Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တတိယလူတန်းစား

Big DefenderJune 13, 20111min3859

ကျွန်တော်သိသောလူတန်းစားမှာနှစ်မျိုးရှိသော်လည်းအခုခေတ်ဒါမှမဟုတ်အခုနောက်ပိုင်းမှာတော့သိသိသာသာပေါများလာတာ
ကိုတွေ့ရလို့ရေးထားတာပါ။
ဟာဟိုမှာကြည်စမ်း အခြောက်ကြီး နရင်းရိုက်ဖို့ကောင်းလိုက်တာ….ဒီကောင်တွေကွာမြင့်မြတ်တဲ့ယောကျင်္ားဘဝကိုရရဲ့သား

နဲ့ဘာလို့အခြောက်ဖြစ်နေရတာလဲမသိဘူး

ဟယ်ကြည့်စမ်း မုန်းဖို့ကောင်းလိုက်တာအော့နှလုံးနာဖို့ကောင်းလိုက်တာ

ဆို့တဲ့စကားတွေကကျွန်တော်တို့ပတ်ဝန်းကျင်မှာသူတို့ကိုမြင်ရင်ပြောနေတဲ့စကားတွေပါ။ကျွန်တော်

ကိုယ်တို်င်လည်းပြောခဲ့ဘူးပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းငယ်ငယ်တုံးကပြောခဲ့ဘူးပါတယ်

ခုချိ်န်မှာကျွန်တော်ပြန်စဉ်းစားကြည့်မိတယ်။သူတို့ကိုလူတွေကဘာလို့ကြည့်မရတာလဲဆိုတာကိုလေ။

ကျွန်တော်တို့အတူတူစဉ်းစားကြည့်ရအောင်

ပထမဆုံးအနေနဲ့သူတို့ဘာလို့အခြောက်ဘဝကိုရသွားတာလဲဆိုတာကိုပါ။ဒီအခြောက်ဘဝကိုရောက်ရင်လူတွေရဲ့ကဲ့ရဲ့မှုကိုခံရမယ
်၊အလှောင်ခံရမယ်ဆိုတာကိုသိရဲ့သားနဲ့ဘာလို့ဒီဘဝကိုပိုင်ဆိုင်ရတာလဲ။

အခြောက်ဖြစ်ရခြင်းအကြောင်း(2)ရပ်ရှိတယ်လို့ထင်ပါတယ်၊

(1)   မွေးရာပါဗီဇ

(2)    အရွယ်မတိုင်ခင်ပတ်ဝန်းကျင်ရဲ့  ပုံသွင်းမှု

(1)မွေးရာပါဗီဇဆိုကတည်းကသူတို့ဟာမွေးကတည်းကဒီစိ်တ်ပါလာခြင်းဖြစ်ပါတယ်။သူတို့ဟာဒီဘ

ဝကိုလိုချင်လို့ရွေးချယ်လိုက်ခြင်းမဟုတ်ပါဘူး။အတိတ်ကံမကောင်းတဲ့အတွက်ဒီဘဝမှအခြောက်ဖြစ်ရတယ်လို့ထင်ပါတယ်။

(2)အရွယ်မတို်င်ခင်ပတ်ဝန်းကျင်ရဲ့ပုံသွင်းမူဆိုတာကတော့အရွယ်မရောက်ခင်ကတည်းက

မိဘညီအစ်ကိုမောင်နှမများကမိန်းကလေးပုံစံနေထိုင်စေခဲ့ခြင်းကအကျင့်ပါပြီးနောက်ဆုံးအရွယ်ရောက်လာတော့

ပြင်မရတော့ခြင်းကိုဆိုလိုတာပါ။

ကဲဒါဆိုသူတို့ကဟာဒီဘဝကိုကျေကျေနပ်နပ်ကြီးရွေးချယ်လိုက်တာမဟုတ်ပါ။

အတိတ်ကံ၊အခြေအနေ၊အချိန်အခါပတ်ဝန်းကျင်တို့ရဲ့သားကောင်များဖြစ်ရခြင်းဖြစ်ပါတယ်။

ဒါကြောင့်သူတို့ဟာသူတို့ရွေးချယ်တဲ့ဘဝမှာပျော်အောင်နေရခြင်းဖြစ်ပါတယ်။

သာမန်လူတွေမှာတောင်ခိုးတတ်သူ၊လိမ်ညာတတ်သူအနိုင်ကျင့်တတ်သူမကောင်းတဲ့စရိုက်တွေတောင်ရှိကြသေးတာပ

ဲသူတို့မှာလဲပင်ကိုယ်စရိုက်ဆိုးဖြစ်တဲ့ယောကျင်္ားလေးတွေကိုစိတ်ဝင်စားခြင်းဟာအထူးအဆန်းတော့မဟုတ်ပါဘူး။

သူတို့ဟာသာမန်လူတွေထက်လောကဓံတရားရဲ့ရိုက်ခတ်မှုကိုပိုခံရပါတယ်။
သာမန်လူတွေကမကောင်းတာလုပ်မှသာကဲ့ရဲ့ခံရတာပါ။သူတို့မှာမြင်ရုံနဲကဲ့ရဲ့အလှောင်ခံရပါတယ်။ဒီ

ခောတ်တွေကိုသူတို့ကကျွန်တော်တို့ထက်ပိုခံရပါတယ်။

သူတို့ဟာလူပတ်ဝန်းကျင်မှာသုံးမရတဲ့သူများမဟုတ်ပါဘူးအနုပညာလောကမှာလူအများချစ်ကြတဲ့

အနုပညာသည်တွေရဲ့အလှဟာသူတို့ဖန်တီးမှုကြောင့်ပိုမိုလှပလာတာမြှုငင်းနိုင်ပါဘူး။ဒီလိုပါပဲမိဘကို

လုပ်ကြွေးနေတဲ့သူ၊သူနေရာနဲ့သူနေရာနဲ့သူတော်ကြတဲ့မိန်းမလျှာတွေအများကြီးပါ။မကောင်းတဲ့သူတွေလဲရှိမှာပေါ့။ဘယ်သူမှအပြစ်မတင်ပါဘူး။

လူတစ်ယောက်ကိုမုန်းလို့ကြည့်လို့မရတော့ဘူးဆိုရင်ခိုင်လုံတဲ့အကြောင်းပြချက်ရှိရပါမယ်။

ဥပမာ..မိမိကို်အနိုင်ကျင့်သွားလို့၊စော်ကားသွားလို့၊မကောင်းကြံလိုဆိုရင်လက်ခံနိုင်ပါတယ်။

သူတို့ကသင်တို့ကိုစပြီးစော်ကားဖူးပါသလား။

အမှန်တော့သူတို့ကိုလူပတ်ဝန်းကျင်ကဖယ်ထားမှာကိုအလွန်ပဲစိုးရိမ်ကြပါတယ်။

ခုဆိုကမ္ဘာပေါ်မှာလည်းသူတို့နဲ့ပက်သက်ပြီးအမြင်တွေပြောင်းလာပါပြီး။

သူတို့ရဲ့အရည်အချင်းတွေကို

ထုပ်သုံးဖို့အခွင့်အရေးတွေပေးလာပါပြီး။တစ်ချို့ကဗာကျော်တွေဆိုသူတို့ဟာအခြောက်ပါလို့ဝန်ခံလာ

တာတွေ့ရပါတယ်။

ဒါကြောင့်ကျွှန်တော်တို့နိုင်ငံမှာလည်းသူတို့ကိုယုတ်ညံသောလူတန်းစားလို့မမြင်ပဲတတိယလူတန်းစားအဖြစ်လက်ခံနို်င်အောင်ကြိုးစားသင့်ပါတယ်။

ဒါဟာစာနာသနားကြင်နာစိတ်ရှိတဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်မခဲယဉ်းဘူးလို့ထင်ပါတယ်။

လူအချင်းချင်းမုန်းတီးခြင်းကင်းဝေးကြပါစေ။

9 comments

  • Big Defender

    June 13, 2011 at 5:58 am

    ကျွန်တော်တွေသလောက်တော့ရေးထားတာပါ။ကျွန်တော်တို့မြန်မာတွေအနေနဲ့ကိုယ်ချင်းစာတရားတွေရှိတယ်ဆိုရင်
    ဖြင့်တစ်ဖက်သားကိုနှိမ့်ချမဆက်ဆံပါနှင့်။သူဘဝသူကံကြောင့်ဒီလိုဘဝရောက်နေတာကိုကိုယ်ချင်စားတရားလးတွေရှိ
    ပေးကြပါခင်များ။

  • shadowless

    June 14, 2011 at 1:13 am

    လာပြန်ပြီ….
    လက်ခံချင်ရင်..ခင်ဗျား အမျိုးတွေထဲမှာပဲ လက်ခံလိုက်…
    တတိယ လူတန်းစားဆိုလို့… ဝင်ဖတ်မိပါတယ်..
    လက်မခံနိုင်ပါဘူးဆိုမှ…
    အကြောင်းကြောင်းကြောင့် ဆိုတာကို လက်ခံတယ်..
    ထပ်ဖြစ်လာမှာ ပွါးလာမှာကို လက်မခံတာ….
    ကဲ ရှင်းပလား..
    အမှိုက်ကစ.. ပြဿဒ် မီးလောင် မဖြစ်ချင်တာ…
    ဒါကြောင့်.. လက်မခံနိုင်ဘူးပြောနေတာ..
    လက်ခံလိုက်ရင် ပိုဆိုးကုန်မှာပေါ့…
    ကဲ ….ရှင်းပလား..

  • PinkCandy

    June 14, 2011 at 1:33 am

    အဲလို လူတန်းစားတစ်ခုအနေနဲ့ဖြစ်တည်ခွင့်ပေးလိုက်ရင်
    ပိုပိုဆိုးလာမလားပဲဟင်
    MG ထဲက တစ်ယောက်က အခြောက်ပါလို့သူ့ကိုယ်သူဝင်ခံပြီးတဲ့နောက်မှာ
    ယောက်ျားလေးတွေကို တရားဝင်ကြိုက်ခွင့် မြူဆွယ်ခွင့်ရှိသလို ခံယူနေတယ်
    အဲလောက်ကြီးတော့ မဖြစ်သင့်ဘူးထင်ပါတယ်။

  • bigcat

    June 14, 2011 at 2:43 am

    လိင်တူဆက်ဆံသူတွေရဲ့ ဖြစ်တည်မှုတွေကို အများက လက်ခံထားပြီးသားပါ။ ပြသနာက သူတို့ရပ်တည်ချက် အမြင်သဘောထားတွေကြောင့်ပါ။ ရွာသူဖြိုးပြောလေ့ပြောထရှိသလို ဂေးဆိုတာရောဂါမဟုတ်၊ ဂေးမုန်းတာသာ စိတ်ရောဂါဆိုတဲ့ WHO စကားကိုယူသုံးပြီး ဂေးပြန့်ပွားရေး လှုံ့ဆော်မှုကိုပါ။ သူတို့လှုပ်ရှားမှုကိုကြည့်ရင် ဖြစ်တည်ခွင့်ရရှိမှုထက် လိင်တူဆက်ဆံခြင်း ပြန့်ပွားဖို့ တိုက်တွန်းနှိုးဆော်တာ ဖြစ်ပါတယ်။ ဒါလည်းနားလည်နိုင်ပါတယ်၊ အရက်သမားက အရက်သောက်ဖို့ လိုက်ဆွယ်သလိုပေါ့။ နို့မို့ရင် အများနဲ့တယောက် ကိုယ်က ထင်ထင်ရှားရှားကြီး ဖြစ်နေမှာပေါ့။ သူတို့ဖက်က ကာကွယ်ပြောရင်တော့ လူတွေရဲ့ အထင်မှားကို လိုက်လံတိုက်ဖျက်တာမိုလို့ တရားတယ်ပေါ့။
    မိန်းမသားဝါဒမှာလည်း အားနွဲ့သူအမျိုးသမီးတွေကို အခွင့်အရေးပေး ဆက်ဆံရမယ်ဆိုတာနဲ့ မိန်းမလည်းလူပဲ၊ တန်းတူအခွင့်အရေး ပေးရမယ်ဆိုတဲ့ လိုင်းနှစ်လိုင်း ခေတ်သစ်ကမာ္ဘမှာ ရှိပါတယ်။ ပစားပေး ဆက်ဆံရမှာကို သိပ်ကျယ်ကျယ်လောင်လောင် မဖြစ်ကြပေမယ့် တန်းတူအခွင့်အရေး ပေးရမယ်ဆိုတဲ့အခါမှာတော့ ပြသနာတွေရှိလာပါတယ်။ သဘာဝတရားကိုက ယောက်ျား၊မိန်းမ ခွဲခြားထားလို့ ယောက်ျားတွေရတိုင်း မိန်းမတွေလည်း ရသင့်တယ်ဆိုတာ မေးခွန်းထုတ်ကြပါတယ်။ ယဉ်ကျေးတဲ့ ကမာ္ဘ့အစိတ်အပိုင်းအချို့မှာသာ ယောက်ျား၊မိန်းမ အရာရာတိုင်းကို မခွဲခြားတဲ့ ဆက်ဆံရေး ဖြစ်လို့ရတယ်မဟုတ်လား။ ရက်စက်ရိုင်းစိုင်းလှတဲ့ ရှေ့တန်းစစ်မျက်နှာတွေမှာ မိန်းမစစ်သားတွေ သုံးလို့မဖြစ်နိုင်ဘူးလေ။ ဥပဒေပိုင်းမှာလည်း ရှုဒေါင့်အမျိုးမျိုးရှိပါတယ်။
    ဂေးကိစ္စပြန်ကောက်ရရင် သူတို့ရဲ့ အယုအယခံချင်တဲ့ မိန်းမစိတ် နဲ့ယောက်ျားလို ကြမ်းတမ်းတဲ့ ပင်ကိုယ်စိတ် ဆန့်ကျင်ဖက်နှစ်ခု တွဲမိတဲ့အခါ အများလက်မခံနိုင်တဲ့ ဂေးယဉ်ကျေးမှုတရပ် ဖြစ်လာပါတယ်။ ဥပမာ – မိန်းမလိုကာမအာရုံခံစားမှုကို ယောက်ျားပင်ကိုယ်စိတ်နဲ့ အထိန်းအချုပ် အကန့်အသတ်မရှိ လွန်ကျူးချင်တယ်၊ အသက်ကြီးတဲ့အထိလည်း စိတ်မကုန်ဘူး။ ဒါတွေကို အကာအကွယ်ယူဖို့ မွေးရာပါဗီဇတို့၊ စိတ်ပညာတို့ကို အသုံးချတယ်။ မှန်ချင်လည်းမှန်မှာပေါ့၊ ဒါပေမဲ့ အဲဒီအရာတွေက လူ့ယဉ်ကျေးမှုကိုဖြစ်စေတဲ့ တရားတွေမှ မဟုတ်တာ။ ဥပမာ – လတ်တလော ဆေးသိပ္ပံပညာရှင်မျာပြောနေတဲ့ လူ့သဘာဝဆိုတာ အိမ်ထောင်ရေးမှာ monogamy ရိုးမြေကျပေါင်င်းဆက်ဆံရေး မဟုတ်ဘူး၊ polygamy တယောက်ထက်ပိုတဲ့ ပါ့တနာရှိတယ်။ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ များလာတဲ့အခါ ဘာကြောင့်ဆိုတာ ဆေးပညာရှုထောင့်က တွေ့ရှိချက်တွေပါ။ မှန်တယ်ဆိုပြီး လွှတ်ပေးလိုက်ရမှာလား။ လူဆိုတာ နဂိုကထဲက လွတ်လွတ်လပ်လပ် သွားလာနေထိုင်တယ်ဆိုပြီး ဂျစ်ပစီယဉ်ကျေးမှုအတိုင်း နေသွားဖို့ အားပေးသင့်သလား။ သင့်ခလေးဆိုရင်ကော ပြုစုစောင့်ရှောက် လမ်းညွှန်မှုတွေ မလုပ်ဘူးလား။ သူ့သဘောနဲ့သူ သွားချင်ရာသွား၊ စားချင်တာစား၊ ပြန်လာချင်တဲ့အချိန်မှပြန်လာ ပစ်ထားမလား။ စောင့်စည်းမှု၊ ဆန္ဒကိုသိက္ခာနဲ့ထိန်း ဘာညာကွိကွဆိုတာ လူကျင့်ဝတ်သိက္ခာပိုင်းပါ။ အရာရာကို သိပ္ပံပညာ၊ ရုပ်ဝတ္ထုနဲ့ တိုင်းတာလို့မရဘူး။ အဲလိုသာပြောကြေးဆို လူနဲတိရစာ္ဆန်နဲ့ စပ်ရှက်တာလည်း မွေးရာပါဗီဇ ပါလို့ ဆင်ခြေပေးမယ်ဗျာ။ အသက်မပြည့်သေးသူတွေကို စိတ်ဝင်စားတာလည်း မွေးရာပါဗီဇဗျာ (ရှေးခေတ်ကထဲကရှိတယ်၊ ကဲဘာပြောမလဲ)။ ကျင့်ဝတ်သိက္ခာ များလွန်းပြန်တော့လည်း ခေတ်နောက်ပြန်ဆုတ်ပြီး အစွန်းတဖက်ကို ရောက်တယ်။ ဒီတော့ ကျင့်ဝတ်ပိုင်း softcore နဲ့ လက်တွေ့အရှိတရား hardcore နှစ်ခု အပြန်အလှန်ထိန်းကျောင်းတတ်ဖို့ လိုမယ်ဖြစ်ပါတယ်။ နင်တို့ကို ပြောရတာမောတယ်….ဖြိုးရေ ဆက်သာလှိမ့်၊ မောရင် ကိုအောင်ပုကိုတွန်းခိုင်း….ငါကမနေနိုင်လို့ အမိုက်ခံပြောတာ။ 😥

  • (ကျွန်တော်တို့မြန်မာတွေအနေနဲ့ကိုယ်ချင်းစာတရားတွေရှိတယ်ဆိုရင်
    ဖြင့်တစ်ဖက်သားကိုနှိမ့်ချမဆက်ဆံပါနှင့်။သူဘဝသူကံကြောင့်ဒီလိုဘဝရောက်နေတာကိုကိုယ်ချင်စားတရားလးတွေရှိပေးကြပါခင်များ။)
    ဒါလေးကတော့ မှားတယ်ထင်တာဘဲ။
    မြန်မာနိုင်ငံမှာ ဒီလူတန်းစားကို နှိမ်လဲမနှိမ်တာကတော့သေချာပါတယ်။
    ဒါကြောင့်လဲ အလှပြင်လုပ်ငန်းတွေမှာ ရုပ်ရှင်နဲ့ပါတ်သက်တဲ့လုပ်ငန်းတွေမှာ
    စိန်ရွှေရတနာ ပွဲစားလုပ်ငန်းတွေမှာ သူတို့လုပ်နေကြတာပါဘဲ။
    တစ်ခုတော့ ရှိတယ် ကလေကလွင့်နေတဲ့ အဲလိုလူအတွက်ကတော့ ဘယ်သူက မှထည့်စဉ်းစားမှာမဟုတ်တာပါ။
    လူ့အခွင့်အရေးလို့ တွင်တွင်အော်နေကြတဲ့နိုင်ငံမှာသာ
    လိင်တူဆက်ဆံလို့ရာထူးက ဆင်းပေးရတာ နေရာဖယ်ပေးရတယ်ဆိုတာတွေရှိတာပါ။
    မြန်မာပြည်ကတော့ ဒီလူတန်းစားကို ဝဋ်ရှိလို့ ခံရတယ်လို့ သဘောထားတာပါ။
    တစ်ခုတော့ ရှိတယ် ဒီလိုလူမျုးိကလဲ သူတို့လုပ်တာမှန်ကြောင်းကောင်းလူသိရှင်ကြားလိုက်
    မပြောသင့်ဘူးလို့ထင်ပါတယ်။
    ကိုယ့်နေရာ ကိုယ်နေကြရင် ပြဿနာဆိုတာရှိမလာနိုင်ပါဘူး။
    ဒီလူတန်းစားရှိခြင်း မရှိခြင်းသည်မြန်မာပြည်သူပြည်သားများအဘို့ ဘယ်လိုမှမနေပါဘူး။
    ရွာထဲမှာ ဒီလူတန်းစားနဲ့ ပါတ်သက်လို့ဝေဖန်သူုတိုင်းမြန်မာပြည်မှာနေသူတွေမဟုတ်ဘူး။
    တနည်းပြောရင် တခုတ်တရ စဉ်းစားလောက်စာ ကိစ္စုမဟုတ်ဘူးလို့ယုံကြည်ပါတယ်။

  • captainamerica

    June 14, 2011 at 3:14 pm

    အင်းကိုယ့်ထမင်းကိုယ်စားပြီးလူမုန်းခံရအောင်တော့ပြောမိနေပြန်ပီ။ခက်တော့ခက်တယ်။ဘာသာတရားက
    ရော လူအသိုင်းအဝိုင်းကရောလက်မှမခံတာ တတိယတွေ စတုထ္ထတွေလုပ်မနေနဲ.။ဘယ်လိုမှရှိသင့်ရှိအပ်တဲ့
    လူတန်းစားမှ မဟုတ်တာ။ ဦးနှောက်မရှိတဲ့တိရိ စ္ဆန်တွေတောင်အထီး အထီးချင်း အမ အမချင်းဆက်ဆံကြတာ မြင်ဖူးကြလို.လား။ဦးနှောက်ရှိတဲ့လူတွေကဘာလို.ဒီလိုလုပ်နေတာလဲ။လူ.ပတ်ဝန်း
    ကျင်အတွက်အန္တရာယ်ရှိလို.ပြောနေရတာ။ဟူး ကိုယ် Feel နဲ.ကိုယ်ပေါ့။လက်တော့မခံခိုင်းပါနဲ.ဗျာ။

  • windtalker

    June 16, 2011 at 4:54 am

    အလှူ ပေးနေတာ တွေ ့ရင် သဒ္ဒါ မြောက်အောင် စားတတ်ကြတာ ကျုပ်တို ့လူမျိုးတွေ ပါ (လူမျိုးရေး ခွဲခြားတဲ့ သဘောနဲ ့ရေးတာ မဟုတ်ပါဘူးဗျို ့ သူကြီး) အဲ့လို _င်အလှူ လိုက်ပေးနေတဲ့ အခြောက်တွေ ကြ တစ်ချို ့တစ်ချို ့သော အခွင့်အရေးသမားများ က လွဲ ရင် ဘယ်သူ မှ အလှူရှင် သဒ္ဒါ မြောက်အောင် စား မှာ မဟုတ်တာ တော့ အသေအချာပဲ မလား ရွာသား တို ့ရဲ ့ ။ ဟီဟိ

    • king

      June 16, 2011 at 9:25 am

      ဟုတ်တယ် ဟုတ်တယ်
      ကျွန်တော်ကတော့ သူတို့ကိုမြင်ရင်
      သားသားကြောက်ကြောက်
      မိန်းမဆယ်ယောက်နဲ့ တစ်နေ့လုံး နပန်းပဲသတ်ရသတ်ရ
      မိန်းမစိတ်ပေါက်နေတဲ့ ယောင်္ကျားတစ်ယောက်နဲ့တော့ ၁ စက္ကန့်တောင်အကြည့်ချင်း မဆုံရဲပါကြောင်းပါ တစ်ဆက်တည်း ပြောလိုက်ပါတယ် ….
      😛 😀 🙂

  • မြန်မာပြည်ကို ခုတစ်ခေါက်ပြန်ရောက်တဲ့အခါမှာ ခုလို ဟိုမရောက်၊ ဒီမရောက် ယောပြာ်းတွေ တော်တော်များများ တွေ့လာရတယ်။ ကိုရီးယားစတိုင်လို့ပဲပြောရမလားပဲ.. ဆံပင် ပုံစံမျိုးစုံ၊ အကျီင်္ကိုယ်ကျပ်လေးတွေ ဝတ်ထားလိုက်တာများ သန်မာထွားကြိုင်းတဲ့ ယောကျာ်း ကို်ယ်လုံးမျိုးလဲ ထွက်မလာ၊ မိန်းမသားတစ်ယောက်လို အဖု၊ အထစ်လေးတွေလဲမရှိနဲ့ ရှေ့ရေးတွေး ရင်လေးသပေါ့။

    ဒီတော့ကာ မိန်းမလျာအခွင့်အရေးကို ကျယ်ကျယ်လောင်လောင် အော်လာကြတယ်။ ထောက်ခံသူကလဲထောက်ခံတယ်၊ မှောက်ခံသူကလဲ မှောက်ခံတယ်ပေါ့လေ။ နိုင်ငံတစ်နိုင်ငံမှာ ကျန်းမာကြံ့ခိုင်သန်စွမ်းတဲ့ ယောကျာ်းစင်စင်တွေ “ဖုန်းကညာတစ်ပါး၊ လုံးရာကပြား” ဖြစ်စေဖို့ အားပေးအားမြှောက်လိုလို၊ တစ်ဖက်လှည့်နဲ့ မြှူဆွယ်နေသလို မဖြစ်စေချင်ပါဘူး။ ကျားဆိုမှကျား၊ တစ်ကယ့် ကျား ဖြစ်စေဖို့ပဲ နည်းပေးလမ်းပြဖြစ်စေလိုပါတယ်။ ခုလို နွဲ့နွဲ့နှောင်းနှောင်း ယောကျာ်းလေးတွေများပြားလာတာ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ် ဟုတ်သလိုလိုရှိပေမယ့် နိုင်ငံတစ်ကာကို သွားလာတဲ့အခါမှာ “မြန်မာ” ဆိုတာ အခြောက်တွေပါလား၊ ပိန်ပိန်သေးသေးလေးတွေပါလား လို့ အထင်မှတ်မှားစေနိုင်သလို တစ်ခြားလူမျိုးတွေရဲ့နောက်ကနေပဲ နေနေရမှာ အသေအချာပဲ။

    လိုရင်းကိုအနှစ်ချုပ်ရမယ်ဆိုရင် ဒီယောပြာ်းတွေနဲ့ပါတ်သက်လို့ လူ့စည်း၊ ဘီလူးစည်းခွဲပြီးပဲ နေစေချင်ပါတယ်။ အထူးအခွင့်အရေးတော့ ပိုပေးစရာမရှိပါကြောင်း…

Leave a Reply