Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မှန်ကန်သောနားလည်မှုမှသည်…ချမ်းသာအစစ်ဆီသို့

True AnswerApril 30, 20111min3125

ဓမ္မမိတ်ဆွေများခင်ဗျား-

ဗုဒ္ဓတရားတော်များ၏ လိုရင်းအနှစ်ချုပ်ကို
ဆူနာမီဆရာတော်ဟောကြားခဲ့သည့်အတိုင်း ကျွန်တော်ဉာဏ်မီသလောက် အတိုချုံးဖော်ပြအပ်ပါသည်။

ဗုဒ္ဓ၏ သစ္စာလေးပါးတရားတော်များသည် တစ်ခုခုပြုလုပ်နေရခြင်း၊ ဘာမှမလုပ်ပဲ နေရခြင်း စသည့် သဘောတရားတို့ထက် ကျော်လွန် -လွန်မြောက်နေသည်။

ဗုဒ္ဓတရားတော်များ၏ လိုရင်းအစစ်သည် တစ်ခုခုပြုလုပ်နေရခြင်း (သို့) ဘာမှမလုပ်ပဲနေရခြင်း ဟူသောသဘောတရားများထက်….လွန်မြောက်နေ ကြောင်းနားမလည်သူတချို့က ဗုဒ္ဓတရားတော်များကို တစ်ခုခုလုပ်ခိုင်းခြင်းဟု ထင်မှတ်ကာ ကျင့်ကြံအားထုတ်ခြင်းသည် အချည်းနှီးဟု ကိုယ်ထင်ရာ ကိုယ်စွပ်စွဲကြလေသည်။

တချို့ကျတော့လည်း တရားအလုပ်သည် ဘာမှမလုပ်ပဲ မျက်စိမှတ်ထိုင်နေခြင်း ဖြစ်သည့်အတွက် လောကကောင်းကျိုးအတွက် ဘာမှအသုံးမဝင်သယောင် ကဲ့ရဲ့ဝေဖန်ကြပြန်လေသည်။

တကယ့်တရားအလုပ်အစစ်သည် လက်တွေ့ဘဝအေးချမ်းသာယာမှုကို ဖြစ်စေရုံမျှမက ….ကျွန်ုပ်တို့ ဦးနှောက်ဖြင့် နားလည်နေသော စိတ်ချမ်းသာမှု၊ ကိုယ်ချမ်းသာမှုတို့ထက် လွန်မြောက်နေလေသည်။

ထိုသဘောတရားတို့ကို နားလည်အောင်
သန်လျင်သဘာဝရိပ်သာဆရာတော် ဦးဥတ္တမသာရသည် ၁ဝ နှစ်ကျော်ခန့် တရစပ် မဂ္ဂင်တရားအလုပ်ဟူသည် အဘယ်ကဲ့သို့သော အလုပ်မျိုးဖြစ်သည်..မည်ကဲ့သို့ လောကကောင်းကျိုးကိုပေးစွမ်းနိုင်သည်… ကို မနားမနေရှင်းပြခဲ့လေသည်။

ဆရာတော်မှ… တရားအလုပ်အစစ်သည် မိမိလူမှုဘဝ အေးချမ်းသာယာသာမှုအပြင် အများသူငါ တို့ ၏ ဘဝကို ပါ အေးချမ်းသာယာအောင် စွမ်းဆောင်နိုင်ကြောင်း အပြောမဟုတ်- လက်တွေ့လုပ်ပြနေလေသည် ။

ချမ်းသာမှုအစစ်… ပြည့်စုံမှုအစစ်ကို ဖြစ်စေသော ဗုဒ္ဓဟောကြားခဲ့သည့် သစ္စာတရား ဟူသည် မည်ကဲ့သို့ ဖြစ်သည်ကို အများနားလည်စေရန်
ပါဠိမပါ (အနည်းအကျဉ်းသာထည့်လျှက်) မြန်မာစကားပြေသက်သက်ဖြင့် ပါဠိစာပေအခြေခံ ရှိသူများရော၊ မရှိသူများရော၊ ဆင်းရဲသားများရော-လူကုံထံများကိုရော၊ ကျန်းမာနေသူများရော-ဆရာဝန်လက်လျော့သည့် လူမမာများကိုရော- စိတ်ပျော်ရွှင်နေသူများရော- စိတ်ဆင်းရဲနေသူများကိုရော- အမှန်တရားကို နားလည်ဖို့ခက်ခဲသည်ထင်နေသူများရော- အမှန်တရားကို ကိုယ့်ဦးနှောက်ဖြင့် လွယ်လွယ်လေးနားလည်နိုင်သည်ထင်နေသူများပါမကျန် အားလုံးကို တန်းတူထားလျှက် ရှင်းပြခဲ့လေသည်။

ဆရာတော်သည်-
မိမိနားလည်နေသော အချိန်တစ်ခုကြာ ရှိနေ-ဖြစ်နေသော ပညတ် ရုပ်၊ ဝေဒနာ၊ စိတ် တို့၏ ဖြစ်ပြီး ပျက်ခြင်း ကို လိုက်ရှုခိုင်းခြင်းမျိုးမဟုတ်ဘဲ သစ္စာတရား(ဓမ္မ)သက်သက်ပဲဖြစ်နေခြင်း ကို တိုက်ရိုက်နှလုံးသွင်းလက်ခံခြင်းဖြင့် ပညတ် ရုပ်၊ ဝေဒနာ၊ စိတ် တို့၏ ဖြစ်ခြင်း -ပျက်ခြင်း နှင့်ပတ်သက်၍ ဖြစ်ပေါ်နေရသော နှစ်သက်မှု-လောဘ၊ မနှစ်သက်မှု-ဒေါသ၊ ငြိတွယ်မှု (ဥပါဒါန်)တို့ ကို မှန်ကန်စွာ စွန့်လွှတ်တတ်လာစေရန် (ဓမ္မာနုပဿနာ) နည်းပေးခြင်း ဖြစ်လေသည်။
————————————————————–

မှန်ကန်သောနားလည်မှု မှသည် ချမ်းသာအစစ်ဆီသို့

(သန်လျင်သဘာဝရိပ်သာ ဆူနာမီဆရာတော် ဦးဥတ္တမသာရ ဟောကြားသော တရားအနှစ်ချုပ်)

သ မု တိ သ စ္စာ- ပ ညတ် တ ရား

(အဝိဇ္ဇာစိတ်မှ ဖန်တီးပြုလုပ်ထားသောမှုကြောင့်သာ တကယ်ဖြစ်နေ-ရှိနေ-မှန်နေသည်ဟု ထင်ရသောတရား)

၁) အများသဘောတူ ခေါ်ဝေါ်သတ်မှတ်ထား၍သာ မှန်ကန်နေသောတရား။
(ဥပမာ။ မောင်လှ၊ ရန်ကုန်၊ တစ်နာရီ၊ ခွေး၊ လူ၊ ဇရပ်၊ အိမ်၊ ကျောင်း)

၂) ဆန့်ကျင်ဘက်စွမ်းအင်များအဖြစ်ထင်ရ။ (သို့) နှိုင်းယှဉ်သတ်မှတ်မှုများကြောင့်သာ တကယ်ဖြစ်နေသည်ဟု ထင်ရ။
(ဥပမာ။ ပူမှု-အေးမှု၊ တင်းမှု-လျော့မှု၊ နှစ်သက်မှု-မနှစ်သက်မှု၊ ချမ်းသာမှု-ဆင်းရဲမှု၊ အဖိုဓါတ်-အမဓါတ်၊ အတွေးအခေါ်များ၊ ယူဆချက်များ၊ သတ်မှတ်ချက်များ၊ အကောင်း-အဆိုးခံစားချက်များ)

၃) တစ်ခုခု၊ တစ်ယောက်ယောက်၊ တစ်ချိန်ချိန်၊ တစ်နေရာရာ၊ ပုဂ္ဂိုလ်၊ သတ္တဝါ၊ တိရစ္ဆာန်၊ တစ်ကောင်စီ။ လူ၊ တစ်ဦးစီ။

၄) မိမိနားလည်နေသော ကိုယ်၊ နှုတ်၊ စိတ်၊ (ကာယ၊ ဝစီ၊ မနော) ကာယကံ၊ ဝစီကံ၊ မနောကံ။

၅) မူလအမှန်တရား (ပရမတ်တရား) နှင့် နှိုင်းယှဉ်ပါက ပညတ်တရားသည် အမှန်မဟုတ်တော့။ တကယ်မဟုတ်တော့။

၆) ပညတ်အချင်းချင်း နှိုင်းယှဉ်ကြည့်မှသာ မုသားမဖြစ်ရုံ သီလအကျိုးငှာ မှန်ကန်ပြီးအချိန်၊ ကာလ၊ နေရာ၊ ဒေသ၊ ကို
လိုက်၍ ပြောင်းလဲသွားသည်။ တသမတ်တည်းဖြစ်မနေ၊ တသမတ်တည်းရှိမနေ။

၇) တကယ်မဟုတ်သော်လည်း … အနိစ္စအစစ်ကို နားမလည်ခြင်းမှာ (အနိစ္စတရား-အဝိဇ္ဇာတရား၏)
လှည့်စား၊ ဖန်တီး၊ ပြုလုပ်မှုကြောင့် တကယ်ဟုတ်နေသည်ဟု ထင်ရ။

၈) သုံးရုံသက်သက်၊ တွေ့ကြုံရုံသက်သက်၊ နားလည်ရုံသက်သက်သာဖြစ်။ ဒီ့ထက် မပို။

×××××××××××××××××××××××××××××××××××××××××××××××××××

ပ ရ မ တ္ထ သ စ္စာ – ပ ရ မတ် တ ရား

(တစ်ခုခု၊ တစ်ယောက်ယောက် မပါဝင်ဘဲ မူလကတည်း ဖြစ်နေ-ရှိနေ-မှန်ကန်နေသောတရား)

၁) ပရမတ္ထသစ္စာ သည် မူကကတည်းက ဖြစ်နေ-ရှိနေသောတရားဖြစ်သည်။
၂) အချိန်၊ ကာလ၊ နေရာ၊ ဒေသ၊ ကို လိုက်၍ မပြောင်းလဲ။ တသမတ်တည်းဖြစ်နေသည်။
၃) အချိန်၊ ကာလ၊ နေရာ ဒေသ မှ လွန်မြောက်နေသည်။ တသမတ်တည်းဖြစ်နေသည်။
ပုံမှန် ဖြစ်နေ-ရှိနေ-မှန်နေသည်။


မပြောင်းမလဲ တသမတ်တည်းမှန်ကန်နေသော ပရမတ္ထသစ္စာ (၂)မျိုးရှိသည်။

၁) တသမတ်တည်းဖြစ်နေသော ဖောက်ပြန်ပျက်စီးမှု (ဒုက္ခသစ္စာ – သင်္ခါရတရား) (တစ်ခုခု၊တစ်ဦးဦး ၏ ပျက်စီးမှုမဟုတ်)
၂) တသမတ်တည်းရှိနေသော တည်မြဲမှု၊ ချမ်းသာမှုအစစ်၊ (နိရောဓသစ္စာ – အသင်္ခတတရား )

– နံပါတ်(၁)တွင်ဖော်ပြထားသော- တသမတ်တည်းသော ဖောက်ပြန်ပျက်စီးမှု (ဒုက္ခသစ္စာ) တွင်
ပြောင်းလဲ-ပျက်စီးခြင်းမရှိဘဲ တသမတ်တည်းဖြစ်နေသော စွမ်းရည်သတ္တိ (၂)မျိုးရှိလေသည်။

ထို စွမ်းရည်သတ္တိနှစ်မျိုးမှာ –
(က) သမုတိသစ္စာ(ပညတ်တရား) များကို အချိန်တစ်ခုကြာ တစ်ကယ်ရှိနေ၊ ဖြစ်နေ၊ တကယ်ဟုတ်နေသယောင် အထင်မှားနေစေရန်
တသမတ်တည်း ဖန်တီးပြုလုပ်နေမှု။
( သို့ ) မပြောင်းမလဲ တသမတ်တည်းဖြစ်နေသော ဖန်တီးပြုလုပ်မှုအစစ်၊ လိမ်လည်မှုအစစ်၊ ပြုလုပ်မှုအစစ်။ အလုပ်အစစ်။
(သမုဒယသစ္စာ)

(ခ) နောက်စွမ်းရည်တစ်မျိုးမှာ – ပညတ်တရား-ပရမတ်တရားများကို မှန်မှန်ကန်ကန် သိနားလည်နေမှု။ မပြောင်းမလဲ တသမတ်တည်း သိနားလည်နေမှု ။ သိမှုသက်သက်-သိမှုအစစ်။ (မဂ္ဂသစ္စာ)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

တ ကယ့် တ ရား အ လုပ် အ စ စ် – မ ဂ္ဂင် အ လုပ်

– မဂ္ဂင်တရားအလုပ်အစစ်သည် တစ်ခုခုပြုလုပ်နေခြင်းမဟုတ်- ဘာမှမလုပ်ပဲနေခြင်းလည်း မဟုတ်။
မှန်ကန်သော အာရုံစူးစိုက်ထားနိုင်မှု (သမ္မာသမာဓိ) မှန်ကန်သော လုံ့လစိုက်မှု၊ (သမ္မာဝါယာမ)များဖြင့်
မှန်မှန်ကန်ကန် နားလည်နေမှု(သမ္မါဒိဋ္ဌိ)၊ မှန်မှန်ကန်ကန် နှလုံးသွင်းမှု(သမ္မာသင်္ကပ္ပ)၊ မှန်ကန်သော အမှတ်ရမှု-မမေ့မှု ၊ (သမ္မာသတိ) ဖြစ်သည်။

– မှန်ကန်သော နားလည်မှု၊ နှလုံးသွင်းမှု၊ မမေ့မှု၊ သတိရမှု သည် –
– တစ်ခုခု၊ တစ်ယောက်ယောက် အပေါ် မဟုတ်ပဲ ၊ ကိုယ်နားလည်နေကျ ကိုယ်တွေ၊ စိတ်တွေ၊ အတွေးတွေ၊ ခံစားချက်တွေ၊ နာမှု၊ ကျင်မှု၊ ပိန်မှု၊ ဖောင်းမှု၊ အသက်ရှုမှုတွေ မဟုတ်ပဲ –
(တနည်းအားဖြင့်) သမုတိသစ္စာ-ပညတ်တရားများ အပေါ်တွင် ထားရမှာ မဟုတ်ပဲ။

မှန်ကန်သော နားလည်မှု၊ နှလုံးသွင်းမှု၊ မမေ့မှု၊ သတိရမှု သည် –

အထက်တွင်ဖော်ပြထားသော- ပရမတ္ထသစ္စာ နှစ်မျိုးမှ …
ပထမ အမှန်တရား . . . တသမတ်တည်းသော ဖောက်ပြန်ပျက်စီးနေမှု (သို့) ဒုက္ခသစ္စာ၏ ပထမစွမ်းရည်သတ္တိ ကို ဖြစ်စေ-
ဒုတိယစွမ်းရည်သတ္တိ ကိုဖြစ်စေ မမေ့ရန် – နှလုံးသွင်းရန် – ယုံကြည်ရန် ဖြစ်လေသည်။

တနည်းအားဖြင့် –
– သမုတိသစ္စာ(ပညတ်တရား) များကို အချိန်တစ်ခုကြာ တစ်ကယ်ရှိနေ၊ ဖြစ်နေ၊ တကယ်ဟုတ်နေသယောင် အထင်မှားစေရန် ဖန်တီးပြုလုပ်နေသော တသမတ်တည်းသော ဖောက်ပြန်ပျက်စီးနေမှု (ဒုက္ခသစ္စာ) ၏ ပထမစွမ်းရည်သတ္တိ ကို မမေ့ရန် ၊ ယုံကြည်၊ လက်ခံ ၊ နှလုံးသွင်းနေရန် ဖြစ်လေသည်။

ထိုကဲ့သို့ – (ပရမတ္ထသစ္စာ-ဒုက္ခသစ္စာ) တသမတ်တည်းသော ဖောက်ပြန်ပျက်စီးနေမှု အမှန်တရား၏ စွမ်းရည်သတ္တိကို မမေ့ခြင်းအားဖြင့်- ယုံကြည်လက်ခံနိုင်ရန် ကြိုးစားနေခြင်းအားဖြင့် – (သမုတိသစ္စာ)ပညတ်တရားများကို အဟုတ်ထင်နေမှု၊ အတည်ယူနေမှု၊ (အဝိဇ္ဇာ) ကို စွန့်လွှတ်ရန် ကြိုးစားခြင်းဖြစ်သည်။

ထိုကဲ့သို့ – အမှန်တရား၏စွမ်းရည်သတ္တိကို မမေ့ခြင်းအားဖြင့် ယုံကြည်လက်ခံ နှလုံးသွင်းနိုင်ရန် ကြိုးစား နေခြင်းအားဖြင့် – ပညတ်တရားများကို (ကာယ၊ ဝစီ၊ မနောများကို) ငြိတွယ်မှု-အဟုတ်ထင်မှု မဖြစ်ပေါ်ပဲ သုံးရုံသက်သက်၊ တွေ့ကြုံရုံသက်သက်၊ နားလည်ရုံသက်သက် သာဖြစ်လာရန် ကြိုးစားခြင်းဖြစ်သည်။

မြင်-မြင်ရုံ၊ ကြား-ကြားရုံ၊ သုံး-သုံးရုံသက်သက်ဖြစ်ကာ ငြိတွယ်မှုကင်းလာခြင်း (ဉာဏ် ဖြစ်လာခြင်း)သည်သာ တကယ့်တရားအလုပ်အစစ်-ဝိပဿနာ ဖြစ်လေသည်။
မြတ်ဗုဒ္ဓ၏ လိုရင်း အစစ် ဖြစ်လေသည်။

ကာယ-ဝစီ-မနောများ နှင့် ပတ်သက်၍ လုပ်နေနိုင်သောစွမ်းရည်သတ္တိကို ဖြစ်စေ၊ မလုပ်ဘဲနေနိုင်သော စွမ်းရည်သတ္တိကို ဖြစ်စေ၊ အတည်မယူပဲနေနိုင်သည့် (စွန့်လွှတ်နိုင်သည့်) စွမ်းရည်သတ္တိဖြင့် ပရမတ္ထသစ္စာအမှန်တရား . . . တသမတ်တည်းသော ဖောက်ပြန်ပျက်စီးနေမှု (ဒုက္ခသစ္စာ သင်္ခါရတရား)၏ စွမ်းရည်သတ္တိများကိုသာ မမေ့ရန်- နှလုံးသွင်းရန် – လက်ခံယုံကြည်ရန် ကြိုးစားနေခြင်း သည် တကယ့်တရားအလုပ်အစစ်-ဝိပဿနာ ဖြစ်လေသည်။

ဆူနာမီဆရာတော် ဦးဥတ္တမသာရ သစ္စာတရားဟောပြောချက်များမှ ကောက်နုတ်ဖော်ပြပါသည်။

မှတ်ချက် ။ တရားအလုပ်အစစ်သည် မိမိပြုလုပ်နေကျ ကာယ-ဝစီ အလုပ်များကို ပယ်ခြင်း ၊ တွယ်ခြင်း ၊ ဝေဖန်နေခြင်း မဟုတ်ဘဲ တသမတ်တည်းသော ဖောက်ပြန်ပျက်စီးနေမှု (ဒုက္ခသစ္စာ) အမှန်တရား၏ စွမ်းရည်သတ္တိများကို မမေ့မှု၊ သတိရမှု-အောက်မေ့မှု ဖြင့် ကာယ-ဝစီ-မနော တို့ကို သုံးရုံသက်သက်၊ တွေ့ကြုံရုံသက်သက်၊ နားလည်ရုံသက်သက်သာဖြစ်လာစေခြင်းသာ။

ပိုမိုနားလည်စေရန် နားဆင်ရန်လိုအပ်သည့်
guided talks (10) ပုဒ်
http://www.mediafire.com/trueanswer#1fxdb4611c6hp,1

5 comments

  • bigcat

    April 30, 2011 at 9:55 pm

    အခုလို မှတ်စုထုတ်ပေးတာ လိုရင်းတိုရှင်း ထိရောက်ပါတယ်။ တရားထိုင်အကျင့်မရှိသူများအဖို့တော့ စိမ်းနေပါလိမ့်မယ် ဒါပေမဲ့လည်း ကမ္မဌာန်းအကျင့်မရှိသူများ ဒီစာကိုလည်းဖတ်မှာ မဟုတ်ကြဘူးလို့ ထင်ပါတယ်။
    ကျနော်ကတော့ ဆူနာမီဆရာတော်ရဲ့ ဓမ္မာနုပဿနာနည်းကို တရားမှတ်တဲ့အခါ ရည်မှန်းချက် အဖြစ်ထားပြီး သဲအင်းဆရာတော်ရဲ့ ကာယာနုပဿနာ သို့မဟုတ် ဝေဒနာနုပဿနာကို အဆင်ပြေသလို မှတ်ပါတယ်။ ပညတ်တင်မှတ်တိုင်း ဆူနာမီဆရာတော်၏ ဆုံးမစကားဖြစ်တဲ့ ပညတ်များကို သုံးရုံသာသုံးပြီး စွန့်ပစ်ရမယ်ဆိုတာကို နှလုံးသွင်းထားပြီး သမထဖြစ်မှန်းမသိ ဖြစ်မနေအောင် သတိပေးပါတယ်။ အထူးသဖြင့် ဖောက်ပြန်တဲ့ဝေဒနာကို ခံစားပြီးပျက်လို့ ဆင်ခြင်နေတဲ့အချိန်မျိုးမျာ သိမှုနာမ်သည်လည်း ရုပ်လိုပဲ ဖောက်ပြန်နေတာ၊ ငါသိနေတာမဟုတ်ဘူးဆိုတာကို ဆူနာမီဆရာတော်ရဲ့ “တစ်ခုခု၊ တစ်ယောက်ယောက်၊ တစ်ချိန်ချိန်၊ တစ်နေရာရာ၊ ပုဂ္ဂိုလ်၊ သတ္တဝါ၊ တိရစ္ဆာန်၊ တစ်ကောင်စီ။ လူ၊ တစ်ဦးစီဆိုတာ အဝိဇ္ဇာစိတ်မှ ဖန်တီးပြုလုပ်ထားသောမှုကြောင့်သာ တကယ်ဖြစ်နေ-ရှိနေ-မှန်နေသည်ဟု ထင်ရသောတရား” သတိပေးချက်နဲ့ အစွဲဖြုတ်ရပါတယ်။
    စာထဲက သမုတိသစ္စာ ပညတ်တရား ၈ချက်ကိုဖတ်ပြီး အိုင်းစတိုင်းရဲ့ ရီလေးတီဗတီ နှိုင်းရမဲ့ သီအိုရီကို ပိုနားလည်လာသလိုပဲ။ ကျေးဇူးပါ၊ ဆက်လက်အားပေးနေပါတယ်….

  • kai

    May 1, 2011 at 2:03 am

    ဆရာတော်က ကမ္မဌာန်းထိုင်ခိုင်းနေလို့လား..။
    ကောက်နှုတ်ချက်ထဲတော့ ..မတွေ့မိ..။

    ကိုရင်ကြောင်ကြိး..ကိုယ့်အယူအဆထည့်ပြောနေတာလား..။ တရားခွေနာပြီးကြားလို့ ပြန်ပြောတာလား.. သိချင်သား..။

    • bigcat

      May 1, 2011 at 2:08 am

      သဂျီး.. လက်ဝှေ့ထိုးမကျင့်ဘဲ ပွဲမစခင် ပရိတ်သတ်ကို ဟန်ရေးပြကန်တော့တာလေး ကြည့်ပြီး စင်ပေါ်တက်ထိုးကြည့်ပါလား။ ရမလားလို့… 😛

Leave a Reply