A temple from Chengdu







chengdu (成都) ချန်းသူးမြို့ထဲမှာ နေ့တဝက်လျှောက်လည်ဖို့ အချိန်ရတာနဲ့ ဘယ်နေရာတွေ နံမည်ကြီးလဲလို့ ဟိုတယ်ဝန်ထမ်းကိုမေးပြီး သူညွှန်လိုက်တဲ့ ဘုရားကျောင်းတစ်ခုကို သွားလည်ခဲ့ပါတယ်။ နံမည်တော့ မမှတ်မိတော့ဘူး။ အရမ်းပူပြင်းတဲ့ နွေရာသီမှာ ကျောင်းဝင်းထဲဝင်လိုက်တာနဲ့ အေးချမ်းသွားပါတယ်။ အတော်ကျယ်ဝန်းတဲ့ ပန်းခြံတစ်ခုထဲကို ရောက်သွားသလိုပဲ။ အဆောက်အဦးတွေက တရုတ်ရှေးဟောင်းရုပ်ရှင်ကားတစ်ကားထဲက ပုံစံအတိုင်းပဲ။ တာအိုအယူဝါဒနဲ့ သက်ဆိုင်တဲ့ သမိုင်းပန်းချီကားများ၊ ရုပ်ထုများနဲ့ ဝူတန်းဘုန်းကြီးလိုဝတ်စုံနဲ့ ဘုန်းကြီးတွေကိုပါ တွေ့ခဲ့ရပါတယ်။ သစ်ပင် ပန်းပင်များကို လှပသပ်ရပ်အောင် ပုံဖော်ထားတာကလဲ မျက်စိအမြင်အေးစေပါတယ်။
ကျွန်မတို့လဲ ဒီအတိုင်းပဲ လျှောက်ကြည့်ခဲ့တာဆိုတော့ လျှောက်ရိုက်ခဲ့တဲ့ ဓါတ်ပုံတစ်ချို့ကိုပဲ တင်လိုက်ပါတယ်။
5 comments
weiwei
May 4, 2011 at 3:21 am
မနေ့က ကော်နက်ရှင် မကောင်းတုန်းတင်လိုက်တော့ comment off ဖြစ်သွားခဲ့တယ် … အခု ပြန်ပြင်လိုက်ပါပြီ ….
ဓါတ်ပုံတွေတင်ရတာ အချိန်တော်တော်ယူရတယ် … ဝင်ကြည့်တဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ် …
ဆူး
May 4, 2011 at 5:06 am
မနေ့ထဲက မန်းမလို့..
ကွန်မန်း ပိတ်ထားလို့..
king
May 4, 2011 at 5:37 am
အရမ်းပဲ ကျေးဇူးတင်ပါတယ်
ရောက်ဖူးချင်လိုက်တာ
ရှု့ခင်းလှလှလေးနဲ့ အေးအေးဆေးဆေးဖြစ်မယ့်
နေရာမျိုးတွေ သွားချင်တယ်
သူကြီးမင်း လိုက်ပို့ပေး မပို့ရင် ငိုမှာနော်
အဟင့် ရွှတ် ….
မမလေး
May 4, 2011 at 12:12 pm
ဟုတ်ပါ့ ကင်းရယ် … မမဝေ နောက်ခါသွားရင် သမီးတို့ကို ခေါ်နော် …
MaMa
May 5, 2011 at 11:57 pm
ဝေဝေ့ဆီကနေ ခရီးသွားဗဟုသုတတွေရပါတယ်။ ဝေရေ Tour Co., ဖွင့်ပြီး MG က ရွာသူရွာသားတွေကို Guide လုပ်ပြီး ခေါ်သွားပါလား။