မဇ္ဈိမနိကာယ် – မူလပဏ္ဏာသပါဠိတော် မြန်မာပြန် -၂ – သီဟနာဒဝဂ် – ၃ – မဟာဒုက္ခက္ခန္ဓသုတ်
ကာမတရားတို့၏ သာယာဖွယ် ကာမဂုဏ်ငါးပါး တို့သည် အဘယ်တို့နည်းဟူမူ လိုချင်ဖွယ် နှစ်သက်ဖွယ်
မြတ်နိုးဖွယ် ချစ်ဖွယ် သဘောရှိ၍ ကာမ ရာဂ နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ် ဖြစ်သော
စက္ခုဝိညာဏ်ဖြင့် သိရသော အဆင်း၊ ရူပါရုံ ( ၁ )
သောတ ဝိညာဏ်ဖြင့် သိရသော အသံ။ သဒ္ဒါရုံ ( ၂ )
ဃာနဝိညာဏ်ဖြင့် သိရသော အနံ့။ ဂန္ဓာရုံ ( ၃ )
ဇိဝှါဝိညာဏ်ဖြင့် သိရသော အရသာ။ ရသာရုံ ( ၄ )
ကာယဝိညာဏ်ဖြင့် သိရသော အတွေ့ အထိ။ ဖောဋ္ဌာဗ္ဗာရုံ အတွေ့ အထိ ( ၅ ) တို့တည်း။
ဤကာမဂုဏ် ငါးပါးတို့ကို စွဲ၍ ဖြစ်ပေါ်လာသော ချမ်းသာခြင်း ဝမ်းမြောက်ခြင်းသည် ကာမတရားတို့၏ သာယာဖွယ်တည်း။
ထို ကာမ တရားတို့၏ ထွက်မြောက်ရာသည်
ကာမတရားတို့ ၌ လိုချင် တပ်မက်မှုကို ဖျောက်ခြင်း လိုချင် တပ်မက်မှုကို ပယ်ခြင်းသည် ကာမ တရားတို့၏ ထွက် မြောက် ရာပင်ဖြစ်ပေတော့၏။
အကြင် မည်သူမဆို ဤသို့ ကာမ တရားတို့၏
သာယာ ဖွယ်ကိုလည်း သာယာဖွယ် အားဖြင့်
အပြစ်ကိုလည်း အပြစ် အားဖြင့်
ထွက်မြောက်ရာ ကိုလည်း ထွက်မြောက်ရာ အားဖြင့် ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ မသိကုန်။
ထို့ကြောင့် ထိုသူတို့အား အမှန်စင်စစ် ကိုယ်တိုင် သော်လည်း ကာမ တရားတို့ကို ပိုင်းခြား၍ သိကြလိမ့်မည်၊
သူတစ်ပါးတို့ကို သော်လည်း ကာမတရား တို့ကို ပိုင်းခြား၍ သိကြောင်း အကျင့်ကို ဆောက်တည် စေကြလိမ့်မည် ဟူသော အကြောင်းသည် မရှိနိုင်ပေ။
အကြင် မည်သူမဆို ဤသို့
ကာမ တရားတို့၏ သာယာ ဖွယ်ကိုလည်း သာယာဖွယ် အားဖြင် ့
အပြစ်ကိုလည်း အပြစ် အားဖြင့်
ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာ အားဖြင့် ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏။
ထို့ကြောင့် ထိုသူတို့အား အမှန်စင်စစ် ကိုယ်တိုင် သော်လည်း ကာမ တရားတို့ကို ပိုင်းခြား၍ သိကြလိမ့်မည်၊
သူတစ်ပါးကို သော်လည်း ကာမ တရားတို့ကို ပိုင်းခြား၍ သိကြောင်း အကျင့်ကို ဆောက်တည် စေကြလိမ့်မည် ဟူသော အကြောင်းသည် ရှိသည် သာတည်း။
ရုပ်တရားတို့၏ ထွက်မြောက်ရာသည် အဘယ်နည်း။
ရုပ်တရားတို့၌ လိုချင်တပ်မက်မှုကို ဖျောက်ခြင်း လိုချင် တပ်မက်မှုကို ပယ်ခြင်းသည် ရုပ်တရားတို့၏ ထွက်မြောက်ရာတည်း။
လိုချင်ခြင်းသည် စိတ်၏ ညစ်ညူးကြောင်းတည်း
ပြစ်မှားခြင်းသည် စိတ်၏ ညစ်ညူးကြောင်းတည်း
တွေဝေခြင်းသည် စိတ်၏ ညစ်ညူးကြောင်းတည်း ဟု မြတ်စွာဘုရား ဟောတော် မူသော တရားတော်ကို သိပါသော်လည်း တစ်ရံတစ်ခါ
လိုချင်မှု တရားတို့သည်လည်း (ပကတိ) စိတ်ကို ကုန်ခန်း စေ၍ တည်ပါ ကုန်၏
ပြစ်မှားမှု တရားတို့သည်လည်း (ပကတိ) စိတ်ကို ကုန်ခန်း စေ၍ တည်ပါ ကုန်၏
တွေဝေမှု တရားတို့သည်လည်း (ပကတိ) စိတ်ကို ကုန်ခန်းစေ၍ တည်ပါ စေကုန်၏
သို့သော် အကြင်သူ၏ အဇ္ဈတ္တသန္တာန်၌ အဘယ် တရားကို မပယ်ရသေးသော ကြောင့် တစ်ရံ တစ်ခါ
လိုချင်မှု ပြစ်မှားမှု တွေဝေမှု တရားတို့သည် (ပကတိ) စိတ်ကို ကုန်ခန်း စေ၍ တည်ပါကုန် သနည်း ဟူမူ
( ဆိုလိုသည်မှာ မြတ်စွာဘုရားရှင်တော်၏ တရားတော်မြတ်တို့ကို သိ၍ တစ်ခါတစ်ရံ ကာမတို့တွင် မတက်မက်ဘဲ နောင်တွင် ပြန်လည်၍ တက်မက်သည်ကို ဆိုလိုပါသည် )
အကြင်သူ၏ သန္တာန်၌ လိုချင်မှု ပြစ်မှားမှု တွေဝေမှု တရားကို သာလျှင် မပယ်ရ သေးသောကြောင့်
ယင်းတရားတို့သည် အကြင်သူအား တစ်ရံတစ်ခါ စိတ်ကို ကုန်ခန်းစေ၍ တည်ကုန်၏။
အကြင်သူ၏ သန္တာန်၌ ထိုတရားသည် ပယ်ပြီး ဖြစ်ငြားအံ့၊ အကြင်သူသည် အိမ်ရာ တည်ထောင်၍ မနေရာ၊ ကာမတို့ကို မခံစားရာ။
အကြင်သူ၏ သန္တာန်၌ ထိုတရားကို သာလျှင် မပယ်ရ သေးသောကြောင့် အကြင်သူသည် အိမ်ရာ တည်ထောင်၍ နေ၏၊ ကာမဂုဏ်တို့ကို ခံစား၏။
အကြင် အခါ၌ ကာမတို့သည် သာယာဖွယ် နည်းပါး ကုန်၏၊ ဆင်းရဲဒုက္ခ များပြား ကုန်၏၊ ပြင်းစွာ ပင်ပန်းမှု များပြား ကုန်၏၊
ဤကာမ တရားတို့၌ အပြစ်သည်သာ အလွန် များပြား၏ ဟု မြတ်စွာဘုရား ၏ တပည့်သာဝကသည်
ဤကာမကို ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ကောင်းစွာ မြင်အံ့၊
ထိုသူသည် ကာမတို့ကို ကြဉ်၍ သာလျှင် အကုသိုလ် တရားတို့ကို ကြဉ်၍ သာလျှင် နှစ်သက်ခြင်း ချမ်းသာခြင်း ရှိသော ဈာန်ကို၊ သို့မဟုတ် ထိုဈာန်ထက် ငြိမ်သက်သော အခြား ဈာန်မဂ်ကိုလည်း ရအံ့
( ကာမတို့ကို မခံစားဘဲချမ်းသာစွာနေနိုင်ခြင်း )
ထိုအခါ ထိုသူသည် ကာမတို့၌ ပြန်လည်ခြင်း မရှိသူ ဖြစ်၏။
စိတ်၏ ဆူးငြောင့်ခလုတ် ငါးမျိုးတို့ကို မပယ်ရသေးသော စိတ်၏ အနှောင်အဖွဲ့ ငါးမျိုးတို့ကို မဖြတ်ရသေးသော မည်သူမဆို
ဤ မြတ်စွာဘရားရှင်တော်၏ သာသနာတော်၌ ကြီးပွား စည်ပင် ပြန့်ပြော ခြင်းသို့ ရောက်နိုင်ရာသော အကြောင်းသည် မရှိပေ။ အကြင်သူသည် –
မြတ်စွာဘုရား၌ ယုံမှား၏ ( ၁ )
တရား၌ ယုံမှား၏ ( ၂ )
သံဃာ၌ ယုံမှား၏ ( ၃ )
အကျင့် သိက္ခာ၌ ယုံမှား၏ ( ၄ )
သီတင်း သုံးဖော်တို့၌ အမျက်ထွက်၏၊ မနှစ်သက်၊ စိတ်နာတတ်၏၊ ဆူးငြောင့် ခလုတ်သဖွယ် ဖြစ်၏ ( ၅ )
အကြင်သူအား ကာမဝိတက် ကာမနှင့် စပ်သော ကြံစည်ခြင်း သည် ဖြစ်ပေါ်လာ၏။
ဗျာပါဒဝိတက် သတ်ဖြတ်လိုမှုနှင့် စပ်သော ကြံစည်ခြင်း သည် ဖြစ်ပေါ်လာ၏။
ဝိဟိံသဝိတက် ညှဉ်းဆဲမှုနှင့် စပ်သော ကြံစည်ခြင်း သည် ဖြစ်ပေါ်လာ၏။
ဤကြံစည်မှုတို့သည် မိမိ ဆင်းရဲခြင်း သူတစ်ပါး ဆင်းရဲခြင်း နှစ်ဦးလုံး ဆင်းရဲခြင်းငှါ ဖြစ်၏၊
ပညာကို တားမြစ်တတ်၏၊ ပင်ပန်း ဆင်းရဲခြင်း အဖို့လည်း ရှိ၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် မဖြစ်စေနိုင် ဟု အကြင်သူသည် ခွဲခြား၍ သိ၏။
ဤကြံစည်မှုတို့သည် မိမိ ဆင်းရဲခြင်း သူတစ်ပါး ဆင်းရဲခြင်း နှစ်ဦးလုံး ဆင်းရဲခြင်းငှါ ဖြစ်၏ ဟူ၍ ဆင်ခြင်သော အခါ
နေက္ခမ္မဝိတက် ကာမမှ ထွက်မြောက်မှု နှင့်စပ်သော ကြံစည်ခြင်း
အဗျာပါဒဝိတက် မသတ်ဖြတ်လိုမှုနှင့် စပ်သော ကြံစည်ခြင်း
အဝိဟိံ သဝိတက် မညှဉ်းဆဲမှုနှင့် စပ်သော ကြံစည်ခြင်း တို့ကို ဆင်ခြင်သောအခါ၌ အကြင်သူအား
ကာမဝိတက် ကာမနှင့် စပ်သော ကြံစည်ခြင်း
ဗျာပါဒဝိတက် သတ်ဖြတ်လိုမှုနှင့် စပ်သော ကြံစည်ခြင်း
ဝိဟိံသဝိတက် ညှဉ်းဆဲမှုနှင့် စပ်သော ကြံစည်ခြင်း တို့သည် ချုပ်ခြင်းသို့ ရောက်၏။
အကြင်သူသည် ဖြစ်တိုင်း ဖြစ်တိုင်းသော ကြံစည်ခြင်းတို့ ကို ပယ်စွန့်သည် သာတည်း၊ ပယ်နှုတ်သည် သာတည်း၊ ထိုကြံစည်ခြင်း တို့ ကို ကုန်ဆုံးအောင် ပြုခဲ့သည် သာလျှင်တည်း။
မဇ္ဈိမနိကာယ် – မူလပဏ္ဏာသပါဠိတော် မြန်မာပြန် -၂ – သီဟနာဒဝဂ် – ၃ – မဟာဒုက္ခက္ခန္ဓသုတ်
ဘာရယ်ဟုတ်ပါဘူးဗျာ သုံးပုံပိဋက တော်ကြီးကို ကူးချပြီး သဂျီးကို မွဲဆေးဖေါ်ကြည့်တာ 😀 😀 😀
3 comments
bigcat
June 4, 2011 at 2:46 am
စိတ်ရိုင်းစိတ်မိုက်တို့ကို ချည်တိုင်တည်းဟူသော နှာသီးဝတွင် အာနာပါနသတိဖြင့် ချည်နှောင်ထိန်းကွပ်ရ သကဲ့သို့ မိုက်ကယ်ဂျော်လကီအောင်ပုဆိုသော ကိလေသာတဏှာတုံးကြီးအားလည်း သံမဏိကြိုး၊ သင်္ဘောမနီလာကြိုးတို့ဖြင့် မလှုပ်နိုင်အောင် ခေါင်းမှခြေဆုံးအထိ တုပ်နှောင်ကြကုန်လော့…..
ဘဒ္ဒန္တဦးကြောင်ကြီး
မိုက်ကယ်ဂျော်နီအောင်ပု
June 4, 2011 at 3:18 am
အာဝုသော ဘန္တေ ဘဒ္ဒ န္တ ကိုကြောင်ကြီး
သံမဏိကြီုး၊ သင်္ဘောမနီလာကြိုးတို့ဖြင့်
မလှုပ်နိုင်အောင် ခြည်နှောင်ခြင်းခံရလေသော
အကြင်သူ၏ နှောင်ချုပ်ခံရမှုသည် ဤမည်သောတစ်ဘဝကိုသော်လည်းကောင်း
နှစ်ဘဝကိုသော်လည်းကောင်း ဆယ်ဘဝကိုမျှသာလျှင် တတ်နိုင်ရာပြီး
ကိလေသာတဏှာတို့၌တက်မက်ခြင်း အဝိဇ္ဇာတဏှာကြိုး၏
ခြင်နှောင်ခြင်းခံရပါမူ သံသရာ၌ မလွတ်ကင်းတော့ပြီ
ပုံ…
…..ဘဒ္ဒ န္တ မိုက်ကယ်ဂျော်နီအောင်ပု
agism
June 5, 2011 at 2:34 am
R Ma Ban Dae