Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စိုက်ပျိုးခြင်း အနုပညာ

တညင္သားSeptember 10, 20111min51910

ဒီအကြောင်းလေး ပြောခြင်နေတာကြာပြီ  အခုမှ တိုက်ဆိုင်လာလို့ … အတိုချုံ့ပြီး ပြောရရင်တော့ ငယ်ငယ်တုန်းက ကျွန်တော်တို့ အိမ်ကို တကိုယ်လုံးအသားမဲနေတဲ့ မြန်မာနိင်ငံသားတစ်ဦး ဆိတ်ကြီး တစ်ကောင်ဆွဲပြီးရောက်လာတယ် .. သူပြောတဲ့စကားတွေကလဲ မနဲ နားထောင်ရတာပေါ့ဗျာ.. ကျွန်တော်အဖေနဲ့ စကားတွေပြောပြီး ပြန်သွားတော့မှာ အဖေက အကြောင်းစုံပြောပြတယ် .. နံမည်က သံဂွန်း လယ်လုပ်ပါတယ် မပြေလည်ဘူးဆိုပါတော့ တစ်နေ့ ကျွန်တော်အဖေ အဲဒီ သံဂွန်းဆိုတဲ့ သူရဲ့ တဲကိုရောက်ခဲ့တယ်. .စားပင်လေးတွေစိုက်ဖို့  ဘဲလေး၊ ကြက်လေး မွေ ဖို့  စသဖြင့် အကြံဉာဏ်လေးနဲနဲပေးခဲ့တယ် ..အခု (၅)နှစ်လောက်ကြာတော့ သူပြေလည်နေပြီ ဆိုတဲ့အကြောင်း သီးပင် စားပင် အစုံရှိတယ် ၊ ဘ ဲ၊ကြက် အပြင် ဆိတ်မလေး တစ်ကောင်ကနေ အခုအများကြီးဖြစ်နေပြီ ဆိုတဲ့အကြောင်းတွေ ပြောရင်းနဲ့ ကျေးဇူးတင်လို့ ဆိတ်ကြီး တကောင် လက်ဆောင်ပေးဖို့ယူလာတာတဲ့ အဖေက ပြန်ယူသွားခိုင်းလို့ ပြန်ယူသွားပါတယ်..

ဒီအကြောင်းကျွန်တော်တို့ မောင်နှတတွေ ဆုံဖြစ်ရင် ပြောပြောပြီးရီကြတာ.. လှောင်တာမဟုတ်ပါဘူး ကျွန်တော်တို့က မွေးစရာနေရာမှ မရှိပဲ. ပီတိ ပြုံးလေးတွေ ပြုံးတဲ့သဘောပါ…..

ကျွန်တော်လဲ တောသားတစ်ယောက်ပါ တောင်သူ/ တောသား တွေကို ကိုယ်ချင်းစာတက်ပါတယ် ..ဆင်းရဲတယ် ဆိုပြီး နိုင်ငံတော်ကြီးပဲ အားကိုလို့မရဘူးလေ ကိုယ်ကလဲ ညစ်အားလေး ပေးစေချင်တယ် ..မိမိအိမ်ရဲ့ ငွေထွက်ပေါက်ဖြစ်တဲ့ မီးဖိုချောင်စားရိတ် နဲနဲပါးပါး ကာမိအောင် အိမ်နောက်ဖး ဈေးဆိုင်လေးတည်စေ့ခြင်တယ် ..ချမ်းသာတဲ့ နည်းလမ်း မဟုတ်ဘူးဆိုရင်တောင် အဓိက ထွက်ငွေကိုတော့ ထိန်းရာရောက်ပါတယ်… ကျွန်တော်က တော့ ဒီနည်းလေးနဲ့ အစဉ်ပြေတယ်…  ရွာသား/ရွာသူတွေက  ချမ်းသာကြတော့ ရည်ရွယ်ပြီး မပြောရဲပါဘူး ..သို့ပေမဲ့ ကိုယ်နဲ့နီးစပ်ပြီး ဆိုင်ရာဆိုင်ရာ နွမ်းပါတဲ့သူများတွေ့ရင် နူတ်၏ဆောင်မခြင်းဖြင့် သူတို့ရဲ့ ဘဝတွေ မြင့်သထက်မြင့်စေခြင်တဲ့ စေတနာပါ……

 ပန်းအိုးတစ်အိုး ရှိရင် ခရမ်းသီး ပင် တစ်ပင်ရပါတယ် ဘယ်လောက်မှလဲ အချိန်မပေးရပါဘူး . ရှင်သန်လာတဲ့ အပင်လေးတွေကြည့်ရတာ ကြည်နူုး လို့ စိုက်ပျိုးခြင်းအနုပညာ လို့ ကြီးကြီးကျယ်ကျယ် ခေါင်းစဉ်ပေးလိုက်တယ်… 

 * အမှားများရှိရင် ပြင်ပြီးဖတ်ပေးပါ…..

 

သေခြာအောင်လို့ပါ

 လိုသလောက်ရမယ်

10 comments

  • hmee

    September 10, 2011 at 4:42 pm

    ချဉ်ပေါင်ခင်းလေး လိုချင်လိုက်တာ။ လာတုန်းက အစေ့ယူလာတယ် ဗမာပြည်မှာ ဘယ်လို စိုက်စိုက် ရှင်တဲ့ အပင်က ဒီမှာစိုက်တာ မရှင်ဘူး ဘာကြောင့်လဲတော့ မသိဘူး။

  • MaMa

    September 10, 2011 at 5:23 pm

    အနုပညာတွေ ခေတ်စားလာပြီ။ 🙂
    စိုက်ပျိုးရေးကို ဝါသနာပါတယ်။ ဒါပေမယ့် ငပိဖုတ်တောင် ဆရာမပါရင် မပြီးဘူး ဆိုသလို ကိုယ်စိုက်လိုက်ရင် ရှင်တာကနည်းနည်း။
    သူငယ်ချင်းတယောက်အိမ်ကို အလည်သွားတော့ dancing lady တွေ စိုက်ထားတာ အများကြီးပဲ ပွင့်နေတယ်။ အားကျလို့ အိမ်မှာ ပြန်စိုက်မယ်ဆိုပြီး ပွင့်နေတဲ့ပန်းကို အိုးလိုက်တောင်းလာတယ်။ ဘားပလက်အရည် လောင်းပေးရတယ်ဆိုလို့ အပင်သန်ချင်ဇောနဲ့ ဘားပလက်အရည် တစ်ပုလင်းဝယ်ပြီး လောင်းလိုက်တာ အပင်တွေရော၊ အပွင့်တွေရော ပုရွက်ဆိတ်ကိုက်လို့ ကုန်ပါရောလား။ 🙁

  • မီးမီး သော်

    September 10, 2011 at 6:49 pm

    တညင်သားရေ စိုက်ပျိုးရေးဆိုလို မနေ ့ကမှ သူကြီးက ချဉ်ပေါင်ဈေးမေးပြီး စိုက်မယ်လုပ်နေပီ။ဟိ

  • weiwei

    September 10, 2011 at 9:12 pm

    ပန်းအိုးရှိရင် ခရမ်းသီးပင်စိုက်လို့ရတယ်ဆိုလို့ ဘယ်လိုများစိုက်ရတယ်ဆိုပြီး စိုက်နည်းလဲ မရေးထားဘူး … တခြားအပင်တွေလဲ တိုက်ခန်းမှာ စိုက်လို့အဆင်ပြေတာရှိရင် ပြောပြပါအုန်း …

  • ဆူး

    September 10, 2011 at 9:30 pm

    အိမ်မှာတော့ အပင်စိုက်မယ် ဆိုပြီး ပြောင်းဖူးစေ့အထုတ် ဝယ်လာတယ်။ ၅စိ စိုက်တာ ၂ပင်နှုန်းလောက် ပေါက်တယ်။ ဒီလိုနဲ့ ကြီးတဲ့ အထိ စောင့်ရင်းနဲ့ အချိန်တန်တော့ အသီးစသီးပါတယ်။ အပင်တကြည့်ကြည့်နဲ့ နေရင်းကနေ နောက်တော့ အသီးကို ခူးလိုက်ပါတယ်။ ခူးပြီး ကြည့်လိုက်တဲ့ အခါ မျိုးကောင်းမျိုးသန့်ပါဆိုတဲ့ အိမ်မှာ အပျော်တမ်း စိုက်ဖို့ လုပ်ပေးထားတဲ့ အထုတ်က သီးတဲ့ ပြောင်းဖူးက သွားကျဲဖြစ်နေပါတယ်။ အစံမဖြစ် မအောင်တာနဲ့ စိုက်ပျိုးခြင်း အနုပညာကို အပြည့်အဝ ခံစားပြီး နောက်ဆို ပြောင်းဖူး ဈေးကပဲ ဝယ်စားတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

  • thit min

    September 10, 2011 at 9:44 pm

    လက်တွေ့မှာတော်တော်ကြုံဘူးပဗျာ။
    အဒေါ်တယောက်မွေးလိုက်တဲ့အကောင်တွေကြက်ဘဲဝက်
    စိုက်တာလဲတော်တော်စုံပါရဲ့စားလို့ရတာအကုန်စိုက်တာပဲ။
    ဖြစ်လဲဖြစ်ထွန်းပါရဲ့ပြေလည်တယ်ပေါ့နော်။ချမ်းတာတော့မချမ်းသာပါဘူး။
    အချိန်တန်တော့သူမွေးတဲ့အကောင်ဗလောင်တွေကသားသတ်သမားလက်ရောက်တာကလားသိ
    မြင်ရကြားရစိတ်မကောင်းစရာဗျာ။သာသတ်သမားမှန်းသိလိုခြံထဲပတ်ပြေးနေတဲ့ဝက်တွေဘဲတွေရဲ့မြင်ကွင်းကိုမြင်ရတိုင်း
    ကိုကငါးနှစ်သားလောက်ရှိတာဆိုတော့ဘာကိုတားဆီးချင်မှန်းမသိခဲ့ဘူး။
    အဒေါ်လဲအသက်လေးဆယ်ကျော်မှာကင်ဆာနဲ့သေပါတယ်။အသားစားကြတဲ့လူ့ပါးစပ်ကတော့ရပ်ဖို့ခက်တာဝန်ခံပါတယ်။
    ကိုယ်ပိုင်စိုက်ပျိုးရေးကရတဲ့သီးနှံများကတကယ်အရသာရှိပါတယ.်ငရုတ်တောင့်လေးတတောင့်ပဲဖြစ်ဖြစ်စားရတာပိုလို့ကောင်းပါတယ်အဲဒီကမှအသီးအရွက်များများစားအသားလျှော့စားနိုင်ရင်ဖြင့်ကျန်းလဲကျန်းမာအကုသိုလ်လဲကင်းပေါ့ဗျာ။

  • windtalker

    September 10, 2011 at 9:49 pm

    တညင်သား ရဲ ့
    စိုက်ပျိုးခြင်း အနုပညာ ကို ဖတ်အပြီး
    ပင်စင်စား တွေ
    တစ်နည်းအားဖြင့် ၊ အသက် ၆ဝ ကျော် လူတွေ ကို
    သစ်ပင် စိုက်ပါလို ့
    ရေးထားတဲ့ ဆောင်းပါးတစ်ခု ကို ၊ ပြန်သတိရမိတယ်
    သစ်ပင်လေးတွေ စိုက်ခြင်း အားဖြင့်
    မြေစွပေါင်းသင် ခြင်းအားဖြင့်
    လက်က ကြွက်သားတွေ လှုပ်လှုပ်ရှား ဖြစ်လာမယ်
    သက်ကြီးပိုင်းမှာ ဖြစ်မယ့်
    ကျန်းမာရေး အန္တရာယ်တွေ ကို
    ကာကွယ်နိုင်စွမ်းရှိတယ် လို ့ဖတ်ဖူးပါတယ် ဗျို ့

  • MaMa

    September 10, 2011 at 11:01 pm

    မြန်မာ့မီးရထားလည်း အလုပ်ပြုတ်မှာစိုးလို့ ကြုံတုန်း အလုပ်လုပ်ရဦးမယ်။
    မြေစွ တာ မဟုတ်ရပါ။ မြေကြီးကို တူးဆွ တာပါကွယ်။

  • nature

    September 10, 2011 at 11:11 pm

    ကျနော့်ရဲ့စိုက်ပျိုးခြင်းအကြမ်းပညာ ကတော့-
    စပျစ်သီး ၊ လိမ္မောသီး ၊ သံပုရာသီး ဩဇာသီးတွေကို စတဲ့အသီးတွေကို စားပြီးရင် အစေ့တွေကို အမှိုက်ပုံးထဲ မပစ်ဘူး။ အိမ်ရှေ့ကမြေကွက်လပ်မှာ ပစ်တယ်။ စိုက်နည်းတွေဘာတွေလည်းမသိဘူး။ ရေလဲမလောင်းဘူး။ ပေါက်ချင်တဲ့အပင်ပေါက်တယ်။ မပေါက်ချင်တဲ့အပင် မပေါက်ဘူး။

  • တညင်သား

    September 14, 2011 at 12:49 am

    နှစ်ခင်းတောင်ရှိတယ် မမ မှီ တခင်းက ရာသီဥတုအေးလို့ သေပြီဆိုပြီးနောက်ထပ်စိုက်လိုက်တာ.. မသေတော့ နှစ်ခင်းဖြစ်သွားတယ်.တခြားအပင်တွေလဲရှိသေးတယ်..ကျန်းမာရေးလဲ ကောင်း ထွက်ငွေလဲ ကာမိတာပေါ့ ကိုတော်ကာပြောသလိုဆိုရင်နော့…… ကိုnature ပြောတဲ့နည်းနဲ့စိုက်တာ အဖွားအိမ်မှာ သင်္ဘောသီးလုံးဝ ပြတ်တယ်လို့မရှိဘူးဗျ…..ကျွန်တော်တို့စီမှာလဲ စိုက်ပျိုးရေးနဲ့ပတ်သတ်လို့ ဆေးဝါး ကောင်းတွေ လိုသေးတယ်နော် မမ ……… အသားသိပ်မကြိုက်တဲ့ ကျွန်တော်အတွက်ကတော့ တော်တော် အဆင်ပြေတာပေါ့ ကိုthit min ရယ်………… မမီးမီးသော် ပဲစိုက်ပြီးရောင်းပါ ..သူကြီးကို ပေးမလို့စဉ်းစားနေတာ ဖျတ်လိုက်ပြီ .. 🙂 😛
    ဒီမှာတော့ အပင်ပေါက်ကို ဝယ်စိုက်တာပါ နေရာမရှိလို့ ပန်အိုးထဲ ထည့်စိုက်ကျပါတယ် တိုက်ခန်းထဲတော့ မရနိင်ဘူးလေ နေရောင်မရနိင်လို့ပါ မမဝေ………….စိတ်ဓါတ်မကျ ပါနဲ့ မမဆူးရယ် စားပင်လေး နဲနဲလောက် ထပ်စိုက်ကြည့်ပါ… ကိုယ့်လုပ်အားနဲ့ရတဲ့ စာမှုခ လိုပါပဲ ရှင်သန်ကြီးထွားလာပြီး အသီးအပွင့်တွေ မြင်ရရင် ဘာနဲ့မှ မလဲနိင်တဲ့ ပီတိတမျိုးလေ ……….. အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ…………..

Leave a Reply