Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ THE LADY ဇာတ်ဝင်ခန်းမှ မြင်ကွင်းများ…

နွယ်ပင်May 26, 20111min3229

ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်တဲ့ မလေးရှားနိုင်ငံဖွား နာမည်ကျော် မင်းသမီး Michelle Yeoh

(ဘယ်ဘက်က MI စစ်ထောက်လှမ်းရေး အရာရှိအဖြစ် သရုပ်ဆောင်သူကတော့ ကိုခင်မောင်ရင် ဖြစ်ပြီး၊ ဗိုလ်ချုပ်မှုးကြီးအဖြစ် ဦးထွန်းလင်းက သရုပ်ဆောင်ပါတယ်..)

ဒါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ဇာတ်ကားကို လာမည့် အောက်တိုဘာလမှာ ကမ္ဘာနဲ့ အဝှမ်းရုံတင် ပြသမှာ ဖြစ်ပါတယ်…။ Drama / Romance / ဘဝသရုပ်ဖော်တွေ ပါရှိတဲ့ အဆိုပါ ရုပ်ရှင်ဇာတ်ကားအား ပြင်သစ်ဒါရိုက်တာ Luc Besson ကရိုက်ကူးပြီး EuropaCorp, Left Bank Pictures, France 2 Cinema ကုမ္ပဏီတွေက ထုတ်လုပ် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်…။

အဆိုပါ The Lady ဇာတ်ကားရဲ့ဇာတ်ဝင်ခန်းများကို ထိုင်း၊ အင်္ဂလန်၊ ပြင်သစ်နဲ့ မြန်မာနိုင်ငံတွေမှာ သွားရောက်ရိုက်ကူးခဲ့ပြီး မြန်မာပြည်ရဲ့ ဇာတ်ဝင်ခန်းတွေကိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ သွားရောက် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ကမာ္ဘကျော် မင်းသမီး Michelle Yeohမှ အဆိုပါဇာတ်ကားကို ရိုက်ကူးခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ပိုမို သဘောပေါက်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဟောင်ကောင်သို့ ရောက်ရှိစဉ် ပြောဆိုသွားပါတယ်..။

posted by ဒီမိုဝေယံ

9 comments

  • လင်းဝေကျော်

    May 26, 2011 at 10:41 am

    ွှအင်း… ဘယ်လိုပြောရမယ်မှန်းမသိဘူး။ နိုင်ငံရေးအရ တိုင်းပြည်တော့ ဘာမှ မဖြစ်ဘူး။
    ဘွားတော်ကတော့ စွန့်စားရကြိုးနပ်တယ်။ ကမာ္ဘကျော်ဖြစ်သွားတယ်။
    ရုပ်ရှင်ဒါရိုက်တာကလည်း နည်းနည်း လွန်သလိုပဲ။
    ယူနီဖောင်းနဲ့ ဂေါက်ရိုက်ကျင့်တဲ့ range ကို သွားပါ့မလား။ သွားရင်တောင်လဲပေးမယ့်သူတွေအများကြီး။
    အထက်လူကြီးမသိအောင် ခိုးလာပြီးရိုက်တာမျိုးဆိုရင်တော့ ထားပါတော့။

  • good

    May 26, 2011 at 10:47 am

    မြန်မာ့ ရုပ်ရှင် ရုံ တွေ မှာတော့ တင် ခွင့် မရ မှာ သေချာတယ်။
    Film ကနေ data အဖြစ် ပြောင်းပြီး တဲ့ အချိန်မှာ ကြည်ကြည် လင်လင် ပြတ်ပြတ်သားသား movie ကို ကြည့် လို့ ရ ရ ပါစေ။
    မြန်မာပြည် အကြောင်း ရိုက် ထားတဲ့ ရမ်ဘို ဇာတ်ကား ဆိုပြီး မြန်မာပြည် ရောက်လာတဲ့ data movie ကတော့ ကြည့် ရတာ အားမရဘူး။

  • OQ23

    May 26, 2011 at 2:53 pm

    တဖက်ကကြည့်ရင်နဲနဲ ရိုင်းတယ်နော်။
    ဒါပေမဲ့ ဖြစ်ချင်ဖြစ်အောင် လုပ်ဖို့ပဲရှိပါတယ်။
    ကိုယ်ကြိုက်တာကိုယ်လုပ်ပေါ့။အလွန်အကျွန်မဖြစ်ဖို့ပါပဲ။
    စဉ်းစဉ်းစားစား လုပ်သင့်တယ်ထင်တာပဲ။
    ဘာပဲလုပ်လုပ် လုပ်ချင်တာလုပ် နိူင်ငံကိုမထိခိုက်ရင်ပြီးတာပပါပဲ။
    ကျေးဇူးတင်ပါသည်။

  • ဆူး

    May 26, 2011 at 3:18 pm

    မြန်မာ နိုင်ငံထဲမှာ လာရိုက်တာ ဆိုတော့ တိတ်တဆိတ် လာရိုက်တာ ထင်တယ်နော်။
    အိမ်မှာ ဘယ်လို များ ရိုက်သွားလဲ မသိဘူး။ စိတ်ဝင်စားတယ်။

    • bigcat

      May 27, 2011 at 2:06 am

      မင်းသမီး မစ်ရှဲလ်ယိုး ကိုယ်တိုင် ဒေါ်စုအိမ်မှာ တနေကုန် နေသွားပြီး ဒေါ်စုနဲ့ စကားလက်ဆုံပြော၊ ထမင်းစားပြီး ဇာတ်ဝင်ခန်း တချို့ပါ ရိုက်သွားတာပါ။ ပြန်တော့ ဒေါ်စုသား ကိုထိန်လင်းနဲ့အတူ လေယာဉ်ပျံတစင်းထဲ စီးသွားပါတယ်။ မန်းလေးဂေဇက်မှာလည်း အဲဒီသတင်း တက်ဖူးပါတယ်။ ပိုပြည့်စုံတဲ့ သတင်းကို ရှာပေမဲ့ မတွေ့လို့ သဂျီးကို ရှာခိုင်းကြည့်ပါ။

      ကမ္ဘာကျော် မင်းသမီး မီရှဲလ်ယိုး နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
      ရန်ပိုင် Tuesday, 07 December 2010 18:33
      http://www.irrawaddy.org/bur/index.php/news/5159-2010-12-07-11-38-18
      ကမ္ဘာကျော် ဟောင်ကောင် ရုပ်ရှင်မင်းသမီး မီရှဲလ်ယိုး ယမန်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။

      အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက“မနက်ကတည်းက ရောက်တာအချိန်အကြာကြီး ဒေါ်စုနဲ့နေတယ်၊ တနေ့လုံးလိုလိုပဲ ညစာစားပြီးမှ ပြန်တယ်”ဟု ပြောသည်။

      michelle-yeoh-and-nld-members-aung-san-suu-kyi

      ရန်ကုန်လေဆိပ်၌ NLD အဖွဲ့ဝင်များနှင်အတူ တွေ့ရသည့် မီရှဲလ်ယိုး (ဓာတ်ပုံ – AP)
      မင်းသမီး မီရှဲလ်ယိုးသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မကြာသေးမီကမှ နာမည်ကြီး ပြင်သစ်လူမျိုး ဒါရိုက်တာ Luc Besson ရိုက်ကူးနေသည့် “Divided Heart”ဟု ယာယီ အမည် ပေးထားသော ဒေါ်အောင်ဆန်းစုကြည်၏ ဘဝ တစိတ်တပိုင်းကို သရုပ်ဖော် ထားသည့် ရုပ်ရှင် ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည် ဇာတ်ရုပ် နေရာမှ ပါဝင် သရုပ်ဆောင် ထားသည်။

      ယင်း ဇာတ်ကားမှ ဇာတ်ဝင်ခန်း တချို့ကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အဖွဲ့ဝင်တချို့အား မီရှဲလ်ယိုးက ပြသခဲ့သည် ဟုလည်း ဦးဉာဏ်ဝင်းက ဆက်လက် ပြောပြသည်။

      “ဒေါ်စုနဲ့ အတော်တူတယ်၊ ရိုက်ထားတာ ကောင်းတယ်၊ ဟိုတုန်းက စည်းရုံးရေး ထွက်တာက အစ ပါတယ်”ဟု ၎င်းက ဆိုသည်။

      နာမည်ကြီး ဂျိမ်းစဘွန်း ဇာတ်ကားဖြစ်သည့် Tomorrow Never Dies နှင့် ၂၀၀ဝ ခုနှစ်တွင် ပြသခဲ့သည့် တရုတ်နန်းတွင်း ဇာတ်ကား Crouching Tiger, Hidden Dragon ဇာတ်ကားတို့သည် မီရှဲလ်ယိုး ၏ နာမည်ကြီး ရုပ်ရှင်များဖြစ်သည်။

      ဒေါ်အောင်ဆန်းစုကြည်၏ ဘဝတစိတ်တပိုင်းကို ဇာတ်အိမ် တည်ဆောက် ထားသည့် ယခု ရုပ်ရှင်တွင် NLD ပါတီခေါင်းဆောင် ဦးကြည်မောင်နေရာမှ သရုပ်ဆောင်သော ဦးသိန်းဝင်း ကလည်း “ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးမှာ ပါဝင်ပြီးတဲ့ နောက်ပိုင်း မိသားစု တကွဲတပြား နေရတဲ့ ဘဝလေးကို အဓိက သရုပ်ဖော် ထားတာပါ”ဟု ဧရာဝတီကို ပြောသည်။

      ၁၉၈၈ ခုနှစ်က မိခင် ဒေါ်ခင်ကြည် ကျန်းမာရေး ချို့ယွင်းလာသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်သို့ ပြန်လာခဲ့ချိန်မှ ၁၉၉၉ ခုနှစ် အချိန်ခန့် အထိ သရုပ်ဖော်ထားကြောင်းလည်း ဦးသိန်းဝင်းက ဆိုသည်။

      ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ဘန်ကောက်မြို့ ရိုက်ကွင်းသို့ ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ယောက်ဖြစ်သည့် သားကြီး ကိုမြင့်ဆန်းအောင်(ခေါ်) အလက် ဇန္ဒား အဲရစ္စ နှင့် သားငယ် ကိုထိန်လင်း(ခေါ်) ကင်မ် အဲရစ္စ တို့လည်း လာရောက် ကြည့်ရှု ကြောင်း ဦးသိန်းဝင်းက ဆက်လက်ပြောပြသည်။

      ယင်းဇာတ်ကားတွင် မြန်မာ့နိုင်ငံရေး လောက၏ နာမည်ကြီးပုဂ္ဂိုလ်များ ဖြစ်သည့် ဗိုလ်ချုပ် အောင်ဆန်း၊ အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်း၊ NLDပါတီ ဒု ဥက္ကဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ စစ်ထောက်လှမ်းရေး အကြီးအကဲ ဟောင်း ဦးခင်ညွန့်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တို့ လည်းပါဝင်သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် ဧရာဝတီတိုင်း ဓနုဖြူမြို့သို့ သွားရောက် သည့် ပါတီခရီးစဉ်များလည်း ပါဝင်သည်။

      ယခု ဇာတ်ကားတွင် ပါဝင်သော အဓိက သရုပ်ဆောင်များကို ဘန်ကောက်၊ မဟာချိုင်၊ ချင်းမိုင်၊ မဲဆောက် စသည့် မြို့များရှိ မြန်မာ လူမျိုးများမှ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး လူစုလူဝေးဖြင့် ရိုက်ကူးရသည့် ဇာတ်ဝင်ခန်းများကို ထိုင်းကျောင်းသူ ကျောင်းသားများက သရုပ် ဆောင်ကြောင်း၊ မင်းသမီး မီရှဲလ်ယိုး မှာလည်း ရိုက်ရှင်မရိုက်မီ ၆ လခန့်ကတည်းက ပြင်သစ်ပြည်သို့ သွားရောက်ပြီး မြန်မာ စကား ကို လေ့ကျင့် သင်ကြားရကြောင်း သိရသည်။

      ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်းပါဝင်သည့် ဇာတ်ဝင်ခန်းများတွင် ဂျပန်သံအမတ်ကြီးနှင့် ဗိုလ်ချုပ်မှူးကြီး တွေ့ဆုံခန်း၊ အာဏာ ရှင်ဟောင်း ဦးနေဝင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို ခေါ်ယူပြီးဆူသည့် အခန်းတို့ ပါဝင်ကြောင်း ဗိုလ်ချုပ်မှူးကြီး နေရာမှ သရုပ် ဆောင်သည့် ဦးအဂ္ဂက ပြောသည်။

      “တိုင်းမ် မဂ္ဂဇင်းကို ဦးနေဝင်းကဖတ်ပြီး ဒီအမျိုးသမီးက နိုဗဲလ်ဆုရလိမ့် ငါထင်တယ်၊ ဒါကြောင့် သတိထား ဆက်ဆံ ဆိုပြီး ပြောတော့ ဗိုလ်ချုပ်မှူးကြီးက ငြိမ်ပြီး နားထောင်နေရတဲ့ အခန်းရိုက်တယ်”ဟု ၎င်းကဆိုသည်။

      ဗိုလ်ချုပ်မှူးကြီး သန်းရွှေပါဝင်သည့် ဇာတ်ဝင်ခန်းများမှာ မပြီးပြတ်သေးကြောင်း၊ ပြင်သစ်နိုင်ငံသို့ ဇန်နဝါရီလတွင် သွားရောက်ရိုက် ကူးရဦးမည် ဖြစ်ကြောင်း ဦးအဂ္ဂက ဆက်လက် ပြောဆိုသည်။

  • phantom

    May 29, 2011 at 4:18 am

    ကြည့်ချင်တယ်ဗျာ ကိုယ်ကမလုပ်နိုင်တော့ လုပ်နိုင်တဲ့သူတွေ ကြိုးစားတဲ့ဇာတ်ကားက အကောင်းဆုံး ဖန်တီးထားမယ်လို့ယုံကြည်ပါတယ် ဒီလိုဇာတ်ကားမျိုး ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝဇာတ်ကြောင်းကိုလဲ ရိုက်စေချင်တယ်ဗျာ တစ်နေ့နေ့မှာ ဖြစ်လာလိမ့်မယ်လို့လဲ မျှော်လင့်ပါတယ်

  • ဆူး

    May 29, 2011 at 6:24 am

    တခြားတော့ မသိဘူး… ဘိုတွေ မြန်မာ စကား တူအောင် ပြောနိုင်ဖို့တော့ မလွယ်ဘူး။
    မြန်မာ စကားက သူတို့ အတွက် အရမ်းကို လျှာထောက်နေသလိုပဲ..
    တရုတ်တန်းက တရုတ်တွေ မြန်မာပြည်မှာ မွေးကတည်းက နေတာတောင် အဆင်သိပ်မချောတဲ့ လူတွေ ရှိတယ်။
    ရုပ်ရှင် ထွက်လာရင်ောတ့ ကြည့်ချင်တယ်။ ထွက်လာရင် နည်းနည်း သံချောင်းခေါက်ကြပါအုန်း။

  • Millionaire Generic

    August 7, 2011 at 12:30 pm

    စိတ်ဝင်စားစရာဘဲ နော် .. ငါတို့ မြန်မာမှာလည်း နာမည်ကျော်တဲ့သူတွေ အများကြီးဘဲ။
    ဒီကားထွက်ပြီးရင်တော့ မြန်မာနိုင်ငံရော၊ ဒေါ်အောင်ဆန်းစုကြည် ရော အများကြီး ကမာ္ဘသိ တွေဖြစ်သွားပြီ။
    ဒါပေမယ့် မြန်မာနိုင်ငံမှာ ကြည့်လို့ရပါ့မလားမသိ။
    ပြီးတော့ မြန်မာနိုင်ငံမှာ ဘယ်လိုရိုက်ကူသွားသလဲမသိဘူး။ သတင်းစာမှာလည်း ကြေငြာတာမတွေ့ဘူး။ ခွင့်ပြုချက် တွေ ဘယ်လိုယူသွားလဲ ဆိုတာလည်း စိတ်ဝင်စားစရာဘဲ။

  • nature

    August 7, 2011 at 2:55 pm

    ဒေါ်အောင်ဆန်းစုကြည်ကို တတိုင်ပြည်လုံးက လေးစားချစ်ခင်ကြတယ်ဆိုတာကိုတော့ သံသယ မရှိပါဘူး။

Leave a Reply