကို တွေ့တယ်။ ဆရာကပဲ ကြိုလုပ်ထားသလားတော့မသိဘူး။ ဒါပေမဲ့ ခေါ်လာတဲ့ဆရာက ဟိုးတရပ်တကျေးက၊ ကိုယ်နေတဲ့နေရာကို ဘယ်လိုမှမသိနိုင်ဘူး။ ပြီးတော့ အိမ်ထဲကိုလည်း ခိုးဝင်မှရမှာ။ လောကကြီးမှာ ထူးဆန်းတာတွေ အများကြီးပါပဲ။ ကျနော်ကတော့ မရှိဘဲနဲ့ မကျော်ဘူး ဆိုတာယုံတယ်။ အဲဒါကိုပဲ အသုံးချပြီး အသိညဏ်နည်းသူတွေကို လိမ်ညာစားတာတွေ ပေါ်လာတာပဲလေ…..ဘယ်အရာမဆို အစစ်ကနည်းပြီး အတုအယောင်တွေက များတယ်။ ကြာတော့ မဟုတ်ဘူးအင်ကြီးတွေပါလို့ ထင်ကုန်တာ။ ခေတ်ကာလနဲ့လည်း ဆိုင်ပါမယ်။ သာသနာထွန်းကားနေရင် ဒီပညာရပ်တွေက ညှိုးမှိန်နေတတ်တယ်၊ ဒါပေမဲ ဘယ်တော့မှတော့ ပျောက်မသွားဘူး…ဘာလို့လည်းဆိုတော့ လူဆိုးဆိုတာ အမြဲရှိနေလို့….

  • ဆူး

    April 30, 2011 at 9:21 am

    သိခဲ့ မြင်ခဲ့တဲ့ အဖြစ်အပျက်ကလေးတွေ စီကာ ပတ်ကုံး စာရေးပြချင်တဲ့ သဘောပါဘဲ။
    ဘာသာရေး အယူလွဲ မှိုင်းတိုက်ဖို့တော့ မဟုတ်ဘူး။
    အထက်လမ်း အောက်လမ်း ကိစ္စတွေ နဲ့ ပတ်သတ်ပြီး ကိုယ်တိုင်လည်း မချိမဆန့် ခံလိုက်ရတာမှ.. အလူးအလဲပါပဲ။
    ဘာသာရေးကို အစက သေမှာ ကြောက်လို့ လုပ်တယ်။
    အခုတော့ ယုံကြည်လို့ လုပ်တယ်။ ဘာသာရေး အသိကြောင့်လည်း သေခြင်းတရား ဆိုတာ အချိန်မရွေး ကိုယ်နားမှာ ရှိတဲ့ အရာဆိုတာ ပိုပြီး နှလုံးသွင်းနိုင်လာတယ်။
    သေခြင်းတရားက ကြောက်စရာ ကောင်းတဲ့ အရာ မဟုတ်တော့ဘူး။

  • မမလေး

    May 4, 2011 at 1:49 pm

    အဲ့ဒီ အင်းပြားကို သူကဘာလုပ်မှာလဲပဲသိချင်တယ် …

  • unclegyi1974

    May 4, 2011 at 3:48 pm

    သူကြီးကလုပ်စရာတွေအများကြီးပဲတဲ့
    သေချာကြေငြာထားတာ
    သူကြီးအနားကပ်ရင်ကြည့်လည်းကပ်ကြနော်
    ပြောပုံကကြောက်စရာကြီး

  • ဆူး

    May 4, 2011 at 4:04 pm

    သဂျီးက နှစ်ပြည့်ရင် နေရာ ဆင်းပေးရမဲ့ သမ္မတကြီး အတွက် စီမံကိန်းချနေတာ..
    နောက် လာတဲ့ လူက သမီး မရှိပဲ သားပဲ ရှိနေမယ် ဆိုရင် သဂျီး စီမံကိန်း မှန်းချက် နှမ်းထွက် မကိုက်ဖြစ်သွားမယ်။ အဲဒါကြောင့် အရောင်းအဝယ် စကား မပြောတော့တာ။ အဟိ…

  • မမလေး

    May 4, 2011 at 6:30 pm

    ကျောင်းလမ်းမှာ ဆောက်ပြီးစတိုက်တစ်တိုက်ရှိတယ် ။ အဲ့ဒီအိမ်ကိုဆောက်တုန်း အင်ဂျင်နီယာနဲ့ ပိုင်ရှင်နဲ့စကားများတယ်ဆိုလားပဲ ဒါ့ကြောင့် အင်ဂျင်နီယာက ဝိဉာဉ်တွေ အဲ့ဒီမဆောက်အဦးထဲမှာခေါ်ထားတယ်တဲ့ ။ အဲ့ဒီတိုက်ကို ဝယ်တဲ့သူလည်းမရှိဘူး ။ ငှားတဲ့သူလည်းမရှိဘူး . ခုထိပဲ ၆ နှစ်လောက်တောင်ရှိပြီထင်တယ် ။ အဲ့ဒီမှာတော်တော်ခြောက်တာတဲ့ ပစည်းတွေဟိုရွေ့ဒီရွေ့ ၊ မီး ပိတ်လိုက်ဖွင့်လိုက် ၊ ပန်းကန်သံတွေရောကြားရတယ်တဲ့ …

  • တညင်သား

    May 19, 2011 at 6:08 pm

    နဲနဲပြောပြကြည့်ချင်လို့ ပါ .. ဘုန်း တို့ ကံ တို့ ဆိုတာ ကြားဘူးလား သူကြီး ဘင်လာဒင် ဘုန်းရှိတုန်းက အင်းပြားမပြောနဲ့ အမေရိကားက ဒုံးချည်နဲ့ ထုတာ မသေဘူးလေ.. ဘုန်းကံမရှိတော့ အသာကလေးပဲ.. အမေရိကန် အရင်သမ္မတ ဟောင်းတွေ အင်းတောင့်လေး တစ်တောင့်နဲ့ ( အင်းပြားမဟုတ်) ကိစ္စ ရှောသွားတာ သိမှာပေါ့ ..မြန်မာပြည်မှာလဲရှိသေးတယ် ဗိုလ်ခင်ညွန့် ဘုန်းကံလေး ရှိတော့ဘာလုပ်လုပ်. ဘုန်းကံမရှိတော့ ဘာမဟုတ်တဲ့ ရဲ လာခေါ်တာ ပါသွားရော…ဘုန်းကံရှိရင် အင်းပြားလဲ မရဘူးလို့ ပြောချင်တာပါ……… ဗေဒင်. အင်း ၊ အိုင် လက်ဖွဲ့ဆိုတာ အရင်ကတဲက ရှိခဲ့တာဆိုတော့ လူတွေကယုံကြတယ် ..လူတွေကလဲယုံပြီးတော့ ကိုးကွယ်တာတွေလွန်ကုန်တယ်..ဆရာတွေကလဲ ယုံကြည့်မူ့ကို အခွင့်ကောင်းယူပြီးလုပ်စားလာကြတယ်..ဒါတွေ မင်းရောယုံလားဆို ကိုခိုင်လိုပဲ မယုံပါဘူး …ဒါပေမဲ့ မဆော်ကားပါဘူး .. သူကြီးရဲ့ ဘုန်းကံ ကတော့ ကျွန်တော့အထင် ဒီရွာထဲက ရွာသား၊ရွာသူတွေက ၉၀% လောက် သူကြီးကို လေးစားကြတယ်လို့ထင်တယ်..အဲဒီတော့ သူကြီးက ငယ်ရွယ်သူတွေကို အကျိုးဘယ်လို အကြောင်းဘယ်လို ရှင်းပြသင့်တယ် ထင်တာပါပဲ.. အင်းပြားကို အိမ်ဖြူတော်ထဲသွားထည့်ဖို့ မဖြစ်နိင်သောကိစ္စကြီး လူတိုင်းသိနေတဲ့ဟာ ခနဲ့တဲ့ စကားတွေနဲ့မပြောစေချင်ဘူး.. သာမည တောင်ခြေမှာ ကိုခိုင်တို့ မိသားစု အသားငါးတွေနဲ့ ပျော်ပွဲစားထွက်တာကို ကြည့်ချင်တယ် ..ဆရာတော်ကြီးမရှိတော့ မပြောတက်ဘူးပေါ့နော်.. ရွာသားတွေကို စာတွေဖတ်မပြနဲ့ လက်တွေ့ပြမှ ယုံကြည့် မှာ အန်တီဆူးတင်ပေးဘူးတဲ့ မဟာမြိုင်တောထဲ သွားပြီး လမ်းဘေး သေးပေါက် ၊ ညစ်ညမ်းသောစကားတွေဆို အဲလို လုပ်ပြပါလား မြန်မာပြည်က လူတွေ အစွဲတွေ ကျွတ်သွားအောင်လို့ပါ………….:)

  • kai

    May 19, 2011 at 6:46 pm

    အင်း..
    ..မထိခိုက်..မသေတော့ ဘုန်းရှိတယ်ပြောပြီး..
    ထိခိုက်သေတော့.. ဘုန်းနိမ့်လို့လို့ပြောတာဟာ…
    သေတဲ့သူတယောက်နဲ့ တူတူနေတဲ့ မိသားစုဝင်တယောက်ကို …
    “ဟေ့..မင်းတို့အိမ်ရှေ ့..ထန်းပင်ရှိလား… ”
    “မရှိဘူး..”
    “မရှိလို့သေတာ..”

    “ရှိတယ်..”
    “ရှိလို့..သေသွားတာ” ပြောပြတာမျိုုးပဲ..။

    ဆိုတော့..
    ဂမ္ဘီရဖြစ်နေတာတွေကို.. ယုံ၏..။ မယုံ၏ နဲ့တင်မဟုတ်ပဲ.. ယုံရင်.. ယုံတဲ့အလျှောက်မရပ်ထားစေချင်တာပါပဲ..။
    ဒါကို ဒီစာတွေနဲ့..တိုက်တွန်းနေတာပါ..။ နတ်တွေ..သရဲတွေကို စော်ကားတယ်လို့ ထင်ရင်တော့ …တော်တော်ဂွကျတဲ့ကိစ္စပဲ..။

    အိမ်ဖြူတော်ထဲ… သွားထည့်ဖို့ကိစ္စက.. ဖြစ်နိုင်တယ်ဆိုတာတော့ ပြောချင်တယ်..။
    အိမ်ဖြူတော်က.. မြန်မာပြည်က..သမ္မတအိမ်တော်လို့မဟုတ်ဘူး..
    ပါ့ဗလစ်ကို .. အရင်ကဆို မည်သူမဆို..
    (အခုတော့.).ကြိုခွင့်ပြုချက်နဲ့.. ဝင်လေ့လာလို့ရတယ်..။
    ကျုပ်လို မီဒီယာသမားဆို…ပ်ိုတောင်လွယ်သေး..။
    http://www.whitehouse.gov/about/tours-and-events

    – သာမညတောင်ကိစ္စတော့ ..ပြောမနေချင်တော့ဘူး..။
    ဆရာတော်အလောင်းတော် ..အဲဒီနားက…မ,သွားတဲ့ကိစ္စတောင်… သတင်းမကြား..ဘာမကြား.. ဘာမှမဖြစ်တာ.. “ဘာဘာ… ဘာတွေများဖြစ်ချင်နေသေးလည်း”.. ပြောချင်တာပါပဲ.
    ပြောရရင်.. သာမညဆရာတော့်တပည့်ရင်း.. ဘုန်းကြီးနဲ့တော့ တော်တော်စကားပြောဖူးပါတယ်..။
    သီရိဒုံကတောင်.. ငွေလှူနေတဲ့..ဘုန်းကြီးဖြစ်နေလေရဲ့..။ ထိုင်းမှာ.. လျှောင်းတော်မူဘုရားဆင်းတု တည်ထားတဲ့..ကိုယ်တော်ပဲ..။

    – မဟာမြိုင်ကိစ္စ.. ကိုရင်တညင်သား… ယုံရင်… သွားလုပ်လာခဲ့..
    မယုံရင်… ယုံတဲ့သူတွေငှားပြီး .. အသံ..အရုပ်အထောက်အထားယူလာခဲ့..။
    တကယ်သာ မှန်နေရင်… အဲဒါ.. မီလီယန်ဘစ်ဇနစ်ဖြစ်သွားမယ်..။
    တိုးရစ်ဇင်တခုထဲတင်… တနှစ်တနှစ်သွားလေ့လာချင်တဲ့လူ ၁သောင်းလောက် အသာလေးဝင်လာမှာ..
    တယောက်.. ဒေါ်လာ ၁ထောင်ကောင်းကောင်းလေးသုံးတယ်..။
    တနှစ် .. အဲဒီနေရာနဲ့ အလုပ်တွေအပြင်.ငွေကြေးလည်ပါတ်ငွေ ၁ဝသန်းဖြစ်သွားမှာ..။ အဲဒီငွေတွေနဲ့… မဟာမြိုင်တောထဲ.. ကျားဖြူတွေတောင်ဝယ် မွေးလို့ရသွားမယ်..။ 🙂

    ဆိုတော့…
    ရွာသားတွေကိ ု… အဲဒီအသိသညာတွေ..ပေးချင်တယ်..။
    ဒါပါပဲ..။

  • ဆူး

    May 20, 2011 at 6:44 am

    သဂျီး မဟာမြိုင်ကို အထင်မသေးနဲ့နော်.. သစ်ထုတ်တဲ့ လူတွေတောင် ဖင်တုန်အောင် ကြောက်တယ်။ အော်ကျယ် ဟစ်ကျယ် မလုပ်ရဲဘူး။
    တောထဲ သွားတုန်းက ကားရပ်ပြီး စခန်း တခုမှာ ထမင်းစားနားတယ်။ ထမင်းကျက်တော့ စားလို့ရပြီ ဆိုပြီး ကိုယ့်လူတွေ ကိုခေါ်တာ အသံကျယ်သွားလို့ အဲဒီက လူတွေက အဲလို မအော်နဲ့.. မစားရပဲ ကုန်သွားမယ် အမြန်ပြင်အော် ဆိုပြီး နာမည် တပ်ပြီး အော်ခေါ်ရတယ် *** ထမင်းစားမယ် ဆိုပြီး။ တယောက်စီ နာမည် တပ်အော်ပြီး တခြား မပါဘူး အော်ရပြန်တယ်။ သဂျီး သွားမလား စီစဉ်ပေးမယ်။ သဂျီး ဆိုရင် ဖရီး လုပ်ပေးမယ် တောထဲ ရောက်မှ ပစ်ထားခဲ့မယ်။ သတ္တိရှိရင် အဝေးက လေမကျယ်နဲ့ လာစမ်းချည်။

  • etone

    May 20, 2011 at 8:02 am

    မိုက်ကယ်ဂျက်စင် ဝိဉာဏ်ဆိုပြီးတော့တောင် meta cafe မှာ ပျံ့သွားသေးတယ်လေ… သဂျီးလည်းကြည့်လိုက်ရမှာပေ့ါ … ။

  • nature

    May 20, 2011 at 1:55 pm

    သရဲမွေးပြီးသူကြီးနဲ့ပေါင်းရိုက်ရရရင်တော့မီလီယန်ဘစ်ဇနစ်ဖြစ်သွားမယ်…။ 🙂

  • nature

    May 20, 2011 at 1:55 pm

    သရဲမွေးပြီးသူကြီးနဲ့ပေါင်းရိုက်ရရရင်တော့မီလီယန်ဘစ်ဇနစ်ဖြစ်သွားမယ်…။ 🙂 သူကြီးတကယ်ခေါ်လာမှာနော်။ 🙂

Leave a Reply