ဧရာဝတီမြစ်ဘေးက ရွာကလေး
ကျွန်တော် စနေနေ.က ဧရာဝတီမြစ်ဘေးက ရွာကလေးကို ရောက်ခဲ့ပါတယ်.. အင်း ရွာဆိုတော့ မြို.လောက် မသားနားပေမယ့် အေးချမ်းတယ်ဗျ..
အမယ် အထင်တော့ မသေးနဲ.နော အိမ်တိုင်းမှာ ၈ ပေ စလောင်းရှိတယ်.. မီးကလဲ ၂၄ နာရီဆိုပဲ.. မြို.ပြလူနေမှုမှာ မွမ်းကျပ်နေသမျှ အပန်းပြေတယ်… ရွာသူ။ရွာသားတွေကိုလဲ မျှဝေပေးပါမယ်…
ရန်ကုန်ဘက် ဘုန်းကြီးလမ်း ဆိပ်ခံတံတားကနေ ရှပ်ပြေး မော်တော် စီးပြီးသွားရတာ.. တစ်ယောက်ကို ရှေ.ခန်း ၂၅၀ဝ ကျပ်။ နောက်ခန်း ၂၀၀ဝ ကျပ်.. သန်.လဲသန်.တယ်.. ပျော်စရာလဲကောင်းတယ်…
22 comments
eros
May 10, 2011 at 4:35 am
အိမ်တိုင်းမှာ ၈ ပေ စလောင်းရှိတယ်.. မီးကလဲ ၂၄ နာရီဆိုပဲ…
တယ်ဟုတ်ပါလား ကျုပ်တို့မြို့မှာတောင် မီးက မမှန်ဘူး။
ဘယ်နေရာလဲ။
susunosuki
May 10, 2011 at 5:09 am
၈ ပေစလောင်းရှိမရှိထက် မီးမှန်တာကို ပိုသဘောကျတယ်။ အရေးအကြီးဆုံးက ယင်လုံအိမ်သာကောသုံးကြသလားဗျာ။ မြစ်ဘေး ချောင်းလေးနေသူတော်တော်များများက မြစ်ထဲ ချောင်းထဲ အညစ်အကြေးစွန့်ကြတာများလို့။
Shwe Tike Soe
May 10, 2011 at 5:20 am
အင်း သုံးကြပါတယ်.. လမ်းတွေကလဲ ကောင်းသမှ…
ကျိုက်ထော်ရွာတဲ့…
KoNyeinChan
May 10, 2011 at 6:26 am
ကိုရွှေတိုက်စိုးရေ… အိမ်တိုင်း ၈ပေ စလောင်းရှိတယ်ဆိုလို ့ အပေါ်မှာပါတဲ့အိမ်ပုံတွေကို Picasa နဲ ့ကြည့်တာ တွေ ့တော့တွေ ့တယ် ရေးတေးတေးလေး.. ဒယ်အိုးပေါ်မှာ 😀
အခုလို ရာသီဥတုပူပြင်းချိန်မှာ ဒီလိုရွာမျိုးလေးမှာ အတော်အတင့် အေးချမ်းမှုတော့ရှိမှာဘဲ အပင်တွေတအားများတာချည်းဘဲကို……
weiwei
May 10, 2011 at 6:44 am
သွားလည်ချင်တယ် .. နေ့ခြင်းပြန် သွားလို့ရတယ်မဟုတ်လား …
ဘယ်လိုသွားရမလဲ လမ်းညွှန်ပေးပါအုန်း …
good
May 10, 2011 at 7:33 am
ဆရာ… အိမ်တိုင်း ၈ ပေ စလောင်း ရှိတယ် ဆိုတာတော့ နဲနဲ လျော့ ပေးဗျာ။
၂၄ နာရီ မီး ရတယ် ဆို တာ လက်ခံ တယ်။
ဘာ ဖြစ် လို့ လဲ တို တော့၊ နည်းပညာ တိုးတက် မှု ပေါ့။
ရန်ကုန် က ဒီဇယ် ဓါတ်ဆီ ကားတွေ gas အင်ဂျင် ပြောင်း သလို ဘဲ၊ တ လုံးထိုး ကနေ ၆ လုံး ၈လုံး ထိုး ဒီဇယ် အင်ဂျင် တွေ ကို ” စပါးခွံ gas အင်ဂျင်” တွေ အဖြစ် ဧရာဝတီ မြစ်ဝကွန်းပေါ် နေရာ တော်တော် များများ မှာ ပြောင်း သုံး နေကြ ပြီ။
တချို့ တန်၅ဝ ၊ ၁၀ဝ ကျ ဆန်စက် ကြီး တွေ တောင် ဘွိုင်လာ စနစ် နဲ့ မသုံးတော့ ဘဲ ” စပါးခွံ gas အင်ဂျင်” နဲ့ အောင် အောင် မြင် မြင် လည်ပတ်နေပြီ။
လောင် စာကုန်ကျမှု ကလည်း အရမ်း သက်သာတယ်၊ အိမ်၁၀ဝ ရှိတဲ့ ရွာ ကို ဒီဇယ် တဂါလံ နဲ့ စပါးခွံ ၁၅ တင်းလောက် ဆို တည လုံး မီးပေးလို့ ရတယ်။
manawphyulay
May 10, 2011 at 8:02 am
ဧရာဝတီ ကမ်းရဲ့အထက်က ငွေသောက်ယံ ကမ်းအတက်မှာ မကွေးမြသလွန်ကို သတိရမိပါတယ်…… လွမ်းစရာကောင်းတယ်နော်
Shwe Tike Soe
May 10, 2011 at 8:55 am
သွားချင်တယ်ဆိုရင် လမ်းညွှန်ပြပါမယ်..
အဲဒီ ရှပ်ပြေး ရေယာဉ်တွေက ရန်ကုန်ကနေဆိုရင် မနက် ရနာရီ ၊ ၁ဝ နာရီ နဲ. ညနေ ၃ နာရီ ၃ စီးထွက်ပါတယ် (ကျိုက်ထော်ဘက်ခြမ်း ကလည်း အတူတူပဲနဲ.တူတယ်)
၁၅ လမ်းရေယာဉ်ဆိပ်ကနေ စီးရမှာပါ.. မနက် ရ နာရီက စီးရင် ၁ဝ နာရီလောက်ဆိုရောက်ပြီ..
လမ်းတစ်လျှောက်မှာလဲ မြစ်ကမ်းဘေးက ရှုခင်းတွေကြည့်ရတာ အရမ်း ကိုပျော်စရာကောင်းပါတယ်…
eros
May 10, 2011 at 9:28 am
ရွာအရောက် ဘယ်လောက်ကြာလဲ ဘယ်တိုင်းဒေသကြီး၊ ဘယ်ခရိုင်၊ ဘယ်မြို့နယ်မှာပါလဲ။
kai
May 10, 2011 at 9:14 am
စာသင်ကျောင်း၊ ဆေးခန်းတွေရော ရှိသလားဗျ..။
ဓါတ်ပုံအရကြည့်ရတာ.. မိကျောင်းရှိမဲ့ပုံပဲ..။
အဲဒီအစပ်နားက အိမ်မှာထိုင်ပြီး ငှားထိုင်မျှားရင်း .. ဘီယာထိုင်သောက်ရရင်… တော်တော်ဇိမ်ရှိမယ်..။ 🙂
Shwe Tike Soe
May 11, 2011 at 2:14 am
စာသင်ကျောင်း က အ.ထ.က ရှိတယ်.. ကျန်းမာရေးဆေးခန်းလဲရှိတယ် .. ရဲစခန်းလဲ ရှိတယ်..ဗျ
padonmar
May 10, 2011 at 1:13 pm
သိထားတဲ့ ကျိုက်ထော်ဆိုရင်တော့ တွံတေးအပိုင်ထဲကပဲ၊
နာဂစ်ဒဏ်ခံရပေမယ့် စာရင်းမတင်လို့ aids တွေမရဘူးလို့ ပြောသံကြားဘူးတယ်၊
ကိုယ့်အားကိုယ်ကိုးထားရတဲ့ သဘောပေါ့၊
Shwe Tike Soe
May 11, 2011 at 2:17 am
ဟုတ်တယ် ဆရာတော် တစ်ပါးက ဦးဆောင်ပြီးတော့ လမ်းတွေခင်း တံတားတွေပြင်ထားတာ သန်.ပြန်.နေတာပဲ..
ကိုယ်ထူကိုထ ပဲနဲ.တူတယ်…
padonmar
May 10, 2011 at 1:14 pm
ဓာတ်ပုံလေးတွေလှတယ်နော်
OQ23
May 10, 2011 at 1:31 pm
တကယ်ရောက်ဖူးချင်တယ်။
ကျေးဇူးပြုရျ်လမ်းညွှန်ပေးပါ။
စိတ်ဝင်စားလို့ပါ၊ကမ်းခြေထက်ပိုမိုက်မယ်။
MaMa
May 10, 2011 at 1:40 pm
ရွာသွားတဲ့ လမ်းတစ်လျှောက်ကို ရိုက်ထားတာလား။ view တွေက စုံသလို color တွေကလည်း စုံတယ်။
mayhtet
May 10, 2011 at 1:59 pm
ဓာတ်ပုံလေးတွေအရမ်းလှတယ် အဲဒီရွာက လူတွေ စီးပွားရေးကောင်းတယ်နော်။
အိမ်တိုင်း8ပေစလောင်းရှိတယ်ဆိုတော့။ မေထက်တို့မန်းလေးတောင်မှ အခုလပိုင်း မီးမှန်တယ် မိုးရွာတော့လမ်းတွေသွားရတာ ညစ်ပတ်တယ်။
အဲဒီရွာလေးဆိုရင် ဘယ်လောက်ကောင်းမလဲနော်
ဆူး
May 10, 2011 at 2:48 pm
ပုံတွေကြည့်ရတာ ခရီးသွားတွေ အတွက်တော်တော် ဆွဲဆောင်မှု ရှိတယ်။ နိုင်ငံခြားက လူတွေ လည်စရာ နေရာ တခုအနေနဲ့ တောင် လုပ်သင့်သလိုပဲ.. ပုံတွေ ကြည့်ရတာ.. မိုက်တယ်။
kopauk mandalay
May 10, 2011 at 4:09 pm
သူကြီး
အဲဒီသွား မိချောင်းဖမ်းပြီး ကင် ပြီးရင်ဘီယာနဲ့မြည်းရအောင်
ဆူး
May 10, 2011 at 4:32 pm
မိချောင်း ဖမ်းဖို့ ကိုပေါက် မန်း က တာဝန်ယူပေးလိမ့်မယ်။
ဖမ်းလာတဲ့ မိချောင်း ကင်ပေးဖို့ ရွာသူတွေ တာဝန်ယူတယ်
ဘီယာ သောက်ဖို့ ရွာသားတွေ တာဝန်ထား။
ကုန်ကျစရိတ် သဂျီး ကျခံမယ်။
kai
May 10, 2011 at 6:18 pm
မိကျောင်းသားက..ကြက်သားအမာစားလိုပဲ..။ တာကီ(ကြက်ဆင်)နဲ့လည်း မတူဘူး..။
စားဖူးရင်..ဒို့ရွာသားတွေကြိုက်မယ်ထင်တယ်..။ 🙂
mayhtet
May 11, 2011 at 1:59 am
အဲဒီမှာ မိကျောင်းတွေအများကြီးလား သူကြီး