Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စာအုပ်များကိုစားသုံးကြပါစို့

Big DefenderJune 8, 20111min43313

ခေါင်းစဉ်ကိုကြည့်ပြီးလန့်မသွားကြပါနဲ့၊စာအုပ်တွေကိုကြွက်တွေလို၊ပိုးဟပ်တွေလိုကိုက်ဖြတ်စားသောက်ခိုင်းတာမဟုတ်ပါဘူးဆိုလိုတာကလူတွေဟာကိုယ်ကာယကျန်းမာကြံ့ခိုင်ဖို့အတွက်

သင့်တော်တဲ့အစာစားများကိုစားကြရပါတယ်။ထို့အတူစိတ်ကျန်းမာရေးဆိုတဲ့

အသိပညာတိုးတက်ဖို့အတွက်စာပေများကိုဖတ်ရှုလေ့လာသင့်တယ်လို့ဆိုလို

တာပါ။  လက်ဦးဆရာမည်ထိုက်စွာပုပ်ပစရိယမိနှင့်ဖတို့သွန်သင်ဆုံးမခြင်း

အာစရိယဟူသောဆရာတို့ဧ။်လမ်းညွှန်သင်ကြားပြသခြင်းဖြင့်ကျွှန်တော်တို့

လောကကြီးတွင်ရပ်တည်နိုင်ဖို့မလုံလောက်ပါဘူး။မိမိကိုယ်တိုင်ဆည်းပူးလေ့

လာမှသာလျှင်တော်ရုံကြမည်ဖြစ်သည်။ဒါတောင်ပြည့်စုံသည်သူမရှိပြီး။ပညာရွှေအိုးဆိုသည်မှာမည်မျှပင်ထည့်စေကာမူပြည့်သောအရာမဟုတ်ပေ။

ဤသို့လေ့လာလိုက်စားရာတွင်အလွယ်ဆုံးနည်းမှာစာအုပ်စာပေ

များကိုဖတ်ရှုသောနည်းပင်ဖြစ်သည်။စာအုပ်ဖတ်ရတာဝါသနာမပါဘူးဟုမ

မပြောပါနှင့်ထို့သို့သောလူများမှာစာဖတ်ခြင်းဧ။်အကျိုးကျေးဇူးကိုလုံးဝမသိ

ခြင်းကြောင့်ပင်ဖြစ်ပါသည်။ကမ္ဘာပေါ်မှာရှိသည့်ပညာရှိကြီးများ၊လူကောင်းလူတော်များသည်မွေးကတည်းကအလိုလိုတတ်လာသူများမစဟုတ်ပါ။သူလို

ကိုယ်လိုလူမျိုးမှပင်စာပေများကိုလေ့လာလိုက်စားပြီး၊ထိုမှလောကကိုကြည့်

မြင်နိုင်သူများဖြစ်သည်။စာပေများကုိုမလေ့လာ၊မလိုက်စားသောပညာရှိဆိုတာမရှိပါ

 

ဒါဆိုဘယ်လိုလုပ်ရမည်နည်?

စာလုပ်စာပေဖတ်ရှုလေ့လာမူဟာပျို့ထောင်ယူရတဲ့အလေ့အကျင့်တစ်မျိုးပါ။စာဖတ်တဲ့အကျင့်ကိုလူ

လူတစ်ယောက်ဟာလွယ်လွယ်ကူကူမရနိုင်ပါဘူး။စအုပ်တွေကိုဖတ်ရင်းဖတ်ရင်းနဲ့နှစ်သက်သဘောကျ

ပြီးဖတ်ချင်လာတဲ့အတွေ့အကြုံနဲ့ဖတ်တဲ့အတွက်မိမိဘဝမှာလက်တွေ့အသုံးဝင်အကျိုးရှိတာကိုရရှိလာမှ

ပိုပြီးစွဲမြဲသွားစေပါတယ်။

ဒါဆိုဘယ်လိုစာအုပ်မျိုးကိုဖတ်ရမည်နည်း။

ဒါကလည်းအလွယ်လေးပါ၊ တွေ့တဲ့စာအုပ်၊ကိုယ်ကြိုက်တဲ့စာအုပ်ကိုဖတ်ပေ့ါ။ ကာတွန်းကြိုက်လား၊ သိုင်းစာအုပ်ကြိုက်လား၊အချစ်စုံထောက်၊ဘဝသရုပ်ဖော်စသည်ဖြင့်ဝတ္ထုအမျိုးအစားတွေကိုဖတ်ရင်းနဲ့မိမိရဲ့စာဖတ်ကျင့်ကိုမွေးမြူးပျိုးထောင်ယူရတယ်။ပြီးရင်ဆောင်းပါးတွေ၊ခရီးသွားမှတ်တမ်းတွေ၊ အတ္တုပတိ္တနဲ့လေးနက်တဲ့နိုင်ငံရေး၊စီးပွားရေး၊ ဘာသာရေး၊ သဘောတရား၊စာပေရေးရာစာအုပ်များကိုရသမြောက်တဲ့ဝတ္တုရှည်၊ဝတ္တုတိုများကိုဖတ်ရှုပြီးစာဖတ်ကျင့်အတော်လေးရင့်လာမှတက်လှမ်းနိုင်ကြောင်းတွေ့ရပါတယ်။

စာဖတ်ကျင့်မရှိတဲ့သူဟာပျင်းစရာကောင်းတဲ့စာအုပ်မျိုးကိုယ်ဉာဏ်မမှီတဲ့စာအုပ်မျိုးကိုစတင်မဖတ်သင့်ပါဘူးဖတ်ပြီးမသိတော့စိတ်မဝင်စားပဲစိတ်ပါကုန်သွားနှိင်ပါတယ်။

ဒါကြောင့်စာဖတ်ဝါသနာကိုစာဖတ်တဲ့အကျင့်နေပြုစုပျိုးထောင်ယူရပါမယ်

ဖတ်တာကြာတော့လည်းရင်းနှီးလာပြီးမိတ်ဆွေဖြစ်သွားတော့တာပါပဲ။“စာအုပ်စာပေလူမိတ်ဆွေတဲ့”[စာအုပ်ဟောင်းဝယ်တဲ့ကုလားနဲ့မိတ်ဆွေဖြစ်တာမဟုတ်ပါဘူး]ကိုယ်သိထားတဲ့အသိပညာတစ်ခုကိုခိုင်မြဲတိုးတက်စေတဲ့နည်းနှစ်ခုရှိပါတယ်။

(၁)သူတစ်ပါးကိုသင်ကြားပြသတာ။နားလည်အောင်ရှင်းလင်းပြသတာမျိုးပါ

(၂)မိမိဘဝအတွက်လက်တွေ့စမ်းသပ်အသုံးချကြည်လိုက်တာတစ်ခုပါ။

ဒါကြောင့်မိမိသိပြီးတတ်ပြီးရင်လည်းဒီအတိုင်းမနေပဲမိမိပတ်ဝန်းကျင်မှာရှိတဲ့စိတ်ဝင်စားသူများကိုသင်

ကြားပေးခြင်းဆွေးနွေးခြင်းများပြုလုပ်သင့်ပါတယ်။အဲဒီလိုပြုလုပ်ခြင်းဖြင့်အများဧ။်လေးစားခြင်းကိုခံရ

မည်။ဒါမှမဟုတ်ဆရာကြီးလုပ်သည်ဟုလည်းအထင်ခံရမည်။ဂရုမစိုက်ပါနှင့်အချိန်တန်လျှင်နားလည်ပြီး

ပါးစပ်ပိတ်သွားပါလိမ့်မည်။(ကိုယ်ကကောင်းတာလုပ်တာကို)

ကမ္ဘာပေါ်မှာလူအပါအဝင်သက်ရှိသတ္တာဝါများမှာရှိတဲ့အထဲမှလူမှာအခြားသတ္တဝါများထက်ပိုမိုသာလွန်တဲ့အချက်ရှိပါတယ်။

ပထမအချက်ကစူးစမ်းလေ့လာပြီးလက်တွေ့လုပ်ကိုင်ခြင်းပါ။ဒီအချက်ကိုလည်းတ

ချို့သတ္တဝါတွေလုပ်နိုင်ပါတယ်။ဥပမာ-မျောက်ပေါ့။အဲ….ဒုတိယအချက်မှာတော့တော်တော်ကွာပါတယ်

အဲဒါကမှတ်တမ်းတင်ခြင်းပါမည်သည့်သတ္တဝါမျှလူတွေလောက်မှတ်တမ်းတင်နှိင်ခြင်းမရှိပါဘူး။အဲဒီအ

ချက်ဟာကျွန်တော်တို့လူသားတွေကိုအလျှင်မြန်တိုးတက်စေပါတယ်။မှတ်တမ်းတင်တယ်ဆိုတာကသိ

ပြီးသားအကြောင်းအရာတစ်ခုကိုနှုတ်ဖြင့်ဖြစ်စေသက်ဆိုင်ရာဘာသာစကားစာတို့ဖြင့်ကျောက်ထက်အက္ခရာတင်ခြင်း၊ပေထက်အက္ခရာတင်ခြင်း၊ပုံနှိပ်ခြင်းတို့ဖြစ်ပါသည်။

ဒါကြောင့်ကျွန်တော်တို့ကနှုတ်ဖြင့်မှတ်တမ်းတင်ခြင်းဖြစ်တဲ့လူကြီးသူမများ၊ပညာရှိများနှင့်ဆွေးနွေးခြင်း၊

သင်ယူခြင်းများအပြင်စာပေမှတ်တမ်းတင်ထားတဲ့စာအုပ်များကိုဖတ်ခြင်းဖြင့်ကိုယရည်ကိုယ်သွေးများ

စိတ်ဓါတ်အရည်အသွေးများပိုမိုမြင့်မားလာအောင်ကြိုးစားသင့်ပါကြောင်းအကြံပြုတိုက်တွန်းလိုပါသည်။

13 comments

  • Big Defender

    June 8, 2011 at 12:50 pm

    အသစ်မို့လို့လိုအပ်တာများရှိရင်ပြောပေးကြပါ။

  • Big Defender

    June 8, 2011 at 12:53 pm

    လူတိုင်းလိုအပ်နေသောအသိပညာပများကိုပေးဝေနေသောစာအုပ်စာပေအကြောင်း
    ကိုကျွန်တော်သိသလောက်လေးရေးတင်လိုက်တာပါ။

  • weiwei

    June 8, 2011 at 1:14 pm

    နောက်ဆို စာရိုက်ရင် space ခံပြီးရိုက်ပါ … အင်္ဂလိပ်စာလိုသဘောထားပြီး စကားစုတစ်ခုပြီးတိုင်း space တစ်ချက်နှိပ်ရပါမယ် …

  • fatty

    June 8, 2011 at 2:55 pm

    အခုမှဘဲစာကြီးပေကြိးဖတ်ရပေတော့တယ် …..။

  • fatty

    June 8, 2011 at 2:56 pm

    အခုမှဘဲစာကြီးပေကြီးဖတ်ရပေတော့တယ် ….။ ကောင်း၏

  • padonmar

    June 8, 2011 at 3:09 pm

    ကောင်းပါတယ်။အားပေးပါတယ်နော်။

    • weRone

      June 10, 2011 at 3:37 am

      အော် အခု အ, နေတဲ့ သူတွေက စာဖတ်ကြလို့ပေါ့နော်… 😀

  • bigcat

    June 9, 2011 at 2:50 am

    စာအုပ်များကို စားသုံးကြပါစို့ဆိုတော့ big defender က ခြကောင်ကြီးလား….သွားမလုပ်နဲ့နော်၊ သဂျီးက ရေနံဆီပုလင်း အမြဲဆောင်ထားတယ်။ 🙂

  • kai

    June 9, 2011 at 3:05 am

    မန္တလေးဂေဇက်ရွာမှ.. မတူသောအတွေးနှင့်ကိုယ်ပိုင်စာရေးသူကို… ကြိုဆိုပါ၏။

    အပေါ်ကပြောကြသလိုပါပဲ..
    စာတွေကို စပေ့ခံပေးပါ…။(အခုတော့ ကျုုပ်ကပဲ ပြင်ပေးလိုက်ပါတယ်..)
    Category ခွဲတင်ပါ။ Copy/Paste ဆိုရင်.. ပွိုင့်လည်းမရပါဘူး..။
    ဥပမာ..အခုလိုစာမျိုးဆိုရင် Education အောက်ထည့်လည်းရပါတယ်..။ Critic လည်းရပါတယ်..။

    သူများတွေတင်ထားတဲ့စာတွေလည်း ကောမန့်ဝင်ရေး(မန်း)ပေးပါ.။ ဆွေးနွေးပါ။
    ကိုယ့်စာကိုလည်း ကိုယ်တိုင်တာဝန်ယူပြီး ဆွေးနွေးရေးလာတဲ့ ကောမန့်တွေကို ဆွေးနွေးပြန်ရေးပါ..။

  • True Answer

    June 9, 2011 at 6:52 am

    အားပေးပါတယ်ဗျို့။ စာအုပ်တိုင်းတော့ စားဖို့ မသင့်ဖူးထင်တယ်နော်။ ရွေးချယ်စားသုံးသင့်တယ်လို့။ စာအုပ် တစ်အုပ်အတွက် တစ်နာရီအချိန်ပေးဖတ်ရင် ကိုယ့်ဘဝရဲ့ တစ်နာရီပေးလိုက်ရပြီနော်။ တစ်နာရီ နဲ့တန်တာ ပြန်ရမှ ဖြစ်မှာ။ ရွေးချယ်စားသုံးနိုင်ပါစေ။

  • Big Defender

    June 9, 2011 at 7:30 am

    ဒါကတော့ရွေးချယ်သူတွေရဲ့အပေါ်မူတည်တာပေါ့။

Leave a Reply