Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Bijliမုန်တိုင်း သတင်း ( Believe it or not , just got by gtalk)

etoneJune 2, 20111min41614

ကျမ gtalk ထဲကို အသိတယောက်က အောက်ကစာကြောင်းလေးတွေ ကူးပို့လိုက်ပါတယ်… ဖတ်ပြီးချက်ချင်းခေါင်းကြီးသွားခဲ့တယ်… ။ နာဂစ်ဒဏ်တုန်းက မရှူမလှခံခဲ့ရတာမို့ မုန်တိုင်းဆိုလျှင် အရိုးစွဲအောင် ကြောက်ပါတယ် … ။

——————

နောက်48Hours အတွင်းရခိုင် မန်းတလေး ရှမ်းပြည် ရန်ကုန်၊
နေပြည်တော်ကို Bijli မုန်တိုင်းoင်ရောက်ပါမည်….. .ဆက်လက်Forwardလုပ်ပေးပါ
ဘင်္ဂလားပင်လယ်အော် မှ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန် ဘီဂျလီ ( Bijli) ဟာ ၃၆ နာရီအတွင်း
ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံ ကို ဖြတ်ကျော်ဝင်ရောက်တိုက်ခိုက်လိမ့်မည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ရှိ ကုန်တွင်းပိုင်းကို ဝင်ရောက်တိုက်ခိုက် လျှင်
ပြင်အား တနာရီ ၇၅ မိုင်နှုန်းဖြင့် စနေနေ့ မှာ ဝင်ရောက်လာမှာဖြစ်ပြီး၊
တနင်္ဂနွေနေ့ထိ ပြင်းပြင်းထန်ထန် ဝင်ရောက်တိုက်ခိုက် လိမ့်မယ် လို့
ခန့်မှန်းပြောဆိုနေကြပါသည်။ ပင်လယ်လှိုင်းလုံးဟာ ၁၄ ပေထိ
မြင့်တက်လာဖွယ်ရှိနေတယ်လို့ ခန့်မှန်းပြောဆိုနေကြတယ်။ ဆိုင်ကလုန် ဘီဂျလီ (
Bijli) ဟာ ဘင်္ဂလားပင်လယ်အော် မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဖြတ်ကျော်ပြီး၊
မြန်မာပြည် ကုန်တွင်းပိုင်းတွေဆီ ထိပြင်းပြင်းထန်ထန် တိုက်ခတ်လိမ့်မယ်လို့
ဘင်္ဂလားဒေ့ရှ် မိုးလေဝသ ပညာရှင်တွေ ကို တွက်ဆ ခန့်မှန်းပြောဆိုနေကြတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရ မိုးလေဝသဌာနက ဘင်္ဂလားပင်လယ်အော် ကမ်းခြေတလျောက်တွင်ရှိသော
ငါးဖမ်း သင်္ဘောများ၊ ကုန်တင်သင်္ဘောများ၊ လူများကို သတိပေးထားပြီး၊ လုံခြုံတဲ့
နေရာတွေ ေ့ရွပြောင်းကြဖို့ ပြင်ထန်းစွာ သတိပေးထားပြီး၊
ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် စေတနာဖြင့် ကူညီပေးမဲ့လူပေါင်း ၄၃,၀၀ဝ ကို
အသင့်ပြင်ဆင်ထားတယ်လို့ ပြောဆိုခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ် ကယ်ဆယ်ရေး အဖွဲ့ ဟာ
လုံခြုံတဲ့ နေရာတွေကို ပြောင်းေ့ရွှဖို့ အခက်အခဲရှိနေကြသူတွေကို အလျင်အမြန်
သွားရောက်နေရာချထားပေးမှုတွေပြုလုပ်နေကြတယ်။ မြန်မာပြည်ရှိ
မုန်တိုင်းစက်ကွင်းဒေသများတွင်နေထိုင်နေကြသော ပြည်သူများကို အမြန်ဆုံး
ထိရောက်စွာ အကြောင်းကြား နှိုးဆော်ပေးကြဖို့ ကျနော်တို့ We Fight We Win မှ
စာဖတ်သူတွေကို မေတ္တာရပ်ခံ အပ်ပါသည်။ မုန်တိုင်း ကြိုတင် ကာကွယ်ရေး အချက်များ
မုန်တိုင်းအန္တရာယ်မှ ကြိုတင်ကာကွယ်ရေးအချက်များအား လိုက်နာကြရန်
နှိုးဆော်အပ်ပါသည်။ ပြည်သူများအားလုံးအနေဖြင့်လည်း အဆိုပါဒေသများမှ
ဒေသခံပြည်သူများထံ မုန်တိုင်သတင်းများနှင့် ကြိုတင်ကာကွယ်ရေးအချက်များ
ဝိုင်းဝန်းအကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ အခုချိန်မှ
စတင်ရေတွက်လျှင် မုန်တိုင်းအန္တရာယ်ကို ကာကွယ်ရန်အတွက် နာရီသုံးဆယ်လောက်
အချိန်ရသည်။ ထိုကြောင့် ပြည်သူ့များ၏ အသက်အိုးအိမ်စည်းစိမ်များကို
ကာကွယ်နိုင်ရန်အတွက် လူတိုင်းတွင် တာဝန်ရှိသည်။

 

message ရရချင်းခေါင်းကြီးပြီး သူငယ်ချင်းတွေကို အွန်လိုင်းကနေ အင်ဖမေးရှင်း ရှဲတယ်ပေါ့… ။ ဒါနဲ့ သူငယ်ချင်းတယောက်က လာပြောတယ်… နင့်ဟာက 2009ကြီးတဲ့ ဒီလင့်ကိုကြည့်ပါဆိုမှ …. အားပါး … ဟုတ်ပါရဲ့ …. ။ ဘယ်သူကများ လက်ကမြင်းပြီး လူတွေကို ဂယက်ရိုက်စေခဲ့ပါလိမ့်… ။ တကယ်မဟုတ်လို့ တော်သေးတယ်… ။ ကျမတောင် အတော်လေး စိတ်ပူသွားခဲ့မိတယ်… ။ `

14 comments

  • photwenty

    June 2, 2011 at 7:59 am

    ဟုတ်တယ် အဲ.ဒါက ၂၀၀၉ တုန်းကပါ

  • kai

    June 2, 2011 at 8:03 am

    တော်တော်ကို .. အစာမကြေ..ရင်ပြည့်ရင်ကယ်နေတာရှိတယ်…။
    အဲဒီမုန်တိုင်းအစုတ်ပလုပ်တွေက… ဝင်တော့မြန်မာပြည်.. ပေးလိုက်တဲ့အမည်တွေက..အိနိ္ဒယကချည်း…။
    နာဂစ်တဲ့..၊ ဂီရိတဲ့..။
    ဒါမျိုးက.. ဗေဒင်ယတြာအရလည်းမကောင်းဘူး..။ အတိတ်နိမိတ်အရလည်းမကောင်းဘူး..။
    .. ကျွန်ဖြစ်နေသလိုပဲ..

    ဆိုတော့…
    နောက်များ.. မြန်မာပြည်ဖက်ဝင်မဲ့မုန်တိုင်းအခြေအနေဆိုရင်.. မြန်မာအမည်ပေး.. နလံမထူအောင်.. အောက်လမ်းရော..အထက်လမ်းရော..ဘေးလမ်းရော.. လမ်းအကုန်နဲ့..။ ဝိုင်းလုပ်ကြ..။

    • etone

      June 2, 2011 at 8:24 am

      ဟုတ်ပါ့သဂျီးရယ် မုန်တိုင်းနာမည်တွေက ကုလားနာမည်တွေချည်းဖြစ်နေတယ်…
      မြန်မာနာမည်ပေးလျှင် ပ္ပါယ်ဆင့်တွေပါမှာဆိုးလို့ ထင်တယ် 😛

  • manawphyulay

    June 2, 2011 at 8:17 am

    လန့်သွားတော့လည်း ခြောက်နေကြတာပေါ့ အဟောင်းတွေလည်း ဖော်ဝေါ့တွေပြန်ပြန်လုပ်တော့ လူတွေကလည်း ဒါပဲ လည်နေတာ တကယ် ကျား ကျားဆို မကြောက်တော့မှာတောင် စိုးရတယ်။

  • ဆူး

    June 2, 2011 at 11:20 am

    မုန်တိုင်း နာမည် ကုလား နာမည် ဖြစ်ရခြင်း အကြောင်းက ပင်လယ်ထဲမှာ မုန်တိုင်း ဖြစ်တာ ပထမဆုံး တွေ့တဲ့ နိုင်ငံက နာမည်ပေးလိုက်တာပါ။
    ကုလားနာမည် ဖြစ်တာ သူတို့ အရင်တွေ့လို့ သူတို့ ပေးတဲ့ နာမည်ကို ဆက်ခံရတာပါ။
    မာလာမုန်တိုင်း ဆိုတာ ကြားဖူးမှာပေါ့.. ဒါကတော့ မြန်မာ ဘက်မှာ သီးသန့် ဖြစ်ပြီး မြန်မာက လူတွေ အရင်ဆုံး မြင်ပြီး ပေးလို့ရလို့ မာလာ ဆိုတဲ့ နာမည်လေး ရသွားတာပါ။
    မြန်မာ နာမည် ဖြစ်စေချင်ရင်တော့ မြန်မာတွေ အရင်ဆုံး မုန်တိုင်း ဖြစ်နေတာ သိပါစေလို့ သာ ဆုတောင်းလိုက်ပါ သဂျီးရေ…

  • nefertiti

    June 2, 2011 at 3:12 pm

    ိအဲဒီမုန်တိုင်းကအဟောင်းကြီး…အသစ်မဟုတ်ဘူး….

  • padonmar

    June 2, 2011 at 7:28 pm

    မုန်တိုင်းးအကြောင်း ဦးထွန်းလွင် ရေးတာ ဖတ်ဖူးတာကတော့ မုန်တိုင်းနာမည်တွေက ဒီအိနိ္ဒယ သမုဒ္ဒရာ အတွက်ဆို ဒီပတ်ဝန်းကျင်က နိုင်ငံတွေက အလှည့်ကျနာမည်ပေးရတာပါ။နာမည်ကလည်း အဆင်သင့် ရွေးထားပေးရပါတယ်။ နောက်ပြီး Alphabet အစဉ်အတိုင်းပေးသွားတာပါ။ဒါကြောင့် မုန်တိုင်းနာမည်ကြည့်ရင် ဒီနှစ်အတွက် ဘယ်နှစ်ခုမြောက်လဲဆိုတာ သိနိုင်ပါတယ်။
    မုန်တိုင်းမြင်မှ လုပြီးနာမည်ပေးရတာမဟုတ်ဖူးလို့ သိထားပါတယ်။

  • photwenty

    June 3, 2011 at 3:29 am

    ဟုတ်တယ်မမဆူးရေ
    မုန်တိုင်းနံမည်တွေကို အရှေ.တောင်အာရှရဲ. ကမ်းရိုးတန်း နိုင်ငံတွေမ အလှည်.ကျစနစ်နဲ. ပေးရတာလို.ကျနော်တို.လဲသိထားတာပါ
    ကံဆိုးချင်တော. ကျနော်တို.နိုင်ငံထဲကို ဝင်တဲ.မုန်တိုင်းတွေက ကုလား နိုင်ငံတွေပေးတဲ.အလှည်.နဲ.တိုက်ဆိုင်နေတာပါဗျာ

    • kai

      June 3, 2011 at 8:09 am

      အစိုးရရော..မီဒီယာတွေကရော.. ကိုယ့်နိုင်ငံထဲဝင်လာရင်.. အရင်သူများပေးတဲ့နံမယ်ဘေးချိပ်.. ကိုယ်ကြိုက်တဲ့နာမယ်ပြောင်းပေးလိုက်ပေါ့..။
      မိုးနတ်မုန်တိုင်းမင်းကို.. နာမ်နှိမ်တဲ့အနေနဲ့.. ဖွတ်ချက်(၁)..ဖွတ်ချက်(၂)..စသဖြင့်ပေးပေါ့..။

  • mnoe

    June 3, 2011 at 6:08 am

    ပြည်သူများ၏ စိတ်လုံခြုံရေးနှင့် မလိုလားအပ်သောပူပန်ရမှုများကို
    ကာကွယ်နိုင်ရန်အတွက် လူတိုင်းတွင် တာဝန်ရှိသည် …. ဟု ဖြည့်စွက်ချင်ပါသည်။ (ဒီပို့စ်လေးတင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆူးရေ၊ တို့လည်းဒီ FD မေးဟောင်းကြီးကို စိတ်ပျက်စွာနဲ့ ထပ်တလဲလဲ ပြန်ရနေလို့။ မသိတဲ့သူတွေက အဟုတ်ထင်ပြီးလန့်နေကြတာပေါ့။ )

  • mnoe

    June 3, 2011 at 6:11 am

    ပြည်သူများ၏ စိတ်လုံခြုံရေးနှင့် မလိုလားအပ်သောပူပန်ရမှုများကို
    ကာကွယ်နိုင်ရန်အတွက် လူတိုင်းတွင် တာဝန်ရှိသည် …. ဟု ဖြည့်စွက်ချင်ပါသည်။ (ဒီပို့စ်လေးတင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် etone ရေ၊ တို့လည်းဒီ FD မေးဟောင်းကြီးကို စိတ်ပျက်စွာနဲ့ ထပ်တလဲလဲ ပြန်ရနေလို့။ မသိတဲ့သူတွေက အဟုတ်ထင်ပြီးလန့်နေကြတာပေါ့။ )

  • mnoe

    June 3, 2011 at 6:22 am

    ဆောရီးနော်။ ပထမအခေါက်မှာ နာမည်မှားရိုက်မိလို့ ကမန်းအတန်းပြန်ပြင်တာ မမီလိုက်ဘူး။ ကွန်နက်ရှင်က အဲလို။ ဝင်ချင်တော့လည်း ချက်ချင်း။

  • natthamee

    June 3, 2011 at 7:15 am

    ဟူးးးးးးး ဖတ်ပြီးရင်ပူသွားတာပဲ။ နောက်မှ … 🙂

Leave a Reply