Big DefenderAugust 14, 20111min32421
ဗုဒ္ဒဘာသာ တစ်ယောက်ဖြစ်လာပြီး ဆိုကတည်းက ယုံကြည်ကိုးကွယ်စရာ ငါးပါးပဲ ရှိသည်။ ယင်းတို့မှာ – ဘုရား၊ တရား ၊ သံဃာ၊ မိဘ၊ ဆရာသမား ဟူသော အနန္တော အနန္ဒငါးပါး ပင်ဖြစ်သည်။ ယခု ကိုးကွယ်နေသော နတ်များတွင် မြတ်စွာဘုရားကဲ့သို့ ဘုန်းတော် အနန္ဒ ဉာဏ်တော် အနန္ဒနှင့်ပြည် စုံပါဝင်သော ကြည်ညိုဖွယ်ရာ အဆင်းရော ရှိပါလော့.? ဝေးပါသေးတယ် အရက်ပုလင်းကိုင်တဲ့ နတ်နဲ့ ဓါးကိုင်တဲ့ နတ်နဲ့ စုံတေတာပါပဲ။ မြတ်စွာဘုရား ၏ပုံတော်များတွင် မည်သည့် လက်နက်ကိုကိုင်ဆောင်ထားတာ တွေ့ဘူးပါသနည်း။ မြတ်စွာဘုရားဟာ မေတ္တာ လက် နက်သာ ကိုင်ဆောင်ထားပါသည်။ မည်သည့်လက်နက်မှ ကိုင်ဆောင်ထားခြင်းမရှိပါဘူး။ တရားဆိုသည်မှာ လောကီ ၊ လောကုတ္တရာ အကျုးိအတွက် ရည်ရွယ်ပြီး မြတ်စွာဘုရားဟော […]


Big DefenderJuly 30, 20111min32716
ကျွန်တော်တို့ ကမ္ဘာတွင်ဆိုင်ရာဆိုင်ရာ ကိုးကွယ်မူပေါင်းမြောက်မြားစွာ ရှိပါတယ်။ ထိုဘာသာထဲကမှ အဓိကအားဖြင့် ခရစ်ရှန် ၊အစ္စလန်၊ ဟိန္ဒူ နှင့် ဗုဒ္ဒဘာသာ ဟု (၄)မျိုးရှိပါတယ်။ ထိုဘာသာကြီး(၄) ဘာသာလုံး သူဟာနဲ့ သူကောင်းပါတယ်။ ဘာသာတိုင်း သူဆိုင်ရာ ကိုးကွယ် သူများကို ကိုယ်ကျင့်တရားကောင်းရန် အများအကျိုး ဆောင်ရွက်ရန် ၊ မတရားမှုကို မပြုရန် ၊ ဟူသော စည်းကမ်းချက်များဖြင့် လိုက်နာသော သူများ မည်သသည့်အကျိုးခံစားရမည်။ မလိုက်နာသူများအနေဖြင့် မည်သသည့် ဆိုးကျိုးကိုခံစားရမည်ဟု လူအများရဲ့ ကောင်းကျိုးကို ရှေ့ရုူးပြီး သတ်မှတ်ချက်များ ရှိကြပါသသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံအနေဖြင့် ှဗုဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒ္ဒဘာသာ နိုင်ငံအဖြစ်ခံယူထားသဖြင့် အများစုမှာ ဗုဒ္ဒဘာသာများ ဖြစ်ကြပါတယ်။ ဗုဒ္ဒဘာသာ ကိုးကွယ်သူ အများစုအတွင်းမှာမှ မိရိုးဖလားနတ်ကိုးကွယ်သူများလည်းအတော်ပင်များကြပါတယ်။  ဒါဖြင့်ကိုးကွယ်ရာ ဗုဒ္ဒဘာသာကြီး တစ်ရပ်လုံးရှိတာတောင် […]


Big DefenderJuly 7, 20111min15610
ကျွန်တော်တို့ လိုင်းကားစီးရင်ခဏခဏ တွေ့ရတာရှိတယ်။ ကိုရင်လေးတွေ  စာအိတ်လေးတွေလာလာ ပေးတာလေ။ နောက်ပြီးတော့ပြန်လာသိမ်းသွားရော။ အဲဒါကိုရွာသူရွာသားတွေလည်း ကြုံဘူးမှာပါ။ နောက်ပြီးတော့ထူးခြားတာ တစ်ခုကတော့ဘယ် လက်မောင်းမှာ ဆေးမင်ကြောင်ထိုးတာကိုတွေ့ရတာ ။ ဒါကတော့ ကျွန်တော်တွေ့ရတာကိုပြော တာ။ အဲဒါဘယ်လိုများပက်သက်နေလဲမသိဘူးနော်။


Big DefenderJuly 5, 20111min21311
ရန်ကုန်မြို့မှာ နေတာကြာတော့ တစ်ခါတစ်လေ မြို့ကြီးပြကြီးမှာနေ ရတာတဖြည်းဖြည်းကြောက်ကြောက်လာတယ်။ ကျွန်တော်မြို့ပြလူတွေ မှာရိုးသားမူတွေပျောက်လာတာကို တွေ့လာတယ်။ ဘာဖြစ်လို့ ဒီလိုဖြစ်ရတာကို ရွာသူရွာသူများ ဝိုင်းပြီးဆွေးနွေးပေးကြပါလို့။ ကျေးဇူးတင်ပါတယ်။ Big defender


Big DefenderJune 28, 20111min32926
ဘယ်လိုလူများကို လေးစားအပ်သော လူလို့ထင်ပါသလဲ။ ရွာသူရွာသူများရဲ့ထင်မြင်ချက်လေးက ိုသိပါရစေ။ ကျွန်တော်ကတော့ ဘယ်လိုလူကိုလေး စားအပ်သောလူလို့တွေးကြည့်တာသိပ်မတွေးတတ်လို့ထင်ပါတယ်။ အဲဒါကြောင့်ရွာသူ ရွာသား တို့ရဲ့အကူအညီ ကိုလိုအပ်ပါတယ်။ ကူညီကြပါ။


Big DefenderJune 23, 20111min1448
ကျွန်တော်ဖတ်ခဲ့ဖူးသော စာအုပ်မှာရေးခဲ့ဖူးသော အကြောင်းလေးကိုတင်ပြပေးတာပါ။ ဒီအကြောင်းလေးဟာဖြင့်သင်ခန်းစာယူဖွယ် လည်းကောင်းပါတယ်။ ဇတ်လမ်းကဒီလို မန္တလေးမှာစစ်မီးကြီးလောင်ပြီးသစ်ပင် ကြီးတွေ မရှိကတည်းက (၃)နှစ်မှာတစ်ခါ အပူဒီ ဂရီ၁၁၀၊ ၁၁၁ ဆိုတာမျိုးတွေဖြစ်ဖြစ်လာတတ်ပြီးတော့၊ ထွန့်ထွန့်လူး ပူကုန်တယ်။ အဲဒီလို ပူလာရင် အပူဒဏ်ကိုမခံနိုင်တ ဲ့သက်ကြီးရွယ်အိုတွေ၊ ငယ်ရွယ်နုနယ်တဲ့ ကလေးငယ်တွေ အချိန် မတိုင်ဘဲ အပူရှပ်ပြီး သေကျေပျက်စီးကုန်တယ်။ ဒါကြောင့် စိတ်စေတနာကောင်းလှတဲ ့ဦးငွေဆိုတဲ့လူက မန္တလေးမြို့မှာ သစ်ပင်တွေ လိုက်ပြီးတော့စိုက်တယ်။ သူစိုက်ခဲ့တဲ့ သစ်ပင်ကြီးပေါင်း (၅၀၀၀) ကျော်တယ်။ ဦးငွေဟာ သမီး (၇) ယောက်နဲ့ဆိုက်ကားနင်းစားရရှာတဲ့ လူဆင်းရဲတစ်ယောက်ပါ။ ဒါပေမယ့်သစ်ပင်တွေကိုပျိုး၊ ကြိုက်ရာနေရာမှာ မြေကိုတူး၊ ပျိုးပြီး အပင်ကို ချစိုက်၊ မရှင်မချင်းနေ့စဉ် ရေလောင်းပေးပြီးစိုက်ပါ တယ်။ ညောင်ပင်၊ ကုက္ကိုပင်၊ စိန်ပန်းပင် အားလုံး အပင် […]


Big DefenderJune 14, 20111min751
ကျွန်တော်အခုတလောတွေ့တွေ့နေနေတာတော့ရှိတယ်ဗျာ။အဲဒါ ပေမယ့်တော့ရှောင်လွဲလို့တော့မရပါဘူး။လူတိုင်းလူတိုင်းတော့ကြုံတွေ့နေရတာပါပဲ။ ကျွန်တော်တို့တွေရဲ့အဖြစ်တွေပေါ်မူတည်ပြီးသင်ခန်းစာယူလို့တော့ရတယ်။ ဒါကတော့နောင်တတရားပါပဲ။ဒီနောင်တတရားကြောင့်လည်းလူ တွေဟာပြောင်းလဲကောင်းပြောင်းလဲနိုင်ပါတယ်။ကျွန်တော်တို့လက်ရှိဖြစ် ပျက်နေတဲ့အပေါ်မူတည်ပြီးလည်းရှိကောင်းရှိနိုင်ပါတယ်။နောင်တသာရ တယ်ဒါပေမယ့်မိမိကိုယ်ကိုမပြောင်းလဲနိုင်ဘူးဖြစ်နေတယ်လူစားအများဆုံးရှိ ကြပါတယ်။မိမိကိုယ်တိုင်လုပ်လိုက်တဲ့အလုပ်တိုင်းလည်းမှန်ပေ့မယ့်နောင်တရနိုင်တာတွေလည်းရှိနိုင်ပါတယ်။ နောင်တရတာတွေဟာကောင်းတာတွေလည်းရှိနိုင်သလိုမကောင်းတာတွေလည်းရှိတယ်။ဘာကြောင့်ရှိလည်းဆို တော့မိမိပြုလုပ်တဲ့အပေါ်မူတည်တာပေါ့။အဲနောင်တတရားဟာဘာလဲ။ဘာကြောင့်နောင်တတရားဖြစ်ပေါ်လာတာလဲဆိုတာကတော ့အတိုကောက်ပြောမယ်ဆိုရင်တော့နှမြောတာပေါ့။နှမြောတာနဲ့နောင်တတရားဟာနည်းနည်း ဆင်တူသလိုရှပါတယ်။နောင်တတရားဆိုတာကိုသေချာပိုင်းခြားဆင်ခြင် ကြည့်ဘူးသလားတော့မသိဘူး။ဒါကတော့ကျွန်တော်သိသလောက်ဆင်ခြင် ကြည့်တာပေါ့။လိုအပ်တာဒါမှမဟုတ်မသိသေးတာရှိရင်လည်းကူညီကြပါဦး။


Big DefenderJune 14, 20111min733
ကျွန်တော်တို့ရဲ့နေထိုင်သောကမ္ဘာကြီးမှာလူအများဟာမိမ ကိုယ်ကိုမိမိလုပ်ပိုင်ခွင့်နှင့်ကန့်သတ်ထားတာများပါတယ်။ဒီလိုလုပ်ပိုင်ခွင့် တွေကန့်သတ်ထားတာကကမ္ဘာကြီးတိုးတက်လာတာမှန်ပေမယ့်အကောင်း ရဲ့အနောက်မှာအမြဲတမ်းအဆိုးကကပ်ပါလာတတ်တာကိုလူတိုင်းသိနိုင်ကြ ပါတယ်။ဒါပေ့မယ်လုပ်ပိုင်းခွင့်တွေကန့်သတ်ထားတာများတော့စိတ်ဖိဆီးမူတွေရှိလာတတ်ပါတယ် ။အဲဒီနောက်ဖြစ်ပေါ်လာတာကတော့စိတ်ဖိဆီးမူ လွတ်အောင်ဆေးတွေနဲ့ဒါမှမဟုတ်မဟုတ်တဲ့အပျော်တွေကိုရှာလာတတ်ကြ ပါတယ်။ဥပမာအရက်သောက်တာတို့တွေပေါ့။ဒီလိုဖြစ်ပေါ်လာခြင်းတွေ နောက်မျိုးဆက်သစ်တွေအတွက်ကောင်းသောလက္ခဏာတော့မဟုတ်ပါဘူး အခုခေတ်ကလည်းအရက်ကိုကြောက်စရာအရာတစ်ခုလို့မသတ်မှတ်တော့ ပဲပျော်အောင်လုပ်ပေးနိုင်သောသူလို့သတ်မှတ်နေကြတယ်။ဒါဟာနောင် နောင်ဖြစ်ပေါ်လာမယ့်အနာဂတ်အတွက်ရင်လေးစရာတစ်ခုဖြစ်လာပါတယ်။ လုပ်ပိုင်ခွင့်များဟာလူတွေရဲ့လွတ်လပ်မူကိုမသိမသာချုပ်နှောင်တတ်ပါ တယ်။လုပ်ပိုင်ခွင့်များလာလေဒီလူဟာလွတ်လပ်မူပျောက်ဆုံးလာလေဖြစ် ပါတယ်။လွတ်လပ်မူအရသာဟာဘာကိုဆိုလိုတာလည်းကိုတောင်မသိနိုင် ဖြစ်လာပါလိမ့်မယ်။ဥပမာ-သမ္မတတွေဆိုရင်လုပ်ပိုင်ခွင့်အများကြီးရှိပါတယ်။ ဒါပေမယ့်သူမှာသူဘဝရဲ့လွတ်လပ်မူကိုပျောက်ဆုံးနေတာကိုတွေ့နိုင်ပါ တယ်။လုပ်ပိုင်ခွင့်များဟာသူကိုချည်နှောင်ထားပါတယ်။ဒီလိုချည်နှောင်ထား တာကြောင့်သူဟာစိတ်ဖိစီးမူတွေရှိလာတတ်ပါတယ်။ဟိုနေရာသွားလည်း သက်တော်စောင့်ဒီနေရာသွားလည်းသက်တော်စောင့်များနှင့်ဆိုတော့ဘယ်မှာသူရဲ့လွတ်လပ်မူဆိုတာရှိနိုင်မှာလဲ။ လွတ်လပ်မူဆိုတဲ့အရသာကိုသူခံစား ရနိုင်တော့မှာလား။ဒီလိုဆိုရင်တော့ခင်ဗျားတို့သမ္မတတော့လုပ်ချက်ဦးမလား။ ဒီတော့ကျွန်တော့လောကကြီးမှာလုပ်ပိုင်ခွင့်ဆိုတဲ့အချုပ်အနှောင်ကကင်းလွတ်ပြီးလွတ်လပ်ပျော်ရွှင်သောဘဝကိုရနိုင်ပါစေ။


Big DefenderJune 13, 20111min631
ဘာကြောင့်အစိမ်းရောင်ရက်စွဲလို့ပြောရတာလဲဆိုရင်ကျွန်တော်တို့ကမ္ဘာပေါ်မှာရှိတဲ့အစိမ်း ရောင်ရှိတဲ့သစ်ပင်ပန်းမန်တွေတဖြည်းဖြည်းဆုံးရှုံလာတာကိုတွေ့ရပါတယ်။အစိမ်းရောင်ရှိတဲ့အပင် တွေကိုကျွန်တော်တို့တွေလိုက်လံစိုက်ပျိုးပြုစုပျိုးထောင်ပေးခြင်းအားဖြင့်ကမ္ဘာကြီးစိမ်းလန်းအောင် ပြုလုပ်သင့်တယ်လို့ထင်ပါတယ်။ကိုယ်ကျိုးအတွက်ကိုမကြည့်ပဲဒီလိုလိုက်လံစိုက်ပျိုးပေးခြင်းဖြင့် လည်းကမ္ဘာကြီးကိုစောက်ရှောက်ပေးတာနဲ့အတူတူပဲလို့ထင်ပါတယ်။ကျွန်တော်တို့်တွေသုံးခဲ့ဖြုန်းခဲ့ သောသစ်ပင်တွေကကျွန်တော်သကတမ်းတလျှောက်မှာများပြားလှပါတယ်။ဒီအတွက်သူတို့ကိုပြန် ပြီးပြုစုပျိုးထောင်ပေးသင့်တယ်လို့ထင်ပါတယ်။ကျွန်းကိုင်မှီကိုင်းကျွန်းမှီပေါ့ဗျာ။ဒါကြောင့်မို့ကျွန် တော်တို့ကမ္ဘာမြေကြီးကိုစိမ်းလန်းသောရက်စွဲများဖြစ်လာအောင်ကူညီပေးပါလို့ပြောချင်ပါတယ်။ လေးစားစွာဖြင့်                      big defender


Big DefenderJune 13, 20111min1389
ကျွန်တော်သိသောလူတန်းစားမှာနှစ်မျိုးရှိသော်လည်းအခုခေတ်ဒါမှမဟုတ်အခုနောက်ပိုင်းမှာတော့သိသိသာသာပေါများလာတာ ကိုတွေ့ရလို့ရေးထားတာပါ။ ဟာဟိုမှာကြည်စမ်း အခြောက်ကြီး နရင်းရိုက်ဖို့ကောင်းလိုက်တာ….ဒီကောင်တွေကွာမြင့်မြတ်တဲ့ယောကျင်္ားဘဝကိုရရဲ့သား နဲ့ဘာလို့အခြောက်ဖြစ်နေရတာလဲမသိဘူး ဟယ်ကြည့်စမ်း မုန်းဖို့ကောင်းလိုက်တာအော့နှလုံးနာဖို့ကောင်းလိုက်တာ ဆို့တဲ့စကားတွေကကျွန်တော်တို့ပတ်ဝန်းကျင်မှာသူတို့ကိုမြင်ရင်ပြောနေတဲ့စကားတွေပါ။ကျွန်တော် ကိုယ်တို်င်လည်းပြောခဲ့ဘူးပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းငယ်ငယ်တုံးကပြောခဲ့ဘူးပါတယ် ခုချိ်န်မှာကျွန်တော်ပြန်စဉ်းစားကြည့်မိတယ်။သူတို့ကိုလူတွေကဘာလို့ကြည့်မရတာလဲဆိုတာကိုလေ။ ကျွန်တော်တို့အတူတူစဉ်းစားကြည့်ရအောင် ပထမဆုံးအနေနဲ့သူတို့ဘာလို့အခြောက်ဘဝကိုရသွားတာလဲဆိုတာကိုပါ။ဒီအခြောက်ဘဝကိုရောက်ရင်လူတွေရဲ့ကဲ့ရဲ့မှုကိုခံရမယ ်၊အလှောင်ခံရမယ်ဆိုတာကိုသိရဲ့သားနဲ့ဘာလို့ဒီဘဝကိုပိုင်ဆိုင်ရတာလဲ။ အခြောက်ဖြစ်ရခြင်းအကြောင်း(2)ရပ်ရှိတယ်လို့ထင်ပါတယ်၊ (1)   မွေးရာပါဗီဇ (2)    အရွယ်မတိုင်ခင်ပတ်ဝန်းကျင်ရဲ့  ပုံသွင်းမှု (1)မွေးရာပါဗီဇဆိုကတည်းကသူတို့ဟာမွေးကတည်းကဒီစိ်တ်ပါလာခြင်းဖြစ်ပါတယ်။သူတို့ဟာဒီဘ ဝကိုလိုချင်လို့ရွေးချယ်လိုက်ခြင်းမဟုတ်ပါဘူး။အတိတ်ကံမကောင်းတဲ့အတွက်ဒီဘဝမှအခြောက်ဖြစ်ရတယ်လို့ထင်ပါတယ်။ (2)အရွယ်မတို်င်ခင်ပတ်ဝန်းကျင်ရဲ့ပုံသွင်းမူဆိုတာကတော့အရွယ်မရောက်ခင်ကတည်းက မိဘညီအစ်ကိုမောင်နှမများကမိန်းကလေးပုံစံနေထိုင်စေခဲ့ခြင်းကအကျင့်ပါပြီးနောက်ဆုံးအရွယ်ရောက်လာတော့ ပြင်မရတော့ခြင်းကိုဆိုလိုတာပါ။ ကဲဒါဆိုသူတို့ကဟာဒီဘဝကိုကျေကျေနပ်နပ်ကြီးရွေးချယ်လိုက်တာမဟုတ်ပါ။ အတိတ်ကံ၊အခြေအနေ၊အချိန်အခါပတ်ဝန်းကျင်တို့ရဲ့သားကောင်များဖြစ်ရခြင်းဖြစ်ပါတယ်။ ဒါကြောင့်သူတို့ဟာသူတို့ရွေးချယ်တဲ့ဘဝမှာပျော်အောင်နေရခြင်းဖြစ်ပါတယ်။ သာမန်လူတွေမှာတောင်ခိုးတတ်သူ၊လိမ်ညာတတ်သူအနိုင်ကျင့်တတ်သူမကောင်းတဲ့စရိုက်တွေတောင်ရှိကြသေးတာပ ဲသူတို့မှာလဲပင်ကိုယ်စရိုက်ဆိုးဖြစ်တဲ့ယောကျင်္ားလေးတွေကိုစိတ်ဝင်စားခြင်းဟာအထူးအဆန်းတော့မဟုတ်ပါဘူး။ သူတို့ဟာသာမန်လူတွေထက်လောကဓံတရားရဲ့ရိုက်ခတ်မှုကိုပိုခံရပါတယ်။ သာမန်လူတွေကမကောင်းတာလုပ်မှသာကဲ့ရဲ့ခံရတာပါ။သူတို့မှာမြင်ရုံနဲကဲ့ရဲ့အလှောင်ခံရပါတယ်။ဒီ ခောတ်တွေကိုသူတို့ကကျွန်တော်တို့ထက်ပိုခံရပါတယ်။ သူတို့ဟာလူပတ်ဝန်းကျင်မှာသုံးမရတဲ့သူများမဟုတ်ပါဘူးအနုပညာလောကမှာလူအများချစ်ကြတဲ့ အနုပညာသည်တွေရဲ့အလှဟာသူတို့ဖန်တီးမှုကြောင့်ပိုမိုလှပလာတာမြှုငင်းနိုင်ပါဘူး။ဒီလိုပါပဲမိဘကို လုပ်ကြွေးနေတဲ့သူ၊သူနေရာနဲ့သူနေရာနဲ့သူတော်ကြတဲ့မိန်းမလျှာတွေအများကြီးပါ။မကောင်းတဲ့သူတွေလဲရှိမှာပေါ့။ဘယ်သူမှအပြစ်မတင်ပါဘူး။ လူတစ်ယောက်ကိုမုန်းလို့ကြည့်လို့မရတော့ဘူးဆိုရင်ခိုင်လုံတဲ့အကြောင်းပြချက်ရှိရပါမယ်။ ဥပမာ..မိမိကို်အနိုင်ကျင့်သွားလို့၊စော်ကားသွားလို့၊မကောင်းကြံလိုဆိုရင်လက်ခံနိုင်ပါတယ်။ သူတို့ကသင်တို့ကိုစပြီးစော်ကားဖူးပါသလား။ အမှန်တော့သူတို့ကိုလူပတ်ဝန်းကျင်ကဖယ်ထားမှာကိုအလွန်ပဲစိုးရိမ်ကြပါတယ်။ ခုဆိုကမ္ဘာပေါ်မှာလည်းသူတို့နဲ့ပက်သက်ပြီးအမြင်တွေပြောင်းလာပါပြီး။ သူတို့ရဲ့အရည်အချင်းတွေကို ထုပ်သုံးဖို့အခွင့်အရေးတွေပေးလာပါပြီး။တစ်ချို့ကဗာကျော်တွေဆိုသူတို့ဟာအခြောက်ပါလို့ဝန်ခံလာ တာတွေ့ရပါတယ်။ ဒါကြောင့်ကျွှန်တော်တို့နိုင်ငံမှာလည်းသူတို့ကိုယုတ်ညံသောလူတန်းစားလို့မမြင်ပဲတတိယလူတန်းစားအဖြစ်လက်ခံနို်င်အောင်ကြိုးစားသင့်ပါတယ်။ ဒါဟာစာနာသနားကြင်နာစိတ်ရှိတဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်မခဲယဉ်းဘူးလို့ထင်ပါတယ်။ လူအချင်းချင်းမုန်းတီးခြင်းကင်းဝေးကြပါစေ။


Big DefenderJune 9, 20111min32612
လူတစ်ယောက်မှာဖြစ်စဉ်ပြောင်းလဲမူတွေအများကြီးရှိပါတယ်။ဒါပေ့မယ်ဒီဖြစ်စဉ်တွေကိုမသိလိုက်မသိဘာသာနေနေကြ တာများပါတယ်။ဖြစ်ပျက်နေသောပြောင်းလဲမူသဘောတရားများကိုလိုက်ရှာကြည့်လျှင်အများကြီးတွေ့နိုင်ပါတယ်။လူများလုပ် ပြတာကိုလိုက်ပြီးအံဩနေပေမယ့်ကိုယ်ကိုပြန်ကြည့်ရင်အံဩစရာအများကြီးကိုတွေးနိုင်ပါတယ်။ဥပမာပြောရရင်ကျွန်တော်တို့ရှိ မှာပေါက်တဲ့ဆံပင်ဆိုတာကိုသေချာကြည့်မယ်ဆိုရင်ဒီကောင်ဟာလည်းအံဩစရာတွေကိုတွေနိုင်ပါတယ်။ဘာကြောင့်ဆိုတော့ ကျွန်တော်စားသုံးတဲ့အစားအစာထဲမှာဆံပင်နဲ့ပက်သက်တာဘာမှမပါလို့ပဲ။ဘာကြောင့်ဒီဆံပင်တွေဟာရှည်လာတယ်လက်သည်း ခြေသည်းတွေဟာရှည်လာတယ်ဆိုတာကလည်းထူးခြားမူဆိုတာကိုတွေ့နိုင်ပါတယ်။ကျွန်တော်တို့တွေဆံပင်စားလို့ဆံပင်ရှည်လာ သလားလက်သည်းခြေသည်းတွေစားလို့လက်သည်းခြေသည်းတွေရှည်လာသလားဆိုတာစဉ်းစားစရာဖြစ်လာပါတယ်။ဒါပေ့မယ် ကျွန်တော်တို့စားတဲဟာတွေကသက်သက်။နောက်ပြီးကျွန်တော်စားတာကပျော့ပျောင်းပြီးအရသာရှိတဲ့ဟာကိုစားရတာပါ။ဘယ်လိုလဲတော့မသိဘူး။ နောက်ပြီးကျွန်တော်ခန္နကိုယ်ကိုပဲသေချာခွဲခြားကြည့်မယ်ဆု်ိရင်အံဩစရာတွေအများကြီးရှိတာကိုတွေ့နိုင်ပါတယ်။ နောက်ပြီးတော့ရှာဖွေကြည့်မယ်ဆိုရင်အများကြီးတွေ့နိုင်ပါတယ်။ဒါကကျွန်တော်သိတာလေးကိုရေးပြီးတင် လို်က်တာပါ။


Big DefenderJune 8, 20111min19813
ခေါင်းစဉ်ကိုကြည့်ပြီးလန့်မသွားကြပါနဲ့၊စာအုပ်တွေကိုကြွက်တွေလို၊ပိုးဟပ်တွေလိုကိုက်ဖြတ်စားသောက်ခိုင်းတာမဟုတ်ပါဘူးဆိုလိုတာကလူတွေဟာကိုယ်ကာယကျန်းမာကြံ့ခိုင်ဖို့အတွက် သင့်တော်တဲ့အစာစားများကိုစားကြရပါတယ်။ထို့အတူစိတ်ကျန်းမာရေးဆိုတဲ့ အသိပညာတိုးတက်ဖို့အတွက်စာပေများကိုဖတ်ရှုလေ့လာသင့်တယ်လို့ဆိုလို တာပါ။  လက်ဦးဆရာမည်ထိုက်စွာပုပ်ပစရိယမိနှင့်ဖတို့သွန်သင်ဆုံးမခြင်း အာစရိယဟူသောဆရာတို့ဧ။်လမ်းညွှန်သင်ကြားပြသခြင်းဖြင့်ကျွှန်တော်တို့ လောကကြီးတွင်ရပ်တည်နိုင်ဖို့မလုံလောက်ပါဘူး။မိမိကိုယ်တိုင်ဆည်းပူးလေ့ လာမှသာလျှင်တော်ရုံကြမည်ဖြစ်သည်။ဒါတောင်ပြည့်စုံသည်သူမရှိပြီး။ပညာရွှေအိုးဆိုသည်မှာမည်မျှပင်ထည့်စေကာမူပြည့်သောအရာမဟုတ်ပေ။ ဤသို့လေ့လာလိုက်စားရာတွင်အလွယ်ဆုံးနည်းမှာစာအုပ်စာပေ များကိုဖတ်ရှုသောနည်းပင်ဖြစ်သည်။စာအုပ်ဖတ်ရတာဝါသနာမပါဘူးဟုမ မပြောပါနှင့်ထို့သို့သောလူများမှာစာဖတ်ခြင်းဧ။်အကျိုးကျေးဇူးကိုလုံးဝမသိ ခြင်းကြောင့်ပင်ဖြစ်ပါသည်။ကမ္ဘာပေါ်မှာရှိသည့်ပညာရှိကြီးများ၊လူကောင်းလူတော်များသည်မွေးကတည်းကအလိုလိုတတ်လာသူများမစဟုတ်ပါ။သူလို ကိုယ်လိုလူမျိုးမှပင်စာပေများကိုလေ့လာလိုက်စားပြီး၊ထိုမှလောကကိုကြည့် မြင်နိုင်သူများဖြစ်သည်။စာပေများကုိုမလေ့လာ၊မလိုက်စားသောပညာရှိဆိုတာမရှိပါ   ဒါဆိုဘယ်လိုလုပ်ရမည်နည်? စာလုပ်စာပေဖတ်ရှုလေ့လာမူဟာပျို့ထောင်ယူရတဲ့အလေ့အကျင့်တစ်မျိုးပါ။စာဖတ်တဲ့အကျင့်ကိုလူ လူတစ်ယောက်ဟာလွယ်လွယ်ကူကူမရနိုင်ပါဘူး။စအုပ်တွေကိုဖတ်ရင်းဖတ်ရင်းနဲ့နှစ်သက်သဘောကျ ပြီးဖတ်ချင်လာတဲ့အတွေ့အကြုံနဲ့ဖတ်တဲ့အတွက်မိမိဘဝမှာလက်တွေ့အသုံးဝင်အကျိုးရှိတာကိုရရှိလာမှ ပိုပြီးစွဲမြဲသွားစေပါတယ်။ ဒါဆိုဘယ်လိုစာအုပ်မျိုးကိုဖတ်ရမည်နည်း။ ဒါကလည်းအလွယ်လေးပါ၊ တွေ့တဲ့စာအုပ်၊ကိုယ်ကြိုက်တဲ့စာအုပ်ကိုဖတ်ပေ့ါ။ ကာတွန်းကြိုက်လား၊ သိုင်းစာအုပ်ကြိုက်လား၊အချစ်စုံထောက်၊ဘဝသရုပ်ဖော်စသည်ဖြင့်ဝတ္ထုအမျိုးအစားတွေကိုဖတ်ရင်းနဲ့မိမိရဲ့စာဖတ်ကျင့်ကိုမွေးမြူးပျိုးထောင်ယူရတယ်။ပြီးရင်ဆောင်းပါးတွေ၊ခရီးသွားမှတ်တမ်းတွေ၊ အတ္တုပတိ္တနဲ့လေးနက်တဲ့နိုင်ငံရေး၊စီးပွားရေး၊ ဘာသာရေး၊ သဘောတရား၊စာပေရေးရာစာအုပ်များကိုရသမြောက်တဲ့ဝတ္တုရှည်၊ဝတ္တုတိုများကိုဖတ်ရှုပြီးစာဖတ်ကျင့်အတော်လေးရင့်လာမှတက်လှမ်းနိုင်ကြောင်းတွေ့ရပါတယ်။ စာဖတ်ကျင့်မရှိတဲ့သူဟာပျင်းစရာကောင်းတဲ့စာအုပ်မျိုးကိုယ်ဉာဏ်မမှီတဲ့စာအုပ်မျိုးကိုစတင်မဖတ်သင့်ပါဘူးဖတ်ပြီးမသိတော့စိတ်မဝင်စားပဲစိတ်ပါကုန်သွားနှိင်ပါတယ်။ ဒါကြောင့်စာဖတ်ဝါသနာကိုစာဖတ်တဲ့အကျင့်နေပြုစုပျိုးထောင်ယူရပါမယ် ဖတ်တာကြာတော့လည်းရင်းနှီးလာပြီးမိတ်ဆွေဖြစ်သွားတော့တာပါပဲ။“စာအုပ်စာပေလူမိတ်ဆွေတဲ့”[စာအုပ်ဟောင်းဝယ်တဲ့ကုလားနဲ့မိတ်ဆွေဖြစ်တာမဟုတ်ပါဘူး]ကိုယ်သိထားတဲ့အသိပညာတစ်ခုကိုခိုင်မြဲတိုးတက်စေတဲ့နည်းနှစ်ခုရှိပါတယ်။ (၁)သူတစ်ပါးကိုသင်ကြားပြသတာ။နားလည်အောင်ရှင်းလင်းပြသတာမျိုးပါ (၂)မိမိဘဝအတွက်လက်တွေ့စမ်းသပ်အသုံးချကြည်လိုက်တာတစ်ခုပါ။ ဒါကြောင့်မိမိသိပြီးတတ်ပြီးရင်လည်းဒီအတိုင်းမနေပဲမိမိပတ်ဝန်းကျင်မှာရှိတဲ့စိတ်ဝင်စားသူများကိုသင် ကြားပေးခြင်းဆွေးနွေးခြင်းများပြုလုပ်သင့်ပါတယ်။အဲဒီလိုပြုလုပ်ခြင်းဖြင့်အများဧ။်လေးစားခြင်းကိုခံရ မည်။ဒါမှမဟုတ်ဆရာကြီးလုပ်သည်ဟုလည်းအထင်ခံရမည်။ဂရုမစိုက်ပါနှင့်အချိန်တန်လျှင်နားလည်ပြီး ပါးစပ်ပိတ်သွားပါလိမ့်မည်။(ကိုယ်ကကောင်းတာလုပ်တာကို) ကမ္ဘာပေါ်မှာလူအပါအဝင်သက်ရှိသတ္တာဝါများမှာရှိတဲ့အထဲမှလူမှာအခြားသတ္တဝါများထက်ပိုမိုသာလွန်တဲ့အချက်ရှိပါတယ်။ ပထမအချက်ကစူးစမ်းလေ့လာပြီးလက်တွေ့လုပ်ကိုင်ခြင်းပါ။ဒီအချက်ကိုလည်းတ ချို့သတ္တဝါတွေလုပ်နိုင်ပါတယ်။ဥပမာ-မျောက်ပေါ့။အဲ….ဒုတိယအချက်မှာတော့တော်တော်ကွာပါတယ် အဲဒါကမှတ်တမ်းတင်ခြင်းပါမည်သည့်သတ္တဝါမျှလူတွေလောက်မှတ်တမ်းတင်နှိင်ခြင်းမရှိပါဘူး။အဲဒီအ ချက်ဟာကျွန်တော်တို့လူသားတွေကိုအလျှင်မြန်တိုးတက်စေပါတယ်။မှတ်တမ်းတင်တယ်ဆိုတာကသိ ပြီးသားအကြောင်းအရာတစ်ခုကိုနှုတ်ဖြင့်ဖြစ်စေသက်ဆိုင်ရာဘာသာစကားစာတို့ဖြင့်ကျောက်ထက်အက္ခရာတင်ခြင်း၊ပေထက်အက္ခရာတင်ခြင်း၊ပုံနှိပ်ခြင်းတို့ဖြစ်ပါသည်။ ဒါကြောင့်ကျွန်တော်တို့ကနှုတ်ဖြင့်မှတ်တမ်းတင်ခြင်းဖြစ်တဲ့လူကြီးသူမများ၊ပညာရှိများနှင့်ဆွေးနွေးခြင်း၊ သင်ယူခြင်းများအပြင်စာပေမှတ်တမ်းတင်ထားတဲ့စာအုပ်များကိုဖတ်ခြင်းဖြင့်ကိုယရည်ကိုယ်သွေးများ စိတ်ဓါတ်အရည်အသွေးများပိုမိုမြင့်မားလာအောင်ကြိုးစားသင့်ပါကြောင်းအကြံပြုတိုက်တွန်းလိုပါသည်။


Big DefenderJune 8, 20111min16210
ကျွန်တော်တို့ ပတ်ဝန်းကျင်တွင်ယခုအခါ တဖြည်းဖြည်းရှားပါးဆုတ်ယုတ်လာသောအ ကြောင်းအရာတစ်ခုရှိပါတယ်။အဲဒါကတော့ရိုးသားမှုဟုခေါ်သော (ရိုးဂုဏ်)ဖြစ်ပါသည်။ဘယ်လောက် တောင်ရှားပါးလာလဲဆိုတော့စကားပုံလေးတောင်ပေါ်လာတယ်။(လူရိုးဆိုတာ သင်္ချိုင်းကုန်းမှာပဲရှိ တယ်တဲ့)။ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတွေများလာပေမယ့်စိတ်ပိုင်းဆိုင်ရာတွေမှာအားနည်းချက်တွေများ လာပါတယ်။ဒါဟာအလွန်အရေးကြီးတဲ့အချက်ပါလူမှာစိတ်ဟာအဓိကပါ။အဲဒီအဓိကဖြစ်တဲ့စိတ်ပိုင်း ဆိုင်ရာသာယိုးယွင်းသွားမယ်ဆိုရင်ကျွန်တော်တို့လောကကြီးမှာပျော်စရာကောင်းတော့မှမဟုတ်ပါဘူး။ ရိုးသားမှုဆိုတာလူဝင်ဆံတဲ့အရာတစ်ပါးဘယ်လောက်ပဲချမ်းသာချမ်းသာ၊ရိုးသာမူမရိုရင်လူ တောတိုးနိုင်ဖို့ခဲယဉ်းပါတယ်။ချမ်းသာလို့ခေါ်ပြောဆက်ဆံနေရပေမယ်စိ်တ်ထဲမှာတော့အထင်သေးနေမှာအမှန်ပါ။ဆင်းရဲပေ့မယ့်အမှန်တကယ်ရိုးသားလိုရှိရင်လူအများရဲ့ယုံကြည်မှုကိုအမှန်တကယ်ရရိုနိုင်ပါတယ်။အဲဒီယုံကြည်မူအပေါ်မှာလုပ်ရည်ကိုင်ရည်လေးသာတပ်ပြီးပေါင်းလိုက်မယ်ဆိုရင်အဲဒီလူဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်လာပါလိမ့်မယ်။ ရိုးသာမှုဆိုတာတစ်နည်းအားဖြင့်စာရိတ္တကောင်းမွန်ခြင်းလို့လဲခေါ်ပါတယ်။ ဘဝမှာအောင်မြင် ချင်ရင်ရိုးသားမှုကိုလေးထားတည်ဆောက်ရပါမယ်။ Hounest is the best policy (ရိုးသားဖြောင့်မှန်ခြင်းဟာအကောင်းဆုံးသောမူဝါဒ ) ဖြစ်ပါတယ်လို့်Fankalin (ဖရင်ကလင်)ဆိုသူကရေးသားခဲ့ပါတယ်။နေ့စဉ်နေ့တိုင်းဖြစ်လေ့ဖြစ်လေ့ရှိတဲ့ ပြသနာတွေထဲမှာမရိုးသားမူကြောင့်ဖြစ်ရတဲ့ပြသနာတော်တော်များများကိုတွေ့ရပါတယ်။နို်င်ငံရေး၊လူ မူရေး၊ကျန်းမာရေး၊ ပညာရေး နောက်ဆုံးဘာသာရေးတွေထဲမှာတောင်မရိုးသားမူတွေတွေ့လာရပါ တယ်။ဒီလိုအခြေခံစနစ်တွေထဲမှာမှမရိုးသားမူတွေများလာလို့ရှိရင်ကျွန်တော်တို့ဟာဘယ်တော့မှတိုး တက်လာမှာမဟုတ်တော့ပါဘူး။ ဒါကြောင့်ကျွန်တော်တို့ဟာရိုးသားထက်မြက်တဲ့(ဒါမှမဟုတ်)လူကောင်းလူတော်တွေဖြစ် အောင်လုံးဝကြိုးစားသင့်ပါတယ်။ When wealthis lost , Nothing islost, When healthis lost, Something islost, Whencharacter is lost, All is lost . ပစ္စည်းဥစ္စာဆုံးရှုံးလျှင်မည့်သည့်အရာမျှမဆုံးရှုံးကျန်းမာရေးဆုံးရှုံးလျှင်တစ် ချို့တစ်ဝက်သာဆုံးရှုးံမည်၊အကျင့်စာရိတိ္တဆုံးရှုံးလျှင်အားလုံးဆုံးရှုံးမည်။ အဲဒီစကားပုံးလေးကတော့ရိုးသားမှုဟာဘယ်လောက်အရေးကြီးတယ်ဆိုတာဖော်ပြထားပါ တယ်။ […]