မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး)၏ သဘောထားကြေညာချက် နေ့စွဲ – ၆.၆. ၂၀၁၁ မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေး)၊ မန္တလေးမြို့ ၁။ အဖိုးတန်သောလူ့အသက်များစွာကို ကယ်တင်ရသည့် ဆေးပညာရှင်ဆရာဝန်များအဖို့ို့ ဆေးပညာရှင်ဆရာဝန်တစ်ဦးအဖြစ် လူနာအများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်မှာ ဆေးပညာအတတ်ကို အောင်မြင်ပေါက်မြောက်စွာ တတ်ကျွမ်းပြီးဖြစ်သည်ဟု နိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံဆေးကောင်စီတို့က အသိအမှတ်ပြုရန် လိုအပ်ပေရာ ဆေးပညာရှင်များသည် ကောင်းမွန်စွာ လေ့လာဆည်းပူးထားသော အတတ်ပညာရှင်များ(Professionals)ဖြစ်ကြောင်း ထင်ရှားပါသည်။။ မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေး) သည် ဆေးပညာရပ်များကို အောင်မြင်ပေါက်မြောက်စွာ တတ်ကျွမ်းပြီးဟု အသိအမှတ်ပြုထားခြင်းခံရပြီးသောဖြစ်သော အဖွဲ့ဝင်ဆရာဝန် များ ဖြင့်ဖွဲ့စည်းထားသောအသင်းကြီးဖြစ်ပါသည်။ ၂။ ၂၀၁၁ခု၊ ဇွန်လ (၃)ရက်နေ့ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ(၃)၊ အမှတ် (၃၉) စာမျက်နှာ (၁၃) တွင်ဖော်ပြပါရှိသော ဆောင်းပါးရှင် သံလျက် ၏ “ဒီလိုဒီလိုရှိတယ် အိုဘယ့်ဆေးဆရာ” […]