ကိုးကွယ်ခြင်းနှင့်ဘာသာတရား(၃)။ (Religion And Buddhism)

BayoteMay 3, 20101min2742

ဗုဒ္ဓဘာသာ ရူထောင့်က နေတော့ လူသားတွေရဲ့ လိုအပ်ချက်ကို ဘာနဲ့ဖြည့်မလဲ ဆိုရင် ဓမ္မနဲ့ဖြည့်မှ ပြည့်နိုင် ပါလိမ့်မယ် ။ ပစ္စည်းတွေနဲ့ ဖြည့်နေလို.တော့ ပြည့်မှာ မဟုတ်ပါဘူး။ လောဘရဲ့ လိုအပ်ချက်သည် ဘယ်တော့မှ ပြည့်စုံတယ် မရှိနိုင်ပါဘူး။ အလိုမပြည့် သမျှကို ဒုက္ခလို. ပြောကြပါတယ်။ အဲဒီ လိုတယ်၊ လိုတယ် ဆိုတဲ့ စိတ်ဓတ်ကို ထုတ်ပစ်လိုက်မှပဲ အားလုံး အလို ပြည့်သွားမှာပါ။ လိုတယ်၊ လိုတယ် ဆိုတာသည် သမုဒယ ၊ လိုသလောက် မရချင်းသည် ဒုက္ခ ထိုနှစ်ပါးသည် သစ္စာနှစ်ပါး ဖြစ်ပေသည်။ ထို.ကြောင့် ဗုဒ္ဓဘာသာ အစ သစ္စာက ၊ အမှန်ကို နားလည်ခြင်းပင် ဖြစ်ပေသည်၊ အမှန်ကို တကယ် သိမှ ပညာတတ် ဟု ခေါ်ပါတယ်။ အရာရာ အကြောင်း အကျိုး၊ အကောင်း အဆိုး မှန်သမျှကို ခွဲခြားဝေဖန် စီစစ်တဲ့ဥဏ် ရှိသူမှသာလျှင် ပညာတတ်လို. ခေါ်ဆိုနိုင်ပါတယ်။

ထို့ပြင် မြတ်ဗုဒ္ဓ၏ ဝါဒသည် ဝိဘဇ္ဇဝါဒ ဖြစ်ပါတယ်။ ဗုဒ္ဓ၏ ဝါဒသည် ဝေဖန်ခွင့်ရှိတယ်။ စီစစ်ခွင့် ရှိပါတယ်။ ကိုးကွယ်မိပြီဆိုရင် အဲဒီ ကိုးကွယ်ခံတဲ့ ဘုရားကို ဖြစ်စေ၊ ရဟန်း ကိုပဲ ဖြစ်စေ ဘာမှ ဝေဖန်ခွင့် မရှိဘူးဆိုတဲ့ ဘာသာ တရားမျိုး မဟုတ်ပါဘူး။ အလွန်တစ်ရာ လွတ်လပ်ပါတယ်။ ထို.ကြောင့်
နမော ဝိဘဇ္ဇ ဝါဒိနော အနန္တ ဇိနဿ။

အနန္တ ဇိနဿ ဆို သည့် စကားမှာ မြတ်ဗုဒ္ဓ ကိုယ်တိုင်က ကြွေးကြော် ခဲ့သော စကားကို သုံးထားခြင်းဖြစ်သည်။ မြတ်ဗုဒ္ဓသည် ဗုဒ္ဓ အဖြစ်သို ့ရောက်ပြီးသောအခါ အသချေင်္ ပလ္လင်ဗွေ ကနေပြီး ဗောဓိပင် တစ်ပတ်လည်တွင် လေးဆယ့်ကိုးရက် သတင်းသုံး နေခဲ့ပြီး၊ ဗာရာဏသီ ဘက်ကို တစ်ပါးတည်း ခရီးရှည် ထွက်တော်မူခဲ့ပါတယ်။ ဘာအလို့ငှာလဲဆိုရင် သစ္စာတရားတွေ ပြဘို.ရာ အတွက် ဖြစ်ပါတယ်။ အဲဒီလို ခရီးထွက်တဲ့ အခါမှာ ဗာရဏသီနဲ့ ဗုဒ္ဓဂါယာ ကြားက ဂယာမြို.ဦးက တောအုပ်ကြီးကို ဂရာသီတ လို့ခေါ်ပါတယ်။ အဲဒီ တောအုပ်ကြီး ထဲမှာ အဝတ်လုံးလုံး မဝတ်တဲ့ တိတ္ထိ သဲကတုံးကြီး ဥပကနဲ့ မြတ်ဗုဒ္ဓတို့ တွေ.ဆုံ ခဲ့ကြပါတယ် ။

ထိုခေတ်က ဟိရိ ၊ ဩတ္တပ္ပဆိုတဲ့ ရှက်ခြင်း ကြောက်ခြင်းတွေ ထိန်းသိမ်းတဲ့ လောကကြီးက ကြည့် လိုက် လျှင် အဝတ်လုံးလုံး
မဝတ်တဲ့ လူတွေဟာ နိ်သီရိက ပုဂ္ဂိုလ်တွေ လို. ခေါ်ဆိုကြတယ်။ ကျက်သရေ မရှိတဲ့ ပုဂ္ဂိုလ်တွေလို. ဒီလို ဆိုကြတယ်။ ဒါပေမဲ့ သူတို.က သူတို့ အယူနဲ့သူတို. ဘာပြောလဲ ဆိုတော့ အဝတ်မဝတ် တာကမှ ကျက်သရေ ရှိတယ်တဲ့။ အဝတ်ကလေး တစ်ထည်ကို သံယောဇဉ် တွယ်နေတဲ့ ပုဂ္ဂိုလ်ဟာ ဘယ် ကိလေသာ တွေကို ဘယ်လို အောင်မြင် မလဲပေါ့လေ။ သူတို့လည်း သူတို. အကြောင်းနဲ. သူတို့ လာတာ။ ထို.ကြောင့် အဝတ်အထည်ကို တွယ်တာ မနေနဲ့တော. အကုန်စွန်. ဆိုပြီးတော့ သားစွန်.၊ မယားစွန်.၊ ဇနီးစွန်.၊ ထီးစွန်.၊ နန်းစွန်. ၊ အိုးစွန်. ၊ အိမ်စွန်. ၊ ဒီလောက်စွန်. ယုံနဲ. အားမရသေးနိုင်ပဲ ၊ သံယောဇဉ် အကြွင်းမဲ့ ဖြတ်တယ်ဆိုပြီး အဝတ်ပါ အကုန် စွန်. ကြတဲ့ ပုဂ္ဂိုလ်တွေဟာ ဗုဒ္ဓ မပွင့်ပေါ်မှီ ၊ ဗုဒ္ဓနဲ. ခေတ်တိုင်း အများ ကြီးရှိပါတယ်။ သူတို.ကပြောတယ်၊ သူတို.ကိုယ်သူတို. အောင်မြင် သူတွေတဲ့။ ဘာအောင်တာ လဲဆိုတော့ ကိလေသာကို အောင်တာတဲ့။ အဝတ်ကလေးမှာ စွဲနေတဲ့ အစွဲဆိုတဲ့ သံယောဇဉ် ကိလေသာ အောင်ပြီးတဲ့ အတွက်ကြောင့် သူတို.က သူတို့ကိုယ်သူတို့ အောင်မြင်သူ တွေလို့ ပြောပါတယ်။ အောင်မြင်သူ ဆိုတဲ့ စကားဟာ ဇိနပါပဲ။ အဲဒီ ဇိန ကို အိနိ္ဒယက အသံ ထွက်တော့ ဂျိနလို. အသံထွက်ပါတယ်။ အဲဒီ ဂျိန ကနေ နောက်တော့ ဂျိန်း ဖြစ်လာခဲ့ပါတယ်။ ဂျိန်းဆိုတဲ့ စကားလုံး ဟာဇိန ၊ ဂျိန ကနေ နောက်ပိုင်းမှာ ဂျိန်းဖြစ်လာပါတယ် ။ မြန်မလို ဘာသာပြန်လျှင် အောင်မြင်တဲ့ လူတွေကို ဂျိန်းလို့ခေါ်တယ် ။ ဘာ အောင်မြင်လဲ ဆိုတော့ ကာမဂုဏ် ကို အောင်မြင်တဲ့ လူတွေလို့ ခေါ်ပါတယ်။ မြတ်စွာဘုရားထက် နှစ်သုံးဆယ် လောက်စော ပြီး ပေါ်ပေါက်ခဲ့ ပါတယ်။ ဂျိန်း ဂိုဏ်းကို ဦးဆောင်သူ ကတော့ ဝေသာလီသား နိဂဏ္ဍနာဋပုတ္တ ဖြစ်ပါတယ်။ ထိုပုဂ္ဂိုလ်သည် ဇနီး မယား သား သမီးတွေနဲ့ နေ နေတုံး စဉ်းစားခဲ့တယ်။ ကမ္ဘာလောကကြီး တစ်ခုလုံး သောက ပရိဒေဝနဲ. ဒုက္ခတွေ များလိုက်တာ။ ဒီဒုက္ခ တွေရဲ့ အကြောင်းရင်းက ဘာတွေ ဘာလိမ့်မလဲ။ ထိုအထိအတွေး တွေက ကောင်းမွန်ခဲ့ပါတယ်။ အဲဒီ ဂျိန်းဝါဒသည် ဗုဒ္ဓဝါဒနဲ့ ထပ်တူကျလို. ကောင်းတာတွေ အများကြီး ရှိတာ ကိုလည်း တွေ.ရပါတယ်။ ဒုက္ခ တွေရဲ့အကြောင်းဟာ ဘာလဲဆိုပြီး သူ ဖော်ထုတ်တာက သံယောဇဉ်ပဲ။ ထို့ ကြောင့် ဇနီးယား၊ သမီး သား သံယောဇဉ် တွေကိုဖြတ်ပြီး စွန်.လွတ် ခဲ့တယ်။ စီးပွား ဥစ္စာတွေ အကုန် လုံးစွန်.ပစ်ခဲ့တယ်။ ပိတ်ဖြူလေးဝတ်၊ ခေါင်းရိတ်ပြီးတော့ တောထွက် ခဲ့ပါတယ်။ နောက် တောထဲမှာ တရား နှလုံးကျင့် သုံးလို့နေတယ်။ အာနာပါန ပဲ ကျင့်တာပါပဲ။ အာနာပါန ကျင့်တော့ သမာဓိ တော်တော် လေးကောင်း လာပါတယ်။ စိတ်တွေကြည်၊ သမာဓိက ကောင်းနေတော့ နှာခေါင်းထဲကလေက အပြင်ထွက် သွားသောအခါ လေကပုံသဏန် ပေါ်ပြီးတော့ ထွက်သွားတယ်။ ထိုအရာကို လိုက်ကြည့်ရင်းနဲ့ လေထဲမှာ ပိုး ကောင်လေး တွေ တွေ.တယ်။

ရူသွင်းလိုက်တဲ့အခါ လေထဲက ပိုးကောင်လေးတွေက အထဲ ဝင်သွားတယ်။ ရူထုတ်လိုက်တော့ ဝမ်းထဲ က ပိုးတွေက အပြင်ထွက် သွားတယ်။ အပြင်ပိုးက ဝမ်းထဲရောက်တော့ ပတ်ဝန်းကျင် မတူတော့ အထဲ ရောက်တော့သေတယ်။ အထဲကပိုး အပြင်ရောက်တော့ သေတယ်။ ထို.ကြောင့် သူစဉ်းစားတယ်။ ထွက်လေ ၊ ဝင်လေဆိုတဲ့ ကမဠန်းက အကုသိုလ် အားကြီးတဲ့ ကမဌန်း ၊ပိုးကောင်တွေကို သေစေတယ်။

ထို. ကြောင့် ထွက်တဲ့လေလည်း မထွက်ရအောင် ၊ ဝင်တဲ့လေလည်း မဝင်ရအောင် ဆိုပြီး ထွက်လေ ဝင်လေ ရပ်အောင် ကျင့်ရမယ် ဆိုပြီး ဖြစ်ပြန်တယ်။ ဒါပေမဲ့ ထွက်လေ၊ ဝင်လေကို ရပ်အောင် မလုပ်နိင်တော့ အပြင်ဘက်က ပိုးနဲ့ အတွင်းထဲကပိုး ဝင်ခွင့် ထွက်ခွင့် မရအောင် နှာခေါင်းအဝတ် နဲ့ စည်းထား ပြန်တယ်။ ပိုးကောင်လေးတွေ သေတဲ့ဆိုတဲ့ ကိစ္စမှာ စေတနာနဲ့ သတ်မသတ် ဆိုတဲ့ ကိစ္စကို သူသည် ထည့်မစဉ်း စားခဲ့ခြင်းကြေင့် ထိုအတွေးသည် အစွန်းရောက် သွားစေခဲ့ပါသည်။

ထိုနောက် တရားကျင့် သောအခါတော့ ပိတ်ဖြူလေးဝတ်ပြီး ကျင့်သောကြောင့် ဖြူတဲ့အဝတ်က ညစ်နွမ်း သွားတယ်ဆို ညစ်မှန်း သိပ်သိသာတယ်။ ထို.ကြောင့် လျော်ရ ပြန်ပါတယ်။လျော်ပြီးတော့ ပြန်ဝတ်နဲ့၊ လျော်ရင်း၊ လျော်ရင်းနဲ့ စဉ်းစားပြန်တယ်၊ လျော်ရတဲ့ ဒုက္ခ ဘာကြောင့်လဲဆို အဖြူရောင်ကို သံယောဇဉ် ဖြစ်လို. အဲဒီ အဖြူ လေးကို သံယောဇဉ် ဖြစ်တော့၊ အဝတ်ဝတ်ရတာ ၊ဘာကြောင့်
ဒီအဝတ် တွေ ဒီလောက် ဝတ်ကြသလဲ စဉ်းစားပြန်တယ်။ ပူတာမခံနိုင်ဘူး၊ အေးတာမခံနိုင်ဘူး၊ အဝတ်နဲ့ ဖုံးထားတယ်။ မက်ကိုက်၊ ခြင်ကိုက်၊ ယင်ကိုက်၊ နေပူ၊ လေတိုက်၊ မခံနိုင ်သောကြောင့် အဝတ်နဲ့ ဖုံးထားတယ်။ ခန္ဓာကိုယ်ကို ၊မက်၊ခြင်၊ ယင်၊ လေ၊ နေထိတာ မခံနိုင်ဘူး ဆိုတာ ခန္ဓာကိုယ်ကို သံယောဇဉ် ဖြစ်လို.၊ ထိုသံယောဇဉ်ကို ဖြတ်တော့မယ် ဆိုပြီး အဝတ်စ ချွတ်တော့တာပါပဲ။ ဟိရိ ၊ ဩတ္တပ တရားဆိုတာ ကိုထည်.သွင်း မစဉ်းစားခဲ့ပါဘူး ။

နောက်တော့ ကိလေသာ ရာဂစိတ် မပေါ်ရန် အတွက် ခန္ဓာကိုယ်ကို ဆူးထဲမှာ အိပ်ပြီးနှိပ်စက်၊ တဆောင်းတွင်းလုံး ရေစိမ်ပြီးတော့ နှိပ်စက်၊ တနွေလုံးလုံး မီးလှုံပြီး နှိပ်စက် ပြန်ပါတယ်။ဒီခန္ဓာကိုယ်ကို နှိပ်စက်လွန်း အားကြီးတော့ ရာဂ တဏှာလေဘ မပေါ်နိုင်ဘူး၊ ငုတ်သွားတယ်၊ နှိပ်စက်ပါများရင် ပင်ပန်းလွန်း အားကြီးရင် ကိလေသာ စိတ်က ငုတ်သွားတယ်။ ထိုအရာကို ကိလေသာ ကာမဂုဏ်ကို အောင်ပြီဆိုပြီးတော့၊ ဇိန အမည်ခံတဲ့ ဂျိန်းဂိုဏ်း ဖြစ်လာပါတယ်။

ထိုပုဂ္ဂိုလ်ကြီး အဲဒီ ဂျိန အမည်ခံတဲ့ ပုဂ္ဂိုလ်ကြီး ဟောတဲ့ တရားတွေဟာ ဂျိန်းဘာသာ (Jainism) ဖြစ်လာပါတယ်။ အဲဒီ ဂျိန်းဆိုတဲ့ ဆရာကြီး ဂိုဏ်းထဲမှာ ဝင်နေတဲ့ ဥပက ဆရာကြီးနဲ့ ကျက်သရေရှိရှိ သင်္ကန်းကို သပ္ပယ်စွာ ဝတ်ရုံထားသော မြတ်ဗုဒ္ဓနှင့် လမ်းမှာ ဆုံကြတယ်။ ဆုံတော့ ဥပက၊ က မြတ်ဗုဒ္ဓ ကိုတွေ.လျှင်တွေ.ချင်း၊ မေးတဲ့ မေးခွန်းတွေ များစွာထဲက အကျဉ်းလေး ရေးသားလိုက်ပါတယ်။
အိုအရှင် ၊ အရှင်မျက်နှာ ကြည့်ရတာ အိန္ဒြေက ကြည်လိုက်တာ၊ အရည်အဆင်းကလည်း ရွှေလိုဝင်းပြီး တော ့နေတယ်။ ဘယ်သူ.ကို ဆရာတင် ပြီးတော့ ရဟန်းပြု ခဲ့ပါသလဲ၊ အသင့်ဆရာ ဘယ်သူများပါလဲ။ ထိုအခါ မြတ်ဗုဒ္ဓက ဇိတာဝေပါပကာဓမ္မာ၊ တကယ့်ကိုပဲ ယုတ်မာသော တရားတွေကို အကြွင်းမဲ့ အောင်ပြီးပြီ ဟဲ့။ ဥပကာ ဒါကြောင့် ငါသည် ဇိနမည်၏တဲ့ ။

ယုတ်မာတဲ့ တရား တစိတ်တစ်ဒေသ ပဲအောင်ပြီးတော့ မအောင်သေးတာတွေ ကျန်သေး သလားလို. မေးရင် အနန္ဒဇိနော ဆိုတဲ့ ပုဒ်က ပြောနေပါတယ်။ ယုတ်မာတဲ့ တရားတွေ အကြွင်းမရှိ အကုန်လုံး အောင်မြင် ပြီးခဲ့ တဲ့ အတွက်ကြောင့် မြတ်ဗုဒ္ဓသည် အနန္ဒဇိန မည်ပါသည်။

ထို.ကြောင့် အတွေးဆိုတဲ့ နေရာမှာ အကြောင်းနဲ့ ယုတ္တိနဲ့ စနစ်တကျ တွေးတတ်ဖို. သိပ်လိုပါတယ်။ ယုတ္တိရှိ ရှိနဲ့ တွေးနိုင်မှ တွေးရင်း တွေးရင်းနဲ့ ယုတ္တိ ကင်းမဲ့သွားရင် ထိုပုဂ္ဂိုလ်သည် ရူးသွပ်စရာ၊ အစွန်းရောက် စရာအကြောင်းတွေ ဖြစ်လာ တတ်ပါတယ်။ ထို.ကြောင့် ဝိဗဇ ဝါဒီနော-အရာရာ အကြောင်းအကျိုး၊ အကောင်း အဆိုး မှန်သမျှကို ခွဲခြား ဝေဖန်လေ. ရှိပေသော အနန္ဒဇိနဿ-ယုတ်မာတဲ့ တရားတွေ အကုန်လုံးကို အကြွင်း မရှိ အောင်မြင်တော်မူ ပြီးသော မြတ်ဗုဒ္ဓ အား နမော ကာယ၊ ဝစီ၊ မနော ချီလျက် လက်ဆုံမိုး၍ ရှိခိုးရခြင်းသည် ကောင်းစွာ မသွေ ဖြစ်ပါ စေတော့ သတည်း။

လူတိုင်း၊လူတိုင်း၊ကိုးကွယ်တဲ့ ဘာသာတရား ကိုတော့ ဘယ်ဘာသာ ကိုမဆို လွတ်လပ်စွာ ကိုးကွယ်နိုင် ပါတယ်။
ကျန်းကိုး -ကျေးဇူးတော်ရှင် သီတဂူ ဆရာတော် ဘုရားကြီး၏ ဗုဒ္ဓဘာသာ အခြေခံတရားတော်
ရေးသားပြုစုသူ – မေစိုး

2 comments

  • susunosuki

    May 3, 2010 at 12:19 pm

    ကိုယ့်ကိုယ်ကိုညှင်းဆဲပြီးတရားရှာတဲ့ ဂျိမ်းဂိုဏ်းကိုယုံကြည်တဲ့သူရှိတာ
    အံ့ဩစရာတော်တော်ကောင်းတယ်

  • susunosuki

    May 3, 2010 at 12:24 pm

    နောက်တစ်ခုပြောရရင်
    အနည်းငယ်မျှသိခြင်းသည် အဆိပ်အတောက်ကိုဖြစ်စေသည်ဆိုတဲ့ အင်္ဂလိပ်စကားပုံလိုပါပဲ

Leave a Reply