Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လူ့ဘဝကို တကယ်တမ်း စိုးမိုးတာ ဖန်ဆင်းရှင်ပါ…

naygyiApril 30, 20111min34520

လူ့ဘဝကို တကယ်တမ်း စိုးမိုးတာ ဘာသာရေးမဟုတ်ဘူး.. …. ဖန်ဆင်းရှင်ပါ…

(တို့က ဖန်ဆင်းရှင်မှ လက်မခံတာဆိုရင်လည်း မိမိ ဦးနှောက်က လက်မခံတာသာဖြစ်ပြီး မိမိရဲ့ လူ့သဘာဝကိုက လက်ခံနေပြီးသားဆိုတာ သာဓကတွေ အများကြီးရှိပါတယ်.. ကိုယ်ကိုယ်တိုင်လည်း စဥ်းစားစဉ်ခြင်ကြည့်လို့ရနိုင်ပါတယ်…)

လူမှာ ဓာတ်သဘောတွေရှိတယ်၊ ရုပ်၊ နာမ်တွေရှိတယ်.. အားလုံး သူ့သဘာဝ၊ သူ့သဘောတရားတွေရှိတယ်… သဘာဝတရားကြီးဆိုတာရှိတယ်..။
အဲဒါတွေမှာ မြင်ရတာ ရှိတယ်၊ မမြင်ရတာရှိတယ်…။ အကောင်အထည် ဖော်ပြနိုင်တာရှိတယ်..၊ မဖော်ပြနိုင်တာရှိတယ်…။
သတ္တဝါတွေမှာလည်း သူ့သဘာဝနဲ့သူပဲ.. မွေးရာပါ ဗီဇဓာတ်တွေ အကုန်လုံးမှာ ပါလာကြတာယ်။
ဒါကိုတော့ ရုပ်ဝါဒီတွေလည်း လက်ခံနိုင်ကြပါတယ်…။ ဒါပေမယ့် ရုပ်ဝါဒီတွေမှာ အသက်ကို မမြင်ရလို့ မယုံဘူးဆိုတာ မရှိဘူး…။ သူတို့ ယုံကြည်တာပဲ။ လေ ကို မမြင်ရလို့ လေမရှိဘူးလို့ ဘယ်ရုပ်ဝါဒီကမှ မငြင်းဘူး…။ အကြောင်းတရားနဲ့ အကျိုးတရားကို ပြရင် သဘောပေါက်သွားကြတယ်။
အဲဒါကိုက လူရဲ့ ပင်ကိုယ်ဗီဇမှာပါလာတဲ့ လက်ခံနိုင်ခြင်း သဘောတရားပဲ။ လူမှာပင်ကိုယ်အားဖြင့် စိတ်အပါအဝင် မမြင်ရတဲ့အရာပေါင်း မြောက်မြားစွာကို လက်ခံပေးနိုင်တယ်.. ။
ဒါကိုက လူသားရဲ့မသိစိတ်က ထောက်ခံနေတဲ့ လက်ခံနေတဲ့ မိမိကိုယ်ဖန်ဆင်းလိုက်တဲ့သူရှိတယ်ဆိုတဲ့ သဘောတရားပဲ။

ပတ်ဝန်းကျင်ကိုကြည့်တယ်… ဒါသဘာဝတရားကြီးပဲ..။
ဒါပေမယ့် ဒီသဘာဝတရားနဲ့ ဆန့်ကျင်ဘက်တွေ လူ့လောကမှာ မရှိဘူးလို့ ဘယ် ရုပ်ဝါဒီက ငြင်းဆန်နိုင်မှာလဲ။
သဘာဝစနစ်ပျက်ယွင်းပြီး ဖြစ်ချင်တိုင်းဖြစ်နေတာတွေဟာ အဲဒီ ပုံသေကားချပ်ဖြစ်နေတဲ့ သဘာဝတရားကို ပြုပြင်နိုင်သူရှိတယ်ဆိုတဲ့ သက်သေပဲ။
လူမှာပဲကြည့်ကြ့ည်၊ တိရစ္ဆာန်မှာပဲ ကြည့်ကြည့်၊ သစ်ပင်ပန်းမာလ်နဲ့ လောကကြီးတစ်ခုလုံးကိုပဲ ကြည့်ကြည့် ပုံသေနည်းအတိုင်း၊ ဖော်မြူလာအစီအစဉ်အတိုင်း ဖြစ်ပျက်နေသလို.. အဲဒီ ပုံသေနည်းကနေ၊ ဖော်မြူလာကနေ ခွဲထွက်၊ ဖောက်ထွက်လာတဲ့ အဖြစ်အပျက် ကုဋေကုဋာရှိတယ်။ ဒါကို သဘာဝလို့ပဲ ခေါ်ဦးမလား…။
ဥပမာ – လူမှာ မျက်နှာရှိတယ်..  ။ အဲဒီမျက်နှာမှာ မျက်လုံးက ၂ လုံး၊ ပါးစပ်က အလယ်အောက်ပိုင်းမှာ ၁ ခု၊ နားရွက်တွေကျတော့ ဘေးတစ်ဘက်တစ်ချပ်ဆီမှာ.. ၂ ခု။ နှာခေါင်းက မျက်လုံးနဲ့ ပါးစပ်ကြား စင်းစင်းလေး…။ မျက်လုံးပေါ်မှာ နဖူး၊ နဖူးပေါ်မှာ ဦးခေါင်းနဲ့ ဆံပင်တွေ ရှိမယ်…။
ဒါတွေဟာ လူသားတစ်ဦးမှာ သဘာဝကပေးလာတဲ့ မျက်နှာပဲ ဆိုပါတော့…။

ကဲ .. အဲဒီ သဘာဝအတိုင်းမဟုတ်ဘဲ.. လူ့တစ်ယောက်ရဲ့မျက်နှာဟာ ဖြစ်ချင်တိုင်းဖြစ်ပြီး မွေးလာတာ.. မရှိတော့ဘူးလား…။ အဲဒီလို သဘာဝမျက်နှာမျိုးမဟုတ်ဘဲ သဘာဝထဲကနေ ခွဲထွက်လိုက်တဲ့ မျက်နှာပုံစံ မြောက်မြားစွာ ရှိမယ်..။ အဲဒီလို ခွဲထွက်သွားတဲ့ ပုံစံကို သဘာဝလို့ ခေါ်ပါဦးမလား…။  ပုံမှန်ရှိရမယ့် အနေအထားနဲ့ ကွဲလွဲမှုများစွာရှိတဲ့ မျက်နှာပေါင်း ဘယ်နှစ်မျိုးရှိမယ်လို့ သင်ထင်ပါသလဲ….။ သင့်စိတ်ကူးထဲမှာ မြင်ကြည့်လိုက်ပါ..။

ဥပမာ – နဖူးအလယ်မှာ မျက်လုံး ၁ လုံးထဲပါတဲ့ မျက်နှာ၊ ပါးစပ် ၂ ခုပါတဲ့ မျက်နှာ၊ နှာခေါင်းပေါက်နဲ့ ပါးစပ် တစ်ဆက်တည်း တစ်ပေါက်တည်းဖြစ်နေတဲ့ မျက်နှာ၊ နှားရွက်က ပါးမှာ လာပေါက်နေတဲ့ မျက်နှာ.. စသဖြင့်…. စသဖြင့်..  သင့်စိတ်ကူးထဲ ရှိသမျှ မြင်ကြည့်စမ်းပါ…။ လူ့လောကမှာ မူကွဲမျက်နှာတွေ အများကြီးရှိတယ်ဆိုတာ သင်လက်ခံလာလိမ့်မယ်…။ အဲဒါကို သဘာဝလို့ ဆိုမလား..။ ဒါတွေဟာ အကြောင်းတရား တစ်ခုခုကြောင့် ဖြစ်လာတယ် ဆိုတာ လက်ခံပြီးသားပါ..။ အဲဒီအကြောင်း အကျိုးတရားကို လူတွေအားလုံး လိုက်လုပ်နေတာလား။ ဒီနေရာမှာ သဘာဝတရားဆိုတာကြီးကို လူတွေ မြင်ပုံကို ပြောချင်တာပါ။ လူတွေ လိုက်မလုပ်နိုင်တဲ့အရာတွေကို အလွယ်တကူ သဘာဝလို့ ပြောတတ်ကြလို့ပါ။ သစ်ပင်တွေ ဘယ်လူသားမှ မစိုက်ရဘဲလဲ ရှင်သန်နေသလို.. ပျက်ယွင်းနေမှုလည်းရှိတယ်..။ အဲဒါကိုပဲ သဘာဝလို့ ပြောရင်လည်း
ဒီနေ့ခေတ်ဆိုရင်.. သဘာဝစနစ်၊ ဂေဟစနစ် ပျက်ယွင်းမှုကြောင့်… ကန္တာရမှာ မိုးရွာ.. မုတ်သုံရာသီဒေသတွေမှာ မိုးခေါင်၊ မုန်တိုင်းတိုက်၊ ငလျင်လှုပ်၊ ဖြစ်ချင်တိုင်းဖြစ်နေတာဆိုတော့….
ဘယ်အရာက သဘာဝလဲ….။ သဘာဝဆိုတဲ့.. စနစ်ကြီး၊ ဖော်မြူလာကြီးက သူ့အလိုလို မပြောင်းလဲဘဲ ဖြစ်နေတာရှိသလို ပြောင်းလဲဖြစ်ပေါ်နေတာရှိတယ်..။ အဲဒီ ၂မျိုးလုံးကို လူတွေ လုပ်ယူနေတာလား….။

ဒါဟာ စက်ယန္တရားတစ်ခုမှာ အထိန်းအကွပ်နဲ့ လိုရင်လိုသလို နှေးဖို့ မြန်ဖို့ ညွှန်ကြားပေးသူရှိသလို  လူ့လောကကမ္ဘာကြီးအပါအဝင် .. စကြဝဠာကြီးတစ်ခုလုံးကို ထိန်းကွပ်နေသူရှိတယ်..။ ဖော်မြူလာကို သူပဲ ရေးတယ်..။ အဲဒီဖော်မြူလာကို သူပဲ ဖျက်ပါတယ်…။
ဘယ်လူသားကမှ.. သေသွားတဲ့ လူရဲ့ ဝိညာဉ်ကို ခန္ဓာကိုယ်ထဲ ပြန်မထည့်ပေးနိုင်ကြပါဘူး…
ဘယ်လို အရိယာပုဂိ္ဂုလ်ကမှ ဖော်မြူလာရေးသူရဲ ့နည်းစနစ်တွေကို မဖျက်စီးနိုင်ပါဘူး။
ဘယ်လိုလူသားမှလည်း သေမသွားပါနဲ့လို့ တားယူလို့ မရပါဘူး..။ လူသားဘက်က ဖော်မြူလာသစ် ရေးလို့မရပါဘူး။ ဖျက်လို့လည်း မရပါဘူး။
ဖန်တီးသူရဲ့ ရေးသားချက်အတိုင်းသာ လှုပ်ရှားအသက်ဝင်ရသလို…။ ဆိုင်းငံ့ရပ်တန့်ခြင်း ခံရတာပါ။

ဘယ်လူကမှ ဖန်ဆင်းရှင်ကိုဆန့်ကျင်ပြီး .. ငါ မသေဆေးဖော်မယ်…။ ခေတ်မီနည်းပညာတွေနဲ့ မသေအောင်လုပ်မယ်.. ဆိုပြီး.. ဖော်မြူလာအောက်က ရုန်းမထွက်နိုင်ကြပါဘူး။ ဖန်တီးတဲ့သူက Game Over ဆိုရင်.. player ဖြစ်တဲ့ လူတွေအတွက် ဆက်ကစားလို့မရတော့ပါဘူး။

Game တစ်ခုနဲ့ ဥပမာပေးရရင်..
ဂိမ်းတစ်ခုမှာ… ပေးထားတဲ့ ခံစားပိုင်ခွင့် (ဥပမာ- လက်နက်၊ ကြည်ဆံ၊ ဗုံး) စတာတွေကို ရယူသုံးစွဲနိုင်သလို.. မယူဘဲလဲ နေခွင့်ရှိပါတယ်.။
လူတွေအတွက် စားသောက်ဖို့ စားနပ်ရိက္ခာ၊ သုံးစွဲဖို့   အသုံးအဆောင်ပစ္စည်းကိရိယာတန်ဆာပလာ အစုံလင်ကို  ဖန်ဆင်းရှင်က ပေးပြီးသားပါ..။ ကိုယ်စိတ်ကြိုက် လိုချင်ရင ်ရအောင်ယူ၊ မလိုချင်လည်း နေနိုင်ပါတယ်..။

ဂိမ်းတစ်ခုမှာ.. လက်နက်မှန်ရင် သေ၊ မမှန်ရင် ရှင်၊ လွတ်အောင်ခုန်နိုင် ပြေးနိုင်ရင် အသက်ချမ်းသာရသလို လူ့ဘဝမှာလည်း ထိုနည်းလည်းကောင်းပဲ …။

ဂိမ်းတစ်ခုမှာ ဝင်ရမယ့်အခန်း… ယူရမယ့် အမှတ်ကို မယူနိုင်ရင် အမှတ်နည်းမယ်..၊ ဒါလေးစားလိုက်မှ အကောင်ကြီးသွားမယ်ဆိုရင်လည်း မစားမိရင် မကြီးဘူး။ စားမိရင် ဂိမ်းဖော်မြူလာရေးထားသူရဲ့အလိုအတိုင်း အကောင်းကြီးထွားသွားမယ်..။

ဂိမ်းဖန်တီးရှင်က player ကို စိ်တ်ကြိုက် ရွေးချယ်ခွင့်ပေးသလို  ဖန်ဆင်းရှင်ကလည်း လူသားတွေအတွက် စိတ်ကြိုက် ရွေးချယ်ခွင့်ပေးထားတယ်…။

ဂိမ်းတစ်ခုမှာ ဖော်မြူလာရေးသူက ဒီတံခါးပေါက်မှ ဝင်မှ ဂိမ်းကို ရှေ့ဆက်ကစားလို့ရမယ်လို့ သတ်မှတ်ပြဋ္ဌာန်းရေးဆွဲထားရင်.. player အနေနဲ့ အထွန့်မတက်နိုင်၊ စောဒကမတက်နိုင်ဘဲ.. သတ်မှတ်ထားတဲ့ ဝင်ပေါက်အတိုင်း ဝင်ရပါလိမ့်မယ်…။
ဒီလိုပဲ.. ဖန်ဆင်းရှင်က ဒါကိုလုပ်မှ ဒီလိုဖြစ်မယ်လို့ သတ်မှတ်ပြဋ္ဌာန်းပြီးသားကိစ္စကို ဘယ်လူသားကမှ ပြောင်းပြန်လုပ်ယူလို့မရပါဘူး။

ဒါကြောင့်.. player တစ်ယောက်ဟာ ဂိမ်းတစ်ခုကစားတဲ့အခါ ဂိမ်းဆော့ဖ်ဝဲရေးသူရဲ့ ဖော်မြူလာအတို်င်း ကစားရတာပဲဖြစ်ပါတယ်…။ ဂိမ်းဆော့ဖ်ဝဲရေးသူက version အသစ်ပြောင်းပေးမှာသာလျှင် ကစားပုံနည်းလမ်း ပြောင်းလဲနိုင်မယ်။
ဖော်မြူလာရေးသူ ပေးထားတဲ့ Tools တွေကိုပဲ ယူသုံး၊ သူပေးထားတဲ့ လမ်းကြာင်းမှာ ရန်သူနဲ့တွေရင် ဘယ်လိုရှောင်ရင် လွတ်မလဲ.. မရှောင်ရင် ဘာဖြစ်မလဲဆိုတာ ပရိုဂရမ်ကြိုရေးပြီးသားပါ…။

ဒါကြောင့် player တစ်ယောက်ဟာ ဂိမ်းတစ်ခုကို ကစားပြီဆိုရင် အဲဒီဂိမ်းဖော်မြူလာရေးသူရဲ့ လွှမ်းမိုးမှုကိုပဲ ခံရမယ်ဆိုတာ ဘယ်သူငြင်းနိုင်မှာလဲ..။

ဒီလိုပဲ လူသားတစ်ယောက်ဟာ သူ့ကို ဖန်ဆင်းလိုက်တဲ့ ဖန်ဆင်းရှင်ပေးထားတဲ့ ရေ၊ မြေ၊ တော၊ တောင်၊ သစ်ပင်၊ ပန်းမလ်၊ တိရစ္ဆာန် နဲ့ အသုံးအဆောင်ပစ္စည်းတွေကို စိတ်ကြိုက်ယူငင်သုံးစွဲနိုင်သလို.. မသုံးဘဲထားရင်လည်း မသုံးစွဲမိတဲ့ အကျိုးရလာဒ်ကို ရနိုင်ဖို့.. ဖော်မြူလာရှင်က ကြိုတင်ရေးသားပြီးသားဖြစ်ပါတယ်။
ဒါကြောင့်… လူတစ်ယောက်ဟာ ဘယ်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ်.. ဘာကိုမှ အယုံအကြည်မရှိတဲ့လူပဲဆိုဆို.. ဖော်မြူလာရှင်ရေးဆွဲထားတဲ့ ပရိုဂရမ်အတိုင်းကို သူဟာ မလွန်ဆန်နိုင်ပဲ ဆက်လက် play လုပ်သွားရတာပါပဲ..။

ဂိမ်းဆော့ဖ်ဝဲတီထွင်သူက.. ဒီနေရာမှာ ဂိမ်းအိုဗာ (Game Over) လို့ သတ်မှတ်ထားရင်.. ဘယ် player ကမှ ကျော်လွှားလို့ မရနိုင်ပါဘူး..။ လွန်ဆန်လို့ မရနိုင်ပါဘူး။ အဲဒီ ဂိမ်းဖန်တီးရှင် ဆော့ဖ်ဝဲရှင် ဖော်မြူလာရှင်ကို မကြိုက်လို့ ဘယ်လို့ပဲ ဆန့်ကျင်နေပါစေ.. အချိန်တန် ဂိမ်းအိုဗာဆိုရင် ပွဲသိမ်းလိုက်ရတာပဲ မဟုတ်လား။

ဒိလိုပဲ.. စကြဝဠာအနန္တကို အဆင့်ဆင့်ဖန်ဆင်းမွေးမြူပျိုးထောင် ထိန်းသိမ်း ကြပ်မတ်ကွပ်ကဲလမ်းညွှန်နေတဲ့ တစ်ဆူတည်းဖြစ်တဲ့ ပရမတ္တဉာဏ်ပေါင်းချုပ်အရှင်က  အသက်ဇီဝိန်ချုပ်ဖို့ အချိန်တန်ပြီလို့ ဝိညာဉ်ကို ပြန်ခေါ်တဲ့အခါ ဘယ်ဝိညာဉ်က ငြင်းဆန်နိုင်ပါသလဲ ခင်ဗျား..။

ဒါကြောင့်.. ဘာသာတရား ယုံကြည်သူဖြစ်စေ၊ မယုံကြည်သူဖြစ်စေ အသိဉာဏ်မြင့်မားသူဖြစ်စေ၊ နိမ့်ပါးသူဖြစ်စေ အယုတ်အလတ်အမြတ်မရွေး ၊ (ယုတ်စွအဆုံး ဖန်ဆင်းရှင်ကို ထိုင်ဆဲနေပါသော်လည်း) ဖော်မြူလာရေးသားသူ ဖန်ဆင်းရှင်က ပေးထားတဲ့ ရိက္ခာ၊ အသုံးအဆောင်ကိုပဲ ယူသုံးပြီး.. အချိန်တန် ပြန်ခေါ်တဲ့အခါ အငြင်းဆန်နိုင်ပဲ ဇီဝိန်ချုပ်ငြိမ်းပေးရတော့တာပါပဲ။

ဒါကြောင့် လူသားတွေကို ဘာသာတရားတွေက အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးနိုင်သော်လည်း တကယ်တမ်း လွှမ်းမိုးနေတာက သူ့ရဲ့ ပိုင်ရှင်ပါ။ (တနည်း- လူသားရဲ့ လက်ရာရှင်ကိုယ်တိုင်ပါ။) ဖန်ဆင်းရှင်ပါ။  ။

20 comments

  • nayzaw

    April 30, 2011 at 3:58 pm

    မသိတာလေးတွေမေးခွင်ပြုပါနော် ဖန်ဆင်းရှင်ကမျက်နှာလိုက်သလား ?ဖန်ဆင်းရှင်ကလတ်စားသလား?ဖန်ဆင်းရှင်ကဘဒုက္ခပေးတက်လား?
    သုခကိုကောပေးတက်လား? ဘာလိုgame overတွေများနေရတာလဲ? ဆော့ဖ်ကိုဘာလိုညီတူူမျှတူမရေးဆွဲတာလဲ?
    ဖန်ဆင်းရှင်ကိုဘယ်သူကဖန်ဆင်းပေးတာလဲ? သူအကြိုက်ကိုလိုက်တဲလူကိုပဲသူကြည့်တာလား အရာအားလုံကိုကောသိလား?
    ဘယ်မှာနေတာလဲ?သူကိုသူတော့ကောင်းအောင်ဖန်ဆင်းသလား? ဘာကြောင့်ဖန်ဆင်းရှင်လိုခေါ်သလဲ?

  • bigbird

    April 30, 2011 at 4:37 pm

    နေခြည်ရေ…မင်းကြောင့်ရူးပြီး…လေးဖြူသီချင်းလေ….

  • bigcat

    April 30, 2011 at 9:23 pm

    ဖန်ဆင်းရှင်ထက်မြင့်တာ ဖန်ဆင်းမွေးမြူရှင်ဗျ… သူကဖန်ဆင်းရုံတင်သာမက မွေးမြူထိန်းကျောင်းလို့ ပိုအစွမ်းအစနဲ့ ပြည့်စုံတယ်။ ကန့်လန့်လုပ်တာ ဟုတ်ဖူးနော်.. သိတာလေးကို ဆွေးနွေးတာ…. မကျေနပ်ရင် ကျုပ်တို့ရွာဖန်တီးရှင် သဂျီနဲ့ရှင်း… 😛

  • အဲဒီဖန်ဆင်းရှင်ဆိုတာ ဘယ်မှာလဲ? ဘာတွေလုပ်နေလဲ? တစ်ခါမှလည်း လူရှေ့သူရှေ့ထွက်မပြပါလား?
    ဟုတ်ပါပြီ.. ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်လို့ သူက ဖော်မြူလာတွေချပြခဲ့ပါတယ်။ တစ်ကယ်ရော ဖြစ်လို့လား?
    ယနေ့ခေတ်အခါမှာ လူသားတွေကိုယ်တိုင် လူသားတွေ ထပ်တူ ဖန်ဆင်းနေပါပြီ။ ဒါဆို ဖန်ဆင်းရှင်ကြီးလဲ အဆင့်ကျတော့မှာပေါ့နော်။ မဟုတ်ဘူးလို့ မငြင်းပါနဲ့။ DNA ကနေ ပုံတူမျိုးပွားလုပ်နေကြတာ လူတိုင်းသိပါတယ်။ ဖန်ပြွန်သန်ဒေသား(စာလုံးဆင့်မရလို့ပါ) တွေ မွေးထုတ်နေကြပြီလေ။ ဒါဆို ဖန်ဆင်းရှင်က လူသားနှစ်ဦးပေါင်းဖက်ခြင်းကြောင့်သာ လူသားမျိုးဆက်တွေ ပြန့်ပွားစေလေသတည်းဆိုပြီး ဖန်ဆင်းခဲ့တယ်ဆိုတဲ့ အဆိုက မှားမနေဘူးလား?

    မေးရရင် အများကြီးပါ။ သူကြီးကတော့ ပိုပြီး အချက်အလက်၊ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ရေးပြပါလိမ့်မယ်။ ကျွန်တော်ကတော့ လူတွေကို အကြောက်တရားနဲ့ ချုပ်ကိုင်ချင်နေတဲ့ ဘာသာရေးတွေရဲ့ ချုပ်ကိုင်ခြင်းကနေ ဝေးအောင်ထွက်ပြေးနေသူပါ။ ဒါကြောင့် ခုဆို ဘယ်သူကမှ လာရောက်ချုပ်ကိုင်ခြင်းမရှိတော့ပါ။ စားကြည့်စမ်းပါ၊ သိပ်ကောင်းတာပဲလို့ အမြည်းလိုက်ကျွေးနေသူများသာ တွေ့နေပါကြောင်း…

  • kai

    May 1, 2011 at 12:08 am

    ကျုပ်က..ချချ်လည်းတက်ဖူးတယ်..။ သမ္မာကျမ်းဟောင်းရော..အသစ်ရော..သေသေချာချာဖတ်ဖူးတယ်..။
    ကိုရမ်ကျမ်းလည်း ဖတ်ခဲ့ဖူးတယ်..။ အလွတ်လည်း အများကြီးကျက်ဖူးတယ်..။
    ထားတော့…။

    အပေါ်က.တင်ပြထားတဲ့ အချက်အလက်တွေ.ကို လေ့ာဂျစ်အရလည်း… ယုံကြည်တယ်..။
    ဆိုတော့..
    ဖန်ဆင်းရှင်ဆိုတာကို… ယုံတယ်..။

    တခုတော့ရှိတယ်..။
    အမည်နာမတော်တပ်တာတော့ တူမယ်မထင်ဘူး..။
    ကျုပ်ပြောလိုတဲ့ ဖန်ဆင်းရှင်က.. သဘာဝတရားကြီးပဲဖြစ်ပါတယ်..။
    ဆိုတော့…
    ယေယောဝါဘုရားသခင်နာမတော်..။ အလာအရှင်မြတ်ဘွဲ ့တော်.. ကြိုက်တဲ့ ပညတ်အမည်တပ်တပ်.. ပါပဲ..။ 🙂

  • moethidasoe

    May 1, 2011 at 5:04 am

    ဖန်တီးရှင် .. ဖန်ဆင်းရှင် .. အားလုံးကို ပြုပြင်နိုင်တယ် ဆိုရင် ဘာကြောင့် အားလုံးကို ညီအောင် မဖန်ဆင်းခဲ့တာလဲ .. ဘာကြောင့် ဆင်းရဲတဲ့လူတွေ ဖြစ်နေတာလဲ .. ဘာကြောင့် ရုပ်ဆိုးတွေ မွေးထုတ်ခဲ့တာလဲ .. ဘာကြောင့် စောစောစီးစီး သေနေကြရတာလဲ ..
    တို့သာ ဖန်ဆင်းနိုင်တယ် ဆိုရင် အားလုံး သာယာအောင် ဖန်ဆင်းမှာပေါ့ .. မကောင်းတာ မလျှော်တာ ဘယ် မြင်ချင်ပါ့မလဲ .. မဟုတ်ဘူးလား ..
    အဲဒီလို မဖြစ်ခဲ့ရင်တော့ ဖန်ဆင်းရှင်ဆိုတာ ရှိပါ့မလား ..
    မကောင်းတာလုပ်ခဲ့တဲ့လူဟာ မကောင်းတဲ့ အကျိုးခံရဖို့ ..
    သူများကို သတ်ခဲ့တဲ့လူက အဲဒီအကျိုးဆက်ကို ခံစားရဖို့ ..
    ဒီလို အကြောင်းတွေကြောင့် ဒီလိုအကျိုးတွေခံရဖို့ ဆိုတဲ့ ကြောင်းကျိုးဆက်နွှယ်မှုတွေ ကို ငြင်းပယ်ကြတော့မှာလား

  • nature

    May 1, 2011 at 11:49 am

    တကယ်လို့ကျနော်သာဖန်ဆင်းရှင်ဖြစ်ခဲ့ရင် လူသားအားလုံး ကျန်းမာချမ်းသာသုခတွေနဲ့ ပြည့်စုံပြီး လူတွေကိုမသေအောင်ဖန်ဆင်းပေးချင်တယ်၊ ဆင်းရဲဒုက္ခ ရောက်တဲ့လူတွေကိုမဖန်ဆင်းချင်ဘူး။

  • paukpauk

    May 1, 2011 at 12:36 pm

    ဖန်ဆင်းရှင်ဆိုတာ သဘာဝတရားတဲ့။
    သဘာဝဆိုတော့ ဖြစ်ချင်ရာဖြစ်…
    ဖြစ်ချင်မှလဲဖြစ်…
    မဖြစ်ချင်တာလဲဖြစ်…
    မဖြစ်သင့်တာလဲဖြစ်…
    မျှော်မှန်းတာလဲ ဖြစ်..
    မမျှော်လင့်တာလဲဖြစ်..
    ဒါတွေကိုအကြောင်းပြ အမြတ်ထုတ်မဲ့ ဘာသာရေးဆရာ တွေကလဲ တပုံကြီး။
    သာမန်လူတွေကတော့ အလှည့်စားခံတွေပေါ့…
    ဘာသာတရားကိုင်းရှိုုင်းပါတယ်ဆိုတဲ့ မြန်မာပြည်ကလဲ ဆင်းရဲ…
    ရန်လိုလှပါတယ်ဆိုတဲ့ နိုင်ငံတွေကလဲ ချမ်းသာ..
    ဘာသာတရားမရှိတဲ့ တရုတ်နိုင်ငံကလဲ တိုးတက်လာ။
    တွေးစရာတွေ အများကြီးပါ။
    အမှန်တရားဆိုတာတောင် နှိုင်းယှဉ်မှုကလာတယ်လို့
    ဆိုကြတယ်ဆိုတော့…
    ဖန်ဆင်းရှင်ဆိုတာ ရှိမရှိ မိမိဘာသာ ဆင်ခြင်ကြပါလော့။

  • Amie

    May 1, 2011 at 9:57 pm

    I do not believe in Creator. No one including God(Creator) can create us. Let’s see if god creates us why he creates unfairly??? Why there so many differences : Happy & Sad, Live longer & died in early age, beautiful and ugly, poor and rich, low and high & so many ups and downs??? WHY???? Also, if god love us, he should be treat us the same way which is just like a mom treat the same on good child or bad child. But god said that “if you are believe in me, you will be in heaven with me no matter how many bad things you did. Jesus will come and sacrifice for your sins” …How come it can be true??? for example, why judges and polices gave punishment to criminals, murder and naughty people?? at that moment where was the god and why he didn’t sent Jesus and ask Jesus to sacrifice for bad people’s sins. We all know that We the only responsible person for what we did. No one can be substitute in our place. We have to pay or get for what we did. For example, you shouldn’t except apple if you seed chili. Just like that you must not believe God will sent Jesus and ask Jesus to sacrifice for our sins. Because these sins are made by you. NOT by Jesus. You the only responsible person for your sins. So the best thing is if you don’t want sins and don’t want to go hell, don’t do the bad things .That’s it.

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 2, 2011 at 4:12 am

    အိမ်းအိမ်းအိမ်း
    နေရာဓဂါဆရာတော်ဘဒ္ဒ န္တ မိုက်ကယ်ဂျော်နီအောင်ပု ချီးဘဲ
    ဝင်းပြီးရှင်းပေးနေရတာ ဆိတ်ပိန်လာပြီ 🙁
    ကိုယ်ကလဲအစကတည်းက ခပ်ကြောင်ကြောင်ဘဲ ဖြစ်နေရတဲ့အထဲမှာ
    ကော်မန့်ဘောက် တစ်ခုလုံး ကိုယ့်နာမည်တွေနဲ့ဘဲ သူများမျက်စေ့နောက်နေမှာမို့
    မပြောဘဲနေတာ
    ခပ်ရှင်းရှင်းပြောရရင်တော့ မိမိတို့ယုံကြည်ရာ ဘုရားရှင်တွေ
    မယုံကြည်ရာ ဘုရားရှင်တွေ ကိုအသာထား
    မဆီမဆိုင် သူမှန်တယ်ငါမှန်တယ်
    သူဂျီးကလည်း ဘာသာရေးတွေအားလုံးကိုလေ့လာထားပြီးပြီဆိုပြီး
    ဓာတ်တိုင်တက်လိုက်သေးတယ် ဒီလောက်တက်ခြင်နေရင်
    ရွာမှာထန်းလာတက် 🙂
    လူ့ဘဝကိုတစ်ကယ်တမ်းစိုးမိုးတာ ကိုများ
    မဆီမဆိုင် ယုံကြည်ရာ ဘုရားရှင်တွေကို စွဲသွင်းပြီးဝါဒပြိုင်နေကြတယ်
    ပြောတဲ့သူကလည်း တစ်ဖက်သတ်ပြောတော့
    ကျန်တဲ့သူတွေကလည်း မဆီမဆိုင်တွေပြန်ဆော်ကြတော့
    ရှုပ်ကုန်တာပေါ့ကွယ်
    ယနေ့လူ့ဘဝကိုတစ်ကယ်တမ်းစိုးမိုးနေတာက
    စားမယ်၊ အိပ်မယ်၊ မေထုန်မှီဝဲမယ်
    ဒီသုံးပါးလေးဘဲရှိတာ ဘယ့်နှယ်ကြောင့် ဟိုဘုရားကိုဆွဲထည့်
    ဒီဘုရားကိုဆွဲထည့် ကိုယ်လိုသလိုပြော
    စားမယ်၊ အိပ်မယ်၊ မေထုန်မှီဝဲမယ် ဒီအကြောင်းသုံးပါးကို
    ဆင်ခြင်ဉဏ်လေးမဲ့လိုက်ရင်
    လောဘ၊ဒေါသ၊မောဟ သုံးပါးအားကြီးလာမယ်
    ဒါလေးကိုများနော်……………………………………

  • nature

    May 2, 2011 at 12:27 pm

    ဂိမ်းဆော့ဖ်ဝဲတီထွင်သူက.. ဒီနေရာမှာ ဂိမ်းအိုဗာ (Game Over) လို့ သတ်မှတ်ထားရင်.. ဘယ် player ကမှ ကျော်လွှားလို့ မရနိုင်ပါဘူး..။ လွန်ဆန်လို့ မရနိုင်ပါဘူး။ အဲဒီ ဂိမ်းဖန်တီးရှင် ဆော့ဖ်ဝဲရှင် ဖော်မြူလာရှင်ကို မကြိုက်လို့ ဘယ်လို့ပဲ ဆန့်ကျင်နေပါစေ.. အချိန်တန် ဂိမ်းအိုဗာဆိုရင် ပွဲသိမ်းလိုက်ရတာပဲ မဟုတ်လား။….. game ကိုဖန်တီးရေးသားတဲ့သူဟာ game over ဖြစ်အောင်ရေးလို့ရသလို game over မဖြစ်အောင်လည်းရေးလို့ရပါတယ်၊ ကိုယ်ကြိုက်သလိုရေးလို့ရပါတယ်၊ ဒါဟာ game ရဲ့ဖန်တီးရှင်ဆိုတာလက်ခံပါတယ်၊

  • kopauk mandalay

    May 2, 2011 at 3:35 pm

    ဂိမ်းဆော့တော့ ဂိမ်းအိုဗာဆိုရင် ကစားပွဲအသစ်ပြန်စလို့ရတယ်။
    လူ့လောကမှာ ဂိမ်းအိုဗာဆိုရင် ဘယ်ဖန်ဆင်းရှင်က မှလာမကယ်တာကတော့ သေချာတယ်.

  • thureinmaung

    May 3, 2011 at 10:45 am

    အရာရာတိုင်းကိုဖန်ဆင်းရှင်က အလိုတော်အတိုင်း ဖြစ်ပျက်စေတယ်ဆိုတာမွေးစမှမနှစ်က အထိစွဲစွဲမြဲမြဲယုံကြည်ကိုးစားလာခဲ့တာပါ။ ဖန်ဆင်းရှင်အသက်ရှင်နေတယ်ဆိုတာကိုလဲအရိုးထဲစွဲတဲ့အထိလက်ခံယုံကြည်ခဲ့ပါတယ်။
    ဒါပေမယ့်…
    သူဖန်ဆင်းတဲ့လူသားရဲ့ဆုတောင်းသံ(နောင်တရပြီးအောာ်ဟစ်တဲ့အသံ)ကိုဘာဖြစ်လို့နားမညောင်းတာလဲ၊
    သူဖန်ဆင်းပြီးသားတော်ကိုတောင်စွန့်တဲ့အထိချစ်လှတဲ့လူသားတွေရဲ့ဆင်းရဲလှတဲ့၊ပင်ပန်းလှတဲ့ဝန်
    ထုပ်ဝန်ပိုးကြီးကို၊ဒုက်ခ ကိုဘာဖြစ်လို့ဒီအတိုင်းကြည့်နေနိုင်ရတာလဲ။
    ဒုတ်ခရောက်နေတဲ့လူတစ်ဦးရဲ့အော်ဟစ်ညည်းညူသံကိုဘာဖြစ်လို့နားတော်ပိတ်ထားရက်ရတာလဲ
    လူတွေရဲ့ဆုတောင်းသံအတိုင်းလူတွေအပေါ်မှာပြုမူဆက်ဆံတဲ့ဖန်ဆင်းရှင်မဟုတ်ဘဲသူ့အလိုတော်
    ဆိုတဲ့အတိုင်းလူတွေကိုဖြစ်စေ၊ခံစားစေ၊ရင်ဆိုင်စေတာ၊ ပြုမိခဲ့တဲ့အပြစ်ကိုခွင့်မလွတ်ဘဲ၊
    ကာလကြာရှည်စွာ နာကျည်းခံစားစေတာ၊ သူ့ကိုယုံကြည်ကိုးစားတဲ့လူသားတစ်ဦးကိုဆုံးရှုံးရမှာကို
    သိလျက်နဲ့နှမြောခြင်းမရှိတာ တွေဟာ ။ ချစ်ခြင်းမေတာကြီးမားလှတဲ့ဖန်ဆင်းရှင်ဖြစ်ပါသလား။
    ခုတော့အရမ်းသံသယဖြစ်မိနေပါပြီ။ ဖန်ဆင်းရှင်ထာဝရဘုရားကိုဆက်ပြီးယုံကြည်ကိုးကွယ်ချင်ပါ
    တယ်၊ ယုံကြည်ခြင်းကြီးမားတဲ့သူများဖြေကြားနိုင်ကဖြေကြားပေးပါခင်ဗျား။။။

  • manawphyulay

    May 3, 2011 at 12:18 pm

    ဖန်ဆင်းရှင်ဆိုတာ ကိုယ်တိုင်ပဲ မဟုတ်ဘူးလား……… ဘယ်လိုနားလည်ရမလဲဟင်

  • Myanmar

    May 3, 2011 at 5:09 pm

    @Thureinmaung : Dear Thureinmaung, even though I am not an expert in Christianity, I have trusted God for more than 20 years. I have gone through a lot of trials and temptations. But, God never fails. I can understand how you feel when your prayer is not answered. Answer to a prayer may be Yes, No or Wait. God answers prayer if it is in accordance with His will and if it is good for you. If we ask something in accordance with worldly desire, we will not get our prayer answered. God has a better plan for you. Sometimes, it takes some time to have a prayer answered. Please read Book of Job and Roman 8:28. It takes some time for us to be mature enough. For example, if my child of 10 years ask me to buy a motorcycle for him, I will not buy one for him. I may buy a motorcycle or a car for him when he is mature enough to drive it safely for him and for others. May God bless you.

  • မမလေး

    May 4, 2011 at 1:20 pm

    ကိုနေဇော် .. လာဘ်စားသလားလုပ်ပါဗျ … ကိုnature ရေ စိတ်ကောင်းရှိအောင်လည်း ဖန်ဆင်းပေးပါဦး …

  • naygyi

    May 5, 2011 at 3:25 pm

    ကောင်းပါတယ်.. အခုလို ဝေဖန်ချက်အမျိုးမျိုးကို တွေ့ရတာ…

    တစ်ချို့က သဘာဝကိုကိုးကွယ်တယ်.. ဥပမာ – နေ၊ လ၊ နက္ခတ်၊ ဂြိုဟ်၊ တော၊ တောင်၊ သစ်ပင်၊ ရေ၊ မြေ
    တစ်ချို့က အင်အားကြီးတဲ့အရာကို ကိုးကွယ်တယ်.. ဥပမာ – နေ၊ မီး၊ သားရဲတိရိစ္တာန်
    တစ်ချို့က လူပုဂ္ဂိုလ်ကို ကိုးကွယ်တယ်.. – ဥပမာ – အများကြီးပါ..

    သို့သော်.. ဘယ်ဘာသာရေးဝါဒီပဲဖြစ်ဖြစ်၊ ဘာသာမရှိသူပဲဖြစ်ဖြစ်၊ ရုပ်ဝါဒီပဲဖြစ်ဖြစ် အထက်ဖော်ပြပါအရာအားလုံးဟာ မတည်မြဲတဲ့ အနိစ္စသဘောမှာ ရှိနေတယ်..၊ ဖြစ်- တည်-ပျက်ဆိုတဲ့ ဘောင်ထဲမှာ ကန့်ထားတယ်၊ ချုပ်ငြိမ်းခြင်းဆိုတဲ့ အဆုံးသတ်ရှိတဲ့ အရာတွေပဲဖြစ်တယ်ဆိုတာ လက်ခံကြမယ်ထင်ပါတယ်…။

    အဲဒီလို မတည်မြဲခြင်း၊ ဖြစ်-တည်-ပျက် ဘောင်က လွတ်မြောက်ခြင်း၊ မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ချုပ်ငြိမ်းပျောက်ကွယ်ခြင်း စတဲ့ အနိစ္စသဘောတရားတွေက ကင်းစင်လွန်မြောက်တဲ့
    နိစ္စ ထာဝရတည်ရှိတဲ့
    အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ပဋိသန္ဓေနေခြင်းတို့နဲ့ လားလားမျှ မအပ်စပ်တဲ့
    ဇာတိ၊ ဇရာ၊ ဗျာတိ၊ မရဏတို့မှ ကင်းစင်လွန်မြောက်တဲ့
    အသင်္ခတဂုဏ်နဲ့ပြည်စုံပြီး အဲဒီ ဖြစ်-တည်-ပျက် သဘောတို့ကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့..
    အချိန်- နေရာ – ကာလတို့ကို ဖြစ်ပေါ်စေတဲ့သူကိုသာလျှင် ကိုးကွယ်ထိုက်တာပါ..။

    ဖန်တီးသူရှိကြောင်း ဘာသာတရားတွေရဲ့ ကျမ်းဂန်အသီးသီးကို အမှန်တကယ် လေ့လာဖူူးသူဖြစ်ရင် တစ်ဘာသာမဟုတ် တစ်ဘာသာ၊ တစ်ကျမ်းမဟုတ် တစ်ကျမ်း၊ တစ်နေရာမဟုတ် တစ်နေရာမှာ တွေ့မြင်ရမှာ အသေအချာပါပဲ.. ကျမ်းဂန်နှံ့စပ်မယ်ဆိုရင်ပေါ့ …အဲဒီသဘောတရားတွေကိုဖော်ပြတာချင်းအတူတူ တစ်ကျမ်းနဲ့တစ်ကျမ်း ရှင်းလင်းပြတ်သားမှုတော့ ကွာခြားနိုင်ပါတယ်..။ တစ်ဘာသာနဲ့တစ်ဘာသာ ဖော်ကျူးတာခြင်း အနိမ့်အမြင့်ကွာခြားနိုင်ပါတယ်…

    အပေါ်မှာ ဝေဖန်ထားသလို.. ခရစ်တော်က လူသားတွေရဲ့အပြစ်တွေဆေးကြောပြီး သူ့ခံမယ်ဆိုရင် လူတွေအပြစ် ခံစရာမလိုတော့ဘူးလားလို့ မေးထားတာကိုထောက်ရင် ဖန်ဆင်းရှင်နဲ့ပတ်သက်ပြီး တခြားဘာသာတွေကို မလေ့လာဖူးကြောင်း ပေါ်လွင်နေပါတယ်..။
    ဒါကြောင့် ဖန်ဆင်းရှင်နဲ့ ပတ်သက်ရင် (ဗဟုသုတအနေနဲ့ပဲဖြစ်ဖြစ်) အရှင်းအလင်းဆုံး၊ အပြတ်သားဆုံး၊ အတိအကျ၊ အခိုင်အမာ ပြောထားတဲ့ ဘာသာတရားတွေကိုလည်း ဆက်လက်လေ့လာစေချင်ပါတယ်..
    ဘယ်လောက်တိကျသလဲဆိုတာကတော့ ကျမ်းစာတစ်အုပ်လုံးကို အစကနေ အဆုံးအထိ ဖတ်ကြည့်ရင်
    ဖတ်တဲ့သူကို ဒဲ့ပြောနေသလို ခံစားရလာပြီး အဲဒီကျမ်းကပြောတဲ့ ဖန်ဆင်းရှင်ဝါဒကို အနည်းဆုံး ရှင်းရှင်းလင်းလင်း သိမြင်လာမှာဖြစ်ပါတယ်လို့. ဆိုပါရစေလား..

    စကြဝဠာ၊ ဂြိုဟ် နက္ခတ်တွေကို လေ့လာရင်းနဲ့လည်း ဖန်ဆင်းရှင် ရှိကြောင်းသိနိုင်သလို..
    ကမ္ဘာမြေကြီးအတွင်းမှာရှိတဲ့ သဘာဝလောကကြီးကို လေ့လာရင်လည်း သိမြင်နိုင်ပါတယ်..။
    အနီးစပ်ဆုံးဖြစ်တဲ့ တိရစ္ဆာန်လောကအကြောင်း လေ့လာရင်ကိုပဲ ဖန်ဆင်းရှင်ရဲ့ ဆန်းကြယ်မှု၊ ဗီဇဓာတ်အမျိုးမျိုးအပေါ် ဖန်တီးချုပ်ကိုင်နိုင်မှုကို လေ့လာတွေ့ရှိရမှာပါ..

    တိရစ္ဆာန်တွေမှာ ပင်ကိုဗီဇအသီးသီးရှိပါတယ်..။ သူတို့မှာ ကြုံလာမယ့် ဘေးအန္တရာယ်ကို ကြိုတင်သိမြင်တာ ၊ ကာကွယ်နိုင်တာ၊ ရင်ဆိုင်နိုင်တာ၊ တွန်းလှန်နိုင်တာ စတဲ့ မျိုးနွယ်တစ်ခုခြင်းစီရဲ့ သဘာဝအသိဉာဏ်(တနည်း) Auto ဗီဇ ရှိနေပါတယ်..။
    အဲဒီ Auto ဗီဇရှိတဲ့ တိရစ္ဆာန်တွေမှာ သူတို့ရဲ့ ပင်ကိုယ်ဗီဇရှိပါလျက်နဲ့ ဆူကြုံနိမ့်မြင့် ကွဲပြားခြားနားကြတာကို လေ့လာမိမယ်ဆိုရင် Manual ဗီဇဖြစ်တဲ့(open minded ဖြစ်တဲ့ )လူ့လောက လူ့ကမ္ဘာမှာ ဆင်းရဲ၊ ချမ်းသာ မတူညီကွဲပြားကြတာကို စဉ်းစားဆင်ခြင်နိုင်ကြမှာပါ..။

    လူတွေမှာ တိရစ္ဆာန်နဲ့မတူတဲ့အချက် စဉ်းစားဆင်ခြင်နိုင်စွမ်းရှိတယ်။ ဆင်ခြင်အသိဉာဏ်ထည့်သွင်းပေးခံရပါတယ်..။ အဲဒီ အသိဉာဏ်ကလည်း လူတွေ မွေးစကနေ တဖြည်းဖြည်း ကြီးထွားလာသလို တဖြည်းဖြည်းမှ ပြည့်စုံ ရင့်ကျက်လာတာပါ..။ ဆင့်ကဲဆင့်ကဲ ဖွံ့ဖြိုးလာတာပါ..။
    လူတွေကို စဉ်းစားဉာဏ်ထည့်သွင်းပေးကတည်းက .. Manual ထည့်ပေးကတည်းက စိတ်ကြိုက်ပြုပြင်ပြီး စဉ်းစားမှု၊ တွေးခေါ်မှု၊ ဖြတ်ထိုးဉာဏ် သာရင်သာသလို တစ်ဦးနဲ့တစ်ဦး ကွာခြားသွားမှာ ဖော်မြူလာပါ..။

    (ဆက်လက် လေ့လာဖို့ ဖိတ်ခေါ်ပါတယ်)

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 5, 2011 at 4:34 pm

    အင်းးးးးးးး
    အရှင်းဆုံးပြောရမယ်ဆိုရင်တော့
    ဘယ်သူကကိုယ့်ကို ဖန်ဆင်းတာထက်
    မိမိစိတ်ကိုမိမိကောင်းအောင်ဆောက်တည်သင့်ပါတယ်။
    ဆိုလိုတာက လူတွေမှာတစ်ကယ်တမ်းကြတော့
    မိမိစိတ်ကြေနပ်ဘို့ဆိုတာအရေးကြီးဆုံးပါဘဲ
    မိမိစိတ်ရဲ့ပြည့်စုံကြေနပ်ခြင်းကို
    အဖေလည်းမပေးနိုင်ပါဘူး
    အမေလည်းမပေးနိုင်ပါဘူး
    ဘုရားသခင်လည်း မပေးနိုင်ပါဘူး ( အတိုက်ခံပြောတာမဟုတ်ဘူးနော် )
    နည်းနည်းလေးဆင်းစားကြည့်ပါ
    မိမိရဲ့စိတ်ပြည့်စုံကြေနပ်ခြင်းဆိုတာကို မိမိဘာသာမိမိတည်ဆောက်ရမှာပါ
    ဘယ်သူမှလာပြီးတည်ဆောက်ရမှာမဟုတ်ပါဘူး
    ဒါကြောင့်
    မိမိစိတ်ရဲ့ပြည့်စုံခြင်းကိုတောင် ကောင်းစွာမဆောက်တည်နိုင်ပါဘဲလျှက်
    မိမိကိုလွှမ်းမိုးတာ ဘယ်သူပါလို့ပြောတာဟာ
    မိမိကိုယ်မှာ ဘာအစွန်းအစမှမရှိဘူးဆိုတဲ့သဘောကိုရောက်သွားတဲ့အပြင်
    ကိုယ့်ကိုယ်ကိုယ်တောင်မသိဘဲနဲ့
    သူများကိုကျော်ပြီးသိခြင်သူဟာ
    မိမိစိတ်ရဲ့မူမမှန်တဲ့သဘောကိုလည်း ထောက်ပြရာကျမှာမို့
    မိတ်ဆွေအနေနှင့်
    မိမိ၏စိတ်ကိုမိမိကောင်းစွာဆောက်တည်ဘို့ကို အထူးတိုက်တွန်းပါတယ်။

  • babymay

    May 6, 2011 at 8:00 am

    စာအုပ်ကို ဖတ်ကြည့်လိုက်တယ်။။ တော်တော် အနှစ်သာရ ပြည့်ဝလှပါတယ်။ ture answer ကိုကျေးဇူးတင်ပါတယ်။။

Leave a Reply