Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လူနာတစ်ယောက်ကြည့်ခ ၅၀ဝ ကျပ်တိတိ

EndlessJune 10, 20111min66423

“ဟိုဘက်ဆေးခန်းမှာ လူနာ တစ်ယောက် ကြည့်ခ ငါးရာ ”  ကျွန်တော် မျက်လုံး ပြူးသွားသည်….   “ဟုတ်တယ်ဆရာ “…   “ခင်ဗျား ဘယ်လို လုပ်သိတာလဲ…”  “ကျွန်တော် ချောင်းဆိုးလို့ သွားပြတာ..  သောက်ဆေး ၃ ခွက် ပေးလိုက်တယ်… ပြီးတော့ ၅၀ဝ တောင်းလိုက်တယ်…”

” ဒါဆို ခင်ဗျား ကို ဆေးထိုးရင်ကော..  အသားဆေးဆိုရင်လေ… ”  ” ဟိုတစ်ခေါက်က တော့. ၈၀ဝ ယူလိုက်တယ်” ”အင်း”.. ”အကြော ဆေးထိုးရင်တော့ ၁၀၀ဝ ယူတယ် ”.. ”ကောင်းပါတယ်ဗျာ.. ”  ထို လူနာသည် ကျွန်တော့်ကို ဈေးလာဆစ်နေခြင်း ဖြစ်သည်… ”ဆရာ တောင်းသော ၁၅၀ဝ ဆိုတာ များသည်” ဟု ပါးစပ်က မပြောရုံတစ်မယ်… ပြောနေခြင်းဖြစ်သည်… ကျွန်တော် ဘာမှ ရှင်းမပြ ချင်တော့

ကျွန်တော် အတွေးတွေ ထဲမှာ စဉ်းစားစရာတွေ အများကြီးဝင်လာခဲ့သည်……

” ခြောက်နှစ်လုံးလုံး သင်လာတဲ့ပညာနှင့် လူနာ တစ်ယောက်ကို ဆေးကု တာနဲ့ ၅၀ဝပဲ တန်သည်လား ”

” ဆိုက်ကယ် တက်စီ ငှားရင်တောင်မှ ၁၀၀ဝ ၁၅၀ဝ အနည်းဆုံး ပေးရသည်”

”လူနာတစ်ယောက်ကြည့်ခ… ၅၀ဝ ပဲတန်သလား .. ”

” ကွမ်းယာဆိုင်က စပ်ဆေးတစ်ထုပ် ဝယ်သောက်ရင်တောင်မှ.. ဆေးတစ်ခွက်ကို ၁၀ဝ ၂၀ဝ အနည်းဆုံးပေးရသည်… ”

တော်တော့် ကို ဝမ်းနည်းဖို့ ကောင်းပါသည်… လူနာအတွက် စေတနာ ထားပြီး အကောင်းဖြစ်သော (တရုပ် မဟုတ်) ဆေးကို သုံးချင်ရင်တောင်မှ… ဒီ ဆရာဝန် အမြတ်ကြီးစားသည် အပြောခံရမှာ ဆိုးနေရသေးသည်…

ဒီလို အခြေ အနေတွေဟာ ကျွန်တော်တို့ လို ဂျီပီ ဖွင့်ကာစ ဆရာဝန် ပေါက်စတွေ ကြုံတွေ့ နေရတဲ့ အခြေ အနေ အမှန်တွေ ဖြစ်သည်…

နောင်တစ်ချိန် ကိုယ့် အငယ် junior တွေက ” အစ်ကိုတို့ ခေတ်က ယူခဲ့တဲ့ ဈေးတွေကြောင့် ကျွန်တော်တို့ လက်ထက်မှာ… ၅၀ဝ ထက် ပိုတောင်းခွင့် မရှိတော့ဘူး” လို့ စောဒက တက်လာလျှင် ကျွန်တော့မှာ ပြန်ဖြေစရာ မရှိပါ……

(Marketing မှာ Strategy တွေ အမျိုးမျိုး ရှိသည့် အနက်… Pricing strategy လည်း တစ်ခု အပါအဝင်ဖြစ်သည်… သို့ပေမယ့်… ကိုယ်ဈေးလျှော့လိုက်သည့်အတွက်… ကိုယ့် professional တစ်ခုလုံးကို ထိခိုက်မယ့် အခြေအနေမျိုးဆိုရင်တော့ ရှောင်သင့်သည်ဟု မြင်ပါသည်…  ကိုယ့်အတွက်လည်း… ရေရှည် အကျိုးရှိနိုင်မည်… မထင်ပါ…  ကိုယ်က ဈေးသက်သာလို့ ကိုယ့်ဆီလာတာမှန်ပေမယ့်… ကိုယ်လည်း ရေရှည်မှာ တွက်ခြေကိုက်ဖို့ မရှိပါ ၊ နောက်ထပ် ထည့်ပြီး စဉ်းစားသင့်သည့် အချက်က… ကိုယ့် Image ဖြစ်ပါသည်… မာစီးဒီး နှင့် တရုပ်ကား ကွာသလို၊ အိုင်ဖုန်းနဲ့… Huawi ကွာသလို ကိုယ်က ဘာဖြစ်ချင်သလဲ စဉ်းစားကြည့်ဖို့တော့ လိုပါလိမ့်မည်…) (ကွာလတီနှင့် ဈေးနှုန်း… တိုက်ရိုက် အချိုးကျပါသည်)

ကိုယ့်ကြောင့် လူနာ တစ်ခုခု ဖြစ်လို့…  လျှော်ရတော့မည်ဆိုလျှင်…. အနည်းဆုံး လက်ထဲ မှာ ငါးဆယ်လောက် တော့ ရှိဖို့ လိုပါလိမ့်မည်… ဆရာဝန်ပေါက်စ တစ်ယောက် အနေနှင့် တစ်ရက်တစ်ရက် လူနာ ၁၅ ယောက်လောက် လာလျှင်ကို ပျော်နေရပါသည်…. တစ်ယောက်ကို ၅၀ဝ နှုန်းနှင့် တွက်ကြည့်ပါ… တစ်လကို ၃ သိန်း မှ အနိုင်နိုင်၊ ဒါတောင်မှ… Under Five နေ့တွေကလည်း တစ်လကို ငါးရက်လောက်တော့ ကြုံ ရပါဦးမယ်… Refer လုပ်ရမယ့် လူနာတွေလည်း… ပါလာပါဦးမယ်… စာရင်းချုပ်ကြည့်ပါ… (……… )

ပိုစ့် တင်ကလည်း မခေါ်သေးပါ…. ပိုစ့်တင်ခေါ်ဖို့ တော်တော် လိုနေပါသေးသည်ဟု ကောလဟာလလား အမှန် လားတော့ မသိ ကြားနေရပါသည်…  (ဘွဲ့ ရပြီး… သုံးနှစ်ပြည့်ပါတော့မည်)

ဆရာကုပေးလိုက်တဲ့ လူနာလေ…  တော်တော် သက်သာသွားပြီ ဆိုတဲ့ အကြောင်း ပြန်လာပြောကြလျှင်တော့.. အတော့်ကို ပီတိဖြစ်ပါသည်… ဘာနှင့်မှ မလဲနိုင်ပါ… တစ်ခါ တစ်လေ… ဆရာလေးက အခေါ်ခံရသေးသည်.. ဘယ်လိုပဲဖြစ်ဖြစ် ပျော်ပါသည်… (ဆွမ်းဆန် မလောင်းလိုက်တာ ကံကောင်းသည်)

ကျွန်တော် နှင့် ဘဝတူ… ငယ်ငယ်ကတည်းက ပေါင်းသင်းခဲ့သော သူငယ်ချင်းများ တစ်ချို့… DSMA တက်ကြသည်… ငယ်ငယ်တုန်းကတော့ အပြိုင်အဆိုင် ကြိုးစားခဲ့သည်… တော်တော်များများမှာ ကျွန်တော် သာခဲ့သည်…… ဆယ်တန်း အောင်စာရင်းက အစ….

ဟို တစ်ရက်က သူငယ်ချင်း တစ်ယောက်က ပြောပြသည်… ” မင်း သူငယ်ချင်း MSc အောင် သွားပြီ… Medicine တက်တော့မယ်… ရန်ကုန်မှာ “…  ကျွန်တော် ဝမ်းသာပေးနိုင်ခဲ့ပါသည်…   ကိုယ့် သူငယ်ချင်း အတွက်ပေါ့…… သို့သော် ကျွန်တော် အရမ်း ဝမ်းနည်းပါသည်… ကျွန်တော် ဉာဏ်ရည်မမှီလို့လား ကိုယ့် ကိုယ်ကို မေးသည်… မဟုတ်ပါ… စိတ်မဝင်စားလို့ လား… မဟုတ်ပါ…  ကျွန်တော်က ယောင်ပေပေနှင့် ဆေးခန်းလေး တစ်ခုမှာ လူနာ ၁ဝ ယောက်လောက် လာဖို့ အရေး မျှော်နေချိန်မှာ… သူများတွေ MSc တက်နေကြပါပြီ……

ဘဝက တော်တော့်ကို ခါးပါသည်…  အငဲ ဆိုသလို … ခါး… ခါး… ခါး… လို့ အော်လိုက်ချင်ပါသည်…

ဒါကို… ဆရာဝန်တွေရဲ့ ဘဝ ပစ်မှတ်ထားပြီး တိုက်ခိုက်ချင်သူတွေ တွေ့ ရတော့… တော်တော် လေး စိတ်မကောင်း ဖြစ်ရပါသည်………

ဘယ်လိုပဲဖြစ်ဖြစ်ပါ… ကိုယ့် စေတနာ ကိုယ့် အကျိုးပေးသည်ဟု ယူဆထားပါသည်… ကိုယ် လုပ်နေသော အလုပ်ကို အကောင်းဆုံး စေတနာ အပါဆုံး လုပ်ပြီး… နေ့သစ်တွေဆီသို့ ဆက်လက် လျှောက်နေဦးမှာ တော့ အသေချာပဲ ဖြစ်ပါသည်……

(ကျွန်တော့် ပိုစ့်မှာ…  မည်သူ့ကိုမှ တိုက်ခိုက် လိုစိတ် မရှိပါ… ရင်ထဲက အရှိကို အရှိအတိုင်း ချရေးလိုက်ခြင်း ဖြစ်ပါသည်…… )

23 comments

  • windtalker

    June 10, 2011 at 5:19 am

    2002 ဆေးကျောင်းတက် သူများ အသုတ် ပေါ့ နော် ။ 2008 မှာ ပြီးမယ်လို ့ထင်ပါတယ် ။ ပို ့စ်တင်း လျှောက်လွှာ တင်လို ့ရပြီလို ့ကြားရပါတယ် ။ တင်တဲ့သူတွေ လည်း တင်ကုန်ကြပါပြီ ။ ဒီနှစ်က စလို ့နေပြည်တော် ကုတင်၁၀၀ဝဆံ့ ဆေးရုံကြီး မှာ ဆေးကျောင်း၄ခု က ပြီးတဲ့ ဟောက်ဆာဂျင် ၄ဝ ယောက် ဟောက်ဆင်း ရမယ် လို ့လည်း သတင်းကြားရပါတယ် ။ Endless အနေ နဲ ့ပို ့စ်တင်း တင်ဖို ့ကို သက်ဆိုင်ရာမှာ သွားမေးမြန်းစုံစမ်းသင့်ပြီလို ့အကြံပေးလိုက်ချင်ပါတယ် ဗျာ ။ ဘွဲ ့ရပြီးတာ ၃ နှစ်လောက် ရှိပြီ လို ့ရေးထားလို ့ပြောပြ ကြည့်တာနော် ။

  • အဆုံးမရှိဆိုတဲ့ ညီလေးရေ
    အခုတစ်လောဆရာဝန်တွေနဲ့ပါတ်သက်တဲ့ပိုစ်တွေ တော်တော်များများတွေ့ရပါတယ်။
    အကိုပြောချင်တာကတော့ တစ်ချိုသူတွေက ရမ်းသန်းရေးတာမျိုးလဲပါချင်ပါနိုင်သလို
    တကယ့်အဖြစ်မှန်တွေလဲ ပါ ပါတယ်။
    လူတန်းစားတရပ် မှာ အားလုံးမကောင်းနိုင်သလို အားလုံ့းမဆိုးတာကလဲ မြေကြီးလက်ခတ်မလွဲပါဘဲ။
    အဲတော့ အခုညီလေး ဆုံးဖြတ်သလို ကောင်းတဲ့ဘက်က နေကြည့်မယ်ဆိုတာကိုထောက်ခံပါတယ်။
    အကိုတို့ သူငယ်ချင်းဆရာဝန်တွေထဲမှာလဲ ညီလေးတို့ လိုလူတွေအများကြီးပါ။
    အကိုတို့ ရေးကြ ပြောကြတာတွေသည် ကောင်းသောအသိုင်းအဝိုင်းထဲမှာရောက်နေတဲ့ မကောင်းသောသူများကို သာ အဓိက ထားပြီးပြော ကြတာပါ။
    ကိုယ့် ယုံကြည်ရာကို ဆက်လုပ်ပါညီလေးရေ………………….

  • Endless

    June 10, 2011 at 6:35 am

    ၂၀၀၂ တက်တဲ့ သူတွေ… ၂၀၀၉ မတ်လ မှာ ဘွဲ့ ရပါတယ်…. ဘွဲ့ ရပြီးတော့.. ၂၀၁၁ မတ်လမှာ ပိုစ့်တင် ခေါ်ပါတယ်…. အခု နောက်ဆုံး သတင်း အရ… နောက်ထပ် တစ်နှစ် သို့ ခေါ်ချင်မှ လဲ ခေါ်မယ်လို့ ကြားရပါတယ်… ၃ နှစ်ဆိုတာက ခန့် မှန်းခြေကိုပြောတာပါ… နှစ်နှစ်နဲ့… ၃ လတိတိပါ၊ ဒါပေမယ့် ကိုယ်နဲ့ နှစ်တူတဲ့ DSMA က သူငယ်ချင်းတွေ MSc တက်နေပါပြီ…. အဲဒါကတော့… ဟတ်အထိဆုံးပါပဲ… windtalker မှာ တခြား သတင်းတွေ ရှိခဲ့မယ် ဆိုရင်လဲ…. Share ပေးပါ… ပိုစ့်တင် လျှောက်ပြီးသားပါ…

  • zinmyotun

    June 10, 2011 at 7:07 am

    Yes, here all of good doctors who respect their professional are rare now because of the family financial problem or some are want to be rich.
    Although want to be study post education, it is not easy because it takes time.
    So, go with your believe.

  • droakgar

    June 10, 2011 at 8:22 am

    I can feel like u friend!
    Your post is very very true and very nearest to practice life.
    I’m the one who struggling around those environment.
    Your kind heart for patients is most important.
    Moving forward my friend…

  • kai

    June 10, 2011 at 8:59 am

    ပရောဖက်ရှင်နယ်တွေကို… နားလည်မှုမရှိသေးတဲ့..စနစ်အောက်မှာရောက်နေသေးလို့ပါ..။
    နိုင်ငံတကာနဲ့အဆက်အသွယ်တွေများလာတာနဲ့..ပရိုဆိုတာ ဘာလဲ.. လူထုအများစုက… နားလည်လာကြမယ်လို့မျှော်လင့်မိပါတယ်..။

  • etone

    June 10, 2011 at 9:33 am

    ကျမလည်း အလားတူ ပြသနာမျိုးတွေ့ ခဲ့ဖူးပါတယ်… ။ ဓါတ်ပုံတောင် ရိုက်ထားပြီး ပို့စ်တင်ပေးဖို့ ရည်ရွယ်ခဲ့ပေမဲ့ … ဒီလူ တသက်လုပ်စားလျှင် နာမည်ဆိုးကြီးကျန်မှာ မလုပ်ရက်လို့ ပို့စ်မတင်ဖြစ်ခဲ့တာပါ ..။အရမ်းလည်း အံ့ဩခဲ့ပါရဲ့… အခန်းခကြေဖို ့နဲ့ လူနာဝင်ဖို့ ခွက်ဈေးထိထိုးချခဲ့တာ … အ တော်ဆိုးပါတယ်…သူစေတနာရှိလျှင် တဝက်လျှော့ပေးတယ်လို့ ရေးထားတာမျိုး ၊ ဆေးဖိုးသာယူသည်ဆိုတာမျိုးရေးသင့်တာပေ့ါ.. မဟုတ်ပဲ … တကယ့်ကို ယနေ့သတ်မှတ်သော ဈေးဆိုပြီး အရှက်မရှိ ဆိုင်းဘုတ်တောင် ထောင်ထားသေးတယ်… ။စာရေးသူပြောသလောက်ဈေးမျိုးနဲ့ပါပဲ …။သူက ကွမ်းယာဆိုင်နဲ့တောင် ဆေးပြိုင်ရောင်းချင်နေတဲ့ပုံပါပဲ …။ etone လည်း မနေနိုင်မထိုင်နိုင် အဲ့ဒီရှေ့က ဖြတ်တိုင် း ဆရာဝန်တယောက်ဖြစ်ပြီး ခွက်ဈေးထိချတာ အံ့ဩပါရဲ့ လို့ …ဖြတ်တိုင်း ကြားအောင်တမျိုး ၊ မကြားအောင်တမျိုး မေတ္တာပို့တယ်… မကြာဘူး ဆိုင်းဘုတ်ကြီး ပြန်ဖြုတ်လိုက်တာတွေ့တယ်…။
    လူတွေကလည်း အစွဲကြီးပါတယ်… ။ ဆေးလိုက်တယ်လို့ သိထားတဲ့ ဆေးခန်းပဲ သွားကြတယ် … ဝေဒနာတကယ်ပျောက်ချင်လျှင် ပိုက်ဆံနည်းနည်းလည်းပိုပေးကြတာပါပဲ… ။ ဆေးလိုက်တယ် မလိုက်ဘူး ဆိုတာကလည်း … ဆရာဝန်ရဲ့ လေလာသင်ယူခဲ့မှူတွေရယ်…၊ အတွေ့ကြုံရယ်၊ စေတနာရယ်က အဓိက ကျပြန်တယ်လေ… ။ ဟိုလူကတော့ ဈေးသာချတယ်… လူမဝင်ဘူး တခါတစ်လေ တနေ့လုံးထိုင်တာတောင် သူ့ခမျာ ငါးယောက်မပြည့်ရှာဘူး … ။ တကယ့်ကို နားကားတာပါပဲ… ။
    ဆေးခန်းဆိုတာကလည်း အချိန်ယူရပါတယ်… အနည်းဆုံးခြောက်လကနေ တနှစ်အတွင်း အချိန်ယူမှ 10 ယောက်နဲ့ 30 ယောက်ကြားတန်းနေမှာပါ … ။ သေခါနီးဖုတ်လိုက်ဖုတ်လိုက်တွေ ၊ သွေးထွက်သံယိုတွေတော့ နည်းနည်း ရှောင်ပေါ့ … ။ နာမည်မကြီးခင် နာမည်ဆိုးနဲ့ ကျော်ကြားနိုင်တဲ့ အတွက်ကြောင့်ပါ … ။

    • moethidasoe

      October 31, 2011 at 1:15 pm

      မြို့ကြီးတွေမှာ ဆေးခန်းထိုင်ရင် ကိုယ့်အတိုင်းအတာကို ကိုယ် သိရတယ် .. ကိုယ့်ထက် တတ်တဲ့ လူတွေ ရှိနေတယ် ဆိုတာကိုလဲ မမေ့ရဘူး .. ကိုယ် မနိုင်ရင်တော့ လွှဲကိုလွှဲရမယ် .. ဆွဲမကုသင့်ဘူး .. နိုင်လျက်သားနဲ့တော့ ချဉ်ပြီး လွှဲတာလဲ မလုပ်သင့်ဘူး ..

      သွေးထွက်သံယို ရှောင် ဆိုတာထက် .. အမှု မဖြစ်မယ့် ကိစ္စ ဆိုရင် ခံဝန်ချက်နဲ့ လုပ်လို့ ရပါတယ် .. ရဲ အရေးပိုင် မှု ဆိုရင်တော့ နဂို စည်းမျဉ်းများအရ လက်ခံ ကုလို့ မရပါ .. ရှောင်တာထက် လိုအပ်လို့ လွှဲအပ်တယ် ဆိုရင် ပို မှန်လိမ့်မယ် ..

  • good

    June 10, 2011 at 9:59 am

    ( သေခါနီးဖုတ်လိုက်ဖုတ်လိုက်တွေ ၊ သွေးထွက်သံယိုတွေတော့ နည်းနည်း ရှောင်ပေါ့ … ။ နာမည်မကြီးခင် နာမည်ဆိုးနဲ့ ကျော်ကြားနိုင်တဲ့ အတွက်ကြောင့်ပါ … ။ )

    စိတ်ထဲ တမျိုး ကြီး ခံစား လိုက်ရတယ်။ ရင်ထဲ တကယ် ရှိရင်တောင် ချမရေး စေချင်ဘူး။
    လူနာတွေ ကို တကယ် ထားခဲ့တဲ့ စေတနာတွေ ဒီစာ သားလေး တခုတည်းနဲ့ ကုန်ပါပြီ။

    • etone

      October 31, 2011 at 3:15 pm

      အခုမှပဲ ဖတ်မိလို့ … ပြန်ရေးဖြစ်တယ် good ရေ … ။

      ကျွန်မမြင်ဖူးပါတယ် … သူများဆေးခန်းတွေ လက်မခံပဲ ရောက်လာတဲ့ လူတွေ … လူနာက ဗိုက်အောက်လို့ … ထိမရ စမ်းမရတဲ့အခါမျိုးတွေ … တစ်ခါတစ်လေ သစ်စက်ညက်လို့ လက်ပြတ်တန်းလန်းနဲ့လာတောတွေ … အဲ့ဒီလူတွေ ကျွန်မတို့ ဆေးခန်းကိုမလာခင်ကတည်းက ပတ်ချာလည်ပြီး ဆေးခန်းတကာ လိုက်ပြပြီးပြီ … ဘယ်သူမှ လက်မခံလို့ ရောက်လာတာတွေလေ … ။ အဲ့လို လူတွေ နာတတ်အောင် ခပ်ကြမ်းကြမ်းလေး သုံးမိပါတယ် … မှားတာရှိလျှင် ဝန္ဒာမိပါ :mrgreen: အပေါ်မှာက သောက်ညင်ကပ်ကပ်နဲ့ ရွ ဲ ့ပေးလိုက်တာ … ။ ဟက်ထိသွားတယ်ပေါ့ 😀

  • manawphyulay

    June 10, 2011 at 10:20 am

    ယုံကြည်မှုနဲ့ လျှောက်လှမ်းတဲ့လမ်းမှာ ဘာတွေပဲဖြစ်နေပါစေ… ယုံကြည်ရာ လုပ်နေတဲ့သူအတွက် ဆက်လက်လုပ်ဆောင်သင့်ပါတယ်။

  • Endless

    June 10, 2011 at 10:22 am

    ဘာပဲဖြစ်ဖြစ် ဆရာဝန်ဆိုတာ… လူထဲက လူ တစ်ယောက်ပါပဲ…. ဆရာဝန်ဆိုတာ မှားနိုင်ပါတယ်…. မအိတုန်.. (ဓါတ်ပုံတောင် ရိုက်ထားပြီး ပို့စ်တင်ပေးဖို့ ရည်ရွယ်ခဲ့ပေမဲ့ … ဒီလူ တသက်လုပ်စားလျှင် နာမည်ဆိုးကြီးကျန်မှာ မလုပ်ရက်လို့ ပို့စ်မတင်ဖြစ်ခဲ့တာပါ ) တကယ့်ကို စိတ်ထားမှန်ခဲ့ ပါတယ်… လေးစားပါတယ်… သွေးထွက်သံယို ကိုတော့ မရှောင်ပါဘူး… အတတ်နိုင်ဆုံး ကူညီပေးခဲ့ပါတယ်.. ဖုတ်လှိုက် ဖုတ်လှိုက် ဆိုလဲ .. လိုအပ်တဲ့ ဆေး ပေးပြီး… ဆေးရုံ အမြန် လွှဲခဲ့ပါတယ်.. တွေ့ လာသမျှ လူနာတိုင်းကို အကောင်းဆုံး ဖြစ်အောင် ကူညီပြီး သင့်တင့် တဲ့ ဆေးဖိုးပဲ ယူခဲ့ပါတယ် (ဝါးခ မပါပါ)… ဘယ်လိုပဲဖြစ်ဖြစ်… ဆရာဝန်တွေ အပေါ်မှာ… သဘောထား အမှန်အတိုင်း မြင်နိုင်ခဲ့မယ်ဆိုရင် ကျေနပ်ပါပြီ… နာမည်လည်း မကြီးချင်ပါဘူး… သမ္မာ အာဇီဝဆိုရင် ကျေနပ်ပါတယ်…

    • eros

      June 10, 2011 at 2:02 pm

      ဘယ်လိုပြောရမလဲ။ ဆရာဝန်ဆိုတာ… လူထဲက လူ တစ်ယောက်ပါပဲ…. ဆရာဝန်ဆိုတာ မှားနိုင်ပါတယ်…. ဂရုမစိုက်ပေါ့ဆတဲ့ အမှား၊ မဖြစ်သင့်တဲ့ အမှား ၊ ငါတကောကောတဲ့ အမှား ၊ မကျွမ်းကျင်တဲ့ အမှားမဖြစ်သင့်ဘူးလေ။ အကယ်လို့ အမှားလုပ်မိသွားရင် အမှားကို ဝန်ခံရဲ တာဝန်ယူရဲတဲ့ တောင်းပန်ရဲတဲ့ သတ္တိရှိရမယ်။ ကိုယ့်အမှားမပေါ်အောင်၊ ကိုယ်မကောင်းမဖြစ်အောင် တခြားသူ ထိခိုက်နစ်နာဆုံးရှုံးရင်ဆုံးရှုံးပစေ ဖုံးနိုင်အောင်ကြိုးစားမယ်။ ဘာပဲဖြစ်ဖြစ် ငါမှန်တယ်လုပ်နေရင် အဆင်မပြေနိုင်ပါဘူး။ မိမိဝန်းကျင်နယ်ပယ် အလုပ်တူလို့ ဘာပဲဖြစ်ဖြစ် မှားလဲ မှန်တယ်ဆို ဝိုင်းလိမ်လည် ဖုံးဖိပေးတာမျိုး ပြန်ပြီးကူတိုက်တာမျိုးမလုပ်သင့်ပါဘူး။ အမှန်၊အမှားကို မှန်ကန်တဲ့အတိုင်းရပ်ပေးရမှာပါ။ မိမိရဲ့ ဝန်းကျင်နယ်ပယ်ထဲမှာလဲ မဟုတ်မမှန်တာတွေရှိနေတာကို ဝေဖန်ရင်လဲ အရှိအတိုင်းလက်ခံပြီး ဝေဖန်မှု၊ အကြံပြုမှုကို လက်ခံရမှာပါ။ မျက်စိမှိတ်ပြီး မဟုတ်ဘူး မရှိဘူးမအော်သင့်ပါ။ သေချာတာတခုရှိပါသည် မည်သည့် ဝန်းကျင်နယ်ပယ်မဆို မမှန်တဲ့ သူတွေသေချာပေါက်ရှိမှာပါ။ ဒါကိုလဲ မမှန်သူများက မည်သို့မည်ပုံ ဆိုတာ၊ မှန်သူများက မည်သို့မည်ပုံဆိုတာ ပြောပြရမှာပါ။

      အဲကိုယ့်ဘက်ကမှန်နေတယ်ဆိုရင်လဲ မှန်ကန်တိကျယုတ္တိရှိတဲ့ သက်သေခံချက်နဲ့တကွ သေသေချာချာ ရှင်းလင်းရမှာပါ။ အခု hot နေတဲ့ ကိစ္စမှာ တောင်းပန်လိုက်လို့ ဘာမှမလုပ်ဘူးကြားပါတယ်။ တကယ်က ကိုယ်မှန်နေရင် တောင်းပန်မှုကို လက်မခံသင့်ပါ။ ဘာလို့လဲဆိုတော့ တောင်းပန်ရုံနဲ့ ကြေအေးရမည့်ကိစ္စမဟုတ်ပါ။ risk များပါတယ်။ အမှားကို တာဝန်ယူရမှုရှိရမှာဖြစ်ပြီး ငါတကောကောလို့ မရပါဆိုတာ သိစေရမှာဖြစ်ပါတယ်။ နောက်ဆိုမှားလိုက် တောင်းပန်လိုက်ဖြစ်နေမှာပါ အမှားလုပ်ရင် တာဝန်ယူမှု ပေးဆပ်မှုရှိရမယ်ဆိုတာ သိရမှာဖြစ်တယ်။(ဒီနေရာမှာ ဆရာဝန်များရော မီဒီယာများနှင့်တကွ အခြားနယ်ပယ်များကိုပါ ဆိုလိုပါတယ်)။

      နောက်တခုက ဆရာဝန်(တချို့၊များ) ဝန်ဆောင်မှုအပိုင်းတွင် ပိုတိုးတက်သင့်ပါသည်။ ဝန်ဆောင်မှုကောင်းသော ဆရာဝန်များလည်းရှိပါသည်။ မြင်ပါသည်။ မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး)၏ သဘောထားကြေညာချက် ပိုစ့်မှ shweminthar ရဲ့

      ကျနော်တို့ နေမကောင်းလို့ ဘဲဖြစ်ဖြစ် ဖျားလို့ နာလို့ ဘဲဖြစ်ဖြစ် ဆေးခန်း ၊ ဆေးရုံကို သွားရပါတယ်။
      ဆရာဝန်တိုင်းကို မဆိုလို…. ကိုယ်က နေမကောင်းလို့ သွားပြတာ ဆေးမကုတတ်လို့ ကျန်းမာရေးစောင့်ရှောက်မှု အသိ နည်းလို့ ဆေးရုံ ၊ ဆေးခန်း တွေ ကို သွားပြ ရတာ ပါ။ တချို့ ဆရာဝန်တွေ က တခုခု မှားတာ တွေ့ တာ နဲ့ လူနာကို စီးဟောက်တတ်ကြပါတယ်။
      အဲလို အခါမျိုးတွေ မှာ လူနာ တစ်ယောက် နေရာက ပြန်စဉ်းစားပေးစေလိုပါတယ်။
      ဆရာဝန်လောက် ကျန်းမာရေးဗဟုသုတမရှိတာကို မေ့ထားပြီး လူနာကို လိမ့်ဟောက်တတ်ကြပါတယ်။
      ဝန်ဆောင် မှု အပြည့် နဲ့ ကျန်းမာရေး ကုသမှုပေးစေချင်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်ပေးစေလိုပါတယ်။ လူနာတယောက် အနေနဲ့ ဖျားနာနေချိန်မှာ ဂရုတစိုက် စောင့်ရှောက်တယ်ဆိုရင် ကျေနပ်မှာ သေချာပါတယ်.။
      အဲဒါလေး အကြံပြုလိုပါတယ်။

      ကွန်မန့်မှာမြင်နိုင်ပါတယ်။ နောက်တခုက သေသေချာချာ မရှင်းပြချင်တာ စိတ်မရှည်တာပါပဲ။ လူဆိုတာကတော့ ကိုယ်ဖြစ်နေတာ၊ ကိုယ်နဲ့ သက်ဆိုင်သူဖြစ်နေတာဆိုတော့ စိုးရိမ်တကြီးသိချင်တာပါပဲ။ ဆေးပညာ နားမလည်သူများဖြစ်လေတော့ ကိုယ်နားလည်သလို ကိုယ့်လို မဟုတ်ပဲ လက်ဝင်ဝင်ရှင်းပြရမယ် ဆိုတာ နှလုံးသွင်းပြီး သေသေချာချာ စိတ်ရှည်ရှည်ရှင်းပြရမှာ ဖြစ်ပါတယ်။ ပြောလို့သာပြောရတယ် မြန်မာမှာ ဘယ်နေရာမှာ ဝန်ဆောင်မှုကောင်းတာ မဟုတ်ဘူး။ မြန်မာတွေ က စားသုံးသူအခွင့်အရေး၊ ဝန်ဆောင်မှု မသိ၊ မရှိ၊ မကောင်းလို့ လဲ မတိုးတက်တဲ့ တချက်ဖြစ်နိုင်တယ်။

  • fatty

    June 10, 2011 at 11:30 am

    ပိုစ်လေးကရှားရှားပါးပါးလေးမို့ ဖတ်လို့အတော်ကောင်းပါတယ် …။
    GP ထိုင်နေတာ မဆိုးလှဘူးပေါ့ … တချို့ဆို ဆေးကုမ္ပဏီမှာ သိတဲ့အတိုင်း sale promoter တွေ
    ဖြစ်လိုဖြစ်ပေါ့ …။ လေ့လာမှု မပြတ်သာရျိစေချင်ပါတယ် ..။ ဆေးသုံးရာမှာတော့ ကျနော်တို့
    အရပ်ထဲက ဆရာဝန်များ တရုပ်ဆေးဘဲသုံးပါတယ် ..။ မပျောက်တော့ အာရှတော်ဝင်သွားပါတယ်
    အဲဒီကျမှပျောက်ပါတယ် ။နောက် ရိုးရိုး flu ကို ကုတာပါဘဲ။ နောက်တော့ အဲဒီအိမ်နားကဆရာပေးတဲ့ဆေးနဲ့ မတိုးတော့ပါဘူး .. အာရှတော်ဝင်ကိုဘဲ အမြဲသွားရပါတော့တယ်။
    အာရျတော်ဝင်မှာလဲ ဆရာဝန်ကြီးတွေကို တဥိးစိပြကြည့်ပါတယ် …..။ တယောက်နဲ့တယောက်
    လေ့လာမှုကွာတာကိုတွေ့ရပါတယ် ..။ ကိုယ့် pro ထဲမှာဘဲယုံကြည်မှုပြင်းထန်စွာ ရပ်တည်ပေးစေချင်
    ပါတယ်။ ဒီနိုင်ငံမှာ ဆရာဝန်တွေ gab ဖြစ်တော့မှာပါ ။ ၁ဝတန်း 1 to 10 တွေ စာစောင်တွေမှာတော့
    အင်တာဗျူးရင် ဆေးကျောင်းဆေးကျောင်းနဲ့ ပြိးတော့ အကုန်နီးနီး လစ်ကုန်တာပါဘဲ။ နိုင်ငံအတွက်
    အားကိုးပါရစေ ….။

  • fatty

    June 10, 2011 at 11:36 am

    မေ့လို့ဗျာ … ကျနော်လဲရွှေဘိုကပါ .. ကျနော်တို့နှစ်က 5 D ထွက်တဲ့ ကိုမြင်းမောင်ကတော့
    RGH မှာ ခွဲစိတ်ဆရာဝန်ကြီးဖြစ်နေပြီပေါ့ … အမှတ် ၁ ထွက်လား …. ၃ ကလား

  • Myanmar

    June 10, 2011 at 1:02 pm

    @good: General practitioners are not allowed to treat criminal and assaulted patients at their private clinics. They are supposed to be referred to the hospital for proper treatment. For terminal patients, they should be best treated at hospital, not at private clinics. Most General Practitioners (GP) give emergency treatment for them and refer to hospitals. They usually do not charge patients for that treatment. That is the cetana of GPs. Even that, if the patient passed away on the way to hospital, people used to blame GP. If they treat such patients at clinics and do not refer them to hospital, GP will be taken into action by law.Therefore, it is important for GPs not to treat them at GP clinic except for emergency management. I think that is what Endless meant. Please understand the situation today’s GPs are facing. Thanks.

  • unclegyi1974

    June 10, 2011 at 4:43 pm

    ဆေးခန်းလူနာလာတာမလာတာ
    ငွေယူနည်းတာတခုထဲနဲ့သက်ဆိုင်ပါသလား
    နဲနဲယူပြီးရောဂါပျောက်ရင်လူများများလာပါမယ်
    နဲနဲယူပြီးမပျောက်တဲ့သူများရင်သူအလိုအလျောက်လူနာနည်းသွားပါမယ်
    များများယူပြီးရောဂါပျောက်တဲ့ဆေးခန်းတွေလည်းတံခါးအတင်းပိတ်ရတဲ့
    ဆေးခန်းတောင်ရှိပါတယ်
    နည်းတာများတာအကြောင်းမဟုတ်ရောဂါပျောက်ဖို့အဓိကလို့လူတိုင်းမြင်ကြောင်းပါ

  • Endless

    June 11, 2011 at 3:13 am

    ဦးဖက်က ရွှေဘိုသားလား…. ကျွန်တော်လဲ… ရွှေဘိုသားစစ်စစ်ပါ… ၂၀၀၂ မှာ ၁ဝ တန်းအောင်တာ… ကျွန်တော်က အမှတ် ၂ ကျောင်းထွက်ပါ… တွေ့ ရတာ ဝမ်းသာပါတယ်… နောင်တော်ကြီး
    ဆေးခန်းလူနာလာတာမလာတာ
    ငွေယူနည်းတာတခုထဲနဲ့သက်ဆိုင်ပါသလား ?/????
    အန်ကယ်ကြီး…. မဆိုင်ပါဘူး… ကျွန်တော့် ဆေးခန်းမှာ တစ်ခါတစ်လေ… ၃၀၀ဝ လောက် ယူတဲ့ အခါ ယူပါတယ်… လူနာတွေ အနေနဲ့ ကျေကျေနပ်နပ်ပါပဲ… သူတို့ ဘာရောဂါ ဖြစ်နေသလဲ… ဘယ်လို ဆေးတွေ ရှိတယ်… ဘယ်ဆေးကတော့ ကုန်ကျ စရိတ် ဘယ်လောက် ရှိတယ်…. ဘယ် အတိုင်းအတာလောက်တော့ သောက်သင့် တယ်…. အစရှိသဖြင့် ရှင်းပြပါတယ် ပြီးရင် ကုသမှု ကိုလဲ သူတို့ ပဲ ရွေးခိုင်းပါတယ် ဆေးထိုး မလား ဆေးသောက်မလား အစရှိတာတွေပေါ့… ဒါပေမယ့် ဗမာ လူမျိုး တွေက လည်း သိတဲ့ အတိုင်းပဲ… ဆရာ ကောင်းသလိုလုပ်ပါ ဆရာ ရယ် … ဆရာ့ အပ်ပါတယ် ဆိုတာမျိုးက ၁ဝ မှာ ၉ ယောက်လောက်ပါနေတာ… မယုံ မရှိပါနဲ့… တကယ့်အဖြစ်တွေပါ… အဓိကကတော့ စေတနာပါ… ကိုယ် စေတနာ ပါတာ… လူနာတွေ ကိုယ်တိုင် ခံစားလို့ ရပါတယ်… ဒါပေမယ့် တစ်ခါ တစ်လေ ကျတော့ အဲလို ဈေးလျှော့ တာနဲ့ ပတ်သက်ပြီးတော့ ပြန်ကြားရရင် .. စိတ်မကောင်းလို့ပါ… အဲဒါမျိုးက ဈေးကွက် ဖျက်တယ်လို့ ပြောလို့ တောင် ရနိုင်ပါတယ်… ပုံမှန်ဈေးက ၁၅၀ဝ ပါပဲ… အဲဒီ့ ဈေးထက်တော့ မလျှော့သင့်ဘူးလို့ ထင်ပါတယ်…
    ကျွန်တော်တို့က ကွမ်းယာသည် မဟုတ်ပါဘူး… ဈေးသည်မဟုတ်ပါဘူး… အဲလို ကိစ္စကို ဆွေးနွေးနေရတာကိုက ရှက်စရာ ကောင်းလှပါပြီ
    ကို မြန်မာ ပြောသလိုပဲ… အက်ဆီးဒန့်တစ်ခုခု ဖြစ်ရင် ဆရာဝန်ဆိုတာ တော်တော်ကို ခက်ပါတယ်… မကု ပေးပြန်ရင်လဲ… လူနာက မကျေနပ်ပါဘူး… ကုပေးလိုက်လို့… နှစ်ဘက်မကျေနပ်လို့ ရုံးတို့ အချုပ်ခန်းတို့ ရောက်ရင်လည်း… ဆရာဝန်က ကြားညပ်ပြန်ပါတယ်… ဆရာဝန် ဘဝက ဆုပ်လည်းဆူးပါတယ် စားလည်း ရူးပါတယ်…. ကျွန်တော့် အနေထားနဲ့ ပြန်ပြောရရင်… ကျွန်တော် ရပ်ကွက် လူကြီးကို အပိုင် ပေါင်းရပါတယ်… ဆေးခန်းက လူ အရမ်း စည်တဲ့ နေရာမှာ ရှိနေတော့… တိုက်ပြီဟေ့ ဆိုရင် အရင်ဆုံး ဆေးခန်းထဲကို ပြေးဝင်လာတာပါပဲ… ရပ်ကွက်လူကြီးက မီးစိမ်းပြ မှ.. အရေးမကြီးဘူးဆိုမှ… လူနာကို ကြည့်ပေးပါတယ်… မဟုတ်ရင်တော့… မုန်းချင်လဲ မုန်း.. ဆေးရုံကြီးသာ သွားပါတော့… လို့ လွှဲရတာပါပဲ တကယ့်ကို … ဆုံးဖြတ်ရခက်ပါတယ်…. အဲဒါ ဆရာဝန်ဘဝပါ…
    (ဦးဖက်ရေ… ကျွန်တော့ ဆေးခန်းမှာ … တရုပ်ဆေး မသုံးပါဘူး… လူနာတစ်ယောက်ဆို တစ်ခါလာ တစ်ရက်ပါပဲ… ရောဂါ ပျောက်သွားလို့နော်… 🙂 )

  • padonmar

    June 11, 2011 at 4:08 pm

    အဲဒီလိုဈေးဆစ်တဲ့ လူနာများတွေ့ရင် နှစ်သက်ရာကို လွတ်လွတ်လပ်လပ် ရွေးချယ်ပါလို့သာပြောလိုက်ပါ။
    ကိုယ့်အပေါ် ယုံကြည်မှုနည်းသေးလို့ ဒီလိုပြောထွက်တာပါ။
    အရေးကြီးတာက ကိုယ့်ကုပေးရတဲ့လူနာပေါ်မှာ သက်သာပျောက်ကင်းစေလိုတဲ့ အရင်းခံစေတနာရှိဖို့ပါဘဲ။
    သင့်တင့်တဲ့ ဉာဏ်ပူဇော်ခ ယူတာအတွက် လိပ်ပြာလုံလိုက်ပါ။
    ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုတာ အမွန်မြတ်ဆုံးပါ။
    နောက်တစ်ခုက ဆေးသမားဟာ ဟိုလူနာမှကုမယ် ဒီလူနာမကုဘူးလို့ရွေးချယ်ခွင့်မရှိပါ။
    အားကိုးလို့လာရင်(GP မှာ police case ကလွဲလို့) သေမှာသေချာနေလည်း ကုပေးရပါမယ်။
    ဒါ ethic ပါ။
    ကိုယ့်စေတနာမှန်ရင် ဆေးခန်းကုတင်ပေါ် လူနာသေလည်း ပြဿနာ မဖြစ်ပါ။
    ကိုယ့်ဖက်က လုပ်သင့်တဲ့ test တွေလုပ်ပြီးမှ ဖြစ်တဲ့ anaphylatic shock တောင် လူနာရှင်တွေ ကြည်ဖြူပါတယ်။
    ယုံကြည်တဲ့ လမ်းကိုရဲရဲလျှောက်ပါ။ အနာဂတ်မြန်မာပြည်အတွက် ဆရာဝန်ကောင်းတွေ အများကြီးလိုနေပါတယ်။

  • Foreign Resident

    October 31, 2011 at 2:15 pm

    ညီလေး Endless ရေ
    အဘ ကြားရတာ စိတ်မကောင်းပါဘူးကွယ် ။
    ကိုယ်ချင်းလည်းစာပါတယ်ကွယ် ။

  • inz@ghi

    October 31, 2011 at 2:28 pm

    Pricing ဟာ Marketing Strategy ဆိုလို့ ဝင်မန့်လိုက်ပါသည်..

    pricing policy 2မျိုးရှိတယ်လို့ အကြမ်းဖျဉ်းဆိုနိုင်တယ်ဗျ ..
    price skimming(ခေါင်ကိုင် ဈေးခေါ်တဲ့နည်း )
    နဲ့ price penetration(ခုပြောထားတဲ့ ဈေးချပြီး ထိုးဖောက်တဲ့ နည်း) ပါ..

    skimming ကိုတော့ သူများ မပေးနိုင်တဲ့ service, feature ထူးထူးခြားခြားတွေ ကိုယ့်မှာ ရှိတဲ့အခါ လုပ်နိုင်တယ်ဗျ…
    Apple က လုပ်လေ့ရှိသပေါ့..

    penetration သုံးလာပြီ ဆိုရင်တော့ တခုမေးစရာရှိတာ hyper competition ဖြစ်နေလို့လား ဆိုတာပါပဲ..
    ဘယ်သူမဆို price ကိုတော့ နောက်ဆုံးမှ ထိချင်တာပါ ..
    7Ps မှာ နာက်ဆုံး မှ ထိရမယ့် P ကို ဘာလို့ သုံးချပစ်လိုက်သလဲ ဆိုတာကတော့ ……

  • Shwe Ei

    October 31, 2011 at 5:13 pm

    ကိုယ်တတ်ထားတဲ့ပညာနဲ့ အကောင်းဆုံးဖြစ်အောင် စေတနာထား ဆေးကုပေးနေတာဆိုရင်တော့ ထိုက်သင့်တဲ့ညဏ်ပူဇော်ခ ယူမှဖြစ်မှာပါ။ ဦးဖောရဲ့ ပို့စ်ထဲကလို update ဖြစ်နေအောင်လဲကြိုးစားရအုံးမှာကိုး။

  • Endless

    November 11, 2011 at 11:31 am

    ကို inz@ghi ရေ … Market မှာ Hyper Competition ဖြစ်နေတာက သိပ်သေချာတာပေါ့ဗျာ… မယုံမရှိပါနဲ့ … မန်းလေးသား စကားနဲ့ ပြောရရင် တစ်ပြ ပတ်လည် လောက်မှာ ဆေးခန်း ၆ ခု ရှိပါတယ် … အဲ့ ထဲမှာ အထူးကုတွေ ဖွင့်ထားတဲ့ ဆေးခန်းက ၃ ခုလောက် ရှိပါတယ် Old GPs က ၂ ခုလောက်နဲ့ တော်တော် စည်ကားပါတယ်… နောက်ပီး နားမလည်တာ တစ်ခုက ကိုယ့်ရပ်ကွက်မှာ ကိုယ် ဆေးခန်းဖွင့်တာ မကြည်ကြဘူးဗျ… အဲ့ ဆရာတွေနဲ့ အရင် ကတည်းက ခင်တယ် ဒါပေမယ့် ဆေးခန်းလည်း ဖွင့်ရော လမ်းတွေ့ရင်တောင် မခေါ်ကြတော့ဘူးဗျ… တော်တော် လေးကို အောချမိပါတယ်… ထားပါတော့ … မားကက်တင်းကို အနည်းငယ် နားလည်ထားတဲ့ ဆရာဝန် တစ်ယောက်အနေနဲ့ မားကက်ကို ဝင်တိုးရတာ သိပ်တော့ မခက်ပါဘူး … အဓိကက Dealing ကောင်းကောင်း၊ သေချာ ရှင်းပြ သူတို့ စိတ်ကျေနပ်စေမယ့် Service မျိုး ပေးနိုင်အောင် လုပ်ပေးပါတယ် … လိုအပ်ရင် ည ၂ နာရီလောက်လည်း ဆေးခန်းဖွင့်ပေးရတာပဲ၊ ဆေးရုံ လွှဲပီးရင်တောင် မှ နောက်က Follow Up လိုက်ပေးပါတယ်… အခုတော့ ဆေးခန်းက တော်တော်လေး အဆင်ပြေနေပါတယ် ဒါပေမယ့် GP ကောင်းလာတဲ့ အနေထားမှာ စာဖတ်ဖို့ အချိန်တော်တော် နည်းသွားတာ တွေ့ရပါတယ် … ဘယ်လိုပဲဖြစ်ဖြစ် ကိုယ် ယုံကြည်ရာကို ကိုယ် ရောက်တဲ့ အရပ်မှာ ဆက်ပီး လုပ်သွားဦးမှာပါပဲ…

Leave a Reply