အဝါရောင် ပိတ်ကားပေါ်က စစ်ကိုင်းတောင်
ဒါက နေဝင်ချိန် တိမ်တောက်နေတဲ့ အချိန်မှာ ရိုက်ထားတာပါ…
ရိုက်တဲ့ နေရာက ကမ်ပါတ်လမ်း အတွဲကိုယ်စီ ချိန်းတွေ့ တဲ့ နေရာလေးက ရိုက်ထားတာပါ..
ကင်မရာတွေ ကိုင်လာတော့ အနားထိုင်နေတဲ့ အတွဲတွေတောင် နေရာ ရွှေ့ သွားကြပါတယ်။
Post Views: 352
12 comments
ကိုပေါက်(မန္တလေး)
June 13, 2011 at 3:08 pm
လှသကွာ။
အတွဲလေးတွေပါ ပါလိုက်ရင်ပိုပြည့်စုံသွားမယ်ထင်တာဘဲနော်။
ကျွန်တော်ကတော့ ဒီလိုနေဝင်ချိန်မျိုးကို မကြုံဘူးသေးဘူးဗျာ။
unclegyi1974
June 13, 2011 at 3:35 pm
ကောင်းလှပါကြောင်း
အယူအဆလေးတွေပါထည့်ရေးပေးရင်
ပိုကောင်းမလားလို့
winkyawaung
June 13, 2011 at 3:41 pm
ဟုတ်ပါတယ် အတွဲတွေနဲ့ပါအောင် ပင့်ရိုက်ရင် တော်တော်လေးကြည့်ကောင်းမယ်။ အဝါရောင်တွေပျောက်ပြီး အနီရောင်တွေ ပါလာမယ်ထင်ပါတယ်။
weiwei
June 13, 2011 at 4:15 pm
လှလိုက်တာ … ပန်းချီကားတစ်ချပ်လိုပဲနော် …
fatty
June 14, 2011 at 7:46 am
ပုံက original မဟုတ်ဘူးနော် ………..
နွယ်ပင်
June 14, 2011 at 7:53 am
ဓာတ်ပုံဆိုပင်မဲ့ ပန်းချီကားတစ်ချပ်ကိုကြည့်လိုက်ရသလိုပါပဲ
kai
June 14, 2011 at 8:00 am
ပန်းချီရောင် ထ,နေတာပဲ…။ အိပ်တန်းပြန်တဲ့..ငှက်တွေပါအောင်စောင့်ရိုက်လိုက်ရင်.. ပြိုင်ပွဲဝင်ပုံတောင်ဖြစ်လောက်တယ်..။
အင်း..
“ရုပ်ဆိုးလှချိန်” ဆိုတဲ့ အချိန်ခေါ်ရမယ်ထင်တယ်..။
ရုပ်ဆိုးတဲ့သူတွေပါ… အဲဒီအချိန်.. တိမ်ရောင်တောက်တောက်.. ရွေအိုရောင်ဖြန်းပြီး.. လှစေလို့တဲ့..။
juttue.gyi
June 14, 2011 at 8:39 am
တော်တော်မိုက်ပါတယ် ဒါမျိုးတွေကို များများလေးတင်ပေးရင် ပိုပြီးတော့ ခံစားလို့ကောင်မယ်လို့ထင်ပါတယ်
ဆူး
June 14, 2011 at 10:12 am
ပုံလေး လှတယ်။
ဆေးရောင်ခြယ် စုပ်ချက် နုနု ဆွဲထားသလိုပဲ။
နေဝင်ချိန် ဆည်းဆာက အကျည်းတန် လှတဲ့ အချိန်..
MaMa
June 14, 2011 at 12:43 pm
အရမ်းမိုက်တယ်။ တကယ့် professional လက်ရာပဲ။ တစ်ပုံထဲ ရိုက်တာလား။ ကိုပေါက်လို ၂ပုံ၊ ၃ပုံလောက် တင်ပေးရင် ကောင်းမယ်။
shweminthar
June 15, 2011 at 12:10 am
ကျနော်က ဓါတ်ပုံရိုက်တာ ဝါသနာအရ ရိုက်တာပါ…
တွေ့တာမြင်တာလေး ခလုတ်လေးနှိတ်တာပါ….
အဲတော့ ကျနော်ဓါတ်ပုံနဲ့ ပါတ်သတ်လို့ အယူအဆတွေ ဘာ ၊ ညာတွေ ပြောဖို့ က လိုပါသေးတယ်.
သိတဲ့သူများနားလည်တဲ့ သူများ လိုအပ်တာလေးတွေ ပြောပေးဖို့လဲ ဖိတ်ခေါ်ပါတယ်…..
MaMa
June 15, 2011 at 2:27 am
မြန်မာ့မီးရထား တာဝန်ကျေအောင် ပြောလိုက်ဦးမယ်။ ခလုတ်နှိပ် လို့ ရေးရပါတယ် ကွယ်။