တမ်းချင်း…..
ချစ်သူရေ……..
အရမ်းပျော်တာတွေထက် ပိုပြီး
ဝမ်းသခွတ်တွေ တက်ခဲ့ဖူးတယ်
အနည်ထိုင်နေတဲ့ ငါ့နှလုံးသားမှာ
မင်းစကားသံ ချိုချိုလေးတွေနဲ့
လှိုင်းတွေ ထန်ခဲ့ဘူးတယ်
မင်းနဲ့ စကားတွေ ပြောနေတဲ့ ခန
ငါ့ကိုယ်ငါ ပျောက်ဆုံးခဲ့ ဘူးတယ်
သိက္ခာတွေ မာနတွေ ခဝါချ
မင်းရှေ့မှောက် ဒူးထောက်ခဲ့ဘူးတယ်
အခုတော့လည်း
(မင်း အသံလေးမကြားရတော့တဲ့နောက်)
လွမ်းတာတွေထက်ပိုပြီး…..
အလွမ်း ငွေ့ရည်တွေ ဖွဲ့တယ်…
ရင်ထဲမှာ တအုံ့ နွေးနွေးနဲ့..
အလွမ်းမိုးတွေ ရွာတယ်…..
မင်း မသိနိုင်တဲ့
ဆေးခန်းလေး တစ်ခုရဲ့ ချောင်မှာ
ကြိတ်မှိတ်ပြီး ငိုတယ်…..
ငါကိုယ်တိုင် သူများတွေကို ကုပေးခဲ့ပေမယ့်
ငါ့ကို ကုပေးမယ့် တစ်ခုတည်းသော ဆေးက …..
( မင်းရဲ့ ဟဲလို ဆိုတဲ့ အသံလေးပဲဆိုတာ… တစ်လောကလုံး…. မသိကြဘူးတဲ့ကွယ်)
ကိုယ်ပိုင် ကဗျာလေးပါ…. မရေးတတ် ရေးတတ်နဲ့.. ခံစားရတဲ့ အတိုင်း.. ရေးကြည့်မိတာပါ.. အားလုံးကို ကျေးဇူးတင်လျက်….