ကွင်းပြင်ကျယ် နဲ့ တဲစုစု
မြစ်ငယ်ကနေစစ်ကိုင်းသွားတဲ့ဖြတ်လမ်းမှာ တပြန့်တပြောကြီးရှိနေတဲ့ကွင်းပြင်ကြီးထဲမှာ သက်ကယ်မိုးထားတဲ့ တဲအိမ်စုစုလေးတွေကို ချစ်စဖွယ်တွေ့ရပါတယ်။
မြို့ထဲမှာ အိမ်နေရာလေး တစ်ပေနှစ်ပေအတွက် စိတ်လေနေရချိန်မှာ
မြက်ခင်းတွေ သစ်ပင်တွေကြားထဲမှာရှိနေတဲ့ တဲလေးတွေကြည့်ရတာ စိတ်ထဲမှာလွတ်လပ်သွားသလိုပါဘဲ။
ကဲဒီလိုနေရာမျုးိ ကို သွားနေမကြည့်ချင်ဘူးလားဗျာ။
မြေအပိုင်လား ဂရမ်ပေါက်ပြီးသားလား လယ်မြေလားတော့ လာမမေးနဲ့ မသိဘူးနော်။
တဲလေးတွေကတော့ ရှိနေတာအမှန်ပါဘဲ။
4 comments
manawphyulay
June 4, 2011 at 3:45 am
ခုမှပဲ ရှုခင်းတွေကို သေသေချာချာ ကြည့်ရတော့တယ်။ ခုလိုကြီးကြီးလေးတင်ပေးပါ လေးပေါက်ရ… စိမ်းစိုနေတာပဲနော်…
good
June 4, 2011 at 3:54 am
အဲဒီ ကွင်းပြင် ကျယ် မှာ ဘာ သီး နှံတွေ စိုက် ပျိုး ဖြစ်ထွန်း လဲ မသိဘူးနော်။
ပုံထဲ က အနီးကပ် မြင် ရ တဲ့ အပင် တွေ ကတော့ စိုက်ပျိုး လို့ ဖြစ်ထွန်းနေ တဲ့ အပင် တွေ မဟုတ် သလို ဘဲ။
ကိုယ်ကပဲ မသိတဲ့ အပင်အမျိုးအစား ဖြစ်နေမလားတော့ မသိဘူး။
မမလေး
June 4, 2011 at 4:07 am
ချမ်းသာတဲ့သူတွေကအေးဆေးပဲ … အဲ့လို တဲလေးတွေနဲ့ ဆင်းဆင်းရဲရဲနေကြတာ မြင်ရတော့ သနားတယ် … ဗိုက်ဝနေတဲ့သူ တစ်ယောက်က ဆာလောက်နေတဲ့သူရဲ့ ဆင်းရဲခြင်းကို နားမလည်ဘူးတဲ့ …
ကိုပေါက်(မန္တလေး)
June 4, 2011 at 6:13 am
မမလေးရေ
ကျနော်ကတော့ အလုပ်ပိတ်ရက်အချိန်ရရင် မြို့အပြင်ထွက်လည်ပါတယ်။
ကျနော်တု့ိဖက်တွယ်နေရတဲ့ မွန်းကျပ်လှောင်ပိတ်နေသောနေရာကနေ လွတ်လပ်ကျယ်ပျံ့တဲ့နေရာလေးကို ခဏထွက်ပြေးတယ်ပေါ့။
ကျနော်က သူတို့ရဲ့ အေးချမ်းတဲ့ဘဝလေးကို သဘောကျလို့ နေချင်စိတ်ပေါက်သလို သူတို့ကလဲ ကျနော်တို့လိုမြို့မှာနေချင်ကြမယ်ထင်ပါရဲ့။
ဘာလို့လဲဆိုတော့ မြို့ရဲ့ဒုက္ခကို မခံစားရဘူးသေးတော့ သူတို့ က မြိုမှာ့နေချင်မယ်။
တောကဒုက္ခကို မသိတဲ့ကျနော်တို့က တောကိုနေချင်တယ်။
လောက ကြီးမှာဒီလိုပါဘဲ တစ်ယောက်ကို တစ်ယောက် အားကျနေကြရင်းနဲ့ ဘဲ…………………………..