Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ယခင် BURMA ယခု MYANMAR

SnowyMay 26, 20111min49310
myanmar democracy cartoon

တစ်ကယ်ဆိုရင် မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးနဲ့ အချမ်းသာဆုံး နိုင်ငံအဖြစ် ထင်ရှားခဲ့ဘူးပါတယ်၊ 1959 ခုနှစ်လောက်က ဖွင့်ခဲ့တဲ့ မင်္ဂလာဒုံလေဆိပ်ဟာ အရှေ့တောင်အာရှမှာ အကောင်းဆုံးလို့ နာမည်ကျော်ခဲ့ပါတယ်. အဆောက်အဦးတစ်ခုလုံး လေးအေးစက်တွေနဲ့ ပန်းချီဆရာကြီး ဦးဘကြည်ရဲ့ ပန်းချီလက်ရာတွေဟာ ပြောမဆုံးအောင်

ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်၊ ကျနော်တို့ ငယ်ငယ်တုန်းက လေအေးစက်ကြောင့် အေးနေတဲ့ လေယာဉ်ကွင်းအဆောက်အဦးကြီးထဲကို ဝင်ပြီး တအံ့တဩဖြစ်ခဲ့ရပါတယ်။ ကျနော်တို့တင် မဟုတ်ပါဘူး ……

အဲဒီတုန်းက ယိုးဒယားဝန်ကြီးချုပ် ကစ်တီကာချွန်း မြန်မာပြည်ကို ချစ်ကြည်ရေးနဲ့ လေ့လာရေးလာပြီး အပြန်မှာ ဘန်ကောက်လေဆိပ်ရောက်တော့ သူ့လူတွေကို “မြန်မာပြည်ကို မှီဖို့ နောက်ထပ် နှစ်(၅၀)လောက် ကြိုးစားရမယ်”လို့ ပြောသွားခဲ့ဘူးပါတယ်၊

မလေးရှားနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် တွန်ကူအပ်ဗဒူရာမန်း  လည်း မြန်မာပြည်ကို လာပြီးလေ့လာခဲ့တယ်၊ အပြန်ကျတော့ ဖဆပလတိုက်ခန်းပုံစံတွေ ယူပြီး ဆောက်တယ်၊ 1960ခုနှစ်လောက်တုန်းက ထင်ပါတယ်၊ အင်ဒိုနီးရှားက မလေးရှားပိုင် ဆာဘားနဲ့ ဆာရာဝတ်ကို ဝင်သိမ်းမယ်လုပ်တော့ မြန်မာနိုင်ငံသား ကမ္ဘာကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်က ဝင်ဖြန်ဖြေပေးခဲ့လို့

ငြိမ်းချမ်းရေးရသွားတယ်၊ အဲဒီတော့ မလေးရှားဝန်ကြီးချုပ်က ဦးသန့်ကို ဂုဏ်ပြုတဲ့အနေနဲ့ ကွာလာလမ်ပူက လမ်းမကြီးတစ်ခုကို ဦးသန့်လမ်းလို့ နာမည်ပေးခဲ့ပါတယ်၊  မလေးတွေကတော့ ယူသန့်(U Thant)လို့ ခေါ်ကြပါတယ်၊ စင်ကာပူမှာလည်း ရန်ကုန် လမ်းမကြီး (Rangoon Street )ဆိုပြီး မြန်မာပြည်ကို ဂုဏ်ပြု ခေါ်ဝေါ်ခဲ့ကြပါတယ်၊

1960 ခုနှစ် ဝန်းကျင်မှာ မြန်မာနိုင်ငံက ဟန်သာအေးနိုင်လွန်တို့၊ BPI က ဆေးတို့၊ ကြယ်စင်ဖဲထီးတို့၊ ဗန္ဓုလစောင်တို့၊ “တိုက်” ဆပ်ပြာမှုံ့တို့၊ ပေါ်ဆန်းမွှေးဆန်တို့ အရှေ့တောင်အာရှတစ်ဝိုက်မှာ နာမည် အကြီးဆုံး ဖြစ်ခဲ့ပါတယ်။

ပညာရေးကို ကြည့်ဦးမလား…. အရှေ့တောင်အာရှမှာ နာမည်အကြီးဆုံး တက္ကသိုလ်ဟာ ရန်ကုန်တက္ကသိုလ်ပါ၊ ရန်ကုန်တက္ကသိုလ်ကို ဝင်ခွင့်ရဘို့ကလည်း မလွယ်ဘူး၊ ပီနန်အစိုးရ ဝန်ကြီးတစ်ဦးဖြစ်တဲ့ ဒါတွတ်ဒေါက်တာတိန်းဟုတ်နန်းက “ကျနော်တို့ခေတ်က ရန်ကုန် တက္ကသိုလ် ဆေးကျောင်းဟာ အဆင့်အတန်း မြင့်လွန်းလို့ ဝင်ခွင့်မရခဲ့ပါဘူး၊ ဒါကြောင့် ကျနော်တို့ အိန္ဒိယကိုသွားပြီး ဆေးကျောင်းတက်ခဲ့ရတယ်၊” လို့ ပြောဘူးတယ်၊

အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ်က အင်္ဂလိပ်စာဌာန ပါမောက္ခဟာ မြန်မာနိုင်ငံသား (Thirty Burmese Tales ကိုရေးခဲ့တဲ့) ဒေါက်တာထင်အောင်ပါဆိုရင် ခုခေတ်လူငယ်တွေက ယုံတမ်းစကားလို့များ ထင်လေမလား။

အဲဒီလို အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်ပြီး အိမ်နီးချင်းနိုင်ငံတွေထက် နှစ်ပေါင်း ၅ဝ လောက် ရှေ့ရောက်နေရာက အခုဆိုရင် တန်းတူမဟုတ်ရုံမက အဲဒီနိုင်ငံတွေရဲ့ နောက်မှာနှစ်ပေါင်း ၅ဝ လောက် နောက်ကျကျန်နေခဲ့တာ တွေ့ရတော့ ရင်မနင့်ပဲ နေမလား၊

အရင်က တရုတ်၊ လောနဲ့ သီဟိုနိုင်ငံတွေကို နှစ်စဉ် ဆန်လှူခဲ့တဲ့ မြန်မာနိုင်ငံဟာ အခုဆိုရင် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းဝင် တဲ့ …..

 

ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းထဲက စကားလေးနဲ့ အဆုံးသတ်ပါရစေ ……

“ ခင်ဗျားတို့ ေ-ာက်ကျင့်တွေကို ပြင်ဖို့ အချိန်တန်ပြီ” လို့ ….

 

 

မှတ်ချက် = မလေးရှားမှာ ထုတ်ဝေတဲ့ အပြင်စီးမဂ္ဂဇင်း(ဧပြီလထုတ်)မှ ဝင်းမောင်ရဲ့

“ရွှေနိုင်ငံသို့” အမည်ရ ဆောင်းပါးကို ပြန်လည်ကူး၍ ထုတ်နှုတ်ဖေါ်ပြပါသည်။

 

Forward Mail ထဲမှာတွေ့ လို့ MG က friend တွေကို ပြန်share လိုက်ပါတယ်

 

With Love;

$nOwY  ^_^

10 comments

  • good

    May 26, 2011 at 8:19 am

    အားကစား ကို ရော ထည့် မပြော တော့ ဘူးလား။
    အာရှ ချန်ပီ ယံ ဖြစ်ခဲ့ဖူး သလို၊ ခု ကမ္ဘာဖလား နှစ်တိုင်း ဝင် နိုင် တဲ့ ကိုရီးယား ဆို မြန်မာ နဲ့ တွေ့ မှာကို ကြောက် လွန် လွန်း လို့ လေ။
    ဟုတ် ပါတယ် ဟို တုန်း က မြန်မာ တွေ ရွှေထီး ဆောင်း ခဲ့ တာ ပေါ့။
    ခု တော့ မြန်မာ တွေ ………။
    တို့ ဗိုလ် ချုပ် ပြော သလို ” သူများ တလှမ်း လှမ်းရင် ကို ဆယ် လှမ်း လှမ်းမှ တော် ကာ ကျမယ် “။

  • Shwe Tike Soe

    May 26, 2011 at 8:51 am

    လွမ်းစရာကောင်းလိုက်တဲ့ အကြောင်းတွေနော်….
    အဲဒီလို ဖြစ်ဖို. စိတ်ဓာတ်တွေကို အရင်ပြင်ရမယ်ထင်တယ်.. တစ်ယောက်ချင်းစီး ကိုယ့်ကိုကိုယ်ပြင်ရင် တစ်နိုင်ငံလုံးပြင်ပြီးသားဖြစ်ရော….
    အခုတော့ ကျွန်တော ်ဘယ်သူ.မှ အပြစ်မပြောတော့ဘူး ကိုယ့်ဟာကိုပဲ ပြင်နေတော့တယ်….

  • king

    May 26, 2011 at 9:05 am

    မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်
    မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်
    မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်
    မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်
    ငယ်ငယ်တုန်းက နိုင်ငံတော်သီချင်းဆိုပြီးရင် ဆိုခဲ့ရတာပေါ့
    အဲဒီတုန်းကတော့ အဓိပ္ပါယ်ကို သေချာမသိခဲ့ပါဘူး
    အခုတော့ အခုတော့ …………..
    🙁 ( ^ _ ^ ) 🙁

  • photwenty

    May 26, 2011 at 9:16 am

    အားလုံးကိုပြင်ရမယ် ဘာမှမပြင်နိုင်ရင် ကိုယ်.ဖာသာပြင် မရရအောင်ပြင် ပြီးရင်ကိုယ်ဘေးကလူကိုပြင် ဟိုလူဒီလူဆွဲမထည်.ပဲနဲ.ကိုပြင် ဒါဆိုရင်တိုးတက်လာမှာပဲ ဟိုလူ.လက်ညှိုးထိုး ဒီလူ.လက်ညှိုးထိုးဆိုရင် ဘယ်သူ.ထိုးလို.ထိုးရမှန်းတောင်သိတော.မှာမဟုတ်
    ဒီနေ.ကစပြီးကျနော်ကိုယ်တိုင်လဲပြင်မယ် ရွာသားတွေရွာသူတွေလဲပြင်ကြမယ်လို.ထင်တယ်
    ခေတ်မကောင်းလဲ ကိုယ်ကောင်းရင်ခေါင်းမရွေ.ပါဘူးဗျား
    အဲ.ပြင်ချင်တာပြင်ပေါ. ဖောင်တော..မပြင်နဲ.ဗျာ

  • king

    May 26, 2011 at 10:16 am

    ဖောင်ပြင်ရင် အကြည့်ရဆိုးတယ်
    နေပူထဲမှာ သစ်ဖောင်ဝါးဖောင်တွေ မပြင်နဲ့လို့ပါ
    အပူရှပ်ကုန်မှာစိုးလို့
    အာ ဘာတွေမှန်းတောင် သိတော့ဘူး
    ဘာမှ မရေးတော့တာပဲ ကောင်းပါတယ်
    😛 😛 😛 ( * _ ^ ) 😛 😛 😛

  • phyoshein

    May 26, 2011 at 3:10 pm

    အိုး…
    ခေတ်တွေကို ပြောမယ်ဆို အများကြီးပေါ့..
    ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်
    ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ်၊ လွတ်လပ်ရေးရပြီးခေတ်
    ကဲ…. ဘယ်ခေတ်အကြိုက်ဆုံးလဲ….
    ရောက်လာဦးမှာပါ.. ရွှေမြန်မာတို့ရဲ့ ရွှေခေတ်ကို…
    စိတ်ပျက်ကြပါနဲ့ကွယ်.. ရောက်တော့မယ်လို့စိတ်မှာထား..
    ရောက်အောင်လည်းသွားကြမယ်..
    မှန်ကင်းတလှည့် ထင်းတလှည့်ပါ….
    ပတ္တမြားမှန်ရင် နွံမနစ်ပါဘူးတဲ့….နွံထဲကျ ခဏပေါ့…
    ပတ္တမြား မှန် တယ်ဟုတ်…..

  • moethidasoe

    May 27, 2011 at 5:44 am

    နွံ လို့ ပြောတဲ့အထဲမှာ တွင်းနက်နက်ထဲက နွံ ဆိုရင် နစ်မှာပဲထင်တယ် .. ပတ္တမြားက အဲဒီလောက် မပေါ့ ဘူး .. အားလုံး ဘယ်လို ပြင်ချင်ကြတာလဲ ဆိုတာ ဖတ်ချင်တယ်. (အခုထိတော့ ကမ္ဘာကို လွှမ်းဦးမယ်လို့ ဆိုတုန်းပဲလား မသိ)

  • phyoshein

    May 27, 2011 at 6:08 pm

    ပတ္တမြားတွေ အတော်များများ တွင်းနက်ထဲမှာ နစ်နေကြလေရဲ့…
    မိုးကုတ်မှာလေ…
    အချိန်တန်တော့လည်း အပြင်ရောက်ကုန်ကြတယ်…
    အဖိုးတန်ရတနာအဖြစ်နဲ့ပေါ့….ဘာကြောင့်များပါလိမ့်နော်..
    ဘယ်လောက်နက်နက်ပါ… ပတ္တမြားမှန်ဖို့ပဲလိုပါတယ်…
    ကျောက်ခဲဆိုရင်တော့.. ဘယ်လောက်တိမ်တိမ် ကောက်မယ့်သူရှိမယ်မထင်…
    စာဖတ်သူသုံးမျိုးရှိတယ်..
    စာကို နောက်ကလိုက်ပြီး ဖတ်တဲ့သူ..
    စာကို ရင်ဘောင်တန်းပြီး ဖတ်တဲ့သူ..
    စာကို ရှေ့ ကဖတ်တဲ့သူ…
    တိုင်းပြည်ကို ပြုပြင်မယ်ဆိုရင်တော့ စာကို ရှေ့ကဖတ်တဲ့သူ များများလိုမယ်ထင်တယ်..
    လှောင်ချိုင့်မှ လွတ်သော်လည်း အတောင်မရှိသောငှက်သည် လိုရာမရောက်သကဲ့သို့.
    ပခြုပ်မှ လွတ်သော်လည်း အဆိပ်မရှိသော မြွေသည် ရပ်တည်ရန်ခက်ခဲသကဲ့သို့….
    အချုပ်မှ လွတ်သော်လည်း ပညာမတတ် အကျင့်စရိုက်မကောင်းသော ထောင်သားသည် လောကကို ကောင်းကျိုးမပြုသကဲ့သို့…
    ဒီမိုကရေစီ စနစ်ဖြင့် တည်ဆောက်လိုသောတိုင်းပြည်သည် ပညာမဲ့လူတန်းစားများနေလျှင် တိုင်းပြည်အတွက် ဆိုးကျိုးသာဖြစ်နိုင်ပါတယ်တဲ့…..
    မိမိရွေးချယ်တင်မြှောက်ရမယ့်သူကို ရွေးချယ်နိုင်စွမ်းရှိတဲ့ ဦးနှောက်.အသိနဲ့ ဆင်ခြင်တုံတရား…စဉ်းစားဆင်ခြင်နိုင်စွမ်းမရှိသေးသမျှ ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့ အခက်အခဲဖြစ်နေဦးမှာပါ…
    တိုင်းပြည်ကို ဂုဏ်ရောင်ဝင့်ပြောင်စေလိုတယ်ဆိုရင်ဖြင့်..
    သု..စိ..ပု..ဘာ.. ဝိ..လိ..သိ..ဓာ အက္ခရာစွဲသုံး ဤရှစ်လုံးကို စွဲသုံးသောထွေမှန်လှစေ ဆိုတာလေးကိုပဲ… လေ့လာ လေ့ကျင့်ကြည့်ရမှာပဲလို့ဆိုချင်ပါတယ်…

  • MaMa

    May 28, 2011 at 12:12 am

    phyoshein ရေ- အမှတ်ပဲ မှားလို့လားတော့ မသိဘူး
    သုစိပုဘာ ဝိလိသိဓာ
    အက္ခရာစွဲသုံး ဤရှစ်လုံးကို
    သီကုံးပန်းသွင် နေ့တိုင်းဆင်လော့
    လို့ ထင်တာပဲ။

  • phyoshein

    May 28, 2011 at 2:41 pm

    ဟီး…ဟုတ်တယ်..ဟုတ်တယ်.. Ma Ma ပြောသလိုပဲ..
    မွှားသွားလို့…

Leave a Reply