Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“မမွှေစကောင်း……….မွှေစကောင်း”

“မမွှေစကောင်း………… မွှေစကောင်း………..”
မိတ်ဆွေတစ်ဦးရဲ့နာရေးမှာကိုဌေးအောင်နဲ့ ဆုံမိကြတော့ မတွေ့တာလဲကြာ ၊အရင်က ညီအကိုလိုနေလာခဲ့တဲ့သူလဲဖြစ်ပြန်တော့ ရှေးဟောင်းနှောင်းဖြစ်တွေပြောမကုန်နိုင်အောင်ပါဘဲ။
ဟိုးအရင်ငယ်စဉ်ဘဝကတည်းက တစ်ရပ်တည်းနေ လို့ ကျုံးရေကို အတူတူသောက် လာခဲ့ကြတဲ့ မိတ်ဟောင်းဆွေဟောင်းတွေအကြောင်း ကိုအပြန်အလှန်မေးဖြစ် ပြောဖြစ်ကြပါတယ်။
၁၉၈၄ ဦးကျားကြီးဝင်းမတိုင်ခင်ကတော့ ၂၅လမ်း၈၀-၈၁လမ်းကြားကသူဌေးတန်းရပ်
မှာအတူနေလာခဲ့တဲ့မိတ်ဆွေတွေ၊ဆွေမျိုးသားချင်းတွေက မီးလဲလောင်ရော မြို့သစ်ကိုအားလုံးလောက်နီးပါး
အော်တိုမက်တစ်ရောက် သွားကြပါတယ်။
အဲတော့လဲတစ်ယောက်တစ်နေရာစီလိုဖြစ်သွားကြတဲ့ဆွေမျုးိမိတ်သင်္ဂဟတွေရဲ့အကြောင်းကို အခုလိုမိတ်ဆွေဟောင်းခြင်းတွေ့ကြမှာဘဲ မေးရမြန်းရပါတော့တယ်။
တွေ့ကြပြီဆိုတော့ ဘယ်သူကတော့ရှိသေးတယ် ဘယ်သူကတော့ မရှိတော့ဘူး၊
ဟိုလူကတော့သောင်သာတယ် ဒီလူကတော့ အဆင်မပြေဘူးဆိုတာတွေကို ကိုယ်သိသလောက်သတင်းပေး
ကိုယ်မသိတာကိုလဲပြန်မေးနဲ့ စကားတွေဖောင်ဖွဲ့ခဲ့ကြပါတယ်။
ဒါနဲ့ဘဲအိမ်ပြန်ရောက်တော့ မှ ကိုဌေးအောင်ရဲ့အကြောင်းကို ပြန်စဉ်းစားမိတာနဲ့ “အမွေ”ဆိုတာကလည်းခေါင်းထဲကိုရောက်လာပြန်ပါတော့တယ်။
ကျွန်တော်တို့မြန်မာလူမျိုးတွေက မိမွေဘမွေဆိုတာကို တန်ဘိုးထားကြသလိုမက်လဲမက်မောကြပါတယ်။
နောက်ဒီအမွေတွေကြောင့်ဘဲ ပြဿနာတွေတက်ကြတော့ အမွေက နေ အမွှေဇယားတွေဖြစ်ကုန်ကြတာများပါတယ်။
ကျွန်တော်တို့မြန်မာ့ဓလေ့ထုံးစံမှာ အမွေနဲ့ပါတ်သက်တဲ့ ထုံးတမ်းစဉ်လာတွေလိုက်နာစရာတွေရှိပေမယ့်
တိတိကျကျ မလိုက်နာဘဲ အကြီးဆုံးသားသမီးတွေကို ပုံအပ်လို်က်တာများပါတယ်။
ကိုဌေးအောင်အကြောင်းပြောရ ရင်တော့ ရီရမလိုငိုရမလိုပါဘဲ။
ကိုဌေးအောင်ရဲ့အမေက သူ့ကိုခေါ်တိုင်ပင်ပါသတဲ့။
သူ့မှာ သားသမီးလေးယောက်ရှိတယ်ပေါ့ ၊
ဒါပေမယ့်အမွေရယ်လို့ ခွဲပေးစရာ မြေကွက်က သုံးကွက်ထဲပေါ့။
ဘယ်လိုလုပ်ရင်ကောင်းမလဲပေါ့။
ဒါပေမယ့် သူ့အမေပြောတာက ကိုဌေးအောင်က သားအကြီးဆုံးလဲဖြစ်နေတယ်၊
နောက်ပြီးကျန်တဲ့အငယ်တွေထက်စာရင် စီးပွားရေးလဲ တောင့်တယ်ပေါ့။
ဆိုလိုရင်းကတော့ ကိုဌေးအောင်က အမွေမယူဘဲ ကျန်တဲ့ညီမတွေကိုပေးလိုက်ဘို့ပေါ့။
ကိုဌေးအောင်ကလဲ သူ့အမေဖြစ်ချင်တာကို သဘောပေါက်တော့ ကတိပေးခဲ့ပါသတဲ့
“ အမေ ရေ ကျနော့်ရဲ့ ညီ ညီမတွေနဲ့ဘယ်တော့မှ အမွေမလုဘူးစိတ်ချ”
တကယ်လဲကိုဌေးအောင် သူ့အမေရဲ့အမွေကို မရလိုက်ရှာပါဘူး။
သူညီမတွေကလဲ သူ့အမေပေးတဲ့အမွေကို ပက်ပက်စက်စက်သုံးလိုက်ကြတာ ဘာမှ မကျန်ခဲ့ပါဘူးတဲ့။

ကျွန်တော်ငယ်ငယ်က ကျွန်တော်အဖွားနဲ့လမ်းလျှောက်သွားပြီဆိုရင် ကျုံးထိပ်တန်းဘက်ရောက်ရင်
လမ်းမတန်းက အိမ်တွေကို လက်ညှိုးထိုးလို့ပြပါတယ်။
အဖွားတို့ငယ်ငယ်က ပိုင်ခဲ့တာတွေပေါ့။
အဖွားတို့က ဆွေမျိုးစုကြီးပါသတဲ့။ရှေးလူကြီးများထုံးစံအတိုင်း စီးပွားမခွဲဘဲ အလုပ်တွေအတူလုပ်ခဲ့ ကြတာကို ဝိုင်းလုပ်ဝိုင်းစားသဘောမျုးိနဲ့ဘဲ ဖြတ်သန်းခဲ့ကြပါတယ်။
သူတို့မောင်နှမအရင်းတွေလက်ထက်မှာတော့ ဘာမှ မဖြစ်ခဲ့ကြပေမယ့်လဲ သူတို့ရဲ့ သားသမီးတွေရဲ့လက်ထက်မှာတော့
တစ်ဝမ်းကွဲ နှစ်ဝမ်းကွဲဆိုတဲ့တော်စပ်မူ့နောက်မှာ စိတ်ဝမ်းကွဲမူ့တွေကလဲ ကပ်ပါလာပါတော့တယ်။
အစကတော့ ကို်ယ်နေ့တဲ့ အခြမ်းကို ကိုယ်ယူ ဆိုပြီး သတ်မှတ်ကြပေမယ့် တကယ်တမ်းကြတော့
သူ့အပိုင်းက ကျယ်တယ် ငါ့ဘက် ကျဥ်းတယ် ငါ့ကျတော့ တကွက်ငုတ်ဘက် သူ့ကြတော့ လမ်းမပေါ်ဆိုတဲ့တွက်ကပ်မူ့တွေကြောင့်
တစ်ယောက်နဲ့တစ်ယောက်မကျေနပ်နိုင်ဘဲ တရားရုံးကိုရောက်ကြပါသတဲ့။
ခက်တာက ကျွန်တော်တို့မြန်မာလူမျုးိအများစုက ရုံးပြင်ကန္နားသွားရမှာ သိပ်ကြောက်တတ်ကြသလို ဥပဒေကိုလည်း
နားမလည်ကြ မသိကြတာများပါတယ်။
မသိဆို လေ့လဲမလာကြဘူးကိုဗျ အဲတော့ ဗဟုသုတ နည်းတာပေါ့နော်။
တစ်ခုခုဖြစ်ပြီးဆိုတာနဲ့ “ ဒို့ကတော့ ရုံးရောက် ဂါတ်ရောက် မဖြစ်ချင်ပေါင်”ဆိုတဲ့စကားကိုလက်ကိုင်ထားပြီး
သူများနဲ့ ပြီးစလွယ်လွှဲပြီးလုပ်ခိုင်းတတ်ကြပါတယ်။
အဲဒါကြောင့် အမှု့ပွဲစားတွေ၊တတ်ယောင်ကား လူလည်တွေ၊ အကျင့်သိက္ခာမဲ့တဲ့ ရှေ့နေလိမ်တွေလက်ကို ဝကွက်အပ်မိရက်ဖြစ်သွားပါတယ်။
အဲတော့ ကိုယ်က ဘာမှမသိ ဟိုကပြောသမျှယုံ
“ကောင်းသလိုသာ ကြည့်လုပ်ပါကွယ် ဒို့ကဘာမှသိတာမဟုတ်ဘူး”
လို့ဆိုငွေလိုတယ်ဆိုထုတ်ပေးလိုက်။
ပေးစရာမရှိတော့ လက်ထဲရှိတာလေးကို ရတဲ့ဈေးနဲ့ ထုတ်ရောင်း၊
အချိန်တွေသာ ကြာလာတယ် အမွေမူ့က တန်းလန်း အမှု့လဲပြီးရော နေစရာအိမ်လဲပျောက်၊
မပျောက်ရင်လဲ မတန်တဆဈေးနဲ့ သူများလက်ကို ထိုးရောင်းလိုက်ကြရတော့တာပါဘဲ။
ဒါမန်းလေးက မိသားစုတော်တော်များများ အမှန်တကယ်ကြုံခဲ့ရတာလေးပါ။
ကျွန်တော်တို့အဖွားရဲ့ ဝမ်းကွဲမောင်နှမတွေလဲ ဒီလိုအဖြစ်မျုးိနဲ့တိုးခဲ့တာပါဘဲ။
အမှန်ကတော့ မျှတစွာခွဲဝေပြီးယူကြမယ်ဆိုတဲ့စိတ်မျိုးမရှိတာရယ် အသိဉာဏ်နည်းပါးတာ
ကြောင့်လို့ပြောရင်လဲမ မှားပါဘူးလို့ထင်မိပါတယ်။

တစ်ခါတရံမှာတော့ လဲ ဒီအမွေနဲ့ပါတ်သက်လို့ကြားရတဲ့ ဇာတ်လမ်းတွေက ဆန်းကြယ်တယ်လို့
ပြောရင်ရပါတယ်။ဒါပေမယ့်အမှန်တကယ်လဲဖြစ်ခဲ့ကြတာပါ။
ကိုယ်ရသင့်ရထိုက်တာ မှန်ပါရဲ့နဲ့ မရခဲ့တဲ့ ကျွန်တော့်သူငယ်ချင်း တစ်ယောက်လို
“အမွေဆိုတာ ကိုယ်နဲ့ထိုက်မှ ရတာကွ မထို်က်တော့လဲ နေပေါ့ကွာ”လို့ ကွမ်းဝါးမပျက်
ခပ်ပြုံးပြုံးလေးနဲ့ ပြောတတ်သူများလဲ ရှိပေမယ့် ကိုယ်ဆုံးရုုံးနစ်နာသွားတာကို မခံစားနိုင်လို့
စိတ်ဒါဏ်ရ ရသွားသူတွေကလည်း ဒုနဲ့ဒေးပါ။
“အမွေဆိုတာ ထို်က်မှ ခံစားရတာ”ဆိုတဲ့စကားလေးကတော့ မှန်သလိုလိုပါဘဲ။
ပြောရမယ်ဆိုရင် အမွေဆိုတာ ကိုယ်နဲ့ ပါတ်သက်ဆက်စပ်သူ ဆွေမျုးိသားချင်းများဆီက ဆက်ခံရတာပါ။
တစ်ခါတစ်လေတော့လဲသွေးရင်းသားရင်းက မခံစားလိုက်ရဘဲ အနီးကပ်နေသူသွေးရင်းသားရင်းမဟုတ်သူတို့ တစိမ်းတို့ ကရလိုက်တာလဲရှိပါတယ်။
ကျွန်တော့်မိတ်ဆွေတစ်ယောက်ဆိုရင် သူတို့ညီအမတစ်တွေက အသက်ကြီးနေတဲ့ရောဂါသည်လင်မယားနှစ်ယောက်
ကို ကိုယ်ဖိရင်ဖိပြုစုပေးကြပါတယ်။
နှစ်ဝမ်းကွဲလောက်တော့ အမျိုးတော်ပါတယ်။
အဲဒီရောဂါသည်လင်မယားနှစ်ယောက်မှာ တစ်ဦးတည်းသောသားလေးတစ်ယောက်ရှိပါတယ်။
သူလူပျိုပေါက်လောက်ကတည်းက အိမ်ကအတွင်းပစ္စည်းတွေကို ယူပြီး ထွက်ပြေးသွားပါတယ။်
မိဘကလဲ စိတ်နာတော့ သူကို အိမ်ကိုပြန်လက်မခံတော့ပါဘူး။
တိုက်တိုက်ဆိုင်ဆိုင်လင်မယားနှစ်ယောက်လုံးရောဂါဝေဒနာစွဲကပ်လို့ အိပ်ယာထဲလဲနေချိန်မှာ ကျွန်တော့်မိတ်ဆွေမောင်နှမ
က အနီးကပ်နေလို့ ပြုစုပေးကြပါတယ်။
တစ်လအတွင်းမှာ ယောက်ျားက အရင် မိန်းမဖြစ်သူကနောက် ရှေ့ဆင့်နောက်ဆင့်နှစ်ယောက်လုံးဆုံးပါးသွားကြပါတယ်။
မိန်းမဖြစ်သူ ရက်လည်တဲ့နေမှာဘဲ မန်းလေးမြို့ရဲ့မြောက်ဘက် ကရွာတစ်ရွာမှာနေတဲ့သားဖြစ်သူက အမွေတောင်းဘို့အတွက်
စက်ဘီးနဲ့လာတဲ့အချိန်မှာ ကားနဲ့ချိတ်မိပြီးသေသွားပါတော့တယ်။
အဲတော့ လဲ ကျွန်တော့်သူငယ်ချင်းတို့ မိသားစုကဘဲ အမွေတွေအကုန်ရလိုက်ပါတယ်။
ခက်တာက ကျွန်တော်တို့မြန်မာ ဗုဒ္ဓဘာသာဝင်တွေက နိုင်ငံခြားက လူများလို သေတမ်းစာရေးလို့မရတာပါဘဲ။
အဲတော့ မတိကျမသေချာတဲ့ ထုံးတမ်းစဉ်လာတွေကြောင့် အမွေကိစ္စကနေ အမွှေကိစ္စတွေဖြစ်ကုန်ပါတော့တယ်။
ကျွန်တော်သူငယ်ချင်းရဲ့ မိသားစုမှာတော့ ပြဿနာကတစ်ပုံစံပါ။
သူက အလယ်လူ အထက်က အမ အောက်ကညီမ အားလုံးအိမ်ထောင်ကိုယ်စီနဲ့ပါ။
ကျွန်တော်သူငယ်ချင်းက တော့ နယ်မှာ တာဝန်ထမ်းဆောင်နေသူပါ။
သူ့အဖေကွယ်လွန်တဲ့အခါမှာ သူ့အမအကြီးမိသားစုက တာဝန်ယူလို့ အမွေခွဲပါတယ်။
အမအကြီးအမိအရာပေါ့။
အမကြီးက ကိုယ်လက်ရှိနေတဲ့နေရာကို ကိုယ်ဆက်နေပြီးပိုတာလိုတာအမြ်းကပြုကြမယ်လိုအကြမ်းအားဖြင့်သဘောတူကြပါတယ်။
ဒါနဲ့ဘဲ တကယ်အမွေခွဲတဲ့နေ့ကို ရောက်တဲ့အခါ သူတို့ဆွေမျိုးထဲ လူကြီးနှစ်ယောက်သုံးယောက်ရယ် ရှေ့နေတစ်ယောက်ရယ်ကိုခေါ်ထားပါတယ်။
ကျွန်တော်သူငယ်ချင်းက နယ်မှာနေသူဆိုတော့ ပြောင်းလဲသွားတဲ့ အခြေအနေတွေကို သူမသိတာလဲအမှန်ပါဘဲ။
သူကအေးအေးနေ ရိုးရိုးတွေးတတ်တဲ့သူကိုး။
အမကြီးက သူနေတဲ့အိမ်ကို ယူပါတယ် ။
မန်းလေးမြိုရဲ့လမ်းမတန်းကတိုက်ကြီးပေါ့။
ညီမဖြစ်သူက လက်ရှိဖွင့်နေတဲ့ဈေးချိုထဲက ဆိုင်နဲု့လုပ်ငန်းကိုယူပါတယ်။
သူက အဖေမကွယ်လွန်ခင်အထိ် အဖေနဲ့အတူနေလို့ ဆိုင်ဖွင့်ခဲ့တဲ့သူကိုး။
ကျွန်တော့်သူငယ်ချင်းကတော့ စိန်ပန်းထဲက အိမ်ကိုယူပေါ့။
အတွင်းပစ္စည်းကိုတော့ လေးပုံပုံ တစ်ပုံစီသူတို့ယူ တစ်ပုံက မိဘနှစ်ပါးအတွက်လှူမယ်ပေါ့။
သူတို့ယူကြတဲ့အတွင်းပစ္စည်းတွေကို အိမ်တွေဆိုင်တွေရဲ့တန်ဘိုးကိုတော့ ရှေ့နေကဈေးဖြတ်ပေးပါတယ်။
ပြီးတော့ သူ့ကို အမတွေညီမတွေက ငွေသားလဲပြန်အမ်းပေးကြပါတယ်။
သူယူတဲ့နေရာကချောင်ကျတယ်ဆိုတော့ ကျန်တဲ့နေရာကောင်းကိုယူတဲ့သူက တရားမျှတစွာပြန်အမ်းတယ်ပေါ့။
အဲတာကို ကျွန်တော့်သူငယ်ချင်းကတော့ အမတွေညီမတွေလုပ်တာကို လက်ခံပါတယ်။
အဲဒီမှာ သူတို့ခေါ်ထားတဲ့ဆွေမျုးိထဲက ဘကြီးတစ်ယောက်က
“မဟုတ်သေးဘူးနော် မမိရေ မျှမျှတတလုပ်ပါ”လို့လဲဝင်ပြောရော သူ့အမက ရှိုက်ကြီးတငင်ငိုချလိုက်တဲ့ပြီး
သူဘယ်လိုအနစ်နာခံခဲ့ရ မောင်ဖြစ်သူက ကျောင်းတက်တဲ့အချိန် အဝေးမှာ ကိုယ်လွတ်ရုံးပြီးနေချိန်မှာ ကျန်ခဲ့တဲ့ ညီမနှစ်ယောက်ဘယ်လိုရုံးကန်ရပုံတွေကို ဗျောက်တွေဖောက်လို့ ပုံတွေပြောပါတော့တယ်။
အဲဒီမှာ ကျွန်တော့်သူငယ်ချင်းကလဲ အားလုံးကိုတောင်းပန်ပြီး သူအနေနဲ့ကျေနပ်ပါကြောင်း စကားနဲ့ရန်စဲ
ပြောလို့ပွဲကိုအဆုံးသတ်လိုက်ပါတယ်။်
နောက်နေ့ ကျွန်တော်နဲ့တွေ့တော့
“ငပေါက်ရာ ငါသိတာပေါ့ဟ။
အမအကြီးက သူယူတဲ့အိမ်ကိုရှေ့နေနဲ့ပေါင်းပြိးဈေးလျှော့ဖြတ်တယ်။
အမေ မသေခင်ထိ်ဝတ်ခဲ့တဲ့ စိန်နားကပ်နဲ့ လက်ကောက်ကို ဖျောက်ထားတယ်။
အငယ်မက ဘဏ်စာရင်းထဲကငွေနဲ့ဆိုင်က ကုန်သည်တွေဆီက ရစရာရှိတဲ့ငွေကို
ထည့်မခွဲဘဲ စာရင်းဖျောက်ထားတယ်။
ငါသိတာပေါ့ ဒါပေမယ့် ငါကျေနပ်ပါတယ်။
ငါဆိုင်တယ်ဆိုပေမယ့် ငါရှာခဲ့တာမဟုတ်တော့ရသလောက်ပေါ့။”
လို့သူစိတ်ကိုသူဖြေရင်းပြောပါတယ်။
သူ့လိုမဖြေသိ်မ့်နိုင်ကြတဲ့ ညီအကိုငါးယောက်တစ်စုကတော့ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်တရားတွေစွဲရင်း
သွားလေသူ လူတွေကို တိုင်တည်ကြရင်း အမွေလုပွဲဆင်နွဲရင်း ရှေ့နေကိုလုပ်ကျွေးနေကြပါတယ်။
အဲတော့ ကျန်ခဲ့တဲ့မြေကွက်ကြီးကို တစ်ယောက်က ရောင်းမယ်ဆို တစ်ယောက်ကကန့်ကွက်
တစ်ယောက်က ရောင်းထွက်အောင် ဓါတ်ရိုက်ရင် နောက်တစ်ယောက်က မရောင်းရအောင်ဓါတ်ဆင်
ဘေးကလူတွေ မှာတော့လာပြောရင် နားထောင် အချိုးမပြေတာတွေ့ရင်ပြောရင်းရီလိုက်နဲ့သူတို့တွေ
တရားဆိုင်တာ အနှစ် ၂ဝနီးပါးတောင်ရှိပါပြီ။
ငွေလဲအတော်ကို ကုန်လောက်ပါကြပြီ။
ခက်တာက အဲလို အမွေပြဿနာ တက်သူအတော်များများက အလုပ်လုပ်ရင်း ဒီအမွေကို စောင့်နေကြတာမဟုတ်ပါဘူး။
ဒီအမွေရလာရင် ဆိုတဲ့ ငွေပမာဏကို စိတ်နဲ့မှန်းကြည့်နေရင်း” ပိုက်ဆံတွေရလာရင်တော့”ဆိုတဲ့အတွေးအောက်မှာ
စိတ်ကူးတွေယဉ်နေရင်းတာကလွဲ ဘာအလုပ်မှ ထိထိမိမိမလုပ်တော့ပါဘူး။
အဲတော့ တရားရုံးအတွက်ကုန်ကျစရိတ်မှန်သမျှကို ရှိတာလေးထုခွဲလို့ချရောင်း ၊ရောင်းစရာမရှိတော့ အတိုးနဲ့ချေး
ချေးရင်း ကပြန်မဆပ်နိုင်တော့ အတိုးနဲ့နစ်။
လက်ထဲမှာ တကယ် အမွေလဲရရော ကြွေးဆပ်တာနဲ့ အတော်များများကုန်သွားတော့
အမွေရတယ်လို့သာ နာမယ်ခံလုက်ရပါတယ် လက်ထဲမှာ ဘာမှ မကျန်တော့ပါဘူး။
ကို်ယ့်အဖေအမေထားခဲ့တဲ့မြေကွက်လေးကတော့သူများလက်ရောက်သွားပါတယ်။

တစ်ခါမှာတော့ အတုယူဘွယ်ရာကောင်းတဲ့ အမွေခွဲတမ်းချတာကို ကြားရဘူူးပါတယ်။
စုစုပေါင်းမောင်နှမခြောက်ယောက်ရှိတဲ့ မိသားစုလေးပါ။
ဈေးထဲမှာဆိုင်ရှိတယ်။
အိမ်ကတော့ မောင်နှမတစ်ယောက်စီမှာ မိဘက ဝယ်ပေးထားတဲ့အိမ်တစ်လုံးစီရှိတယ်။
တစ်အိမ်ခြင်းစီက တနေရာစီမှာရှိတော့ တန်ဘိုးခြင်းတော့ မတူဘူးပေါ့။
အဲဒီမှာ သူတို့အကိုကြီးရဲ့မိတ်ဆွေ “ကိုလင်း”ဆိုတဲ့ တစ်ယောက်က အားလုံးကို မျက်နှာစုံညီခေါ်တွေ့ပြီး စီစဉ်ပေးပါတယ်။
အဲဒီလူက မှန်ကန်ဖြောင့်မတ်တယ်လို့နာမယ်ကောင်းရှိသူဖြစ်သလို ရုံးပြင်ကန္နားကိစ္စဆောင်ရွက်ရာမှာလဲ ကျွမ်းကျင်လိမ္မာပါတယ်။
စစခြင်းသူ က သူ့မိဘ ထားခဲ့တဲ့မြေကွက်တွေရဲ့ကာလပေါက်ဈေးတွေကို သူစုံစမ်းလို့ရတဲ့အတိုင်းချပြပါတယ်။
(နောက်ဒီအိမ်တွေကို အားလုံးတပြိုင်ထည်းရောင်းမယ်ဆိုရင် ဝယ်နုူိ်င်သူလဲ ချက်ခြင်းတွေ့ဘို့မလွယ်လောက်ဘူး၊
တွေ့ပြန်ရင်လဲ ပေါက်ဈေးကို မရနိုင်ဘူး၊နောက်အဲဒီမှာနေရထိုင်ရတဲ့အနေအထားတွေပျက်ကုန်မယ်၊
တစ်ယောက်တစ်ယောက်အတိအကျကြီးပြန်အမ်းကြဘို့ဆိုတာ လခစား ဝန်ထမ်းမပြောနဲ့ကုန်သည်တောင်မှ
အဆင်မပြေနိုင်ဘူး၊အဲတော့ ညှိနိုင်းမူ့နဲ့ဘဲလုပ်မှ အဆင်ပြေမယ်)လို့
ပြောတော့ အားလုံးက ကိုလင်း အဆင်ပြေသလိုစီမံခန့်ခွဲပေးမယ်ဆိုတာကို သဘောတူကြပါသတဲ့။
ဒါနဲ့ဘဲကိုလင်းက လက်ရှိနေတဲ့အိမ်ကို ဘဲ ကိုယ်ဆက်နေကြမယ်။
ဈေးထဲကဆို်င်နဲ့အလုပ်လုပ်နေသူကလဲ အဲဒီဆိုင်မှာ အနေအထားမပျက်ဆက်လုပ်ပေါ့။
အိမ်တန်ဘိုးတွေကို တစိမ်းဈေး နဲ့မဖြတ်ဘဲ မောင်နှမဈေး တစ်ဝက်ကြေးနဲ့ဖြတ်မယ်။
အိမ်နေရာကောင်းရထားသူက အတွင်းပစ္စည်းကိုလျော့ယူမယ်။
တန်ဘိုးသတ်မှတ်ပြီးရင်လိုတာ ပိုတာကို အရစ်ကျ စံနစ်နဲ့ပြန်အမ်းကြမယ်။
ပိုတာကို ပြန်အမ်းတာကိုရမယ့်သူကလဲ မောင်နှမခြင်းဖြစ်နေတာကြောင့် အချိန်ကာလတစ်ခုထိဆိုင်းထားပေးရမယ်။
ဆိုင်ယူထားသူကလဲ ဈေးထဲက ဆိုင်ခန်းကိုဈေးသင့်ပြီး ကျန်တဲ့မောင်နှမတွေကိုပြန်အမ်းပေါ့။
အဲဒီလိုပြောတာကိုအားလုံးကလဲလက်ခံတော့အမွေခွဲတဲ့ဇာတ်လမ်းက အောင်မြင်စွာပြီးဆုံးသွားပါတယ်။
အဲဒီမှာ ဆိုင်ရောအိမ်ရော ရသူကတော့ အမ်းရတာများပါတယ်။
ဒါနဲ့ကိုလင်းကဘဲဆိုင်ကို အမ်းယူရမယ့် သူရဲ့အိမ်ကို နှစ်နှစ်စာ အိမ်ငှားရှာပေးလိုက်ပါတယ်။
ဒါကတော့ ရှားပါးစွာ ပြေလည်သွားတဲ့အမွေခွဲခန်းလေးပါ။
အများအားဖြင့်တော့ မပြေလည်တဲ့အမွှေဇာတ်လမ်းတွေဘဲများပါတယ်။
ကိုယ်ရသင့်တယ်ဆိုတာကို တပြားမှအလျှော့မပေးချင်ဘူးဆိုတဲ့စိတ်၊
ကိုယ်ရတာထက် ပိုလိုချင်တဲ့ အချောင်စိတ်၊
ငွေကြေးထက် သူများကြောသွားတာမခံချင်ဘူးဆိုတဲ့ မာနစိတ်၊
တွေကြောင့် မကြာသင့်ဘဲကြာ မဆုံးရှုံးသင့်ဘဲဆုံးရှုံးကြရတဲ့ဇာတ်လမ်းတွေက အများကြီးပါဘဲ။

အခုလိုဖြစ်ရတာကတော့ တိကျတဲ့အမွေခွဲဝေတဲ့ပုံစံမရှိတာကြောင့်လို့ယူဆပါတယ်။
အများအားဖြင့်ကတော့ ဥစ္စာငွေကြေး မြေယာတွေလယ်တွေကိုအမွေမပေးနိုင်တဲ့မိဘများကတော့သားသမီးကို
ပညာအမွေဘဲပေးနိုင်တယ်ဆိုပြီး စာတတ်အောင်လူတစ်လုံးသူတစ်လုံးဖြစ်အောင်အသိပညာအတတ်ပညာတွေပေးခဲ့ကြပါတယ်။
တစ်ခါတော့ ဥပဒေနဲ့ပါတ်သက်လို့မိတ်ဆွေတစ်ယောက်ကို လျှာကြောရှည်လို့ မေးကြည့်ဘူးပါတယ။်
“တကယ်လို့များမြန်မာ ဗုဒ္ဓဘာသာဝင်တစ်ယောက်က သေတမ်းစာရေးလို့ရသလား?
သတင်းစာထဲမှာအမွေပြတ်စွန့်လွှတ်တယ်ဆိုပြီးကြေငြာတယ်ဆိုရင် တကယ်တရားဝင်ပါသလား”
လို့မေးကြည့်တော့”
မသေခင်က သေချာခွဲမဝေမပေးဘဲ သေခါနီးမှာမှ သေတမ်းစာရေးချင်ရင်တော့ ဘာသာပြောင်းရုံဘဲရှိတယ်”
လို့ခပ်ငေါ့ငေါ့လေးပြောသွားတာတင်မကဘူး ၊
တောင်းဆိုးပလုံးဆိုးကိုသာ ပစ်လို့ရတယ် သားဆိုးသမီးဆိုတာ သတင်းစာထဲထည့်ကြေငြာရုံလောက်နဲ့ ပစ်လို့မရဘူးဆိုတာကို
လဲပြောပြသွားပါသေးတယ်။
အဲဒီအခါကြမှာ မြန်မာရုပ်ရှင်ဇာတ်လမ်းတွေမှာ ဗွီဒီယိုဇာတ်လမ်းတွေမှာ မသေခင်ကတော့ သေသေချာချာအမွေမခွဲဘဲ
သေသွားပြီဆိုမှရှေ့နေကသေတမ်းစာတွေဖတ်ပြပြီး အမွေခွဲတယ်ဆိုတာကလဲ အလကား၊
ကိုယ်မွေးထားတဲ့ကလေးကို ဟိုဟာကြောင့်ဒီဟာကြောင့်ဆိုပြီး “စုံစမ်းမေးမြန်းခြင်းသီးခံပါ”ဆိုပြီး
လူတကာသိအောင်သတင်းစာထဲမှာငွေအကုန်ခံထည့်ပြီးအမွေဖြတ်ပြကြတဲ့ကြော်ငြာတာတွေကလဲ အလကားဆိုတာကို
သိလိုက်ရပါတယ်။
မိဘတွေကတော့ သူတို့အပင်ပန်းခံလို့ရှာဖွေထားသမျှတွေကို သားသမီးများကို အမွေ ဆိုပြီး ဝေပေးခဲ့ပါတယ်။
အဝေမတတ်တဲ့ သားသမီးများလက်ထက်မှာတော့ အမွေကနေ အမွှေဇယားတွေဖြစ်ကုန်ပါတော့တယ်။
ဒီတော့ ……………………………………..
ရတာတဲ့အမွေကို မျှတစွာ ေ ဝယူကြမလား?
အမွေကို အမွှေဇယားဖြစ်အောင် ဖန်တီးပြီး ယူကြမလား ?
ဆိုတာကတော့…………………………..

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

8 comments

  • ဆူး

    May 14, 2011 at 6:28 am

    မြန်မာ့ ရိုးရာ ထုံးစံ အတိုင်းဆိုရင် မိဘ ပိုင်တာ သာအကြီးဆုံးက ပိုင်ပါတယ်။ သားအကြီးဆုံးကမှ သူပိုင်တာကို ခွဲဝေ ပေးရတယ်လို့ ကြားဖူးပါတယ်။
    မသေခင် လက်ရောက်ပေးတာ မဟုတ်ပဲ သေရင် ဘာပေးပါဆိုပြီး သေတမ်းစာ ဆိုတာ တရားမဝင်သလို သားသမီး အရင်းအချာများ ရပိုင်ခွင့် အနေနဲ့ တရားစွဲဆိုပြီး တောင်းယူနိုင်ပါတယ်။

  • hmee

    May 14, 2011 at 7:52 am

    မှီတို့ အရပ်မှာတော့ အငယ်ဆုံးသားသမီးကို မိဘရဲ့ အိမ်ကိုပေးရတာ ထုံးစံလို ဖြစ်နေတာ။ ကျန်တာတွေပဲ ခွဲယူတာများတယ်။ အမွေဆိုတာ ထိုက်မှရတယ်ဆိုတာလည်း လက်ခံတယ်။ အရင်ကတည်းက သာဓကတွေက ခဏခဏတွေ့ဖူးနေတာ။ရွာဆိုတော့ ဘယ်အိမ်မှာ အမွေအမှုဖြစ်ပြီဆိုတာ အကြောင်းမကြားပေမဲ့ အကုန်သိတာလေ။ ရွာမှာပဲ မိဘတွေက သေသွားလို့ ဦးလေးလုပ်သူက ထိန်းထားပေးတယ် ဒါကို သူတို့ မိန်းမတွေက သွေးထိုးလို့ထင်တာပဲ ဦးလေးအိမ်ရှေ့သွားပြီး ဓါးကြိမ်းကြိမ်းလို့ ခွဲပေးလိုက်တယ်။ သိပ်မကြာဘူး မထိန်းတတ်တော့ ခွဲပေးလိုက်တဲ့ လယ်ယာ ၊နွား ပိုင်ဆိုင်သမျှအကုန် ဦးလေးဖြစ်သူ လက်ထဲပြန်ရောက်သွားတယ်။ နောက်ဆုံးတော့ ဦးလေးလုပ်သူကပဲ ပြန်ပြီးကြည့်ရတာပဲ။ အဲဒီလိုတွေ မကြာခဏ တွေ့နေရလို့ အမွေဆိုတာ တကယ်ကို မွှေတာပါလား။ ကိုယ်က ရတယ်ဆိုပြီး ဝမ်းသာနေလည်း မထိုက်တန်ရင် သူ့အလိုလို ပြန်ပေးရပါလားလို့ တွေးမိတယ်။ ကို့ကိုယ်ပိုင်စွမ်းအားနဲ့ရတာမှ မဟုတ်ရင် မတရားအလကား မလိုချင်ရဘူးလို့ အသိတရားရခဲ့တယ်။

  • kai

    May 14, 2011 at 8:45 am

    ယူအက်စ်က..ဘယ်လိုလုပ်နေသလဲတော့မသိဘူး..
    ကြည့်ရတာ..သေတမ်းစာမရေးသွားရင်.. မိဘသေရင်..အမွေအကုန်အစိုးရပိုင်တာပဲ..။
    သေတမ်းစာရေးသွားလည်း… အစိုးရက..အထူးအမြတ်ခွန်ချမယ်နဲ့တူတယ်..။ (ပိုသိသူတွေ..ရေးပေးကြပါဦး..။)
    ဆိုတော့.. တော်တော်များများက… အမွေကိုမမက်ကြဘူးတွေ့ရပါတယ်..။

    တခါက..သိဖူးတာ..
    အဖေကဆေးရုံမှာ..ပက်လက်..။
    အဲဒါ..သူပိုင်တဲ့.. မြေတွေအိမ်တွေ..ရောင်းဖို့ပွဲစားက..ဈေးလိုက်ဆိုင်တာ.. ဈေးကြိုက်တော့..အရောင်းအဝယ်အတွက်.. စာချုပ်ချုပ်ဖို့.. ဆေးရုံလိုက်သွားကြတယ်..။
    အဲဒါဆေးရုံကုတင်ဘေးမှာ…သားသမီးတွေနဲ့.. ဆိုင်ရာသူတွေလာစောင့်နေတယ်တဲ့..။

    အဖေက..သူရတဲ့ငွေအားလုံးကို.. အန်င်ပီအို(အသင်းအဖွဲ့)ကို… တိုက်ရိုက်လွှဲပေးလိုက်တာ..။
    ဘေးက.. သားသမီးတွေကို မေးတယ်..။
    အကုန်..အိုကေပဲ..ပြောကြတယ်…။

    အေးရောပေါ့..။ ကျန်ရစ်ခဲ့မယ့်မောင်နှမတွေ.. ရန်ဖြစ်စရာ..မပြေလည်စရာကို မရှိတော့ဘူး…။

    မြန်မာပြည်လည်း.. အဲဒါမျိုး နိုင်ငံတကာဆိုင်ရာက လုပ်ပုံတွေလေ့လာပြီး.. အမွေကိစ္စကို အစိုးရက..ဥပဒေနဲ့ဝင်ရောက် စွတ်ဖက်လုပ်သင့်တယ်..။

  • ဆူး

    May 14, 2011 at 12:50 pm

    မမှီ ပြောသလိုပါပဲ.. အမွေ ဆိုတာ ထိုက်မှ စံစားရတာပါ။
    မိဘ လက်ထက်မှာ ဝင်လာမဆဲ တသဲသဲ အလုပ်ဖြစ်တဲ့ လုပ်ငန်း အမွေ ဆက်ခံပြီးတော့ ပြုတ်ပြုတ်ပြုန်းသွားတဲ့ သူတွေ လည်း ရှိသလို မိဘ အမွေ ဆိုတာ ဆိုင်းဘုတ်ပဲ ရှိတော့ပေမဲ့ သားသမီး လက်ထက်မှာ ကြီးပွားမှုတွေ ဆက်တိုက်ဖြစ်လာလည်း အများကြီးပဲ။ အဲလို ကြီးပွားလာလို့.. ငါတော်တယ် ငါတတ်တယ်ဆိုပြီး ကြုံးဝါးတဲ့ လူတွေလည်း မြင်ဖူးတယ်။ သရက်ပင် စိုက်တဲ့ လူက အသီး စားချင်မှ စားရမယ် အပင်ရှိလို့ အသီးစားချင်လည်း စားရမယ်။ လောကသဘော ကို ထင်ထင်ရှားရှား မြင်နိုင်ကြပါစေ။

  • padonmar

    May 14, 2011 at 1:51 pm

    ကျွန်မအဖွားလေးက သူမသေခင်သူ့ပစ္စည်းတွေကို အမွေခွဲပါတယ်၊ကျွန်မ ဦးလေးတွေ အဒေါ်တွေက ရွှေဆွဲကြိုးတွေ လက်ကောက်တွေ နားကပ်တွေရပါတယ်။ကျွန်မကိုတော့ မဟာဂန္ဒာရုံဆရာတော်ကြီးရဲ့ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်လေးပေးခဲ့ပါတယ်။
    ကျွန်မ ဦးလေးတွေအဒေါ်တွေရဲ့ရွှေတွေ နှစ်နှစ်လောက်ပဲ ခံပြီးကုန်သွားပါပြီ။
    ကျွန်မအမွေရတဲ့ စာအုပ်လေးကတော့ ရိုရိုသေသေဖတ်ပြီး ရှိဆဲ။လက်တွေ့လိုက်နာသင်ယူဆဲ၊နီးစပ်ရာကို လက်ဆင့်ကမ်းပေးပြီး ဖတ်ဖို့ တိုက်တွန်းဆဲပါ၊

  • naywoonni

    May 14, 2011 at 3:17 pm

    မြန်မာပြည်ဥပဒေက သေတမ်းစာတရားမဝင်ပါဘူးကိုခိုင် …. ဗုဒ္ဓဘာသာ ဝင်တွေကို ပြောတာနော် ကျန်တဲ့ ဘာသာကရေးပိုင်ခွင့်ရှိတယ်..။ သားသမီး ရမဲ့ အမွေအားလုံးကို တစ်ယောက်ထဲကိုပေးပိုင်ခွင့်မရှိသလို တစ်နေရာရာကိုလည်း ပေးပစ်လို့မရပါဘူးတဲ့..။ ဟိုတစ်လောကမှ ဥပဒေစာအုပ်တစ်အုပ်မှာ အတိအလင်း ရေးထားတာတွေ့လိုက်ရသေးတယ်..။ နောက်အမွေဖြတ်တယ်ဆိုပြီး သတင်းစာ မှာကြော်ငြာနေတာလည်း တရားဥပဒေအရ အကျုံး မဝင်ပါဘူးတဲ့…။ ဗုဒ္ဓဘာသာ ဝင်တွေကိုပြောတာနော်…။ အဲဒါဘုရားဟောထဲမှာ အဲဒိလိုပါနေလို့ ဥပဒေက အဲဒိလိုပြဌာန်းထားတာလား…. ကိုခိုင် ကစာစုံဖတ်တော့ ပိုသိမှာပဲ ရှင်းပြပေးရင်ကောင်းမယ်…။

  • MaMa

    May 15, 2011 at 1:55 am

    အဒေါ်တစ်ယောက်က လက္ခဏာ ဗေဒင် နဲနဲပါးပါးကြည့်တတ်တယ်။ ကျမတို့ မောင်နှမတွေ ငယ်ငယ်က ကြည့့်ပေးပြီး နင်တို့မောင်နှမတွေတော်တယ်။ အမွေမလုဘူး ပြောလို့ အဖေရော၊ အမေရော စိတ်ချမ်းသာသွားတယ်။ အဒေါ်ပြောသလိုပါပဲ ကြီးလာလို့ အိမ်ထောင်ကွဲတွေ ပါပေမယ့် အမွေပြသနာ မဖြစ်ခဲ့ဘူး။ အဲလို မဖြစ်တော့ မိဘလည်း စိတ်ချမ်းသာ ကိုယ်လည်း ဆွေတွေမျိုးတွေထဲမှာ ဂုဏ်မငယ်ရဘူးပေ့ါ။ စိတ်တွေမွှန်နေတုန်းတော့ အမှားအမှန်ကို မဝေခွဲနိုင်ပဲ သူ့ထက်ငါ အနိုင်ရအောင် ကြိုးစားကြတာပေ့ါ။ နောက်ဆုံးတော့ လက်ပန်းကျပြီး သူလည်းမနိုင် ငါလည်းမရ ကြုံကြရတာပါပဲ။

  • တညင်သား

    May 15, 2011 at 4:36 pm

    မောင်နှမ တွေ အမွေခွဲကြတယ်.. အကုန်လုံးက စီပွါးရေးပြေလည်ကြတယ် .သူကသာတယ် ငါကနာတယ်နဲ့ အမွေခွဲလိုက်တာ….တရားရုံးမှာ (၃)နှစ်လောက်ကြာတယ်..သွားလိုက်ရတဲ့ ရုံးချျိန်း .. ..ရေချိုးကန်လုပ်ထားတဲ့ အုတ်ခဲ ကိုတောင် တစ်ယောက် တစ်ခဲစီ ခွဲဝေယူကြတယ်…အကျိုးအမြတ်ကတော့ ခုချိန်ထိ မြေး/မြစ် တွေ အချင်းချင်းတောင်စကားမပြောတော့ဘူး…….တွေ့ဘူးတာလေးပါ…..

Leave a Reply