Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး။

Yin Nyine NwayMay 7, 20111min53123

ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး။
(၁) ဝတ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရှြိုခင်း။
(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။
(၃) တော်ထွက်တော်မူစဉ်က ပယ်ဖြတ်မူသောဆံတော်သည် လက်နှစ်သစ်မျှသာ တစ်သက်ပတ်လုံး တည်တော်မူခြင်း။
(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။
(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ဝင်နို်င်ခြင်း။
(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။
(၇) ဝေနေယျသတ္တဝါသို့လိုက်၍ ကိုယ်တော်မှတစ်ပါး နိမ္မိတဘုရားပေါင်းများစွာ ဖန်ဆင်းနိုင်ခြင်း။ (အသေချေင်္)
(၈) ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။
(၉) အထက်ကောင်းကင်တွင် လဝန်းကဲ့သို့ မြင်တော်မူခြင်း။
(၁၀) လူနတ်တို့၏စိတ်ကို အသာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။
(၁၁) အသံတော်ရှစ်ပါးနှင့်တရားဟော်တော်မူရာ အလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ်၍ဟောသကဲ့သို့ကြားရခြင်း။
(၁၂) ကျွတ်အံ့သော သတ္တဝါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်ဖြင့် သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တဝါတို့အပေါ်တွင် ကရုဏာတရား ပွားများအားကြီးခြင်း။
(၁၃) လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော အိန္ဒြေအနုအရင့်ကို သိတော်မူခြင်း။
(၁၄) အထက်ပါ(၁၃)ပါးနှင့် ေဥယျဓံတရား(၅)ပါးကို သိနိုင်ခြင်း။
(၁၅) အလိုရှိ၍လက်တော်ကိုဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။
(၁၆) ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးဖြာဋိကာပြနို်င်ခြင်း။
(၁၇) တာဝတိံသာသို့ အဘိဓမ္မာတရားဟော်တော်မူရန် ပကတိ သုံးဖဝါးနှစ်လှမ်းတည်းဖြင့် ကြွတော်မူနိုင်ခြင်း။
(၁၈)ဒေသစာရီကြွချီတော်မူလျှင်ခြေရာမတင်သည့်အပြင်မြေအညီအညွတ်ဖြစ်ရခြင်း။ (ဘုရားရှင်၏ အံ့ဖွယ် ၁၈ ပါး။)

23 comments

  • bigbird

    May 7, 2011 at 2:51 pm

    ဗဟုသုတနဲ့သိသင့်တာတွေကို သိခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။

  • မမလေး

    May 9, 2011 at 3:34 pm

    ကြားဖူးတာတော့ လက်ဆယ်ချောင်းလုံးက တစ်ရွယ်တည်းဖြစ်တယ် ။ နားရွက်က ထူးဆန်းတယ် လို့ကြားဖူးတယ် ။

  • နေမဝင်

    December 9, 2011 at 11:08 am

    ကွန်မန့်ဆိုတာ မှတ်လောက်သားလောက်စရာပေးသင့်တယ်မဟုတ်လား။ ပြောပြီး ပြီးတာပဲ ပွိုင့်ရရင်ကျေနပ်နေရုံလေးပဲလား။

    • windtalker

      December 10, 2011 at 9:52 pm

      “နေမဝင်” ရဲ ့ကွန်မင့်ရေးပုံ အရ ဆိုရင်
      နေမဝင် ဟာ ဂေဇက်မှာ ပို ့စ်တင်ဖူးသော ၊ ကွန်မင့် မရရှာသော ၊ သနားစရာ မန်ဘာ တစ်ဦး ဖြစ်မယ် ထင်တယ် ။
      နေမဝင် ဆိုတဲ့ နာမည် ဟာလည်း အကောင့်ခွဲ တစ်ခု ဖြစ်မယ် ထင်တယ် ။
      နေမဝင် သိထားဖို ့က ကိုယ်တင်လိုက်တဲ့ စာ ဟာ စာဖတ်သူအတွက် တစ်ခုခု အကျိုး ဖြစ်စေခဲ့မယ် ဆိုရင် စာဖတ်သူ စိတ်ကျေနပ်မှု ရှိမယ် ဆိုရင် ၊ ဂေဇက်ဝင်တွေက ကွန်မင့်ပေးဖို ့ ဝန်မလေးကြဘူး ဆိုတာပါဘဲ ။
      ဟိုကခိုးလာ ဒီက တိုလာ ဘတ်လာတဲ့ ပို ့စ်မျိုးဆိုရင်တော့
      ဘယ်သူကမှ ကွန်မင့်ပေးမှာ မဟုတ်ဘူးနော

  • Yin Nyine Nway

    December 9, 2011 at 6:31 pm

    ဘာကိုဆိုလိုချင်တာလဲ

  • နေမဝင်ရေ
    မန်းလေးဂေဇက်မှာ ကော်မင်းပေးကြတာကတော့ အစုံပါဘဲ။
    တစ်ခါတစ်လေ စကြနောက်ကြတယ်။
    တစ်ခါတစ်လေ ဦးတည်ချက်ပြောင်းသွားတယ်။
    တစ်ခါတစ်လေရန်ဖြစ်ကြတယ်။
    တစ်ခါတစ်လေ အပီအပြင်အပြန်အလှန်ငြင်းကြတယ်။
    ဘယ်သူမှ ကော်မင်းပေးရင် ပွိုင့်ရတာ မရတာကို ခေါင်းထဲ မထည့်တာကတော့ သေချာပါတယ်။
    နောက် နေမဝင် မန်းလိုက်တာ ဒီပို့စ်ကို ရည်ရွယ်တာ မဟုတ်ဘူးလို့ ထင်ပါတယ်။
    ဘာဖြစ်ဖြစ် ကိုယ်အယူအဆနဲ့ကိုယ် စိတ်ချမ်းသာစွာနေကြတာအကောင်းးဆုံးပါဘဲ။

  • နေမဝင်

    December 10, 2011 at 2:10 pm

    ကျွန်တော်ဖတ်ရသလောက်ကတော့ အချင်းချင်း ခင်ရာမင်ရာတွေပဲ ကွန်မန့်ပေးနေကြသလိုပဲ။ နောက်ပြီး အပေါ်မှာတင်ထားတဲ့စာက တော်တော်ရယ် …အောက်မှာ ပြောနေကြတာတွေက သိပ်ပြီးမသက်ဆိုင်သလိုပဲနော် ။ တခါတခါဆို ကွန်မန့်တွေဖတ်ရင်းတောင် ပို့စ်ရဲ့ ရည်ရွယ်ချက်က ပျောက်သွားသလိုပဲ။
    စိတ်ချမ်းသာတယ်ဆိုရင်တော့ကောင်းပါတယ်။

    • Yin Nyine Nway

      December 10, 2011 at 3:45 pm

      အဲဒီလို တွေးလို့မရဘူးထင်တယ်
      ခင်ရာမင်ရာမှမဟုတ်ပါဘူး
      အားလုံးက သိရင် သိသလို ဝင်မန့်ကြတာပါ
      ဝင်မန့်ရင်း တခြားဟာဖြစ်သွားတယ်ဆိုတာကလည်း
      စရင်းနောက်ရင်းနဲ့ ဒီလိုဖြစ်သွားတာပဲ ရှိတယ်လို့ထင်တယ်

    • inz@ghi

      December 10, 2011 at 10:02 pm

      >>>ခင်ရာမင်ရာတွေပဲ ကွန်မန့်ပေးနေကြသလိုပဲ
      သည်တော့ မောင်ရင်က ဘာဖြစ်ချင်လို့လဲ ….

      >>>ပြောနေကြတာတွေက သိပ်ပြီးမသက်ဆိုင်သလိုပဲနော်
      အကြောင်းအရာ နဲ့ မသက်ဆိုင်ရင် လူပုဂ္ဂိုလ်နဲ့ သက်ဆိုင်လိမ့်မယ် …ဒါမှမဟုတ်ရင်
      ရေးတဲ့လူနဲ့ မန့်တဲ့လူ ကြားထဲက အဖြစ်အပျက်တခုခုကို ညွှန်းချင်တာဖြစ်လိမ့်မယ်….
      အဓိပ္ပါယ်မရှိဘဲ လျောက်ရေးမယ် မောင်ရင် ထင်လို့လား…

      >>>စိတ်ချမ်းသာတယ်ဆိုရင်တော့ကောင်းပါတယ်
      သည်လို ရေးသားပိုင်ခွင့် မောင်ရင့်မှာ မရှိဘူးလို့ ကိုယ် ယူဆပါသည်…

      Social group တခုမှာ သူ့ကိုယ်ပိုင် common value ဆိုတာ ရှိတယ်..
      norms တွေ ရှိတယ်… သူတို့ကိုယ်ပိုင် culture ဆိုတာရှိတယ် မောင်ရင်…

      ဝင်လာမယ်ဆို အသားကျအောင်နေကွာ … အသားမကျဘူး သဘောမတွေ့ဘူးဆို
      ပြန်ထွက်သွားလိုက် …. အဲ ..ပြစ်တင်ဝေဖန်တာကျတော့ …မောင်ရင်က သည်ဆိုက်ဒ်
      admin လည်းမဟုတ်. ..ဒါကြီး တခုလုံး လည်ပတ်နိုင်အောင် ရင်းနှီးမတည်ထားတာလည်း မဟုတ်…
      သည်ဆိုဒ်ကို ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးတဲ့ guardian လည်းမဟုတ်….

      မောင်ရင့်ကိုနောက်ဆုံးပြောချင်တာက ….သည်မှာ ပွိုင့်ရရေး စာရေးနေတာ တကောင်မှ မပါဘူးဆိုတာပါပဲ

      ကျုပ်တို့က ပျော်တတ်တယ်ဗျ ….ခင်ဗျားလေး အချိုးပြင်ရင် welcome လုပ်ဖို့အသင့်ပဲ ….
      ပေါက်ပန်းလေးဆယ် လျောက်လုပ်နေရင်တော့ …. အခုကျုပ်ရေးတာ… မောင်ရင့်အတွက် အသက်သာဆုံး
      ဖြစ်သွားလိမ့်မယ် … မောင်ရင်.. Key အမြင့်ကြီးတွေ ကြားလာရလိမ့်မယ်ကွာ …မကြားရအောင်နေပါ…

      (ကျုပ် မာမာထန်ထန် မန့်လေ့ ရေးလေ့မရှိပါ …ယခုတော့ လိုမည်ထင်၍ ရေးပါသည်..)

  • မိုးပွင့်ဖြူ

    December 10, 2011 at 2:35 pm

    စိတ်ကတောချမ်းသာတယ ်ဒီတဲကစာတွေဖတ်ရတာ
    အမြဲတမ်းကျန်နေခဲတာလဲမရှိဘူး ဖေဘုတ်မှာတက်နေပြီးဆိုဒီထဲမှာသတင်းအနေနဲလည်း မြင်ရပြီးသား ဘဟုသုတလဲ အစုံရတယ်
    စားတွေကို ဆက်ဖတ်ကြည့်ပါ ကြာသွားရင်သိလာပါလိမ့်မယ်
    စစဝင်ခြင်ဆိုဖြစ်တတ်တွေပါ အဲလိုမျိုးက…………

  • နေမဝင်ရေ
    တစ်ခါတစ်လေမှာ ရေးထားတဲ့အကြောင်းအရာ နေဦးတည်ချက်ပြောင်းပြီး ပိုကောင်းသောဆွေးနွေးချက်တွေကိုထွက်လာတာ အများကြီးရှိပါတယ်။
    ရေးထားတဲ့ပိုစ်နဲ့မဆိုင်တာကို ပြောနေတယ်ဆိုရင် အခုခင်ဗျားပြောနေ မန်းနေတာထဲမှာလဲ
    ဒီပို့စ်နဲ့ပတ်သက်လို့ ခင်ဗျားထင်မြင်ယူဆချက်ဖြစ်စေ
    ဟုတ်တယ်မဟုတ်ဘူးဖြစ်စေ တစ်လုံးမှ မပါသေးဘူး။
    ခင်ဗျားလဲ ဒီပိုစ်နဲ့မသက်ဆိုင်တဲ့အကြောင်းကိုပြောနေတဲ့လူဖြစ်နေတယ်။
    တစ်ယောက်ကို တစ်ယောက် ဆဲတာ ဆိုတာ အကြောင်းမဲ့ပုတ်ခတ်တာ မဟုတ်ရင်
    ဒီရွာထဲကလူတွေအားလုံးက လက်သင့်ခံကြပါတယ်။
    မန်းလေးဂေဇက်ထဲကစာတွေ စုံအောင် စောင့်ဖတ်လိုက်ပါအုံး။
    မဖတ်အားရင် ဘလက်ချောရဲ့ တံခါးစောင့် ပို့စ် က ဖတ်ညွန်းတွေကို ဖတ်ကြည့် ။
    ဒါဆို အချိန်မကုန်တော့ဘူး။
    နောက်ဒီရွာထဲက လူတွေ တစ်ယောက်နဲ့တစ်ယောက် မန်းသာ မန်းနေကြတယ် မသိကြတာများပါတယ်။

    • E.T

      December 10, 2011 at 5:37 pm

      ဟုတ်တယ်၊ ဟုတ်တယ် လေးလေးပေါက် ပြောတာမှန်တယ်။ ကျွန်တော်တို ့က မန်းဂေဇက်ထဲမှာကော အပြင်မှာကော မိသားစုဝင်တွေလို ခင်ကြတာလို ့ ပြောပြလိုက် လေးလေးပေါက်။ နေမဝင်ရေ ဆွေးနွေးချင်တာ တွေရှိရင် ဝင်ဆွေးနွေးပါ။ ကျွန်တော်တို ့က ဗဟုသုတနည်းတယ်ဗျ။ နေမဝင်သိတာလေးတွေလည်း ပြောပြပေါ့ဗျာ။ ခင်ခင်မင်မင်ပေါ့ ဟုတ်ဘူးလား။

  • blackchaw

    December 10, 2011 at 10:26 pm

    အသာလုပ်ပါ နေမဝင် ရယ်။

  • Yin Nyine Nway

    December 11, 2011 at 8:45 am

    ကော်မန်းကတော့ ဝင်ပေးကြတာပဲ ….
    တခါမှတော့ ဘယ်သူ့ပိုစ့်မှပေးမယ်လို့မတွေးမိဘူး
    ဘာပဲဖြစ်ဖြစ် ဒီရွာကို ဝင်လာပြီဆိုရင်တော့
    အကောင်းမြင် ဝါဒီလေးနဲ့ တော့ မြင်စေချင်တယ်
    ရင်ငြိမ်းတို့လည်း သိရင် ဝင်မန့်တယ် မသိရင်တော့
    မပြောရဲဘူးလေ
    ဥပမာ ပေါ်လစီ ပါတဲ့ ပိုစ့်တို့လို
    အရမ်းမြင့်တဲ့ ဝိပဿနာ တို့လို
    ရျိပါတယ် ခပ်များများမှာ ဖတ်ပြီး ဘာမှမပြောနိုင်တာရှိသလို
    ကော်မန်းပေးရင်း ဝင်နောက်ရာက တခြားပိုစ့်ဖြစ်သွားကြတာကတော့
    ရွာသားအချင်းချင်း ကိုယ်မနာ သူမနာ ပြောနေကြတဲ့ အကျင့်ကြောင့်ပါ

  • နေမဝင်

    December 12, 2011 at 1:32 pm

    ဆောင်းတွင်းကြီးမှာဗျာ…….သွေးပူလေ့ကျင့်ခန်းတွေဖြစ်သွားတယ်ဆိုရင် တော့ စိတ်မကောင်းပါဘူး။ ကျွန်တော်က ဝင်ဝင်ခြင်း အားတုန်းလေး တင်ထားတဲ့ စာလေးတွေကိုဝင်ဖတ်ရင် းအမြင်လေးကိုရေးလိုက်မိတာပါ။ အယူအဆလွဲသွားတယ်ဆိုရင်တော့ စိတ်မကောင်းဘူးဗျာ။ ကျွန်တော့ စကားပြောမတတ်တာလည်း ပါမှာပါ ။
    ကျွန်တော့အတွက်နဲ့ စိတ်တို သွားရတယ်ဆိုလည် းခွင်လွှတ်ပါ။
    တခုတော့ပြောပါရစေ။ ကျွန်တော်က အကောင့်ခွဲလည်း မရှိပါဘူး ။ဘာပို့မှလည်း မတင်ဖူးပါဘူး ။ ဘာမှလည်းမဖြစ်ချင်ပါဘူး။ key အမြင့်ကြီးတွေလည်း မကြားရဲပါဘူးဗျာ။ မလုပ်ပါနဲ့။
    ကျွန်တော့အတွက်နဲ့အဲလောက်ထိ မလိုဘူးထင်ပါတယ်။ ကျွန်တော်က တွေးမိတာလေး သက်သက်ကို ရေးမိလို့ပါ ။ နောက် ကို ကွန်မန့်မပေးရဲတော့ပါဘူးဗျာ ။ ကြောက်ပါတယ် ။ဝိုင်းပြောနေလိုက်ကြတာ များဗျာ …….တကယ့်ရွာ အစစ် သာဆို ပြေးပေါက်တောင်မှားလောက်တယ် ။

    • inz@ghi

      December 12, 2011 at 10:30 pm

      သည်လိုရှိတယ်
      ညီ ….ရေ့

      ကိုယ်ပိုင် ဘဝထဲက အချိန်လေးတွေ နည်းနည်းစီ စစ်ထုတ်ပြီး ..
      ကိုယ်ချစ်တဲ့ရွာ ကို ပေးဆပ်နေကြသူချည်းပဲကွ …သည်မှာက ….
      ပွိုင့် ရစေလို၏ ….ဘာဖြစ်ပါစေလို၏ မရှိကြဘူးကွ….
      ပညာကို သေရွာ ယူမသွားကြေးဆိုတဲ့ သဘောတရားနဲ့ ရေးနေကြတဲ့
      စာတွေကို ညီ ..ကြည့်ရင်သိမှာပါ….

      ကွန်းမန့်တွေမှာ ရေးချင်ရာရေးကြတာကိုက ကွန်းမန့်ရဲ့ ဝိသေသကွ…
      မန့်ဖို့ အနည်းဆုံးတော့ မန်ဘာ ဝင်ရတယ်မလား ငါ့ညီရ……
      ကိုယ့်နာမည် ဆိုတဲ့ brand တခုလုံးရင်းနှီးမြှုပ်နှံပြီးမှရေးရတာကွ
      ကွန်းမန့်ဆိုတာ သိပ် ပေါက်ကရလုပ်ရင် အလိုလိုဘေးရောက်ကုန်မပေါ့…
      သိပ်မထော်မနန်းပြောရင် အလိုလို သောက်ပေါဖြစ်မပေါ့ကွာ……..

      သည်တော့ ညီ့ စိတ်ထဲက မကျေလည်တဲ့ commentရှင်တွေ ဘာတွေရေးထားသလဲ
      ဘာတွေ လေ့လာမျှဝေထားသလဲရှာ ဖတ်ကြည့်စေချင်တယ်ကွာ. ..
      မင်းအတွက် အကျိုးမယုတ်ပါဘူး …သည်ထဲမှာ သောက်ရူး တကောင်မှမပါလို့ပါပဲ………..
      မင်းဝင်လာချင်လား….ok welcomeပေါ့ ငါ့ညီရယ်…

      မပြောရဲ မရေးရဲတော့ပါဘူး ပြောသွားတဲ့ retrieve strategy ကတော့
      မမိုက်တာအမှန်ပဲကွ ….ယောက်ျားမလား …..မှန်တယ်ထင် ဆက်ချကွာ ..fight ပစ်လိုက်ပေါ့ကွာ
      မှားရင်မှားတယ်ဝန်ခံ တာဝန်ယူလိုက်ပေါ့…..
      ညီလေး မင်းရွေးချယ်ခဲ့တာ ဂုဏ်သိက္ခာရှိတဲ့ retrieve strategy တော့မဟုတ်ဘူးကွာ…
      စဉ်းစားပါဦး…

      ခင်တဲ့
      Inz@ghi

  • Yin Nyine Nway

    December 12, 2011 at 7:26 pm

    မဟုတ်ပါဘူး ကိုုနေမဝင်ရယ်
    အားလုံးရဲ့ ပိုစ့်လေးတွေ ကော်မန်းတွေဖတ်ပေါ့
    စိတ်တိုသွားတာမဟုတ်ပါဘူး
    ကြောင်သွားတာပါ
    ကိုနေမဝင်ပြောတဲ့ ကော်မန်းနဲ့ ပိုစ့် တခြားစီက ကိုနေမဝင်ကိုယ်တိုင်ဖြစ်နေတာကို
    သတိမထားမိလိုက်တာကိုပါ….
    ရွာထဲလာလည်ပါ
    ဝင်ရေးပါ
    သိတာလေး ရှယ်ပေးပါ
    သူများရေးထားလို့ သိရင်လည်း ဝင်ရေးနိုင်တယ်
    ဒီအတွက် ဝဲကမ်းပါ
    နောက်ကို ကွန်မန်းမပေးရဲတော့ဘူးတော့ မလုပ်ပါနဲ့

  • နေမဝင်ရေ
    ဒီရွာထဲမှာ ကို်ယ်ပြောချင်တဲ့အကြောင်းအရတစ်ခုခုဖြစ်စေ
    ကိုယ်စိတ်ထဲမှာယုံကြည်တာကိုဖြစ်စေ ခိုင်ခိုင်လုံလုံနဲ့ပြောခွင့်ငြင်းခွင့်
    တင်ပြခွင့်ရှိပါတယ်။
    ကျနော်တို့လိုသာမန်စာရေးသူမပြောနဲ့သူကြီးကိုတောင်မှ ငြင်းခွင့်ရေးခွင့်ရှိပါတယ်။.
    ဒါပေမယ့် ကိုယ်ရေးပြတဲ့အကြောင်းအရာတစ်ခုက အကျိုးအကြောင်းတော့ဆီလျော်မှု့ရှိရပါမယ်။
    ဆောင်းတွင်းကြီးသွေးပူလေ့ကျင့်ခန်းလုပ်တယ်လို့ပြောမယ်ဆိုရင်တော့ ” ဒါဆိုရင် ဒီအဖြေလေးက မှားပါတယ်”လို့ဆန်းထွဋ်လေသံနဲ့ပြောရတော့မှာပါဘဲ။
    ကျနော်အယူအဆကတော့ ဘယ်တော့မှထွက်မပြေးဘူးဗျာ။
    ကျနော်မှန်တယ်ဆိုတာကို ပြန်လည်ခြေပဘို့အတွက်ကတော့ အဆင်သင့်ပါဘဲ။

  • kai

    December 13, 2011 at 4:04 am

    ဘုရားရှင်၏ အံ့ဖွယ် ၁၉ ပါး။
    မြန်မာတပြည်လုံးရဲ့.. သဘောတူညီချက်နဲ့.. တပါးတိုးလိုက်ချင်ပါတယ်နော..။ မှားတယ်ထင်ရင်ပြင်ပေးပါ..။ 🙂

    (၁၉) လူသားသမိုင်းတလျှောက်မှတ်တမ်းဝင်သည့် အကြီးမားဆုံးသော သွားတော်(စွယ်တော်)ရှိတော်မူခြင်း..
    =
    Ref:
    http://wiki.answers.com/Q/How_big_is_the_largest_human_tooth_ever_to_be_extracted
    How big is the largest human tooth ever to be extracted?
    Answer:
    The world’s largest human tooth was extracted in Halifax, Nova Scotia, Canada on June 28th 2000, from a 9 year old boy. It measured 2.67cm wide and 4.05cm high.

    It was extracted by Dr. Chris Petropolis.

    ဗုဒ္ဓဧ။်မြတ်စွယ်တော်ပုံ မှာ သာမာန်လူများဧ။် အံသွားနှင ့်ဆင်တူပြီး အမြစ်မှာ သုံးခွ ဖြစ်ပါတယ်။
    ထိပ်ဝမှာ ပြား၍ တစ်လက်မ ပတ်လည်ခန် ့ရှိပါတယ်။ အရှည ် မှာ နှစ်လက်မခန် ့ရှိ၍ လုံးပတ်မှာလည်း နှစ်လက်မခန် ့ရှိပါတယ်။

    • Moe Z

      December 13, 2011 at 8:22 am

      သဂျီးကတော့ စောစောစီးစီး အနီကဒ်ရသွားပြီ
      ဘယ်သူပေးတာလဲတော့မသိဘူး 😛

      • inz@ghi

        December 13, 2011 at 8:32 am

        နာပြန်စိမ်းပေးလိုက်ပီကွ …..နာလို့တဂျီးကို …..

        မန်းဂ မလေး ဖစ်တွားပြန်ဘီလား ဇက်ကလေးရယ်…..
        ဒေါင်းလေးတွေအကြောင်းရေးပါဦးဆို …
        ဂယ်တနားလို့ပါဆို..
        ကအင်ဂျီး သိတဲ့ ဒေါင်းလေး တယောက်ဟာဆို ၅ ဂဏန်း အလွန်ကြိုက်သကွဲ့..
        ဘယ်နှတန်းရောက်ပီလဲဆို ၅တန်း …အသက်ဘယ်လောက်လဲဆို ၅နှစ် ….
        ဝက်ဝံမိသားစု ပန်းချီကားလေး ဆွဲပြီး လက်ဆောင်ပေးတော့ ….
        အဲ့ဒါကြည့်ပြီး သားသား ဗိုက်ထဲမှာ အူဝဲလေး ၅ကောင် ရှိတယ်လို့ ပြောလာတာ
        နားထောင်ရတာ မချိဘူးကွယ် …….

        ကြင်နာတတ်တဲ့ ကအင်ဂျီး….

  • Yin Nyine Nway

    December 13, 2011 at 8:39 am

    မသိလို့မေးပါရစေ
    ဘုရားက လူသားအရွယ်အစားပဲလို့ကြားဖူးပါတယ်
    ဒါပေမဲ့ သွားတော် ထိပ်ဝက 1လက်မ ဆိုတော့ တော်တော်ကြီး ကြီးမနေဘူးလား…
    ခြေတော်ရာတုန်းကတော့
    ဘုရားက တန်ခိုးတော်နဲ့ ဇန်ကြွသွားလို့ ပြောပါတယ်
    ငယ်ရင်မုန်ညင်းစေ့ ကြီးရင် မြင့်မိုရ်တောင်မက အထကက် 1ယူဇနာ အထိ ကြီးလို့ရတယ်လို့တော့ ကြားဖူးပေမဲ့
    ပရိနိဗ္ဗညန်စံ တဲ့အချိန်တော့ အဲဒီလို တန်ခိုး ပြလောက်ဘူးထင်တယ်
    ဘယ်လိုအရွယ် အစားရှိလဲဆိုတာ သိချင်တယ်
    သိတဲ့သူများ ဝေမျှပေးပါ
    ကျေးဇူးတင်လျှက်

  • etone

    December 13, 2011 at 8:39 am

    (((ကွန်မန့်ဆိုတာ မှတ်လောက်သားလောက်စရာပေးသင့်တယ်မဟုတ်လား။ ပြောပြီး ပြီးတာပဲ ပွိုင့်ရရင်ကျေနပ်နေရုံလေးပဲလား။))) တဲ့လား … ကိုယ်တိုင်ကိုက ဝေဖန်ရေး လေကန်ရေးထက် …. မှတ်သားလောက်တဲ့ ကော့မန့်ရေးဖို့ပဲ အရေးကြီးပါတယ် …. ။ အပြောလွယ်သလောက်အလုပ်ခက်တဲ့ သာဓကတွေရှိနေသေးသရွှေ့တော့ …. မိမိကိုယ်မိမိ အရင်စမ်းစစ်ကြည့်ပါဦး ။ ဒီမှာ စာရေးနေကြတဲ့ လူတွေက ပွိုင့်ရရှိရေးထက် သံယောဇဉ်ကြောင့်ရေးနေတယ်ဆိုတာ မင်း အချိန်အတိုင်းတာတစ်ခုထိရောက်လျှင် နားလည်လိမ့်မယ် … ။

    မနေနိုင်လို့ ဝင်ရေးမိပြန်တယ် … ။ 🙁

Leave a Reply