ဦးငွေလိုလူစား
ကျွန်တော်ဖတ်ခဲ့ဖူးသော စာအုပ်မှာရေးခဲ့ဖူးသော အကြောင်းလေးကိုတင်ပြပေးတာပါ။
ဒီအကြောင်းလေးဟာဖြင့်သင်ခန်းစာယူဖွယ် လည်းကောင်းပါတယ်။ ဇတ်လမ်းကဒီလို
မန္တလေးမှာစစ်မီးကြီးလောင်ပြီးသစ်ပင် ကြီးတွေ မရှိကတည်းက (၃)နှစ်မှာတစ်ခါ အပူဒီ
ဂရီ၁၁၀၊ ၁၁၁ ဆိုတာမျိုးတွေဖြစ်ဖြစ်လာတတ်ပြီးတော့၊ ထွန့်ထွန့်လူး ပူကုန်တယ်။ အဲဒီလို ပူလာရင် အပူဒဏ်ကိုမခံနိုင်တ ဲ့သက်ကြီးရွယ်အိုတွေ၊ ငယ်ရွယ်နုနယ်တဲ့ ကလေးငယ်တွေ အချိန်
မတိုင်ဘဲ အပူရှပ်ပြီး သေကျေပျက်စီးကုန်တယ်။
ဒါကြောင့် စိတ်စေတနာကောင်းလှတဲ ့ဦးငွေဆိုတဲ့လူက မန္တလေးမြို့မှာ သစ်ပင်တွေ
လိုက်ပြီးတော့စိုက်တယ်။ သူစိုက်ခဲ့တဲ့ သစ်ပင်ကြီးပေါင်း (၅၀၀၀) ကျော်တယ်။ ဦးငွေဟာ သမီး (၇) ယောက်နဲ့ဆိုက်ကားနင်းစားရရှာတဲ့ လူဆင်းရဲတစ်ယောက်ပါ။ ဒါပေမယ့်သစ်ပင်တွေကိုပျိုး၊
ကြိုက်ရာနေရာမှာ မြေကိုတူး၊ ပျိုးပြီး အပင်ကို ချစိုက်၊ မရှင်မချင်းနေ့စဉ် ရေလောင်းပေးပြီးစိုက်ပါ
တယ်။ ညောင်ပင်၊ ကုက္ကိုပင်၊ စိန်ပန်းပင် အားလုံး အပင် (၅၀၀၀)ကျော်ရှိတယ်။ သူစိုက်ခဲ့တဲ့ အ
ပင်ကြီးတွေ မန္တလေးရောက်တဲ့အခါ ကြည့်ကြည့်ပါ။ အေလမ်းတစ်လျှောက်၊ရွှေကျီးမြင့်ဘုရား
ပေါက်၊ ကျုံဘေး၊ ရွှေတစ်ချောင်းဘေး၊ နေရာတော်များများမှာ ခုထက်ထိတွေ့နိုင်ပါတယ်။
သူ့ကို ဘယ်သူကမှ စိုက်ဘို့မတို်က်တွန်းပါဘူး။ သူ့သေတနာနဲ့ သူ၊ သူဘာသာ စိုက်
တာနော်။ မနက် သုံးနာရီခွဲ၊ လေးနာရီလောက်ဆိုရင် ဦးငွေအိပ်ရာက ထပြီ။ ပြီးတော့ ကြိုးနဲ့ရေပုံး၊
တူရွင်း၊ ပေါက်ပြား၊ တောင်းတစ်လုံးနဲ့အိမ်ကထွက်ပြီးသူ့သစ်ပင်ကိုရေလောင်းတော့တာပဲ။ သူ့
အိမ်ခြံထဲမှာ ပန်းအိုးလေးတွေနဲ့ ပျိုးထားတဲ့ အပင်တွေက အရံသင့်ရှိတယ်။ သူ့စိတ်တိုင်းကျ အ
ပင်ကမျိုးစေ့တွေကို သူ့ ဘာသာစုဆောင်းပြီး ပျိုးထားတာ။ တိုအောင်ပြောတော့ ဒီကနေ့ မန္တလေး
မှာ အရိပ်တွေရ၊ အခက်တွေဝေနေတဲ့ ဧရာသစ်ပင်ကြီးတွေဟာဦးငွေရဲ့ လက်ရာတွေပါပဲ။
ကျန်းမာရေးကလည်း အကြောင်းရှိတော့အကျိုးထင် ပေါ့လေ။ အသက်(၇၀)
ကျော်ထိတွင်းရေကို ကိုယ်တု်ိင်ငင်ပြီး သစ်ပင်တွေကိုခပ်လောင်းနိုင်သေးတယ်၊ သစ်ပင်တောင်
တက်နိုင်သေးတယ်ဆိုပဲ။ ဦးငွေက သူစိုက်တဲ့သစ်ပင်တွေကိုဒီအတိုင်းကြီးစေတာမဟုတ်ဘူး။
ခုတ်သင့်တဲ့ကိုင်းကို ခုတ်ပေးတယ်။ ပယ်သင့်တဲ့ကိုင်းကု ိပယ်ပေးတယ်။ အဲဒီလို ပြုပြင်ရေး လုပ်
တော့မယ်ဆိုတော့ သူ့ဆိုက်ကားပေါ်မှာလှေကားတစ်စင်းလည်း တင်လာတယ်။ ပြီးတော့သူ့အ
လှူ သူ့ကုသိုလ်တစ်ခုက လူတွေ အရိပ်အာဝါသခိုနားစရာအတွက် သစ်ပင်ရိပ်ကြီးအောက်မှာ
ထိုင်ခုံတွေလုပ်ပြီး လှူတဲ့ ကုသိုလ်။
ထိုင်ခုံကလည်း ဒီအပင်က မလိုတဲ့ ကိုင်းတွေကို ခုတ်ရာပစ်ရာက ရတဲ့ အ
သားနဲ့၊ မြေကြီးမှာ တိုင်(၄)တိုင်စိုက်တယ်။ တိုင်မှာ တနးစွပ်တယ်။ တန်းမှာအခင်းရိုက်တယ်။ သံကို အခင်းရိုက်တော့မှသာ သုံးတာပဲ။ သူ့အပင် သူ့အသားနဲ့ လုပ်ထားတဲ့ သူ့ထိုင်ခုံကို နားနေချင်တဲ့ လူတွေအတွက် သူက သူ့အပင်အောက်မှာပဲ ရိုက်လှူတယ်လေ။ ပြီးတော့ ဘုရား
ကြီးမှာ ခေါင်းလောင်းထိုးဖို့ ကုက္ကိုလ်သားတွေကို ဖြတ်ပြီး လှူတယ်။
ဦးငွေ ဒီလို သစ်ပင်တွေစိုက်နေတာကိုလူတချို့က ဦးငွေဟာ ငွေကြေးချို့
တဲ့ရှာသူ၊ ဆိုက်ကားနင်းမှ ထမင်းစားရမှန်းသိလို့ သူ့ကို ပိုက်ဆံလာလှူရင် သူက အလှူရှင်ကို
ကျွန်တော် ဒီပိုက်ဆံကိုမစားဘဲ ကျွန်တော်သစ်ပင်စိုက်ရာမှာ သုံးပါရစေ၊ ခွင့်ပြုပါလို့ မေတ္တာရပ်ပြီ
ပျိုးအိုး ဝယ်တာမျိုး၊ ရေပုံးကြိုး ဝယ်တာမျိုးတွေမှာသုံးတယ်။ ဒါကလည်းများများစားစား ရတာမျိုး မဟုတ်တော့ သူသုံးချင်တဲ့ဆီမှာ အတော်ပဲ။ ဦးငွေဟာ အေလမ်းတစ်လျှောက်မှာရှိတဲ့
ကြီးထွားရှင်သန်ပြီး အပင်ကြီးတွေမှာ သံပြားကလေးဆေးနီသုတ်ပြီး စာလုံးအဖြူကလေးနဲ့ သစ်
ပင်ဒကာကြီး ဦးငွေဆိုတဲ့ ဆိုင်းဘုတ်လေးတွေ ရိုက်ထားခဲ့ပါတယ်။ စိတ်ဝင်စားရင် မန္တလေး
ရောက်ရင်ရှာ ကြည့်ပါ။ အဲဒီတော့ ကျွန်တော်ဒီအကြောင်းလေးကို ဖတ်ပြီး ကျွန်တော် အားလုံး
ဦးငွေလိုကျင့် ကြံရင် ဒီကမ္ဘာကြီးစိမ်းစိမ်းစိုစိုဖြစ် သွားအောင်ကျွန်တော်တို့ ပြုလုပ်ကြပါစို့လို့
တိုက်တွန်းပါတယ်။
ကိုယ်စိတ်နှဖြာရွှင်လန်းချမ်းမြေ့ကြပါစေ။
8 comments
ရွှေဘိုသား
June 24, 2011 at 4:34 am
အင်း ဒါကလည်း
ပိုက်ဆံရှိရှိ ကြီးကြီးကျယ်ကျုယ် လုပ်မှ အလှူ မဟုတ်ဘူးဆိုတာ ပြောပြသွားတာပဲ
စေတနာ ပါရင် လမ်းမှာအမှိုက်လေးတွေရှင်းတာကအစ ကုသိုလ်ရပါတယ်
တစ်ခါဖတ်ဖူးတယ် သူများက ပန်းတွေဘုရားလှူတာ တစ်ယောက်ကမလှူနိုင်တော.
သူများလှူထားတာလေးတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပေးပြီး ကုသိုလ်ယူတာဆိုတာကို
etone
June 24, 2011 at 7:54 am
နွေရာသီဆိုလျှင်တော့ သစ်ပင်တစ်ပင်ရဲ့ အရိပ်က အရမ်းတန်ဖိုးရှိပေမဲ့ … မိုးရာသီမှာတော့ ကြောက်နေရတယ်… အိမ်ရှေ့မှာ သစ်ပင်များရှိလျှင် ဘယ်တော့ လေတိုက်လဲမလဲပဲ တွေးပူးနေရတာ … ။
kai
June 24, 2011 at 8:11 am
အဲဒီတော့.. ဂျာနယ်တွေ..မဂ္ဂဇင်းတွေမှာ.. ပညာရှင်တွေဆောင်းပါးမရေးကြဘူးလားမသိ..။
ရန်ကုန်ရာသီဥတုနဲ့.. ဘယ်အပင်သည်သင့်လျှော်၏။ အကိုင်းအခက် ကျိုးကျခဲ၏။ အရိပ်ရ၏။ ပန်းလှလှပွင့်၏..စသဖြင့်ပေါ့..။
တက္ကသိုလ်က ဆရာတွေ..။ မာစတာကျောင်းသားတွေ.. ဒါတွေပဲစာတမ်းလုပ်ရတာ..။
အဲဒီလိုစာတမ်းတွေက.. လူတွေအတွက်အဖိုးတန်တယ်..။
=
ပြောရရင်.. မြန်မာပြည်မှာ ရာသီနဲ့ညှိပွင့်တဲ့.. ရောင်စုံပန်းပွင့်တဲ့ အပင်ကြီးတွေရှိတယ်..။ ဥပမာ..။ အနီရောင် စိန်ပန်း၊ အဝါရောင် ငုပန်း၊ အပြာရောင် ပျဉ်းမပန်း၊ စသဖြင့်ပေါ့..။
ရာသီအလိုက် လမ်းအလိုက်.. စံနစ်တကျစိုက်ထားရင်..အင်မတန်လှတာ…။
တိုးရစ်ဇင် လုပ်နေတဲ့..ကုမ္ပဏီတွေ.. အဲဒါမျိုးမှာ..ရင်းနှီးမြုတ်နှံ.. အလှူလုပ်ဖို့ကောင်းတယ်..။
xman
June 24, 2011 at 4:54 pm
သူတို့က တခြားနေရာတွေမှာ အလှူလုပ်နေကြရပါသဗျာ။
မြန်မာပြည်ကလူတော်တော်များများဟာ တခုခုဆို ကုန်ခါနီးမှ ရှားသွားမှပဲ တန်ဘိုးရှိမှန်းသတိမူမိတတ်ပါတယ်။
အခုလဲ နိုင်ငံအဝှမ်းမှာကို သစ်ပင်တွေ တော်တော်အရှိန်အဟုန်နဲ့ လျှော့နည်းလာပါပြီ။
ကုန်ခါနီးရင် ကောင်းမှန်းသိလာမှာပါ။ ပြန်အဖတ်ဆည်ဘို့ မမီတော့မှာတခုပဲ ….။
ဆူး
June 24, 2011 at 3:27 pm
တနေ့က မိုးမရွာပဲ ညောင်ပင်ကြီး လဲကျတယ်။
အဲဒီ နေ့ ဝန်းကျင်ကပဲ ဗန်ဒါပင်တပင် လမ်းထိပ်မှာ အကိုင်းမနိုင်လို့ လဲကျနေတာ လူတွေ အိမ်တွေ တော့ မထိဘူး။
အပင်တွေ အတွက် သေချာ စနစ်တကျ စိုက်ရင် ကောင်းမယ် ထင်တယ်။
သူများနိုင်ငံတွေမှာ အမြဲတမ်း ပွင့်နေကြတယ်။ ပုံစံ ချပြီး စိုက်နိုင်ရင် ပိုကောင်းမယ်။
ကိုပေါက်(မန္တလေး)
June 24, 2011 at 4:35 pm
ဒီဦးငွေအကြောင်းကို ဒီထက်ပိုသိချင်ရင် လူထုဒေါ်အမာရဲ့ မန်းလေးသူမန်းလေးသားစာအုပ်ထဲမှာ
ပါ ပါတယ်။
သတင်းပေးတာပါနော်။
nature
June 24, 2011 at 5:21 pm
ဦးငွေလိုစိတ်ထားမျိုးကတော့ ရှာမှရှားစံထားလောက်ပါပေတယ်။
Anzartone
June 25, 2011 at 5:05 am
မဆိုးပါဘူး ။ ကောင်းပါတယ် 🙂