Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာကျောင်းသားများနဲ့ English Language

Zaw WonnaMay 7, 20111min56013
Photo: www.choihung.edu.hk

မလေးရှားနိုင်ငံ အစိုးရက လာမယ့်နှစ်မှာ ကျောင်းသားတွေအတွက် အင်္ဂလိပ်စာ ဘာသာရပ်ကို သင်ကြားပေးနိုင်ဖို့ အမေရိကန် ပြည်ထောင်စုက ကျောင်းဆရာ အယောက် ၃၀ဝ ကို ခေါ်ယူ သင်ကြားစေမှာ ဖြစ်ပြီး အဲဒီအတွက် မလေးရှားရင်းဂစ်ငွေ ၁၈ သန်း အကုန်အကျခံမယ်လို့ သိရပါတယ်။

အဲဒီသတင်းကို ဖတ်ရတော့ မြန်မာနိုင်ငံမှာ အင်္ဂလိပ်စာကို ဆယ်စုနှစ် တစ်ခုလောက် သင်လာပြီးမှ အင်္ဂလိပ် သတင်းစာ မဖတ်နိုင် အင်္ဂလိပ်လို ရေရေလည်လည် မပြောဆိုနိုင်တဲ့ ကိုယ့်လို ဘွဲ့ရတွေရဲ့ အခြေအနေကို စဉ်းစားမိပါတယ်။
မြန်မာနိုင်ငံက ကျောင်းတွေမှာ အင်္ဂလိပ်စာကို သဒ္ဒါကစလို့ အခြေခံကျကျ သင်ပေးနေတာ မှန်ပါတယ်။ ဒါပေမယ့် ဝါကျတစ်ကြောင်း ကိုတောင် ဖြောင့်အောင် မရေးနိုင်တဲ့ ကျောင်းသားတွေ များပါတယ်။ အလွတ်ကျက် ဖြေလို့ရတဲ့ ပညာရေး စံနစ် ကြောင့်လည်း ဖြစ်မယ်ထင်ပါတယ်။ ဥပမာ အက်ဆေးလို စာမျိုးကိုတောင် ကျောင်းသားတိုင်းလိုလို အလွတ်ကျက် ဖြေကြတာကို တွေ့ရပါတယ်။ နောက်ပြီး အင်္ဂလိပ်လို ရေးထားတဲ့ စာဆိုရင် ဆေးအညွှန်းတို့၊ ပစ္စည်း အသုံးပြုပုံတို့ လောက်ကိုတောင် စိတ်ဝင်တစား ဖတ်ရှုသူ နည်းပါတယ်။

တကယ်တော့ မြန်မာ ကျောင်းသားတွေ အင်္ဂလိပ်စာ အားနည်းတာဟာ အရေး၊ အဖတ်၊ အပြောနဲ့ ပတ်သက်လာရင် လက်တွေ့ကျကျ အသုံးပြုမှု နည်းတာကြောင့်လို့ ထင်ပါတယ်။  စာသင်ကျောင်းတွေက အင်္ဂလိပ်စာ အရေး၊ အဖတ်၊ အပြောကို ကျောင်းသားတွေနဲ့ ရင်းနှီးအောင် လုပ်ပေးသင့်ပါတယ်။

ကျောင်းတွေမှာ အင်္ဂလိပ်စာ အချိန်မှာ ဆရာကစပြီး အင်္ဂလိပ်လိုပဲ ပြောတာမျိုး၊ ကျောင်းသားတွေကိုလည်း အင်္ဂလိပ်လိုပဲ ပြောဖို့ သတ်မှတ်ထားတာမျိုး၊ ကျောင်းစာကြည့်တိုက်တွေမှာလည်း ကျောင်းသားတွေ စိတ်ဝင်စားမယ့် အင်္ဂလိပ်စာအုပ်တွေ ထားပေးတာမျိုး၊ အင်္ဂလိပ်လို ရေးထားတဲ့ ဝတ္ထု၊ အက်ဆေး တစ်ပုဒ်ကို ကျောင်းသားတွေကို ဖတ်ခိုင်းပြီး ဆွေးနွေးကြစေတာမျိုး စသဖြင့် အင်္ဂလိပ်စာနဲ့ ပိုမိုရင်းနှီးအောင် လေ့ကျင့်ပေးသင့်တယ်လို့ ထင်မြင်မိပါကြောင်း။       ။

13 comments

  • intro

    May 7, 2011 at 12:38 pm

    ဖြစ်သင့်ပါတယ်… ဘွဲ့ရပြီး အင်္ဂလိပ် အက်ဆေး တစ်ပုဒ်တောင် ဖြောင့်အောင် မရေးတတ်တဲ့ လူတွေ တစ်ပုံကြီး။

  • MaMa

    May 7, 2011 at 2:22 pm

    ထောက်ခံပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ဇဝန ပြောသလိုဖြစ်နေတယ်။ ဒါပေမယ့် ခုချိန်မှာတော့ လူငယ်တော်တော်များများဟာ ဘာသာစကားရဲ့ အရေးပါပုံကို သိလာကြပြီး ကြိုးစားလာကြတယ် ထင်တယ်။ စလုံးမှာ စာသွားသင်တဲ့ မြန်မာပြည်က ကလေးတွေ အင်္ဂလိပ်စာမှာ သူများထက်မညံ့ပါဘူး။ အသံထွက်မှာတော့ စလုံးတွေက မြန်မာတွေကို လိုက်လို့တောင်မမှီဘူး။ သူတို့က singlish လိုပဲ ထွက်နိုင်တယ်။ ဒီက ကလေးတွေကို အသံထွက် သိပ်ကောင်းတာပဲလို့ ချီးကျုးကြတယ်။

  • kai

    May 7, 2011 at 7:31 pm

    မြန်မာပြည်မှာ.အဲဒီမလေးရှားလိုလုပ်မယ်ဆိုရင်.. ကုန်ကျစရိတ်သက်သာအောင်ကူညီပေးမယ်..။
    အမေရိကန်စစ်စစ် အဖြူဆရာတွေကို ..လစာအနည်းဆုံးနဲ့.. ခေါ်ပေးနိုင်တယ်..။ စပွန်စာပေးနိုင်တယ်ဆိုတာပြောတာ..။

    ဂျပန်လည်း အဲဒီလို လုပ်နေတယ်..။ အင်္ဂလိပ်စာသင်တာကို အင်္ဂလိပ်လိုတတ်တဲ့ ဂျပန်လူမျိုးတွေသင်တာထက်. အင်္ဂလိပ်ကို နေးတစ်လိုတပ်တဲ့ အင်္ဂလိပ်၊အမေရိကန်တွေ ခေါ်တင်တာပါ..။
    အရမ်းအောင်မြင်တယ်..။ အသံထွက်တွေမှန်ကုန်တယ်..။

    အဲလိုလုပ်ပေးချင်လို့…တချို ့ကမ်းလှမ်းဖူးတယ်.။ လစာ ဆိုတာထက် နေစရိပ်၊စားစရိပ်ကာမိပြီး.. ပျော်ပျော်အေးဆေးနေနိုင်ရင် လုပ်ပေးမဲ့ ပင်စင်စားတွေရှိတယ်..။ လူရွယ်တွေရှိတယ်..။
    သူတို့က.. အဲဒီလို ဘာမှကောင်းကောင်းမသိတဲ့နိုင်ငံမှာ.. စွန့်စားပြီး… နှစ်ပေါက်သွားနေတာကို သိပ်ကြိုက်ကြတာ..။

  • maungmoenyo

    May 8, 2011 at 3:23 am

    စစ်ပြီးခါစ မြန်မာနိုင်ငံသားတွေ ..(ဟိုက်စကူးဖိုင်နယ်အောင်တွေတောင်) င်္အဂလိပ်တွေနဲ့ လက်တမ်း စကားပြောနိုင်ကြပါတယ်။ အလေးစားခံကြရပါတယ်။ ဗိုလ်နေဝင်းရဲ့ တံခါးပိတ်ဝါဒက နောက်ပေါက်နိုင်ငံသားတွေတင်မကပါဘူး။ သူ့သားသမီးတွေတောင် နိုင်ငံတကားမှာလူရာမဝင်တဲ့ဘဝရောက်သွားပါတယ်။ စင်္ကံကာပူမှာ chinese (singlish), malay, english and tamele ဘာသာစကားကိုမသင်မနေရ မပြောမနေရကို သူငယ်တန်းကတည်းကလုပ်ထားပါတယ်။
    လက်ရှိ ပညာရေးစနစ်ကိုအမြေစ်ကစပြီးမြေလှန် ဘို့လိုပါတယ်။
    ၁၉၉၁ တံခါးဖွင့်ဝါဒနဲ့အတူ၊ မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကို ကူညီပြုပြင်ရေးဆွဲပေးဘို့ ကမ်းလှမ်းခဲ့တဲ့ နိုင်ငံအကြေီးအကဲတွေ ရှိခဲ့ဘူးပါတယ်။ ပညာရေးစနစ်ကို ပြန်ပြုပြင်ဘို့ပါ။ ပညာမျက်စိနဲ့အတူ တခြား လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေ ဒလဟော ဝင်လာမှာကို အကြောက်ကြီးကြောက်ကြတဲ့ စစ်ဗိုလ်ချုပ်ကြီးးများက၊ တကိုယ်ကောင်းဆန်စွာနဲ့ ဒီကမ်းလှမ်းမှုတွေကိုပယ်ချခဲ့ပါတယ်။
    အင်္ဂလိပ်ဘာသာစကားဟာ နိုင်ငံတကာဆက်သွယ်ရေးမှာဒီနေ့အထိအဓိကကျဆုံးပါ။ တရုတ်ဘာသာဟာလည်းတနေ့မှာ အသုံးတွင်ကျယ်လာမယ်လို့ခန့်မှန်းရပါတယ်။
    လက်ရှိ မူလတန်းပညာကတည်းက စပြီး သင်ကြားမှုဘာသာရပ်တခုဆိုတာထက်၊ ဘာသာစကားအနေနဲ့သင်ဘို့ လိုလာပါပြီ။
    းီနေ့ အဲ့ဒီလိုအကောင်ထည်ဖေါ်ရင်တောင်၊ ရာစုနှစ်ဝက်လောက်နေမှ အောင်မြင်မှု ရေးရေးလေးမြင်ရပါလိမ့်မယ်။ (လုပ်ဖြစ်ခဲ့မှပါ)
    မြန်မာနိုင်ငံဟာ နောက်ကျခြင်းမက နောက်ကျကျန်ခဲ့ပါပြီ။ တကယ်လက်တွေ့ဖြစ်နေတာတွေကိုကြည့်ပါ။
    ခေတ်ပညာတတ်လူငယ်လက်တဆုတ်စာ (ဘုရားစူးလက်တဆုတ်စာ) သာ ရှိတဲ့ တတ်နိုင်သူ (ဘုရားစူး တတ်နိုင်သူ) နဲနဲလောက်ပြောနိုင်ရေးနိုင်လောက်တာကိုလက်ညှိုးထိုးပြီး..ဟာ..တော်တော်ပြောနိုင်နေကြပါလားလို့ မှတ်ချက်ချရင်တော့တက်တက်စင်အောင်မှားပါလိမ့်မယ်ဖြစ်ကြောင်း…။

  • maythakhin

    May 8, 2011 at 3:42 am

    မြန်မာကျောင်းသားတွေ အင်္ဂလိပ်စာအားနည်းတာမှန်ပါတယ်။မေကနယ်နယ်မှာနေတော့ နယ်အတွေ့အကြုံလေးတွေ ဆွေးနွေးပါရစေ။အခုခတ်ပညာရေးစနစ် ကောင်းတယ်ဆိုတာ မြို့ကြီးတွေမှာပါ။ နယ်မှာတော့ မူလတန်းကျောင်းတွေမှာ အတန်းပိုင်နဲ့ဘာသာရပ်ဆရာတွေကိုအားကိုးရတယ်။ တတ်တာမတတ်တာအပထား အတန်းထဲမှာ ကိုယ့်သားသမီးမျက်နှာငယ်ရမှာကို တွက်ပြီး ထားကြတာလေ။ ဆရာမပေးတာကိုပဲကျက်ပြီးဖြေ grammer ဆိုတာကိုလည်းနားမလည် ၊နားလည်နိုင်အောင်လည်းရှင်းပြချိန်မရကြဘူး၊ဒါပါရင် ဒါထည့်၊ကလေးတွေက ဒီအတိုင်းပဲမှတ်ထားကြရတယ်။ကလေးတွေမှာလည်း သင်ရတဲ့ဘာသာရပ်များလာတယ်။မေတို့ ငယ်ငယ်တုန်းက ၃-၄ တန်းထိ အရမ်းရိုးရှင်းစွာသင်ရတယ်။ အခုလူမှုရေး၊တို့ ပတ်ဝန်းကျင်သိပံ၊ပြည်သူနိတိ၊ဆိုတာတွေပါလာတယ်။သူငယ်တန်းအဆင့်တွေပါပါလာတယ်။ကလေးတွေက အဲဒါတွေလည်းကျက်ဖြေရတယ်။ဥပမာပြောရရင်…… HIV ပိုးကူစက်ပုံတို့၊မိခင်က ကလေးကိုကူးနိုင်သလား တို့ ဒါတွေလညးကျက်ဖြေရတယ်။ အမှန်တကယ်ဒါတွေက နှုတ်ဖြေတွေပဲဖြစ်သင့်တာလေ။ ဒါတွေအတွက် ၅-၉ နှစ်ကလေးတွေ ကျက်ဖို့အချိန်ပေးရတယ်။ဒီတော့ အင်္ဂလိပ်စာ၊သချာင်္ စတာတွေမှာ ပညာပိုင်းတွေကို တွဲမမှတ်နိုင်တော့ဘူး ။ ဆရာမတွေကလည်း ကျောင်းတွင်းချိန်(၄၅)မိနစ်၊ကျူရှင်ချိ်န် (၁း၃၀)နာရီ အတွင်း ဘယ်လိုမှ မှီအောင်သင်မပေးနိုင်ဘူး၊နယ်မှာအတော်ဆုံးဆိုတဲ့ ကလေးက ကိုယ့်မြို့ထက်တိုးတက်တဲ့ နေရာကိုရောက်ရင် လိုက်ရတာအရမ်းသနားဖို့ကောင်းတယ်။ကြိုးစားနိုင်တဲ့ကလေးကတော့ နည်းနည်းတော့ပင်ပန်းတာပေါ့၊မကြိုးစားနိုင်တဲ့ကလေးအတွက်က မိဘတွေလည်းစိတ်ဆင်းရဲရတယ်။ ကလေးလည်းစိတ်ဓါတ်ကျတယ်။မေတို့ ငယ်ငယ်တုန်းကလည်းဒီအတိုင်းပဲလေ။ရန်ကုန်ကကလေးတွေ ကတော့တော်ပါတယ်။ speaking ဆိုလည်းပြောနိုင်ကြတယ်။တစ်ခါကလေ မေတို့တောင်ရှက်မိတယ်။မိတ်ဆွေရဲ့ကလေးတွေနဲ့ တွေ့တော့ သူတို့တွေနဲ့ ယှဉ်ပြီးမပြောနိုင်ဘူး။ပြန်ပြီးလေ့လာရတယ်။ကလေးတွေအတွက်တော့ ကျောင်းမှာကာယအချိန် တွေ လိုမျိုးမှာ speaking ပိုင်းဆိုင်ရာလေးတွေ ကို ကလေးတွေစိတ်ဝင်စားနိုင်အောင် ပေါ့ပေါ့ပါးပါးလေးပြောဆိုဆွေးနွေးတဲ့အချိန်လေးတွေ လုပ်ပေးနိုင်ရင်တော့ တဖြည်းဖြည်းတိုးတက်လာမယ်ထင်တယ်။ပညာရေးစနစ်ကိုတော့ အပြစ်မပြောချင်တော့ပါဘူး။

  • maythakhin

    May 8, 2011 at 3:52 am

    ကိုမိုးညိုပြောတာမှန်ပါတယ်။တိုးတက်တယ်ဆိုတဲ့ ရန်ကုန်မြို့ကြီးတောင် တခြားနဲ့ယှဉ်ရင် အရမ်းနောက်ကျကျန်နေခဲ့ပြီ၊သူများနိုင်ငံတွေမှာ တီထွင်မှုပညာတွေကို ဘာသာရပ်တစ်ခုအနေနဲ့တောင်သင်ကြားနေကြပြီ။မြန်မာနိုင်ငံတွင်း ပညာရေးကတော့(က-မှ-အ)ထိပဲရှိနေသေးပါတယ်။အရမ်းဝမ်းနည်းဖို့ကောင်းပါတယ်။

  • monmon

    May 8, 2011 at 4:03 am

    မွန် လည်း နယ်ကပါပဲ။ ရှစ်တန်း ကိုးတန်းလောက်က ကြုံဖူးတယ်။ ဆရာ၊ ဆရာမတွေက essay နဲ့ letter ကို ရေးပေးတယ်။ 5 ပုဒ်လောက်ပေးရင် အဲဒီထဲက 1 ပုဒ်ပါမယ်ပေါ့။ အဲဒီမှာ ဘာဖြစ်လဲဆိုတော့ သူတို့ရေးပေးထားတဲ့အတိုင်းပဲ ဖြေရတယ်။ ကိုယ်က ထပ်ဖြည့်ပြီး ရေးလို့ မရဘူး။ ဖြစ်ချင်တော့ အဲဒီအချိန်က အပြိုင်အဆိုင် အမှတ်ယူနေရတာဆိုတော့ ထပ်ဖြည့်ရင် အမှတ်လျှော့ခံရမှာ ကြောက်ပြီးတော့ ဆရာပေးတဲ့အတိုင်းပဲ ကျက်ပြီး ရေးခဲ့ရတယ်။

    ပြီးရင် အခု ဆယ်တန်းမှာ သင်နေတဲ့ unit တွေကို အလွတ်ကျက်ခိုင်းတာ။ ဘာရည်ရွယ်ချက်လဲ ဆိုတာ မသိပေမယ့် read the passage ကို အလွတ်ကျက်ခိုင်းတာတော့ ကလေးတွေကို နှိပ်စက်တာလို့ ထင်မိတယ်။ များများဖတ်ခိုင်းပေါ့။ ဒီကြားထဲကမှ ကလေးက စိတ်မချလို့ သူ့ဘာသာသူ ကျက်ရင် တစ်မျိုးပေါ့။ အခုတော့ ဆရာတွေကိုယ်တိုင်က အလွတ်ကျက်ခိုင်းနေတယ်။

    တကယ်တန်းက သင်ရိုးတွေက ကောင်းပါတယ်။ သင်ခန်းစာတစ်ခုတိုင်းမှာ grammar ရော၊ speaking ပိုင်းရော၊ essay & letter ရေးဖို့ရော အားလုံးကို ပြဌာန်းထားတာ။ ဆရာတွေကသာ စာမေးပွဲအောင်ရေးအတွက်ဆိုပြီး ကွက်သင်သွားကြတာ (စော်ကားသလိုဖြစ်သွားရင် အာစရိယ ဆရာများကို တောင်းပန်ပါတယ်။)
    အခုမှ ဆယ်တန်းစာအုပ်ကို ပြန်ဖတ်ကြည့်မှ အဲဒါတွေပါမှန်းသိတာ။ ငါတို့တုန်းက အဲဒါတွေသာ စနစ်တကျသင်ခဲ့ရရင် အခုလောက် လိုက်နေရမှာ မဟုတ်ဘူးလို့ တွေးမိတယ်။

    သူငယ်တန်းကနေ ဆယ်တန်းအထိ 11 နှစ်လောက်သင်ခဲ့ရတဲ့ အင်္ဂလိပ်စာက စာတစ်ကြောင်းတောင် ဖြောင့်အောင်မရေးနိုင်ဘူးဆိုတာတော့ တော်တော်ရင်နာဖို့ကောင်းတယ်…

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 8, 2011 at 4:20 am

    ကျွန်တော်ကတော့
    ခုနစ်တန်းကိုတောင်
    သုံးလလောက်ဘဲနေခဲ့ဘူးတဲ့အတွက်
    ဘာမှမဝေဖန်တတ်ပါဘူး
    ဒါပေမယ့် မှတ်ချက်တွေကိုလေ့လာကြည့်ပြီးတဲ့နောက်
    အသက်ငယ်တဲ့ကောင်းသူကျောင်းသားတွေအနေနဲ့
    အလွတ်ကျက်မှတ်ရမဲ့စာတွေ
    နုတ်တိုက်နားလည်ယုံသာ သင်ကြားပေးရမဲ့စာရယ်လို့
    သေသေခြာခြာခွဲခြားသင့်ပါတယ်လို့မြင်မိပါတယ်
    မဟုတ်လို့ကတော့
    အသက်မွေးဝမ်းကျောင်းတွက်
    ဘာမှအသုံးမကျတဲ့စာပုဒ်ရှည်ကြီးကို အပီအလွတ်ရအောင် ကျက်ရတာကကတော့
    လုံးဝဘဲ

  • တညင်သား

    May 8, 2011 at 4:25 am

    ပညာရှင်ကြီး မဟုတ်တော့ သိပ်မဆွေးနွေးရဲဘူး …ဒါပေမဲ့ သိတာတခုက မလေးရှားနဲ့ စင်္ကာပူက မိခင်ဘာသာစကား ရှိလို့လား အကုန်လုံး အင်္ဂလိပ်လိုရေးတာလို့ထင်ပါတယ၊် .. ဥပမာ နံပါတ ် (၁) ဆိုပါတော့ သူတို့ရေးတော့ satu (စသူး) ဂဏန်းလို( 1) အဲလိုရေးတာ ဆိုတော့ အင်္ဂလိပ်လို သင်ရင်အတက်မြန်မယ်ထင်တယ်…အခုပညာရေးစနစ်က ကောင်းမကောင်တော့မသိဘူးပေါ့နော် .ကျောင်းသားအများစု အမှတ်အနဲဆုံးက မြန်မာစာပဲ.. လုံးဝသေချာတယ်.. နောက်လာနောက်သားတွေကိုလဲ အင်္ဂလိပ်လို အရမ်း အရမ်းကို ရေး၊ဖတ်၊ပြောနိင်စေချင်ပါတယ် တကယ့် ဆန္ဒပါဗျာ… ဖိလစ်ပိုင်က အင်္ဂလိပ်စာကို ရုံးသုံး ကျောင်းသုံး စနစ်ကိုကျင့်သုံးတယ်ဆိုလားပဲ.. တော်တော် အသုံးဝင်တယ် နိင်ငံတကာမှာ အိမ်ဖော်ဈေးကွက်အကောင်းဆုံးနဲ့ အခြားခြားသော……………
    မယုံရင် သင်္ဘောသားတွေမေးကြည့်ပါလား…….

  • zawana

    May 8, 2011 at 8:16 am

    ဟုတ်ပါတယ်ခင်ဗျ … မလေးရှားက သူတို့ရဲ့ ဘာသာစကား အသံထွက်ကို အင်္ဂလိပ်လိုရေးတဲ့ စာကို ရုံးသုံးအဖြစ် သုံးပါတယ်။ ကိုယ်ပိုင် ဝေါဟာရ မကြွယ်ဝလေတော့ အင်္ဂလိပ် စကားလုံးတွေကို မွေးစားထားတာတွေလည်း များပါတယ်.
    ဥပမာ … National ကို nasional စသဖြင့်ပေါ့။

    ဟိုတလောက သတင်းတစ်ခုမှာ ဖတ်ရတာကတော့ စစ်တမ်းတစောင်အရ မလေးရှား ကျောင်းသားတွေအနေနဲ့ အင်္ဂလိပ်စာ အရည်အချင်း အာဆီယံ အဆင့်မှာ အဆင့် ၁ ရှိပြီး ကမ္ဘာ့အဆင့်မှာတော့ အဆင့် ၉ ရှိတယ်လို့ သိရပါတယ်။ ဒီတော့ မြန်မာနိုင်ငံ အနေနဲ့ သူတို့ရဲ့ ပညာရေး လမ်းစဉ်တွေကို လေ့လာ အတုယူသင့်တယ်လို့ မြင်မိပါတယ်။

  • MaMa

    May 8, 2011 at 2:13 pm

    သဂျီးပြောတာကို စိတ်ဝင်စားတယ်။ International school တွေကို သင်ရိုးကို သင်ဖို့အတွက်လား။ ဆိုလိုတာက သင်ပေးမယ့်သူတွေက ကျောင်းဆရာတွေပဲလား။ ဒါမှမဟုတ် Language အတွက် သီးသန့်ပဲလား ဆိုတာ သိချင်ပါတယ်။

  • MaMa

    May 8, 2011 at 2:20 pm

    သဂျီးပြောတာကို စိတ်ဝင်စားတယ်။ International school တွေကို သင်ရိုးကို သင်ဖို့အတွက်လား။ ဆိုလိုတာက သင်ပေးမယ့်သူတွေက ကျောင်းဆရာတွေပဲလား။ ဒါမှမဟုတ် Language အတွက် သီးသန့်ပဲလား ဆိုတာ သိချင်ပါတယ်။ ရန်ကုန်မှာတော့ ကလေးတွေ ကျောင်းပိတ်ရက်တွေမှာ British Council (BC) , American Council (AC) တွေမှာ သွားတက်ကြတယ်။ အဲဒီမှာသင်တာ သူတို့လူမျိုး၊ သူတို့ဘာသာစကားတွေဆိုတော့ လေယူလေသိမ်း၊ အသံထွက်တွေ နားရည်ဝပြီး စလုံး သွားတက်တော့ အရမ်းအဆင်ပြေတယ်။ ဒီမှာတင် English ကို Speaking , grammar ဆိုပြီး ကျူရှင် ၂ခု၊ ၃ခု တက်ကြတာ။ ဘာသာစကား အခက်အခဲကို မတွေ့ရပဲ ကျော်လွှားသွားနိုင်တယ်။

  • unclegyi1974

    May 8, 2011 at 3:15 pm

    သင်ကြားရေးကိုပထမပြင်ရမယ်လို့မြင်ပါတယ်
    ဒီအတိုင်းသွားနေရ

Leave a Reply