Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒေါ်လာဈေးမျာ ကျဆင်း …. ဒေါ်လာစားများ …..

fattyMay 30, 20111min53163

ဒီကနေ့ပေါက်ဈေးအရ ဒေါ်လာ အရောင်း ၈၀ဝ ၈၀၅ ကျပ်ဘဲရှိပါတော့တယ်။ဒေါ်လာစားများ
ငြီးကုန်ကြပါပြီ …။ဟိုတယ်ခ လေယာဉ်လက်မှတ်ခတွေကလည်း ဒေါ်လာနဲ့ မရောင်းချင်ကြ
တော့ပါဘူး ..။ BC ကတော့ ကြိုပြီးကာထားပါတယ် …။ ကျောင်းသားများ စာမေးပွဲကြေးတွေ
သွင်းရလွယ်အောင်ဆိုပြီး မြန်မာငွေနဲ့ပြောင်းပြီး လက်ခံပါတယ်တဲ့ ..။ ဈေးများဆက်ပြီး
ကျအုန်းမယ်လို့စီးပါွးရေး ကျွမ်းကျင်သူများက ဆိုပါတယ် .။ ဈေးနှုန်းများဒိထက်ဒိထက်ပိုကျလာရင် … ဘယ်လိုရိုက်ခတ်မှုမျိုးများဖြစ်လာနိုင်ပါသလဲ ..။

63 comments

  • eros

    May 30, 2011 at 12:43 pm

    ဒါကတော့ နိုင်ငံတကာက ကျတဲ့နှုန်းနဲ့ ယှဉ်ကြည့်ရမှာပဲ အန်ကယ်ဖက်ရေ။ နိုင်ငံတကာ နှုန်းထက်ပိုကျနေရင် မြန်မာကုန်ပစ္စည်း ဈေးကြီးသွားသလို ဖြစ်တဲ့ အတွက် မြန်မာ့ကုန်ပစ္စည်းတွေ ရောင်းရတာ အဆင်မပြေနိုင်ပါဘူး။ အမေရိကန်ဒေါ်လာရသူတွေ၊ FEC ရသူတွေက လူလတ်တန်းစားဖြစ်လို့၊ လူလတ်တန်းစား တွေအသုံးအစွဲ ကျုံ့ရင် ပိုပြီး အရောင်းအဝယ် အဆင်မပြေနိုင်ပါဘူး။ ခရီးသွားလုပ်ငန်းမှာ မြန်မာပြည်က ကုန်ကျစားရိတ်ပိုကြီးလာသလိုဖြစ်လို့ ပိုသက်သာတဲ့ တခြားနိုင်ငံတွေဆီရောက်သွားမှာပါ။ နိုင်ငံတကာ အကူအညီတွေလည်း အများအပြားမကူညီတော့ဘူးထင်ပါတယ်။ နောက်တခုက အခု ဓာတ်ငွေ့ရောင်းရတာတွေက ဈေးနှုန်းအသေချုပ်ထားရင်တော့ ဝင်ငွေပိုလျော့လာမယ်လို့ထင်ပါတယ်။

    သွင်းကုန်တွေကတော့ ဈေးပေါပေါနှင့် သုံးနိုင်မည်ဖြစ်ပါကြောင်း။

  • ဆူး

    May 30, 2011 at 12:59 pm

    ၇၀ဝ လောက် အထိ ကျမယ်လို့ ကြားတာပဲ.. အခုနေတော့ မြန်မာငွေ ပဲ ကိုင်ထားတာ အခိုင်ဆုံး ဖြစ်ပါလိမ့်မယ်။ ရွှေလည်း အတက်အကျ သိပ်မရှိဘူး။ ရှိတာလေး ဘဏ်တိုးလေးနဲ့ စားရင်လည်း မဆိုးဘူး။
    မကြာခင် ကားဈေးတွေ တက်တာ ရပ်မယ်လို့ ထင်တာပဲ.. အဲဒီ အချိန်မှ ပိုက်ဆံ ထုတ်ပြီး ကားတွေ မြေတွေ ဝယ်ပေါ့။

  • nature

    May 30, 2011 at 2:24 pm

    တဒေါ်လာတရာဖြစ်တော့မှကမ္ဘာပတ်ပစ်လိုက်မယ်။ 🙂

    • rabbit

      May 31, 2011 at 8:29 am

      ရက်ရက်စက်စက် ပြောထွက်ရက်လိုက်တာ .. တစ်ဒေါ်လာ တစ်ရာဆို သေဖို့ပဲရှိတော့တယ် .. ဖွဟဲ့ စိတ်ပုပ်လိုက်တာတော်

      • nature

        May 31, 2011 at 11:23 am

        ကျနော်မျိုးကြီးသေသင့်ပါတယ်၊ ဒေါ်လာဈေးကျတာကျနော်လည်းခိုက်တာပဲ။

  • padonmar

    May 30, 2011 at 2:28 pm

    သွင်းကုန်တွေကလည်း လိုင်စင်အခက်အခဲ၊ကြားအဆင့်ဆင့်ပေးရတဲ့ transition cost တွေများနေလို့ ထင်သလောက်မကျပါဘူး။
    အဓိက ငွေဈေးကျရတာ ကျောက်မျက်နဲ့ ရွှေ ကြောင့်လို့သိရပါတယ်။ မြေထဲက သယံဇာတက တစ်ခါ ထုတ်ယူလိုက်ရင် နောင်နှစ်ပေါင်းထောင်ချီပြီးပြန်မပြည့်လာတော့ပါဘူး။အဲဒီလိုပစ္စည်းတွေက တစ်နှစ်တစ်ခါ စိုက်ပျိုးပြီး နှစ်စဉ် ဝင်ငွေရစေတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေရဲ့ ဈေးနှုန်းတည်ငြိမ်မှုကို ခြိမ်းခြောက်နေပါတယ်။
    ပို့ကုန်တွေ (ရေထွက်ကုန်၊လယ်ယာထွက်ကုန်တွေ)(ကျောက်မျက်နဲ့ ရွှေမပါ)ကလည်း ငွေလဲနှုန်းနဲ့လိုက်ကျတော့ လယ်သမားယာသမားတွေ ငိုရတဲ့နှစ်ပါပဲ။
    လာနီညာက နှောက်ယှက်လို့ သီးနှံတွေကလည်း မိုးထိ အရည်အသွေးကျ ဈေးကောင်းမရ ဒီနှစ်မှ ဘဝမပျက်ရင် ဘယ်နှစ်မှမပျက်တော့ဘူးလို့တောင်ပြောနေကြပါတယ်။

  • hmee

    May 30, 2011 at 2:58 pm

    အမလေး ရက်စက်လှချည်လား nature ရဲ့။ တဒေါ်လာတရာတဲ့။ ရှိတာလေးနဲ့ ဘာမှလုပ်မရ ဖြစ်တော့မှာမို့ သနားပါဦး။

    • nature

      May 30, 2011 at 3:20 pm

      ရီလိုက်ကတာအူကိုလှိမ့်နေတာပဲ hmee ရေ၊ ကျနော်က ကမ္ဘာမပတ်ဖြစ်ကြောင်း သွယ်ဝှိုက် ပြောတာပါ၊ တမျိုးမထင်ပါနဲ့။

  • kai

    May 30, 2011 at 7:54 pm

    နိုင်ငံခြားကနေ… အပ်ကနေ.. လေယဉ်ပျံအထိ.. အချိုမှုန့်ကနေ.. စားသုံးဆီအထိ… တင်သွင်းနေတာကနေ…။
    ကုန်ထုတ်စွမ်းအားနဲ့ ကုန်ထုတ်လုပ်မှု တက်စေတဲ့.. စက်ပ္စည်းနဲ့ကုန်ကြမ်းတွေ.. အဓိကတင်သွင်းပြီး.. ကုန်ထုတ်လုပ်တဲ့နိုင်ငံဖြစ်အောင် ခြေလှမ်းစလှမ်းသင့်တယ်..။

    ဗမာငွေ တက်ရင်..တိုးရစ်ဇင်က..ကျမှာပဲ..။
    ဒါကိုလည်း သတိထားကြရမယ်..။

  • sadabawa

    May 30, 2011 at 10:49 pm

    ဒေါ်လာဈေးမျာ ကျဆင်းတာ ဘိန်း ထွက်တဲ့ ရာသီ ဖြစ်လို့ပါ။ ဘိန်း Export ကောင်းတယ်ထင်တယ်။

  • MaMa

    May 31, 2011 at 12:38 am

    ဒီဇင်ဘာမှာ ဒေါ်လာဈေးကျတာ ဘိန်းထွက်ကောင်းလို့လို့ ကြားဖူးပါတယ်။ ဟုတ်လားမသိ။

  • etone

    May 31, 2011 at 1:43 am

    ဒေါ်လာဈေး ခွက်ထိုးလန်အောင် ကျနေတော့ အတော်စိတ်ညစ်နေရပြီ 🙁

  • Snowy

    May 31, 2011 at 3:30 am

    ဒေါ်လာဈေးတင် မဟုတ်ဘူး … စလုံးဈေးတွေလည်း ကျလိုက်တာ
    မတက်တာဆိုလို့ လစာပဲရှိတယ် … တက်နေတာကတော့ ကုန်ဈေးနှုန်းပါ 🙁

    • နွယ်ပင်

      May 31, 2011 at 3:50 am

      ဟုတ်ပ ဘာဈေးတွေဘယ်လောက်ကျကျ ကုန်ဈေးနှုန်းကတော့ ဘယ်တော့မှမကျပါ
      ဒီလိုပဲ ကုန်ေျစးနှုန်းဘယ်လောက်တက်တက် လစာကတော့ တက်မလာပါဘူး ….:(

  • PinkCandy

    May 31, 2011 at 4:22 am

    တော်သေးတယ် ဈေးတွေကျပြီးကတည်းက ရုံးက 1FEC ကို ၁၀၀ဝကျပ်နဲ့ ဈေးဖြတ်ပြီးလစာပေးလို့ပေါ့
    ဒါပေမယ့် တစ်ယောက်မဟုတ်တော့ သူတို့လဲဘယ်လောက်ထိတောင့်ခံနိုင်မလဲမသိသေးဘူး 🙁

  • photwenty

    May 31, 2011 at 6:37 am

    ဒေါ်လာဈေးဘာကြောင်.ကျရတာလဲဗျာ?
    မြန်မာငွေဈေးမာလာလို.လား?
    အရှေ.အလယ်ပိုင်းအရေးတွေကြောင်.လား?
    ရေနံကြောင်.လား?
    why? why?why?

    • kai

      May 31, 2011 at 7:15 am

      သမ္မတသစ်ကြီးက.. တရုပ်ဆီက..ဒေါ်လာသန်းပေါင်း ၇၆၅ အကြွေးယူလာတာကိုး..။
      ဆိုတော့…
      ပညာရေးနဲ့..ကျမ်းမာရေးကဏ္ဍတွေမှာ… တိုးသုံးနိုင်မယ်မျှော်လင့်ပါတယ်..။
      ကြည့်ရတာ.. လူထုအတွက်သုံးပေးမယ်ဆို… ဒေါ်လာဈေးဒီထက်ကျနိုင်မယ်ထင်တာပါပဲ..။
      ================
      http://uk.reuters.com/article/2011/05/27/china-myanmar-idUKL3E7GR26Y20110527

      Myanmar, China seal friendship with loan agreements

      Fri May 27, 2011 3:18pm BST
      (Adds Chinese company to make cars in Myanmar)
      By Ben Blanchard

      BEIJING May 27 (Reuters) – Myanmar and China sealed their friendship with loan and credit line agreements worth more than 540 million euros ($765 million) on Friday, as the former Burma’s new president praised the Chinese as a trustworthy, selfless ally.

  • photwenty

    May 31, 2011 at 6:39 am

    တောင်သူတွေစီးပွားပျက်ကပ် ဆိုက်တာပဲဗျာ

  • char too lan

    May 31, 2011 at 10:59 am

    ဒေါ်လာဈေးသာကျသွားတယ် သူနဲ့အတူတက်သွားတဲ့ ဟာတွေက ပြန်မကျပါလား
    ဘယ်လိုဟာတွေမှန်းကို မသိတော့ဘူး တောက်ညင်ကပ်ဒယ် 🙁

  • mayhtet

    May 31, 2011 at 12:33 pm

    ဟုတ်တယ်နော် chartoolan ပြောတာမှန်တယ်။ nature ပြောတာလဲမှန်သလိုလိုဘဲ 😛
    တစ်ဒါလာ တစ်ရာဆိုရင် မြန်မာငွေသုံးနေတဲ့သူတွေပျော်စရာကြီးပေါ့နော်။
    ဒါပေမဲ့နိုင်ငံခြားမှာ ငွေသွားရှာနေတဲ့ လူတွေတော့သနားတယ်။
    ညီမတော့မန်းလေးမှာ အင်တာနက်ဘေလ် ဆောင်ရတာ FEC နဲ့ဆိုတော့လဲ ပျော်သလိုဘဲ။
    စွမ်းဟိုတယ်မှာရုံးတိုင်ထားတယ်လေ။ အဲဒီကဝန်ထမ်းတွေ တစ်လကိုလက ဘယ်လောက်ရလဲတော့မသိဘူး အမြဲတမ်းချက်နေတာဘဲသိတယ်။ နက်လာဆောင်တဲ့သူတွေကို အားမနာဘူးလေ ထိုင်စောင့်ခိုင်းပြီး ဝန်ထမ်း တွေကအဝကြူနေတယ်လေ။ အဲဒါတော့မကောင်းဘူး အဲဒီကဝန်ထမ်းအကြီးအကဲကိုယ်တိုင်က ရောကချက်နေလို့နေမှာပေါ့ ကျန်တဲ့သူတွေကလဲအမြဲတမ်း ချက်နေတာလေ။ဟိုအရင်နှစ်တွေတုန်းက ဆိုရင်ဗမာ့ငွေနဲ့ဆောင်ခိုင်းရင် FEC တွေကဈေးတတ်နေတာ ဆိုပြီးမြန်မာငွေကိုပိုတောင်းတယ်လေ။ အပြင်ပေါက်ဆေးက 850ဆိုရင် သူတို့က 910လောက်တောင်းတယ်လေ။ အချို့ဝန်ထမ်းတွေက အကျင့်မကောင်းကြဘူး။ နောက်ပိုင်းရုံးကို တိုင်တဲ့သူများလာတော့ FEC နဲ့ဘဲဆောင်ခိုင်းတော့တယ် အဲဒါကိုသူတို့ကမကြိုက်ဘူး FEC ဆိုရင် ပစီပိတ်ဟိုတယ်မှာလဲ ညီမတို့ကတော့နားမလည်ဘူးပေးတဲ့အတိုင်းယူလာတယ်လေ။ ဟိုတယ်ကလည်းအကောင်းဘဲပေးလိုက်ပါတယ်။ အဲဒါကိုနက်ဘေလ်က လူတွေက အမျိုးမျိုးစစ်ကြည့် ပြီး အပြစ်ပြောချင်သေးတယ်။ သူတို့မယူရတော့လို့နေမှာပေါ့ ဒေါ်လာဈေးကျတော့ နက်ဆောင်ရတာ ပိုက်ဆံပိုသက်သာတယ်လေ ဟီးဟီး 😛

    • etone

      June 1, 2011 at 3:17 am

      ရွှေတိဂုံဘုရားမှာ နိုင်ငံခြားသားတွေကို တယောက်ငါးဒေါ်လာကောက်တယ်…။ ဒေါ်လာနဲ့ ပေးမယ်ဆိုတော့လည်း လက်မခံပဲ ….တစ်ဒေါ်လာ 1500 နဲ့ တွက်တောင်းတယ်…. ။

      • eros

        June 1, 2011 at 4:22 am

        ဟဲ့ ဟဲ့ အဲဒီလိုကြီးလား သောက်ရှက်တွေ ဗျန်းဗျန်းကွဲကုန်တော့မှာပဲ။ ဂိုက်တွေကိုတော့ နိုင်ငံလူမျိုးဂုဏ်သိက္ခာ ညှိုးနွမ်းစေသော ကိစ္စများ မပြုရဆိုပြီး ပြောထားပြီးတော့။

        • etone

          June 1, 2011 at 4:42 am

          အဲ့ဒီတော့ နိုင်ငံခြားသားက ပြောပါရော… ငါတို့ ချက်ချ်တွေ သွားလျှင် ဘယ်တုန်းကမှ ပိုက်ဆံမကောက်ဘူးတဲ့ … နင်တို့ ဘုရားလာတော့ ပိုက်ဆံကောက်တယ်တဲ့…..။ ဝင်ကြေးပေးရတယ်ဘာညာ ထဖြစ်ရော… ။ ဒါနဲ့ ပဲ နားလည်အောင် ရှင်းပြလိုက်ရပါတယ်….။ ဒါကို ဝင်ကြေးလို့ သဘောမထားပဲ ဘုရားကို လှူတယ်လို့ သဘောထား ဘာညာပေါ့… ။ ဘုရားပြုပြင်မွမ်းမံတဲ့ အခါ ကိုယ်လည်း အလှူပါတယ် …. နောင်ဘဝ ရွှေရောင်အဆင်းနဲ့ ပြည့်စုံတဲ့ အသားရောင်ဖြစ်မှာ ဘာညာ ရွှီးရတော့တယ် 😛

        • eros

          June 1, 2011 at 5:08 am

          နင်တို့ ဘုရားလာတော့ ပိုက်ဆံကောက်တယ်တဲ့…..။ ဝင်ကြေးပေးရတယ်ဘာညာ ထဖြစ်ရော… ။ ဒါနဲ့ ပဲ နားလည်အောင် ရှင်းပြလိုက်ရပါတယ်….။ ဒါကို ဝင်ကြေးလို့ သဘောမထားပဲ ဘုရားကို လှူတယ်လို့ သဘောထား ဘာညာပေါ့… ။ ဘုရားပြုပြင်မွမ်းမံတဲ့ အခါ ကိုယ်လည်း အလှူပါတယ် …. နောင်ဘဝ ရွှေရောင်အဆင်းနဲ့ ပြည့်စုံတဲ့ အသားရောင်ဖြစ်မှာ ဘာညာ ရွှီးရတော့တယ်

          အေးလေ ဒါကတော့ ဒါပေါ့ဆိုပေမယ့် ၅ ဒေါ်လာဆို ၅ ဒေါ်လာပဲကောက်ပေါ့။ အရင်ကလည်း FEC ၅ ပဲဖြစ်ဖြစ် ဒေါ်လာ၅ပဲဖြစ်ဖြစ် ယူနေတာပဲဟာကို။ မြန်မာငွေ ၁၅၀ဝ နဲ့ တွက်ပြီးပေးမှ ရမယ်က ဘာလို့လုပ်တာလဲ။ မြန်မာတွေ အရှက်တော့ကွဲပါပြီ။

          ထိုင်းတို့ ကမ္ဘောဒီးယားတို့ လည်း ဝင်ကြေး ပေးရတယ်ထင်တယ်။

  • nature

    May 31, 2011 at 4:01 pm

    ဒေါ်လာဈေးကျတာတနွယ်ငင်တစင်ပါဆိုသလို နိုင်ငံခြားနဲ့ဆက်သွယ်အလုပ်လုပ်တဲ့သူတွေ
    ဒေါ်လာစားဝန်ထမ်းတွေ သာမကတနိုင်ငံလုံးအနဲနဲ့အများ ခံစားကြရမှာပါ၊ export လုပ်တဲ့သူတွေ ဒေါ်လာဈေးကျတော့ ပြည်တွင်းကကုန်ပစ္စည်းတွေကိုဈေးချဝယ်၊ တောင်သူတွေလည်း ခိုက်တာပဲ၊ importer တွေက ဒေါ်လာဈေးကျတော့ဈေးထိမ်းရောင်း ၊ စားသုံးသူတွေလည်းခိုက်တာပဲ။

  • photwenty

    June 1, 2011 at 4:39 am

    မနွယ်ငင်ရင် မစင်ပါတယ်လို.တော.မပြောပါနဲ.ဗျာ:P
    ဟုတ်တော.လဲဟုတ်တာပဲနော်
    အခုဆို နွေကထွက်တဲ. ပဲမျိုးစုံဆိုရင် ဈေးတွေကိုကျတာများ အဝီစိတောင်ရောက်တော.မလားပဲ

    • MaMa

      June 1, 2011 at 2:04 pm

      importer တွေက ဒေါ်လာဈေးအကျ Trendဆိုပစ္စည်းတွေရှေ့ာပြီး ၁လ ၂လစာ ပဲဝယ်တယ်၊
      အတက် Trend ဆို ၆လ ၁နှစ်စာဝယ်တယ်၊ ဒီချိန်ဆမှုဟာလည်းသူတို့ရဲ့ပညာပဲ၊ မှန်းတာမှန်ရင်စားပြီး မှာရင်လျှော်ရတာပဲ။

  • hmee

    June 1, 2011 at 6:47 am

    အီးတုံးရေ ဒီမှာလည်း ကမ္ဘာကျော်နေရာတွေ သွားတာ ဝင်ကြေးမပေးရဘူး။ wailing wall တို့ ယေရှုနောက်ဆုံးညစာစားတဲ့ဘုရားကျောင်းနေရာ၊ ယေရှုနေခဲ့တဲ့ဘုရားကျောင်း၊ နှစ်ခြင်းခံခဲ့တဲ့ ဂျော်ဒန်မြစ်ကမ်းနေရာ၊ မယ်တော်မာရီရဲ့အိမ်၊ ယေရှုမွေးရာမြေအစစ် နေရာကအိမ် ၊မူစလင်တွေရဲ့ရွှေကျောင်း ဘယ်လိုနေရာသွားသွား မပေးရဘူး။ အဲ ပေးရတာ တနေရာပဲ ရှိတယ် ပင်လယ်သေရဲ့ ရွှံ့လူးလို့ရတဲ့နေရာ ဘယ်နေရာသွားသွား ဝင်ကြေးမပေးရဘူး။ နောက်တခု အိမ်သာတွေ တနိုင်ငံလုံး အခမဲ့ ဒါပေမဲ့ ကိုယ့်အိမ်က အိမ်သာထက်တောင်သန့်တယ်။ အမွှေးနံကို တော်တော်သုံးထားတာမို့ တခြား ဘာအနံမှ မရအောင် လုပ်ထားတယ်။ အိမ်သာသန့်ပါ့မလားလို့ သံသယ ဝင်စရာကို မလိုဘူး။ နောက်များရောက်ဦးမယ်ဆိုရင် ဓါတ်ပုံရိုက်ပြီး တင်ဦးမယ်။ အခုက လူတွေပုံတွေပါနေလို့။

    • etone

      June 1, 2011 at 7:17 am

      ဒါပေါ့ မမှီရေ…. အဲ့ဒါကြောင့်လည်း etone တို့ ဧည့်သည်က ကွန်ပလိန်းတက်တာ… ။ သူတို့က ယူရိုဒ်ကလေ …. ဘယ်သွားသွား ဘာမှ မပေးရဘူးဆိုပဲ ….။

      • eros

        June 1, 2011 at 7:31 am

        ပြောလိုက် ဒါက အရှေ့တောင်အာရှလို့။

      • eros

        June 1, 2011 at 7:32 am

        ပြောလိုက် ဒါက အရှေ့တောင်အာရှလို့။ ရောမရောက်ရင် ရောမလိုကျင့်ပါလို့ 😛

  • fatty

    June 1, 2011 at 8:00 am

    အညာကျေးလက်ဒေသက ဝိုင်းပေါင် အိမ်ပေါင် နွားပေါင် လှည်းပေါင် ပြီး သွားကြတဲ့သူတွေ
    အတွက် ရင်လေးမိပါတယ် ..။ သူတို့ငွေပြန်လွှဲတဲ့အခါအတော်လျှော့သွားပါတယ် ..။
    ငွေချေးထားတာတော်တော်နဲ့ မကျေနိုင်တော့ အတိုးကမနေဘူးလေ ..။ စ လုံးကလဲ ၆၅ဝ ရောင်းဈေး
    ဘဲဆိုတော့ …….။ ငွေပြန်လွှဲဘို့မလိုတဲ့သူတွေကတော့ ပြသနာသိပ်မရှိဘူးပေါ့ …………………။
    ငွေတန်ဖိုးဟသွားတာအပြင်လွှဲခကလဲပေးရသေးတာကိုး …။ မြန်မာပြည်က အမည်ခံ တိုင်းရင်းသားပိုင်
    ကုမ္ပဏီ တွေကတော့ လုပ်ငန်းကရငွေတွေနဲ့ ဒေါ်လာတွေဝယ်ဝယ်ပြီး ကိုယ့်နိုင်ငံကို ပြန်ပို့ကြတာ
    တခါတခါလွှဲရင် ၅ သိန်းနဲ့ ၁ဝ သိန်း ကြားလောက်ရှိတယ် ကျနော်သိသလောက်ပေါ့ ….။
    အိမ်သုံးလျှပ်စစ်ပစ္စည်း အကြီးစားတွေလဲ တချို့ ထုတ်မရောင်းကြတော့ဘူး ….။
    အဲ တချို့ကြပြန်တော့လဲ ထပ်ကျမဲ့ အရိပ်အယောင်ကြောင့် ပရိုမိုးရှင်းတွေနဲ့ အတင်းရောင်းထုတ်
    ကြတာကိုတွေ့ရပါတယ် …။ တွက်ကိန်းမှန်တဲ့သူ စားရမှာပေါ့လေ ..။

  • etone

    June 1, 2011 at 8:24 am

    ဒီအတိုင်းကြာလာလျှင် ပြည်ပကနေ အကျိုးတူရင်းနှီး မြှုပ်နှံသူတွေ …. လုပ်ငန်းရှင်ကြီးတွေ …. ပြန်လစ်ကုန်လျှင် ဘယ်လိုလုပ်မလဲ… ဒါမှမဟုတ် အလုပ်ခွင် ခဏပိတ်တာမျိုးလုပ်လျှင် ဒီက လေဘာတွေပဲ အလုပ်လုပ်မဲ့ ဖြစ်ကုန်တော့မယ်… ။

  • လင်းဝေကျော်

    June 1, 2011 at 11:08 am

    စိတ်ပျက်စရာပါပဲ။
    ဒီလောက်ဈေးတွေကျနေတော့ ဘာသွားလုပ်ရမယ်မှန်းတောင်မသိတော့ဘူး။

    • nature

      June 3, 2011 at 3:52 pm

      ကျပ်ပြန်ကိုင်ထားပေါ့။

  • pannu

    June 1, 2011 at 1:57 pm

    ကားဈေးကျတော့မယ် .အလယ်လတ်တန်းစားတွေမို့ စီးပါရစေ ၊

  • eros

    June 1, 2011 at 2:21 pm

    ယနေ့

    ၁ FEC = ၇၇ဝ ကျပ်
    ၁ဒေါ်လာ= ၇၈၅ကျပ်

    ဘုရားဘုရား ခေါင်းထဲမှာ မိုက်ခနဲပဲ။ မူးလိုက်တာနော်။ ဘုရား… ဘုရား ရင်ထဲကလည်း လှပ်လှပ်……
    လှပ်လှပ်……နဲ့
    (မှတ်ချက်။ ။eros ငွေလဲနှုန်းကြားပြီး ဖြစ်ပျက်သွားပုံ။)

    • eros

      June 1, 2011 at 2:27 pm

      ဟဲ့ဟဲ့ eros မူးလဲသွားပြီ။ လုပ်ကျပါဦး။

      ဟဲ့ နှာနှပ်လေ။ နှာနှပ်။

      ခြေမချိုးပါဦး။ ခြေမချိုး။ လေလေး ဘာလေးရအောင် ယပ်ခပ်ပါဦး။ ပြတင်းပေါက်နား သယ်သွား သယ်သွား။

      ဒီမှာ ဒီမှာ ရှုဆေးဘူး။ ဒီမှာလဲ သံပုရာသီးရှိတယ်ဟဲ့။

  • eros

    June 1, 2011 at 2:32 pm

    ဟဲ့ eros ဘာဖြစ်လို့လဲ။ ဒေါ်လာဈေး FEC ဈေးကြားပြီးမူးလဲသွားတာပဲ။

  • fatty

    June 1, 2011 at 2:49 pm

    CARDIVAS 6.25 ဆောင်ထားလိုက်ပါ ….။

  • unclegyi1974

    June 1, 2011 at 3:10 pm

    မြန်မာငွေကနေ့ချင်းညချင်းတန်ဖိုးတက်သွားလိုက်တာ
    မြန်မာငွေတကယ်မာလာတာလား
    အဒေါ်တန်ဖိုးကျသွားတာလား
    ဝယ်ထားတဲ့၁ဝထုပ်ဘာလုပ်ရမှာတုန်းပြောကြပါအုန်းအရပ်ကတို့ရေ

    • nature

      June 1, 2011 at 11:33 pm

      ဘာလုပ်ရမှန်းမသိရင် unclegyi1974 ရေ ကုသိုလ်လေးရပြီးကံဇာတာတွေတက်လာအောင်
      MG တွေ့ဆုံပွဲ မှာစပွန်စာ လုပ်လိုက်ပါလား။ 🙂

    • eros

      June 2, 2011 at 2:16 am

      ကမောက်ကမ ဖြစ်နေတာပါ အန်ကယ်ရေ။ နိုင်ငံတကာမှာ ဒီလောက် ဒေါ်လာက မကျပါဘူး။

  • MaMa

    June 2, 2011 at 1:10 am

    အန်ကယ်ကြီး ဘာလုပ်ရမှန်းမသိအောင် စိတ်ပူပန်သောက ရောက်နေရှာတယ်။ သောကတွေငြိမ်းသွားအောင် တူ တူမများက ဝိုင်းပြီး သောကထုပ်ကို ဖြေပေးပါ့မယ်။ ဝေသာပေးလိုက်ပါတော့။ ကိုယ့် အန်ကယ်ကြီးမို့နော် သူများတွေပေးတာဆိုရင် ယူချင်မှ ယူမှာ။ (မယူဘူးလို့ မပြောဘူး။) 🙂

  • etone

    June 2, 2011 at 4:01 am

    အစိမ်းတွေရှိနေလျှင် လက်ထဲခဏအောင်းထားဦးပေါ့…။
    အမြဲတမ်းတော့ ထိုးမကျနေပါဘူး ပြန်တော့ တက်ချိန်ရောက်ဦးမှာပါ… အဲ့ဒီအချိန်ထိ တောင့်ခံနိုင်ဖို့ပဲ လိုပါတယ် ။

  • Snowy

    June 2, 2011 at 12:17 pm

    ငွေဈေးထက်ကျ ဦးမယ်လို့ ကြားတာပဲ … နိုင်ငံတကာမှာ ကျတာပါ USD – SGD Exchange rate လဲကျတယ် တစ်ခါမှဒီလောက်မကျဖူးဘူး …
    ရန်ကုန်မှာကျောက်မျက်အရောင်းပွဲလုပ်ဦးမယ်ဆို … ဒေါ်လာတွေဈေးကွက်ထဲမှာပေါနေရင် ကျဖို့ပဲရှိပါတယ်
    တစ်ချို့ကမြန်မာငွေတန်ဖိုးတက်လာတယ်လို့ပြောတာပဲ … လက်ထဲမှာမြန်မာငွေကိုင်ထားတာ ပိုစိတ်ချရတယ် … ဈေးကွက်ကစားနေတဲ့လူများဆီကပြန်ကြားရတာလေးပါ။

  • padonmar

    June 2, 2011 at 3:14 pm

    pseudo deflation ပါ။မြန်မာငွေတန်ဖိုုး မာလာတာမဟုတ်ပါ။Consuming power ခေါ်တဲ့ ဝယ်လိုအားကျလာတာပါ။ ဝင်ငွေတွေကျပြီး ထွက်ငွေတွေကတော့ လျေ့ာ့မသွားတဲ့ အခြေအနေပေါ့။
    တော်တော်နဲ့လဲ ပြန်တက်လာမယ်မထင်တော့ အန်ကယ်ကြီးရေ ကုသိုလ်ရအောင် ဝေသာဝေလိုက်တော့။

  • fatty

    June 2, 2011 at 3:43 pm

    ဒီကနေ့ ၇၇ဝ ထိကျသွားပြန်ပြီနော် ……………။

  • zippo

    June 2, 2011 at 8:09 pm

    အင်းဂျ….ဒုက္ခ ပါပဲဂျာ…..
    သတ္တဝါတွေ ကျန်းမာ ချမ်းသာကြပါစေ*…..

  • kai

    June 3, 2011 at 1:03 am

    ယူအက်စ်မှာတော့.. ဒေါ်လာတန်ဖိုးရဲ့.. အဓိက ကစားသူဖြစ်တဲ့.. အစိုးရစာချုပ်တွေတန်ဖိုးက.. နိုင်ငံရေးအပေါ် တော်တော်များများတည်မှီပါတယ်..။
    ဥပမာ. အစိုးရက.. ဒါပြောရင်.. ဒီလိုဖြစ်မယ်မှန်းပြီး… ဈေးကတက်တယ်.။
    ဟိုလိုဖြစ်မယ်မှန်းပြီး.. စေးကကျတယ်ဖြစ်ပါတယ်..။
    ကုန်သည်တွေ..ငွေရှင်တွေရဲ့ စိတ်ကို ..ထင်ဟတ်စေတယ်ပဲဆိုပါစို့..။

    မြန်မာပြည်မှာ.. ကျပ်ငွေတန်ဖိုးကလည်း.. အစိုးရအပေါ်မှာ တည်မှီမှာ မလွဲပါဘူး..။
    ဆိုတော့…
    ကျပ်ငွေတန်ဖိုးတက်လာတာရဲ့အဓိပါယ်က… အစိုးရကို ယုံကြည်မှုတက်လာတယ်ပဲ.. ဆိုနိုင်ပါတယ်.။
    အခုအစိုးရသစ်လုပ်နေတာတွေကို.. အရင်ထက်စာရင် လူထုနဲ့..ပြည်ပနိုင်ငံတွေက.. ယုံကြည်မှုပိုလာတယ်ပဲ ထင်ပါတယ်..။

    စီးပွားရေးလုပ်ငန်းတွေ.. သွင်းကုန်တွေကို … တစုတဖွဲ ့က ..လက်ဝါးကြီးအုပ်ထားတာလျှော့နိုင်တာနဲ့အမျှ
    ပိုပိုကောင်းလာမယ်ထင်ရတာပဲ..။
    ဆိုတော့..
    ကျပ်ငွေတန်ဖိုးတက်တာ.. ကောင်းတာပါလို့..။ 🙂
    ( မန္တလေးဂေဇက်ပွိုင့်ပေးစံနစ်လည်း… ပြန်စဉ်းစားရဦးမယ်..။ ဒီအတိုင်းဆို… ပွိုင့်ကို.. ဒေါ်လာနဲ့ ချိန်ထားတာကောင်းမယ်ထင်တယ်..။ ၁ကျပ်တပွိုင့်အစား… ၁ဝပွိုင့် = ၁ပဲနိ(1cent) လုပ်ရမယ်ထင်တယ်..။)

    • nature

      June 3, 2011 at 3:37 pm

      သူကြီး၊ သူကြီးကိုမေတ္တာနဲ့free ပေးမဲ့ program က ပွိုင့်ကို ၁ကျပ်ကနေတဒေါ်လာပဲ
      ပြောင်းလို့ရတယ်၊ တပဲနိကိုပြောင်းလို့မရဘူး။ 🙂

  • photwenty

    June 3, 2011 at 2:35 am

    တိန် မကောင်းဘူးသူကြီးရေးးးးးးး

  • MaMa

    June 3, 2011 at 2:52 am

    ပွိုင့်ကို.. ဒေါ်လာနဲ့ ချိန်ထားတာကောင်းပါတယ်။ ၁ပွိုင့်= ၁ဒေါ်လာ ဆိုရင်ပေ့ါ။

    • etone

      June 3, 2011 at 9:19 am

      မမပြောတာထောက်ခံပါတယ်.. ရွာသူရွာသားတွေက အနစ်နာခံပြီး ဒေါ်လာဈေးကျနေချိန်မှာ ပွိုင့်ကိုလဲပေးပို့ ထောက်ခံပါတယ်တဲ့ … 😛

      • nature

        June 3, 2011 at 3:42 pm

        သူကြီးတက်သွားရင် မမနဲ့ etone မှာတာဝန်ရှိတယ်နော်၊ ဆရာဝန်တွေလည်းနှာနှပ်ဖို့ အသင့်ပြင် ထားပါ။

  • မမလေး

    June 4, 2011 at 4:56 am

    ဆရာဝန် အသင့်ခေါ်ထားပြီးပြီ တက်လို့ရပြီ 😛

  • nature

    June 17, 2011 at 7:05 pm

    သူကြီးနှင့် ရွာသားများ နှင့် hmee ဝမ်းသာဘွယ်၊ 18-6-2011 ဒေါ်လာဈေး 805-810 Kyats.

Leave a Reply