Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မရောထွေးကြပါနဲ့

laypyayMay 4, 20101min5337

ဒီနေ့တော့ ကျနော် ဘာသာရေးလေး စိတ်ကူရလို့ ဆွေးနွေးမှုလေး လုပ်လိုက်ပါမယ်.. အားလုံးသော စာရေး စာဖတ်သူအားလုံး ဝေဖန်အကြံပြု ချက်တွေပေးနိုုင်ပါတယ်.ကိုယ်ရဲ့ ဘာသာရေးအပေါ် စိတ်ပါဝင်စားမှု ခံယူမှုလေးတွေ ကိုလည်း ချပြကြတာပေါ့. ဒီနေ့ ပြောမယ် အရာ ကလည်း ကျနော် စိတ်ထဲမှာ စနိုးစနောင့် ဖြစ်နေခဲ့တာကြာပါပြီ .. ဘာသာရေး ခံယူချက်လေးနဲ့ပတ်သက်လို့ပေါ့ .၊ တကယ်တော့ ကျနော် တိုမြန်မာ နိုင်ငံဟာ “တတိယသဂါင်္ယနာ” တင်ပြီးတဲ့ အချိန် “သီရိဓမ္မာသောက” မင်းကြီးရဲ့ ကိုးတိုင်း ကိုးဌာန သာသနာပြု အစီစဉ်ထဲက စလို့ ထေရဝါဒ ဗုဒ္ဓသာသနာ ရောက်ခဲ့ပါတယ်.. ( ဒီနေ့ ရာမှာ ကြားဖြတ်ပြောချင်တာလေးကတော့ ဘာသာ လို့ မသုံးပဲ သာသနာလို့ သုံးလိုက်တာ သတိထားမိမယ် ထင်ပါတယ် သာသနာလို့ သုံးရခြင်း ရည်ရွယ်ချက်ကတော့ ကမ္ဘာပေါ်မှာ အထင်ရှားသော ဘာသာကြီး တွေ နဲ့မရောယှက်စေချင်တဲ့သဘောပါ .. ကျနော်တို “ထေရဝါဒ ဗုဒ္ဓသာသနာ” ဟာ အဆုံးအမကို ဦးတည်တဲ့ ဘာသာတစ်ခုပါ. ကိုယ့်ကို ကို်ယ် ပဓာန ပြုပြီး ယုံကြည်သက်ဝင်ခြင်းကို ပြုစေတဲ့ အစွန်းနှစ်ဖက်လွတ်တဲ့ ဘာသာခုလို မြင်ပါတယ်..အဲ့တောကာ ကျနော် အနေနဲ့ တခြားတခြားသော ဘာသာတွေ အနေနဲ့ မရောယှက်စေချင်တဲ့ သဘောပါ.၊ မြတ်ဗုဒ္ဓကလည်း “ငါ၏ အဆုံအမ သာသနာ ” လိုသာ ဟောပါတယ်.. “ငါ၏ အဆုံးအမ ဘာသာ” ရယ်လို့ မရှိတဲ့အတွက်ကြောင့် သုံးနှုန်းလိုက်ရခြင်းပါ ..) ကဲ စောစော က စကားလေး ပြန်ဆက်ရအောင်ဗျာ. .. “သီရိဓမ္မာသောက” မင်းကြီးရဲ့ သာသနာပြု အစီစဉ်က စပြီး မြန်မာ နိုင်ငံကို ရောက်ခဲ့ပေမယ်.. အကြောင်းအမျိုးကြောင့် ဗုဒ္ဓသာသနာ ပြောက်ကွယ်သွားခဲ့ပါတယ်.. တဖန် ပထမ မြန်မာနိုင်ငံ စတင်တည်ထောင်တဲ့ အချိန်မှာ” အရှင် အရဟံ” ရဲ့ ကျေးဇူးနဲ့ ဗုဒ္ဓသာသနာပြန်လည်ရောက်ရှိခဲ့ပါတယ် .. အဲ့ဒီချိန်ကနေ စလို့ ယခု ချိန်ထိ “ပဉ္စမသဂါင်္ယနာ” ” ဆဋ္ဌသင်္ဂါယနာ” တွေလို သင်္ဂါယနာကြီးတွေ တင်နိ်ုင်တဲ့အထိ ထွန်းကာပြန်ပွားခဲ့ပါတယ် .. သာသနာ နဲ့ ပတ်သက်လို ဆရာတော်ကြီတွေ လုပ်ဆောင်ချက်တွေ လဲအားရစရာတွေ ပါပဲ ..သို့ဆိုတော့ကာ ကျနော ်ဘာကို ဆိုလိုချင်တာ လဲ မေးစရာ က ဖြစ်လာပြီ .. ပြောပါမယ်..ကျနော် တို မြန်မာလူမျိုးတွေက အစွဲလမ်းကြီကြတာ သိကြမယ် ထင်ပါတယ် .. ဘုရင်အနော်ရထာကတောင် နတ်လှောင်အိမ်ရယ်လို တည်ဆောက်ပြီး လိုက်လံသိမ်းဆည်းရအောင်ကို အစွဲလမ်းကြီးခဲ့ကြပါတယ် .. ဒီနေရာမှာ ကျနော် ပြောချင်တာက ကျနော် တိုမြန်မာလူမျိုးတွေက စကားပုံတောင်ရှိပါတယ် ဘာတဲ့ ဈေးသုံးကိုလည်း မလွယ်နဲ့ ရှေးထုံးကိုလည်း ကိုလည်းမပယ်နဲ့တဲ့ .ဆိုတော့ ရှေးက ကိုကွယ်ခဲ့ကြတဲ့ နတ်လေးတွေ ဘာတွေ ကိုလည်း အနဲ အကျဉ်း ကိုးကွယ် ဗုဒ္ဓကိုတော့ အိမ်းဦ်းခန်မှာ ကိုးကွယ်ပေါ့ .. အဲ့လိုတွေ ဖြစ်လာကြတယ် .ပြီးတော့ ဗုဒ္ဓပွင့်ရာ အိန္ဒိယကနေ ဗုဒ္ဓသာသနာရဲ့ အဆုံးအမ မဟုတ်တဲ့ တခြားသော အဆုံးအမတွေ ကိုလည်း ကူလူး ဆယ်သွယ်လာကြတယ် .ကျနော်အစောက ပြောသလိုပေါ့ ရှေးက ဟာလေးကလဲ မပယ်ချင်သေးဘူးလေ .. ဒီတော့ နောက်မွေးဖွားလာတဲ့မျိုးဆက်တွေ ကြားမှာ အဲ့ဒီ လုပ်ရိုးလုပ်စဉ်လေးတွေ က အစဉ်ဆက် ပါလာခဲ့ကြတယ်… ဒီတော့ ကာ နောက်ပိုင်းမှာ ဗုဒ္ဓရဲ့သာသနာ ဟာ ဗုဒ္ဓအဆုံးအမ မဟုတ်တဲ့ ဝေဒ သုံးပုံရဲ့ ကျင့်နည်းတွေ သူရဿတီ မယ်တော့ ရဲ့ အဆုံးမတွေ . စတဲ့ စတဲ့ ပြင်ပ အဆုံးအမ တွေ ရောယှက်လာကြတယ်.. ဒါကို နောက်ပိုင်းမှာ အမှားက အမှန်ဖြစ် အမှန်က အမှားဖြစ်ပြီး ဗုဒ္ဓ အဆုံးအမ က ကပြောင်းကပြန်လေးတွေ ဖြစ်လာတာ အနည်းအကျဉ်းတွေ နေရပါတယ် .. ကျနော် ဘာသာဝင်တွေမှာ ဖြစ်တာကိုတော့ သိပ်ပြီးမဆိုချင်ပါဘူး ဒါပေသည့် ဦးပိုင်း ဗုဒ္ဓသားတော်ရယ်လို အမည်တွင်တဲ့ သာသနာ့ ဦးစီးခေါင်းများဖြစ်ကြတဲ့ ဆရာတော် တစ်ချိုကိုယ်တိုင်မှားယွင်းနေကြတာတော့ မဖြစ်စကောင်းရာလို ့ ထင်မြင်မိပါတယ်.. ကျနော် ဂါထာလေးတစ်ခု ရေးပေးပါမယ ်

မဏိဇောတ ဂါထာတော်ပါတဲ့

ဒိဝါတပတိ အာဒိစ္စော
ရတ္တိမာ ဘာတိ စ​န္ဒိမာ
ဿန္နဒ္ဓေါ ခတ္တိယော တပတိ
ဈာယီ တပတိ ဗြဟ္မဏော
အထသဗ္ဗာ မဟောရတ္တိံ
ဗုဒ္ဓေါ တပတိ တေဇသာ
ဟတေန သစ္စဝဇ္ဇေန သောတ္ထိမေ
ဟောတု ဇယ မင်္ဂလံ ။

ဖုဋ္ဌဿလောက ဓမ္မေဟိ
စိတ္တံ ယဿ နကမ္ပတိ
အသောကံ ဝိရဇံ ခေမံ။
တုဋ္ဌေဟိ တုဋ္ဌေဟိ မမတုဋ္ဌေဟိ
ပိယေဟိ ပိယေဟိ မမပိယေဟိ
သိန္နေဟံ သိန္နေဟံ မမသိန္နေဟံ
ရာဇစိတ္တံ ပိယံမှိုင်းမှိုင်း
အမစ္စရာဇစိတံ္တ ပိယံမှိုင်းမှိုင်း
ဒေဝစိတ္တံ ပိယံမှိုင်းမှိုင်း
ဒေဝီစိတ္တံ ပိယံမှိုင်းမှိုင်း
ပုရိသစိတ္တံ ပိယံမှိုင်းမှိုင်း
ဣတ္ထိစိတ္တံ ပိယံမှိုင်းမှိုင်း
သ​ဗ္ဗစိတ္တံ ပိယံမှိုင်းမှိုင်း

ဩောင်း ဧဟိ ဧဟိ ဗလံခြင်း
ဩောင်း ဧဟိ ဧဟိ ဗလံကပ်
ဩောင်း ဧဟိ ဧဟိ ဗလံခြင်းကပ်စေ

သဗ္ဗဟိတ မင်္ဂလာနိ
ပုညာဘိ သီရိသောဘဏီ
သူရဿတီစ မေမာတာ နိစ္စံ ရက္ခန္တု မံသဒါ။

ဒီဂါထာလေးကို ဖတ်ကြည့်ပါ ..ဗုဒ္ဓအဆုံးအမတွေ နဲ့ ဘာတွေ လွဲချော်နေတယ် ဘာတွေ ရောယှက်နေတယ် ဆိုတာကို တွေရမှာပါ..၊ ဒါလေးက ဆရာတော်ကြီး တစ်ပါးပေး တဲ့ လဘ်ဆောင် ဂါထာတော်ပါတဲ့ .. ကဲ ဒီတော့ ကျနော်တို့ စမ်းစစ်ကြရအောင်ဗျာ ပထမဆုံး လာဘ်ဆိုတာလေး စဉ်းစားရအောင်ဗျာ.. ဗုဒ္ဓက သူ့ အဆုံးအမတွေထဲမှာ သူဟာ လဘ်ကို ဆောင်ပေးနိုင်တယ် သူရဲ့ အဆုံးအမတွေက လာဘ်တိုးစေတယ်လို့ တစ်ခါတစ်ရံမှ .. မြတ်ဗုဒ္ဓရဲ့အဆုံးအမ ပိဋကတ်တော်မှာလဲ မတွေရစဖူးပါ.. ကဲဒီတော့ ကာ အဘယ်ကြောင့် လာဘ်ဆောင်ဂါထာတောရယ် လိုဖြစ်လာရသလဲ ..?” ကမ္မ” ဆိုသည်ကိုပဲ မျက်ကွယ် ပြုထားလို့လား ? ၊ ဒီ “မဏိဇောတ” ဂါထာတော်က မြတ်ဗုဒ္ဓ အဆုံးအမ မြတ်ဗုဒ္ဓ ဟောကြားတာလို့ ဖြင့် ငါတို့တော့မပြောမိ မဆိုမိပါ လို ငြင်းစရာရှိလာပါတယ်..ဟုတ်ပါတယ်.. ဒီလို ပြောကြတယ်လိုလဲ ကျနော ်မကြားမိပါဘူး ဆိုပေသည့် ကျနော်တို မြန်မာ လူမျိုးတွေမှာ အမြင်တစ်မျိုးရှိပါတယ်..ဘာလဲဆိုတော့ ပါဠိ စာလုံး တစ်လုံးများတွေ့ရင် ဒါ ဘုရားဟောလို စပြောတော့တာပဲ..ဒါလဲ လိုအပ်ချက်တစ်ခုပဲ .. ပါဠိဆိုတာ ပိဋက ဆိုတဲ့ ခြင်းတောင်းထဲက မြတ်ဗုဒ္ဓဟောကြား ခဲ့တဲ့အဆုံးအမ မဂဓ ဘာသာရပ်ကို ပါဠိတော်ရယ်လို သတ်မှတ်ခေါ်ဝေါ် လိုက်တာပါ… တကယ်တော့ ပါဠိ ဆိုတာ “မဂဓ”ဘာသာပါပဲ ဒီတော့ “မဂဓ” တတ်ရင် ( မြန်မာ အခေါ် ပါဠိ တတ်ရင် ) ဒါ ဖန်တီးလို့ရပါ တယ်.. ကျနော် တို ဘာသာစကား တစ်ခုတတ်ရင် စကလုံးတစ်ခု ပြောသလို့ပေါ့၊ ပါဠိတော် မဟုတ်တဲ့ “မဂဓ” ဘာသာတွေကို အသုံးချ ပြီး ပါဠိတော် ယောင်ယောင် တွေ လုပ်လာပါတယ်.. ၊ နောက်တစ်ချက်.. မြတ် ဗုဒ္ဓ ရဲ့ အဆုံးအမ တွေထဲမှာ” ဥုံ ,ဩောင်း ” တွေ မပါပါဘူး. ခုကျနော် ပြောတဲ့ မဏိဇောတ ဂါထာတော်မှာ ဒါတွေ ပါနေတာ တွေရပါတယ် ..” ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံယဿ နကမ္ပတိ” စတာတွေကတော့ မင်္ဂလာ သုတ် ရဲ့ ပါဠိတော်တော်နဲ့ အခြား သုတ်တော်တွေ ရဲ့ ပါဠိတော်တွေ ပါ .. ဒါကို ဝေဒ အသုံးနှုံးတွေနဲ့ရောပြီး မြတ်ဗုဒ္ဓရဲ့ အဆုံးတွေ ရောင်ရောင် လုပ်နေတာ ဟာ အလွန်မှားသော လုပ်ရပ်တွေ ဟု ထင်မိပါသည်.၊ ရှုံ့ချ မိပါတယ်..၊ ဘာသာဝင်တွေ က လည်း ဒါတွေကို တကယ် မှတ် တကယ်ယုံပြီး လိုက်လုပ်နေကြတာ အံဩစရာပါ.. ကျနော ်တို “ထေရဝါဒဗုဒ္ဓ သာသနာ” ဟာ ကိုယ်ကိုကိုယ်တိုင် စမ်းစစ်ပြီး မှ ယုံကြည်သက်ဝင်ရတဲ့ ဘာသာ တစ်ခုပါ ..မျက်ကမ်းလမ်းလျှောက် ယုံကြည့်ရတဲ့ ဘာသာတစ်ခု မဟုတ်ပါ ဘူး.. ကိုယ်ကိုကိုယ်တိုင် ကျင့်ကြံ အားထုတ် စဉ်းစားချင့်ချိန်ပြီးယုံကြည်ရတာပါ.. မြတ်ဗုဒ္ဓက လည်း ဒီလို ယုံကြည်မှုမျိုးကို အားမပေးပါဘူး..၊ ဆိုတော့ ကျနော ်တိုဘာသာဝင်တွေ အနေနဲ့ လည်း ချင့်ချိန် သုံးသပ်ကြစေချင်ပါတယ်.. ကိုယ်လုပ်နေတာ ဟာ မှားနေလား မှန်းနေလား ဆိုတာကိုပေါ့..၊ လုပ်တော့ လုပ်ပါရဲ့ အမှားကြီးဖြစ်နေရင် ဘာလုပ်လုပ် ဘာမှ ဖြစ်လာမှ မဟုတ်ပါဘူး.
သုံးသပ်ပြီး အမှန်ကို လုပ်ဆောင်ကြပါ ခင်ဗျာ ကျနော်တို ဘာသာဝင်တွေက ဘာသာရေး လုပ်ဆောင်မှု အညံ့ဆုံးပါပဲ ..ဒီတော့ ကိုယ် စီးနေတဲ့ မြင်း အထီးလားအမလားဆိုတာတော့ အရင်ဆုံးသိအောင်လုပ်ကြပါ ခင်ဗျာ..

မှတ်ချက်=မည်သူကိုမှ ထိခိုက်စေချင်း ရည်ရွယ်ချက် မရှိပါ.၊ ထေရဝါဒ သာသနာကြီး သန်စင်စေရေး သာ ရည်ရွယ်ပါသည်.။

7 comments

  • kopauk mandalay

    May 4, 2010 at 4:07 pm

    ပြောပြတဲ.အချက်တွေကလုံးဝကိုလက်ခံသင်.တာတွေပါ
    ဒါပေမဲ. အစစ်ယောင်ဆောင်ထားတဲ.အတုတွေကြောင်. ဒီလိုပြဿနာတွေပေါ်လာတာပါ။
    တစ်ချု.ိကလဲ ဒီလိုလူတွေကို ထိပ်ပေါ်တင်တယ်ဆိုတော.
    ဒုက္ခ လို.အော်ရုံကလွဲလို.ဘာမှမတတ်နိုင်တော.ပါဘူး။

  • သာမိညောင်

    May 4, 2010 at 5:51 pm

    ဟုတ်ပါတယ် အစစ်နဲ ့ အတု ကို ကိုယ်ကခွဲတတ် နေတယ်ဆိုတာကိုက အဆင်ပြေလှပါပြီ
    ဒါပေမယ့် အစစ်ကို ထုတ်ယူသုံးဆွဲဘို ့ကိုတော့ အမြန်ဆုံး ့ ့ ့ ့ ့ ့ ့ ့ ့ ့ ့

  • NewAges

    May 4, 2010 at 10:08 pm

    “သီရိဓမ္မာသောက” မင်းကြီးရဲ့ သာသနာပြု အစီစဉ်မှာ အဲဒီခေတ်က မှတ်တမ်းတွေအရ အခုမြန်မာနိုင်ငံနေရာမပါခဲ့ဘူးလို့ သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းရေးတာဖတ်ဖူးပါတယ်။
    သုဝဏဘုမိကိုလည်း မလွှတ်ခဲ့ဖူးဆိုပေမဲ့ နောက်ပိုင်း အိန်ဒြိယမှာ မြန်မာတွေ အစည်းအဝေးသွားရင်း အတင်းထည့်လိုက်ကြတာလို့ ဆိုပါတယ်။
    မြန်မာတွေဟာ ရွှေတိဂုံစေတီတော်ကြီး ဘုရားရှင်ဆံတော်နဲ့ ဌာပနာပြီး တည်တာကစလို့။ မဟာမြတ်မုနိ-ရခိုင်၊ ကျိုက်ထီးရိုး၊ ရွှေစက်တော်၊ မန်းလေးနေပြည်တော်ဗျာဒိတ်တော်တွေအထိ ဂေါတမဘုရားရှင်နဲ့ မြန်မာပြည်ကို အတင်းဆက်စပ်ထားတာတွေလည်း သမိုင်း၊သုတေသနအမြင်အရ မဟုတ်နိုင်ဘူးဆိုပါတယ်။
    ဒါက ရှေးဟောင်းသူတေသနပညာရှင်တွေနဲ့ သမိုင်းပညာရှင်တွေရဲ့ တွေ့ရှိချက်တွေကနေ လာတာပါ။
    အမေရိကန်မှာရှိတဲ့ ကာဗွန်ဓါတ်ခွဲစက်တွေ၊ စမ်းသပ်ခန်းတွေကနေ ပစ်စည်းတွေ၊ ကျောက်တုံးကျောက်ခဲအုပ်တွေရဲ့ ကာဗွန်သက်တန်း တော်တော်လေးတိတိကျကျ တွက်ယူလို့ရတာမို ့ ခုနှစ်၊သကရာဇ်တွေဟာ ဒီခေတ်မှာ မှန်းဆပြောဖို ့မလိုတော့တာကိုလည်း သတိထားကြစေချင်ပါတယ်
    အဲဒါကြောင့်..အတုကို ပြောမယ်ဆိုရင်…အစစ်ဆိုတာကရော ဘာလဲလို ့ ၂၁ရာစုလူသားများပီပီ လက်တွေ့ကျကျ ဆန်းစစ်ကြစေလိုပါတယ်။
    မှတ်ချက်။ ဗုဒ္ဓသာသနာကြီး သန့်စင်စေရေး အတွက်သာ ရည်ရွယ်ပါသည်.။

  • မောင်တင့်တယ်

    May 5, 2010 at 2:27 am

    အတုကိုပြောစရာမလိုဘူးယူဆပါတယ်။ သမိုင်းဆရာ၊ သိပ္ပံဆရာများဟာ သူတို့တွေ့ရှိချက်တွေကို တင်ပြထားခြင်းသာဖြစ်တယ်။ လက်ခံထားသည်ကား Universal Truth …… ဘယ်တော့မှ မမှားနိုင်သော၊ အမြဲတမ်း အမှန်ဖြစ်သော ပရမတ္တတရား…………
    စစ်မှန်သောဗုဒ္ဓဘာသာကို မြန်မာလူမျိုးတွေ လေ့လာအားထုတ်နိုင်ရေးသည်သာ အဓိကပါ

  • nga pay

    May 5, 2010 at 7:55 am

    ဒီလိုပိုစ့်လေး တွေကိုတင်းပေးတာ ကြိုက်တယ် ..မသိသေးတာတွေ သိရတဲ့အတွက်တော့ ကျေးဇူးပါပဲ.
    အမှန်အတိုင်းပြောရရင်တော့ အခုချိန်မှာ ကျွန်တော်က ဘယ်ဘာသာ မှကိုးကွယ်မှုမရှိဘူး…အဖေနဲ့အမေက
    ဗုဒ္ဓဘာသာ မို့လို ငယ်ငယ်ကစ လက်အုပ်ချီရှိခိုးကန်တော့တာ နဲ့ရင်းနှီးကျွမ်းဝင်ခဲ့သလို ကြီးတော့လဲ သာသနာ့
    ဘောင်ထဲဝင်ပြီး .. ရဟန်းခံခဲ့ဖူးတယ်…ဒါပေမယ့် ဘယ်သူ့ကိုမှ ယုံကြည်မှုမရှိတော့သိလိုခံစားလာရတဲ့ ပြဿနာ
    တွေကြောင့် …ကိုယ်ကလွဲရင် ဘယ်သူကိုမှ မယုံတော့သလိုဖြစ်လာတယ်… မိမိကိုယ်သာ ကိုယ်းကွယ်ရာ၏…ဆို
    တာ တကယ်မှန်ကန်တယ်လို့ယူဆမိတဲ့အတွက် …ဘယ်သူတွေဘယ်လိုပဲပြောပါစေ..လုပ်နေပါစေ.. ကိုယ်တိုင်ခံစားသိမြင်နားလည်ခြင်းကသာ
    မှန်ကန်မယ်လို့ထင်ပါတယ်…. ဒီမှာတစ်ခုပြောစရာရှိပါတယ် ..( ငါထင်တာငါလုပ် ငါလုပ်တာမှ အမှန်) ဆိုတဲ့ လူများမပါပါ…..
    အပြုသဘောနဲ့ ဆွေးနွေးခြင်းဖြစ်ပါတယ်….. မှားနေသော အမှားများအတွက် ပြန်လည်ဖြည့်ဆည်းပေးလိုပါ၏…

  • မောင်တင့်တယ်

    May 5, 2010 at 9:54 am

    ပရမတ်နယ်ပယ်မှာ မိမိ၊ငါ၊သူတစ်ပါး၊သတ္တဝါများ မရှိသည့်ပါ။ ခန္ဓာ ၅ပါး (သို့) ရုပ်၊ နာမ် ၂ပါး သာလျှင် ရှိပါတယ်။
    ရုပ်၊ နာမ် တရားသည် ဖြစ်ပြီး ပျက်တတ်သည့် သဘောရှိပါသည်။

    မြတ်စွာဘုရားသည် တရားဟောသည့်အခါ တိုက်ရိုက်ဟောခြင်း၊ ဆောင်ဟောခြင်းစသည်ဖြင့် ဟောသည့် တရားခွေများနာယူသည့်အခါ မှတ်သားရပါတယ်။
    “မိမိကိုယ်သာ ကိုးကွယ်ရာ၏…” ဆိုတာ ဆောင်ဟောထားခြင်းသာဖြစ်ပါတယ်။
    မိမိ၊ သူတစ်ပါးမဟုတ်သော ခန္ဓာ ၅ပါး (သို့) ရုပ်၊ နာမ် ၂ပါး တို့သည် မမြဲသော သဘောကို…….. ကိုးကွယ်မယ်ဆိုတဲ့ အဓိပ္ပါယ် ရောက်ကုန်ပြီ

    ညီလေး ငပေကို တိုက်ခိုက်ခြင်းမဟုတ်ပါ။လိုအပ်ချက်လေး ဖြည့်ဆည်းပေးမှု(သို့) သိထားသည်ကို မျှဝေခြင်းသက်သက်ပါ

  • laypyay

    May 7, 2010 at 10:42 am

    ကို NewAges ရေ.. သီရိဓမ္မာသောက မင်းကြီးရဲ့ ကိုးတိုင်း ကိုးဌာန သာနပြု အစီစဉ်မှာ အရှင်သောဏနဲ့ အရှင်ဥ​တ္တရ မထေရ်နှစ်းပါ သုဝဏ္ဏဘူမိကိုရောက်ခဲ့ပါတယ်..။ ကျမ်းဂန်အဆိုရပေါ့.. ကျနော ်လဲ ကျမ်းဂန် အဆိုရ ရေးသားလိုက်ခြင်းအပေါ်မှာ အကိုလဲ ကျမ်းဂန် အဆိုရ အကိုအမြင်ကို ရေးသားတာ တော်ပါတယ် ..ဒါပေသည့် သာသနာတော် သန်ရှင်းစေရေးမှာ ကျနော် သမိုင်းကို အငြင်းမပွားချင်ပါ..။ ကျနော်ကိုယ်တိုင်လဲ သမိုင်းကို မနှံစပ် မကျွမ်းကျင်သည်အတွက် ကြောင်ပါ.. ။ ဆိုတော့ ကျနော် က ဆိုလိုချင်တာ က သာသနာမှာ အယူမှားတွေ နဲ့ မရေားထွေးစေချင်တဲ့ ဆန္ဒ တစ်ခုရယ်ပါ.. ဒီအပေါ်မှာ ကျနော် အနေနဲ့ အကိုပြောလာတဲ့ သမိုင်းရဲ့ အဆက်စပ်တွေကို လိုက်လံရှာဖွေနေမှာတော့ မဟုတ်ဘူးပါဘူး ခင်ဗျာ.. အကိုအနေနဲ့ တကယ်ဗုဒ္ဓဘာသာ အစစ်မှန် ထေရဝါဒ အစစ်ဆိုမှန်ဆိုရင်.. ထေရဝါဒရဲ့ အကြောင်းလေးတွေ .. သမိုင်းနှံစပ်တယ်ဆိုရင်.. သင်္ဂါယနာ သမိုင်းလေးတွေ တင်ပေးစေချင်ပါတယ် ခင်ဗျာ. ကျနော်ကိုယ် တိုင်မနှံစပ်သောကြောင့် စာဖတ်သူများ သိစေရန်ပါ..။

Leave a Reply