အနာဂါတ် တချိန်ချိန်ရဲ့ ပစ္စုပ္ပန်

fattyApril 30, 20111min20610

အတိတ်ကိုလဲမပိုင်ဆိုင်တော့ပါဘူး ….။ အနာဂါတ်ဆိုတာလည်း မပိုင်ဆိုင်သေးပါဘူး ….။
အခုလောလောဆယ် ပိုင်ဆိုင်တယ်လို့ပြောနိုင်တာက … အခုလောလောဆယ် ပစ္စုပ္ပန်ကာလလေးပါ ..။
ဆိုပါတော့ ကျနော်အခုစာရိုက်နေတယ် .. ကျနော်ပိုင်တဲ့ ကျနော့ရဲ့ပစ္စုပ္ပန်ကာလလေးဘဲပေါ့ ..။
တော်ကြာတော့ စာရိုက်တာပြီးသွားတော့မယ် ..။ခုနကပြောတဲ့ ပစ္စုပ္ပန် ကာလက အတိတ်ကာလဖြစ်သွားပြန်ပါပြီကော ….။

ကျောင်းသားဘဝက ကောင်မလေးတယောက်ကိုချစ်ခဲ့ဘူးတယ် …။ အရူးအမူးပေါ့ ..။
ကျောင်းသွားကျောင်းပြန် လဲသူ့နောက်တကောက်ကောက်လိုက် ..။ ကိုယ်အတန်းကိုမတက်နိုင်ဘူး ..
သူ့အတန်းအပေါက်ဝရှေ့သွားပြီး ပိုစ်အမျိုးမျိုးနဲ့ တချိန်လုံး ရပ်ပြရ ..။ ခြေသလုံးတွေအိမ်ရောက်မှ
ပရုပ်ဆီလိမ်းယူရတယ် ..။ မိုးတွေကလဲရွာ … မိုးရွာထဲ ထီးရှိရဲ့သားနဲ့ ထီးမဆောင်းဘူး .. တကိုယ်လုံးရွှဲ ..။
သူမြင်အောင်လုပ် …။ ဒီကြားထဲ .. သူ့နဲ့သူ့သူငယ်ချင်းတွေ အင်းယားကန် နားဘူးသီးကြော် ဆိုင်ထိုင်ကြတုံး
ကန်ထဲဆင်းကူးတဲ့ကလးတယောက်ရေနစ်ပါကော … ဘာရမလဲ ဟိးရိုးလုပ်ဖို့စောင့်နေတဲ့ ကျနော် ….
တခါထဲ ရေထဲဒိုင်ပင်ပစ် ဆင်းပြီးကယ်ပြလိုက်တာပေါ့ .. အစွမ်းအစတွေကလည်း ဘယ်ကနေထွက်လာမှန်းကိုမသိပါဘူး …
ကျနော်ကယ်နိုင်ခဲ့ပါတယ် …။ အဲ..အဲဒီနောက် .. သူ့ဆီက အဖြေရခဲ့တော့တာပါဘဲ .. ကိုဖက်ကို ချစ်ပါတယ်တဲ့ ….
ပျော်လိုက်တာ မိုးမမြင်လေမမြင် … ဒါပေတဲ့ အဲဒီတုန်းအပျော်တွေ … တဒုတ်ဒုတ်ရင်ခုံသံတွေ …
ပြန်ထိလို့မရတော့ဘူး ….. အတိတ်မှာကျန်ခဲ့ပြီလေ …။

အိမ်ထောင်ကျတော့ စီးပွါးရှာရတယ် ..။ အစိုးရအလုပ်ကတဖက် .. ကျူရှင်ပြရတာကတဖက် ..။ ညဖက်အချိန်ပိုရင်တောင်
သီရိမင်္ဂလာဈေးမှာ ကားဆွဲရသေးတယ် ..။ ဒီကြားထဲစာရေးဆရာဖြစ်ချင်တော့ .. ကုန်လိုက်တဲ့ဗလာစာရွက် ဆုတ်လိုက် ဖျက်လိုက်ပြန်ရေးလိုက်
ကလေးတွေရလာပြန်တော့ … လာပြီနို့မှုန့်ဖိုးကအစ … ဆယ်တန်းကျူရှင်ဝိုင်းကြေး … ဆယ်တန်းပြီး ကျောင်းဆက်တက်ဖို့စားရိတ် …။
မကျန်းမမာဖြစ်လို့ကတော့ … ဝေါကနဲဝေါကနဲပါဘဲ …. ဘဝအမောတွေ ….။ အဲဒါတွေကတော့ အတိတ်မှာကျန်ခဲ့တ%E

10 comments

  • fatty

    May 1, 2011 at 10:40 am

    ပိုစ့်တင်တဲ့အချိန် စာသားများကျန်ပြီး published လုပ်သွားတဲ့အတွက် ဒီပို့စ် ကိုဖျက်ပေးပါရန်ခင်ဗျား ..။

  • fatty

    May 1, 2011 at 11:08 am

    ပိုစ်ပြန်တင်ဖို့ကြည့်လိုက်တော့စာသားတွေကလည်း draft ထဲမှာမရှိတော့ဘူး ….. အဲတော့ ကွန်မန်း ကဘဲဆက်ရေးလိုက်တော့မယ် …..။
    ………………… အဲလိုအဲလို ဘဝအမောတွေကလဲ အတိတ်မှာလဲကျန်ခဲံပြီ ။ လက်ရှိပစ္စုပ္ပန်မှာလဲရှိဆဲပါ ……။
    ……….. သေချာတာကတော့ … ဆေးရုံပေါ်က ကုတင်တလုံးပေါ်မှာ … အစာမဝင်တော့လို့ နှာခေါင်းကနေပိုက်နဲ့
    အစာသွင်းရတယ် ..။ အရသာဆိုတာကိုစဉ်းစားမိတယ် ..။ လျှာကမှ ဖြတ်ပြီးအစာမဝင်ရတာ .. ဘာနဲ့အရသာခံစား
    ရမှာလဲ ..။ အသက်ရှင်လိုရှင်ငြား အဟာရလေးတွေပေးပြီး .. အသက်လုနေကြတာပါ ..။ အိမ်သူကို အနားလာအုံး
    လို့မျက်လုံးနဲ့ လှမ်းခေါ်လိုက်တယ် …။ အနားရောက်တော့အားခဲပြီး အသံတိုးလေးနဲ့ ပြောရတယ် ..။
    ငါအသက်ဆက်ရှင်နေတော့ ဘာလုပ်ရမှာလဲ .. ငါအစောကြီးကထဲကမှာခဲ့ပြီးပြီဘဲ .. ဆေးထိုးပေးပါ ….
    ဆေးသာထိုးလိုက်ပါ .. ဆိုတော့ .. အိမ်သူမှာမျက်ရည်တွေနဲ့ … အားတင်းထားစမ်းပါတဲ့ ..။ ဘာအားတင်းနေစရာ
    လိုလို့လဲ ..။ ငါ့အတွက်ကုန်မဲ့ငွေတွေ … ကလေးတွေကျောင်းစားရိတ်တွေရှိသေးတယ်လေ ..။
    ……………. တဖြည်းဖြည်း ပိုက်ကသွင်းတဲ့ အဟာရအမှုန့်ဖျော်ရည်ကိုတောင် လက်မခံတော့ဘူး …။
    ပါးစပ်က ပြန်ထွက်လာပြီ ..။ ဒါဟာ ကျနော့ရဲ့နောက်ဆုံးပစ္စုပ္ပန်ပါ ။ လက်ကနေသွင်းထားတဲ့ သွေးပိုက် ..
    မရတော့လို့ ဖြေဖနောင့်ကနေခွဲပြီး သွေးကြောရှာကြပြန်ပြီ ..။ ကျုပ်နောက်ဆုံး ပိုင်တဲ့ပစ္စုပ္ပန်ကို ကြိုးစားပြီး
    အာနာပါန မှတ်နေလိုက်တယ် ..။ … အာနာပါနမှတ်နေလိုက်တယ် ..။ လူတယောက်ပိုင်ပါတယ်ဆိုတဲ့ …
    ပစ္စုပ္ပန် … ခဏနေရင် အတိတ်ဖြစ်သွားတော့မှာပါ …။

  • kopauk mandalay

    May 1, 2011 at 11:18 am

    ကိုဖက်ရေ
    အခုပစ္စုုပ္ပန်က ကိုဖက်ဇနီးနဲ့အတိတ်က ဒိုင်ဗင်အထိုးကောင်းလို့ရလို်က်တဲ့အဖြေပိုင်ရှင်က
    တူလာ မတူဘူးလား?

  • fatty

    May 1, 2011 at 1:07 pm

    အဟဲ .. ကိုပေါက် သိရဲ့သားနဲ့ဗျာ …။

  • fatty

    May 2, 2011 at 2:56 am

    ကျနော့်မှာ ဆီးချို အသည်း ရောဂါ တွေရှိနေပေမဲ့ ကျနော့ကံကြမ္မာက အသက်အတော်ကြီးမှသေရမှာဖြစ်ပါတယ် ..။အဲဒါကတော့ ကျနော့ရဲ့နောက်ဆုံး သတ္တဝါတွေအပေါ် ကံရဲ့လွှမ်းမိုးမှုကို စမ်းသပ်ချက်ဘဲဖြစ်ပါတယ် ..။
    ကျနော်အခုနေကောင်းနေပါတယ် ..။

  • nagargyi

    May 2, 2011 at 4:58 am

    အဆင်ပြေတဲ့ပစ္စုပ္ပန်လည်းရေးပါအုန်း ဦးဖက်။

  • nagargyi

    May 2, 2011 at 5:04 am

    အဆင်ပြေတဲ့ ပစ္စုပ္ပန်လည်း ရေးပါအုန်း ဦးဖက်။

  • char too lan

    May 2, 2011 at 9:47 am

    နိမိတ်မရှိ နမာမရှိနဲ့ ဦးဖက်ရာ……… စိတ်တောင်ပူသွားတယ် 🙁

  • unclegyi1974

    May 2, 2011 at 3:30 pm

    ကိုဖက်ကဦးကျော်ကိုအားကျလို့နဲ့တူတယ်

Leave a Reply