သုဇန..(၃)..အဆုံး
(၂၀)အဆိပ်ကိုပေဤလောကေ၊ဝိသေဆိပ်မဆို
သံဃာပစ္စည်းသို့ပင်နည်း၊ဆိပ်ကြီးမည်ဟူလို
အဆိပ်စစ်မှာတစ်ကြိမ်သာ၊သတ်ရာအစဉ်တို
သံဃိကမှန်သတ်တတ်ပြန်၊ဖန်ဖန်အကြိမ်ပို။
(၂၁)ကျေးဇူးမြင်းမြတ်မှန်သိအပ်၊ဖြတ်လတ်လျှင်မြန်ခြင်း
နွားလားဂုဏ်ကျေးသိရန်ရေး၊ဝန်လေးရွက်ဆောင်နှင်း
နို့ထွက်နွားမနို့ညှစ်ရ၊ဂုဏသိကြမင်း
လျှို့ဝှက်ရာတွင်အပြောကျင့်၊ဉာဏ်ရှင်ကျေးဇူးချဉ်း။
(၂၂)သူတော်မြတ်များဥစ္စာကား၊နည်းပါးဖြစ်သော်ပင်
တွင်းရေပမာမှီခိုရာ၊ရလာများလူရှင်
မသူတော်စိုးဥစ္စာမျိုး၊ပွားတိုများသော်ပင်
သမုဒ်မြစ်ရေပမာပေ၊ထက်ကြေသုံးမဝင်။
(၂၃)ရေကိုမြစ်ကမသောက်ပ၊ရုက္ခသီးမစား
အချို့ဒေသေရပ်ဌာနေ၊မိုးစွေမရွာပါး
သူ့အကျိုးငှာဖြစ်ရန်သာ၊ဥစ္စာသူတော်များ။
(၂၄)မတောင်းတအပ်အရာမှတ်၊ဆတ်ဆတ်မတောင်းနှင့်
မကြံအပ်ပြန်မကြံရန်၊ရွှေဉာဏ်စိတ်နှိုင်းချင့်
တရားနှင့်သာစပ်ယှဉ်ရာ၊မကွာစိတ်ကြံသင့်
အချီးနှီးလှထိုကာလ၊ဟုတ်ပမလိုလင့်။
(၂၅)မကြံစည်ဘဲဖြစ်တတ်မြဲ၊ကြံလဲပျက်တတ်ခဲ့
မိန်းမယောက်ျားလူအများ၊စီးပွားကြံပေမယ့်
ကြံတိုင်းမပြီးအချည်းနှီး၊ပျက်စီးတတ်သတဲ့။
(၂၆)မသူတော်ကိုအချစ်ပို၊ပစ်လိုသူတော်မှန်
မသူတော်များယူတရား၊ဖောက်ပြားနှစ်သက်ပြန်
ဤလူမသင့်မူအကျင့်၊ဆင့်ဆင့်ပျက်စီးရန်။
သူတော်ကောင်းတို့ကိုဆိုရာအခန်းပြီး၏၊