ယုံသော်ရှိ မယုံသော်ရှိ
တချိန်က စီမံကိန်း တခု အတွက် မြေကွက်တွေကို မဲနိုက်ပေးတာမျိုး ရှိခဲ့ဘူးပါတယ်။ မြေကွက် ၁ဝကွက် ကို မဲနှိုက်တဲ့ လူတွေကတော့ အများကြီးပါပဲ။ ထို အထဲမှာတော့ ဒေါ်ခင်တင့် တို့ မိသားစုက ပိုက်ဆံ ချမ်းသာပြီး အိုးလုပ်ငန်းတွေ လည်း လုပ်ကြပါတယ်။ ထိုမြေကွက်တွေကို အတွဲလိုက် လိုချင်ပါတယ်။ သူတို့ မြေကွက်နိုက်တဲ့ အခါ အကွက် နံပါတ် ၃ ၅ ၆ ဆိုပြီး ပေါက်ခဲ့တယ်။ ၄ တကွက်ကတော့ ဒေါ်တင်တင် ယောကျား ဦးမောင်အေး က ပေါက်သွားခဲ့တယ်။ ဖြစ်ချင်တော့ ထိုအချိန်မှာ ဦးမောင်အေးက မဲသွားနိုက်ဖို့ မေ့သွားပြီး အိပ်ပျော်နေပါတယ်။ မဲနိုက်ကြတာ ပိုင်ရှင် မပေါ်တဲ့ အဆုံး မဲနှိုက်ဖို့ ကျန်တဲ့ ဦးမောင်အေးက ထို မြေကွက် နံပါတ် ၄ရဲ့ ပိုင်ရှင် ဖြစ်သွားပါတယ်။ အိုးလုပ်ငန်းတွေနဲ့ ကြွယ်ဝ ချမ်းသာတဲ့ ဒေါ်ခင်တင့်က ထိုမြေကွက်ကို ဝယ်မယ် ဆိုပြီး တောင်းဝယ်ပါတယ်။ ဦးမောင်အေးက သူကံနဲ့ ရပြီး သူနဲ့ ထိုက်လို့ သူမသွားတာတောင် ရတဲ့ မြေဖြစ်တဲ့ အတွက် ဘယ်လောက်ပေးပေး မရောင်းဘူး ဆိုပြီး ငြင်းလွတ်လိုက်ပါတယ်။ ဒီလိုနဲ့ စိတ်ခုသွားတဲ့ ဒေါ်ခင်တင့်ကတော့ အကြံကြီး ထုတ်ပါတယ်။ မြေကွက် ၃ကွက် လုံးမှာ ဒေါ်ခင်တင့်နှင့် သား နဲ့ သမီးတို့ တကွက်စီ နေကြပါတယ်။ မိသားစုတွေ ကြားထဲမှာ ရှုပ်တယ်လို့ ခံစားရလို့လားတော့ မသိပါဘူး။ သိသိသာသာ မဟုတ်ပေမဲ့ ပေါ်ပေါ်ထင်ထင် မလိုလားတဲ့ ပုံစံတော့ မပြခဲ့ပါဘူး။ နယ်ဆိုတော့ ပုံမှန် အတိုင်း ခင်ခင်မင်မင် တအိမ်က ဟာ တအိမ် အားမနာတမ်း စားသောက်တတ်တဲ့ ဓလေ့လည်း ရှိပါတယ်။ ဒီလိုနဲ့ ဦးမောင်အေးက မြေကွက် ကို အိမ်ဆောက်ဖို့ လုပ်ပါတော့တယ်။ ပိုက်ဆံ ကြွယ်ဝ ချမ်းသာတဲ့ ဒေါ်ခင်တင့် တို့ မိသားစုတွေကတော့ တိုက်ခံ အိမ်ကြီး ဆောက်ကြပါတယ်။ ဦးမောင်အေးကတော့ သာမာန် လက်လုပ်လက်စား ဖြစ်တဲ့ အတွက် ပျဉ်ထောင်အိမ် ဆောက်ပါတယ်။ နယ်ဓလေ့အရ ကတော့ အိမ်တွေထဲမှာ အိမ်သာ မရှိကြပါဘူး။ အိမ်သာကို အိမ်ရဲ့ အပြင်ဘက် အနောက်ဘက် အခြမ်းမှာ သီးသန့် ကျွင်းတူးပြီး ထားတဲ့ ပုံစံမျိုး ဆောက်ပါတယ်။ အိမ်သာကို လျှောက်စရာ လမ်းကလေး ချန်လို့ အိမ်ဆောက်တဲ့ အခါ မြေကွက် ရဲ့ အလယ်တည့်တည့်မှာ အိမ်မဆောက်ပဲ မြေကွက်ရဲ့ အရှေ့ကို တိုးပြီး ဆောက်ပါတယ်။ မြေကွက် အလယ်တည့်တည့် နေရာကတော့ အိမ်နောက်ဖေး မီးဖိုဆောင် နေရာဖြစ်သွားပြီး နောက်ဖေး ပိုတဲ့ မြေနေရာမှာတော့ အသီးအနှံလေး စိုက်မယ် ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါမယ် ထင်ပါတယ်။ ဒီလိုနဲ့ အိမ်ဆောက်နေပြီး လပိုင်း အကြာမှာ ပြသနာ တခု စပြီး ဖြစ်ပါတယ်။ ဦးမောင်အေး မိန်းမ ဒေါ်တင်တင် က နောက်ဖေး မှာ အလုပ်လုပ်ရင်းနဲက အကြောင်းမဲ့ သက်သက် ငိုလိုက် ရီလိုက်နဲ့ အော်ကျယ် ဟစ်ကျယ် ဖြစ်နေပါတယ်။ ပထမ ပိုင်းတော့ ဦးမောင်အေးက စိတ်တိုပြီး ဘာဖြစ်တာလဲ ဘာကောင်လဲကွ ဆိုပြီး ဓါးကြီး တပြပြနဲ့ ကျိမ်းပါတယ်။ ဘယ်လို ခြိမ်းခြောက်ပါစေ ဒေါ်တင်တင် ကတော့ ငိုမယ်ဆိုရင် ငိုတော့တာပါပဲ ဘယ်လို လုပ်ပြပြ မကြောက်ပါဘူး ရီမယ် ဆိုရင်လည်း အော် အော်ပြီး ရီတာ အရီမရပ်ပါဘူး။ ဒီလိုနဲ့ လင်မယား ပြသနာတွေ တက် စကားတွေတွေ များကြတော့ ကလေးငယ်တွေ ကလည်း ထိတ်လန့်ပြီး အိမ်အောက်မှာ ဝင်ပုန်းကြပါတယ်။ ဘေးအိမ်များကလည်း ဘာများ ဖြစ်လဲ ဆိုပြီး ဝိုင်းအုံကြည့်ပြီး ဘယ်သူမှ အနားမသွားရဲပါဘူး။ အော်ကျယ် ဟစ်ကျယ်နဲ့ ထိတ်လန့် တကြားဖြစ်နေကြတဲ့ အခါ ဒေါ်တင်တင် ကို ရူးနေပြီလို့ ထင်ကြတဲ့ လူတွေ ရှိပေမဲ့ ကောင်းတဲ့ အခါ ကောင်းသွားတော့ ဘာများဖြစ်သလဲ ဆိုပြီး တီးတိုးပြောကြရင်းနဲ့ လူ တယောက်က သူ အသိ မိသားစုအိမ်က ကင်ပေတိုင်စခန်း ဖြစ်ဘူးလို့ စိတ်ညစ်နေရတာတွေ ပျောက်အောင် ရှင်းပေးတဲ့ ဆရာ တယောက် ရှိတယ် ဆိုပြီး စကားစပ်မိတာနဲ့ ထိုလူမှ တဆင့် ဆရာ ဆိုသူအား အိမ်ကို ပင့်ပြီး ဖြေရှင်းရန် နည်းလမ်းရှာခဲ့ပါတယ်။
အိမ်ကို ဆရာ ရောက်လာခဲ့ပါတယ်။ အိမ်ကို အဝင်မှာ မသန့်ဘူး ပြသနာ ရှိတယ် တူးရင်း ကိုင်ပြီး လိုက်ခဲ့ကြဆိုပြီး ပြောတာနဲ့ ဆရာ နဲ့ အတူ လိုက်ပါပြီး ဆရာ လက်ညိုးညွန်ပြတဲ့ နေရာကို တူးလိုက်ပါတယ်။ ထိုနေရာကတော့ မြေကွက်ရဲ့ အလယ် တည့်တည့် အိမ်ရဲ့ နောက်ဖေး နေရာ ဖြစ်နေပါတယ်။ အိမ်အောက်ကို ဝင်ပြီး တူးလိုက်တာ ၃ပေလောက် တူးပြီးတဲ့ အခါမှာတော့ သပိတ်အကွဲ အပိုင်းအစကလေး တခု ထွက်လာပါတယ်။ ဘာဘာညာညာ စာတွေတော့ ပါပုံရပါတယ် စာတွေကတော့ လူတိုင်း မဖတ်နိုင်မဲ့ စာမျိုး ဖြစ်ပါတယ်။ ထိုဆရာက ဒါ ဒီအိမ်က လူတွေ တယောက်ပြီး တယောက် သေအောင် လုပ်ထားတဲ့ အရာလေးပါ။ ဒီပစ္စည်းလေး ရှိတဲ့ နေရာက အိမ်ရဲ့ အလယ် ဧည့်ခန်းနေရာမှာ ဆိုရင်တော့ ဒီလောက် အချိန်မရဘူး အခု အိမ်နောက်ဖေး ဖြစ်နေတော့ စွမ်းသင့်သလောက် မစွမ်းတော့ သူနဲ့ တွေ့ပြီး ရှာတွေ့တာ လို့ ပြောပါတယ်။ ထို ပစ္စည်းလေးကို ဆရာက ယူသွားပါတယ်။ ဆရာကို ပင့်လာတာ ဆိုတော့ ဆရာရဲ့ နေရပ် အထိ လိုက်ပို့ ကြတဲ့ လူတွေ ရှိပါတယ် ထိုလူတွေရဲ့ ပြောကြားချက် အရဆိုရင်တော့ မြစ်ထဲကို သဘောင်္နဲ့ ဖြတ်တဲ့ အချိန် ထို ပစ္စည်းကလေးကို ရေထဲ ပစ်ချ ခဲ့ပါတယ်။ ရေထဲ ချခဲ့ပေမဲ့ ရေထဲ မြုပ်မသွားပဲ သဘောင်္နောက်ကို လည်ပြီး လိုက်နေတဲ့ အတွက် ဆရာက ဖနောင့် ၃ချ စောင့်ပြီး ကျစေလို့ ရွတ်မှ ကျသွားတယ်လို့ ပြောသံကြားဖူးပါတယ်။ ဒီလိုနဲ့ ဦးမောင်အေး ဒေါ်တင်တင်တို့ မိသားစု သာမန် လူနေမှု ဘဝ နဲ့ သားသမီး မြေးမြစ်တွေနဲ့ အေးချမ်းစွာ ရှင်သန်သွားပါတယ်။
နောက်ထပ် သိခဲ့ရတာကတော့ အိုးလုပ်ငန်းတွေနဲ့ ကြွယ်ဝ ချမ်းသာတဲ့ ဒေါ်ခင်တင့်ကတော့ လောဘ တကြီးနဲ့ ရှာဖွေရင်းနဲ့ ရုတ်တရက် ဒေါ်ခင်တင့် နှင့် ခင်ပွန်း ဆုံးပါးသွားပါတယ်။ သား နဲ့ သမီးက မိဘများပိုင်တဲ့ အိမ်ကြီး ကို သူပိုင် ငါပိုင် လုခဲ့ကြပြီး အိမ်ကြီးကို ရောင်းလိုက်ကြပါတယ်။ အမွေလုတဲ့ သား နဲ့ သမီး ကလည်း မိခင် ဖခင်များ လက်ထက်ကလို စီးပွားရေး မကောင်းတဲ့ အတွက် ရှိတာတွေ ရောင်းချ သုံးရင်းနဲ့ ကုန်သွားလိုက်တာ သူတို့ နေတဲ့ မြေတွေ အိမ်တွေကို ရောင်းပြီး ထိုရပ်ကွက်ထဲက ထွက်သွားကြပါတယ်။ သူတို့ ရဲ့ အိမ်တွေ မြေတွေကတော့ နောက်လူများ ပိုင်ဆိုင်နေကြပြီ ဖြစ်ပါတယ်။ အိမ်ကြီးကိုသာ ရောင်းလိုက်ပါတယ် အိမ်ကြီးထဲက ဒေါ်ခင်တင့်က အိမ်ပိုင်ရှင် အသစ်စက်စက်တွေကို လက်မခံပါဘူး ကန်ချပါတယ်။ ယခု အချိန်အထိ အိမ်ထဲကို ဝင်လာတဲ့ လူတွေ အသံဗလံ မျိုးစုံ နဲ့ မနေနိုင်အောင် ခြောက်လှန့်ရင်း အမှိုက်တွေ ဖုံတွေ ပွနေတဲ့ အိမ်ဟောင်း အိမ်အိုကြီးထဲမှာ ငုတ်တုတ်ထိုင်နေတယ် စသဖြင့် ပြောသံတွေ ကြားရပါတယ်။ ထိုအိမ်ကြီးကို ဘယ်သူမှ မနေရဲတဲ့ အပြင် ပြုပြင်သူ မရှိတဲ့ အတွက် သရဲခြောက်တဲ့ အိမ်ကြီး အဖြစ် နှစ်ပေါင်းများစွာရှိနေပြီး ယခုတိုင် ယိုင်ထိုးနေတဲ့ အုတ်ခံ အိမ်ကြီး ဖြစ်နေပါပြီ။
9 comments
unclegyi1974
May 20, 2011 at 3:33 pm
စိတ်ရင်းအတိုင်းအကျိုးပေးတတ်ပါတယ်
ဒါကြောင့်ဘယ်သူတရားပျက်ပျက်ကိုယ်မပျက်နဲ့တဲ့
မှန်သင့်သလောက်ပဲမှန်မယ်နဲ့တူတယ်နော်
အကျိုးပေးနေတဲ့သူတွေလည်းအများကြီးဟဟ
တညင်သား
May 20, 2011 at 4:06 pm
ဘာတွေလဲဗျ မျက်မှန်မလဲသေးဘူလားမသိဘူး အန်တီဆူးရ ယုံသော်ရှိ မယုံသော်ရှိ ခေါင်းစဉ်တွေထပ်နေတယ်လေ………..
ဆူး
May 20, 2011 at 4:08 pm
ယုံသော်ရှိ မယုံသော်ရှိ
မယုံသော်ရှိ ယုံသော်ရှိ
၂မျိုး အရှေ့နောက် လဲ ရေးထားတာပါ။
kopauk mandalay
May 20, 2011 at 4:32 pm
ဒါရိုက်တာ မောင်မျိုးမင်းက ဆူးဆီက ရင်မသဲဖို တစ္ဆေဇာတ်လမ်းတွေဝယ်ချင်တယ်လို့ သတင်းရထားပါတယ်၊
bigcat
May 21, 2011 at 2:37 am
သဂျီးက ပေါချောင်ကောင်းဈေးနဲ့ တကယ်ရရင် အဲဒီအိမ်ကြီးကို ဝယ်မယ်တဲ့…..ပွဲခကို ဆူးနဲ့ ကိုကြောင်ကြီး တယောက်တဝက်နော်…
Maung Dae`
May 21, 2011 at 6:04 am
သဂျီးဝယ်ချင်တယ်ဆိုရင် မိတ္ထီလာ ပြည်သာယာရပ်ကွက်ထဲမှာ အိမ်တစ်လုံးရှိသေးတယ်.. ကျွန်တော်တို့ကျောင်းတက်တုန်းက ကျွန်တော့်သူငယ်ချင်းတွေရေရေ လည်လည် ခံလိုက်ရတဲ့အိမ်ကြီး ခုထိ အိမ်ပိုင်ရှင်တောင် တစ်ခြားအိမ်မှာ တက်နေရတဲ့အဖြစ်..
ဆူး
May 21, 2011 at 1:17 pm
မိတ္တီလာ က အိမ်ဆိုရင်တော့ ပွဲစားက ၃ဦးစပ် ပေါ့ နော်..
phyoshein
May 21, 2011 at 4:41 pm
ဆူးမမရေ…
သဲထိတ်ရင်ဖို.. အခန်းဆက် ဝတ္ထုရှည်များ ရေးနေသလား…..
ကျုပ်ကလည်း ယုံသလိုလို မယုံသလိုလိုပါပဲ…
မိုက်ကယ်ဂျော်နီအောင်ပု
May 21, 2011 at 4:54 pm
ဟားဟားဟား
မယုံတဲ့သူတွေ ဒီမှာကြည့်
http://www.youtube.com/watch?v=4scfLJeDHHk